သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာကုိ ကေလးစစ္သားစုေဆာင္းတဲ့ႏုိင္ငံစာရင္းက ကုလ ဖယ္ရွား


ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္ Antonio Guterres ဇြန္လ ၁၅ ရက္ေန႔တုန္းက မိန္႔ခြန္းေျပာေနစဥ္

(Zawgyi/Unicode)

ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္ Antonio Guterres ရဲ႕ ကေလးသူငယ္မ်ားနဲ႔ လက္နက္ကိုင္ ပဋိပကၡမ်ားဆိုင္ရာ ၂၀၂၀ ခုႏွစ္ အစီရင္ခံ စာမွာ ျမန္မာစစ္တပ္ကို ကေလးစစ္သား စုေဆာင္းမႈ ျပဳလုပ္တဲ့ လက္နက္ကိုင္တပ္ဖြဲ႕ စာရင္းထဲကေန ဖယ္ရွားလိုက္ ၿပီ ျဖစ္ပါတယ္။ ကေလးစစ္သားစုေဆာင္းမႈ သိသိသာသာ ေလ်ာ့နည္းသြားသလို အေရးယူအျပစ္ေပးမႈေတြ ဆက္လက္ ျပဳလုပ္ ေနၿပီး ကေလးစစ္သား စုေဆာင္းမႈနဲ႔ ပတ္သက္တဲ့ ျဖစ္ရပ္ေတြကို ေျခရာခံၿပီး အစီရင္ခံဖို႔ သေဘာတူညီတာေၾကာင့္ အခုလို စာရင္းထဲက ဖယ္ရွားလိုက္တာလို႔ ကုလ အတြင္းေရးမႉးခ်ဳပ္က အစီရင္ခံထားပါတယ္။

ဒါေပမဲ့ လူ႔အခြင့္အေရး ခ်ိဳးေဖာက္တာေၾကာင့္ ကေလးေတြ အေပၚ ထိခိုက္နစ္နာ မႈ ေတြ ရွိေနေသးတဲ့ အဖြဲ႕အစည္းအျဖစ္ အစီရင္ခံစာရဲ႕ အခ်ပ္ပို ANNEX I ပါ စာရင္းထဲမွာေတာ့ တပ္မေတာ္ (ၾကည္းတပ္) နဲ႔ နယ္ျခား ေစာင့္တပ္ထဲ ပူးတြဲထားတဲ့ တပ္ေတြကို ဆက္လက္ ထည့္သြင္းထားပါတယ္။ အစိုးရ လက္နက္ကိုင္တပ္မဟုတ္တဲ့ ဝ ျပည္ ေသြးစည္း ညီညြတ္ေရးတပ္ လည္း အဲဒီ စာရင္းထဲမွာ ပါဝင္ေနပါတယ္။ လိင္ အၾကမ္းဖက္မႈ၊ သတ္ျဖတ္မႈနဲ႔ ကိုယ္အဂၤါဆုံးရႈံးေစမႈဆိုင္ရာ က်ဴးလြန္ခ်က္ေတြေၾကာင့္ အဲဒီ အခ်ပ္ပို စာရင္းထဲမွာ ထည့္သြင္းထားတာ ျဖစ္တယ္လို႔ အစီရင္ခံထားပါတယ္။

ကေလးစစ္သား စုေဆာင္းတဲ့ လက္နက္ကိုင္ အဖြဲ႕ စာရင္းမွာ ပါရွိတဲ့ အဖြဲ႕အစည္းအေနနဲ႔ ႏွစ္စဥ္ အစီရင္ခံစာအသစ္ မထုတ္ျပန္မွီ တစ္ႏွစ္တာကာလအတြင္း ကုလသမဂၢရဲ့ လုပ္ငန္း စီမံခ်က္ကို အျပည့္အဝ အေကာင္အထည္ ေဖာ္ၿပီး ကေလးစစ္သား စုေဆာင္းတဲ့ အျပစ္ က်ဴးလြန္မႈေတြ ရပ္ဆိုင္းမယ္ဆိုရင္ အခုလို ကေလးစစ္သား စုေဆာင္းတဲ့ လက္နက္ကိုင္ အဖြဲ႕ စာရင္းကေန ပယ္ဖ်က္နိုင္ တယ္လို႔ လည္း ကုလသမဂၢက အစီရင္ခံထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


...........

