သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ့လူကုန္ကူးမႈတိုက္ဖ်က္ေရး လုိအပ္ခ်က္ေတြရွိေနဆဲ


၂၀၁၆ ခုႏွစ္ ေအာက္တိုဘာလတုန္းက လူကုန္ကူးမႈျဖင့္ တရားစဲြခံရသည့္ ျမန္မာမိသားစုကို ရန္ကုန္ၿမိဳ႕ရွိ တရားရံုးတခုတြင္ ရံုးတင္စစ္ေဆးၿပီးေနာက္ အခ်ဳပ္ကားျဖင့္ေခၚေဆာင္သြားတဲ့ ျမင္ကြင္း။ (ေအာက္တိုဘာ ၁၃၊ ၂၀၁၆)

[Zawgyi/Unicode]

အေမရိကန္ႏိုင္ငံ ႏိုင္ငံျခားေရးဌာနရဲ႕ ၂၀၂၀ လူကုန္ကူးမႈအစီရင္ခံစာ (Trafficking in Persons Peport) အရ ျမန္မာႏိုင္ငံဟာ အဆင့္၃ေနရာ က်ဆင္းခဲ့တာ သုံးႏွစ္ဆက္တိုက္ရွိေနပါၿပီ။ ဒါ့အျပင္ ထူးထူးျခားျခားအေနနဲ႔ CSPA ေခၚတဲ့ ကေလးစစ္သားအသုံးျပဳမႈ ကာကြယ္ေရးဥပေဒ ခ်ိဳးေဖာက္တဲ့ ႏိုင္ငံစာရင္းကိုလည္း ေဖာ္ျပထားၿပီး၊ အဲဒီထဲမွာ ျမန္မာႏိုင္ငံပါဝင္ေနပါတယ္။ ဒါနဲ႔ပတ္သက္ၿပီး လူကုန္ကူးမႈ တားဆီးႏွိမ္နင္းေနတဲ့ ရဲတပ္ဖြဲ႕နဲ႔ အရပ္ဘက္အဖြဲ႕ေတြ ဘာေျပာထားသလဲဆိုတာကို ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မစုစုက ေမးျမန္းတင္ဆက္ထားပါတယ္။

အေမရိကန္ႏိုင္ငံ၊ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ႏွစ္စဥ္ထုတ္ျပန္တဲ့ လူကုန္ကူးမႈ အစီရင္ခံစာဟာ ၂၀၀၀ ခုႏွစ္ကတည္းက စတင္ခဲ့ၿပီး ဒီႏွစ္မွာေတာ့ ႏွစ္ ၂၀ ျပည့္ထုတ္ျပန္ခဲ့တာပါ။ အစီရင္ခံစာရဲ႕စာမ်က္ႏွာ ၅ မ်က္ႏွာခြဲေလာက္ ေဖာ္ျပထားတဲ့ ျမန္မာႏိုင္ငံနဲ႔ ပတ္သက္တဲ့အစမွာေတာ့ အစိုးရအေနနဲ႔ လူကုန္ကူးမႈ တိုက္ဖ်က္ေရးမွာ အေျခခံအက်ဆုံး လုပ္သင့္တာေတြကို ျပည့္မီေအာင္မလုပ္ခဲ့လို႔ အခုလိုအဆင့္ ၃ ေနရာမွာ ရွိေနခဲ့တာလို႔ ဆိုပါတယ္။

၂၀၁၈၊ ၂၀၁၉ နဲ႔ အခု ၂၀၂၀ ခုႏွစ္အထိ တဆက္တည္း အဆင့္ ၃ ေနရာမွာ ရွိေနတာပါ။ အခုလိုအဆင့္ ၃ ေနရာမွာ ဆက္ရွိေနေပမယ့္ လူကုန္ကူးမႈ တားဆီးေရးေဆာင္႐ြက္ေနတဲ့ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕အေနနဲ႔ေတာ့ လူကုန္ကူးမႈ တားဆီးေရးအတြက္ အေကာင္းဆုံးႀကိဳးစားေဆာင္႐ြက္ေနတယ္လို႔ ဆိုပါတယ္။

“ဒီလူကုန္ကူးမႈ အဆင့္ ၃ ေနရာဆိုတာ ဒါကေတာ့ က်ေနာ္တို႔ လူကုန္ကူးမႈ တားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႔ တခုတည္းနဲ႔ေတာ့ ႀကိဳးစားလို႔ရတဲ့ဟာ မဟုတ္ဘူးေပါ့။ တႏိုင္ငံလုံးအတိုင္းအတာနဲ႔ေပါ့ေနာ္။ ကေလးစစ္သား အသုံးျပဳတာတို႔၊