မြန်မာကို ကလေးစစ်သားစုဆောင်းတဲ့နိုင်ငံစာရင်းက ကုလ ဖယ်ရှား

(Zawgyi/Unicode)

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterress ရဲ့ ကလေးသူငယ်များနဲ့ လက်နက်ကိုင် ပဋိပက္ခများဆိုင်ရာ ၂၀၂၀ ခုနှစ် အစီရင်ခံ စာမှာ မြန်မာစစ်တပ်ကို ကလေးစစ်သား စုဆောင်းမှု ပြုလုပ်တဲ့ လက်နက်ကိုင်တပ်ဖွဲ့ စာရင်းထဲကနေ ဖယ်ရှားလိုက် ပြီ ဖြစ်ပါတယ်။ ကလေးစစ်သားစုဆောင်းမှု သိသိသာသာ လျော့နည်းသွားသလို အရေးယူအပြစ်ပေးမှုတွေ ဆက်လက် ပြုလုပ် နေပြီး ကလေးစစ်သား စုဆောင်းမှုနဲ့ ပတ်သက်တဲ့ ဖြစ်ရပ်တွေကို ခြေရာခံပြီး အစီရင်ခံဖို့ သဘောတူညီတာကြောင့် အခုလို စာရင်းထဲက ဖယ်ရှားလိုက်တာလို့ ကုလ အတွင်းရေးမှူးချုပ်က အစီရင်ခံထားပါတယ်။

ဒါပေမဲ့ လူ့အခွင့်အရေး ချိုးဖောက်တာကြောင့် ကလေးတွေ အပေါ် ထိခိုက်နစ်နာ မှု တွေ ရှိနေသေးတဲ့ အဖွဲ့အစည်းအဖြစ် အစီရင်ခံစာရဲ့ အချပ်ပို ANNEX I ပါ စာရင်းထဲမှာတော့ တပ်မတော် (ကြည်းတပ်) နဲ့ နယ်ခြား စောင့်တပ်ထဲ ပူးတွဲထားတဲ့ တပ်တွေကို ဆက်လက် ထည့်သွင်းထားပါတယ်။ အစိုးရ လက်နက်ကိုင်တပ်မဟုတ်တဲ့ ဝ ပြည် သွေးစည်း ညီညွတ်ရေးတပ် လည်း အဲဒီ စာရင်းထဲမှာ ပါဝင်နေပါတယ်။ လိင် အကြမ်းဖက်မှု၊ သတ်ဖြတ်မှုနဲ့ ကိုယ်အင်္ဂါဆုံးရှုံးစေမှုဆိုင်ရာ ကျူးလွန်ချက်တွေကြောင့် အဲဒီ အချပ်ပို စာရင်းထဲမှာ ထည့်သွင်းထားတာ ဖြစ်တယ်လို့ အစီရင်ခံထားပါတယ်။

ကလေးစစ်သား စုဆောင်းတဲ့ လက်နက်ကိုင် အဖွဲ့ စာရင်းမှာ ပါရှိတဲ့ အဖွဲ့အစည်းအနေနဲ့ နှစ်စဉ် အစီရင်ခံစာအသစ် မထုတ်ပြန်မှီ တစ်နှစ်တာကာလအတွင်း ကုလသမဂ္ဂရဲ့ လုပ်ငန်း စီမံချက်ကို အပြည့်အဝ အကောင်အထည် ဖော်ပြီး ကလေးစစ်သား စုဆောင်းတဲ့ အပြစ် ကျူးလွန်မှုတွေ ရပ်ဆိုင်းမယ်ဆိုရင် အခုလို ကလေးစစ်သား စုဆောင်းတဲ့ လက်နက်ကိုင် အဖွဲ့ စာရင်းကနေ ပယ်ဖျက်နိုင် တယ်လို့ လည်း ကုလသမဂ္ဂက အစီရင်ခံထားပါတယ်။

XS
SM
MD
LG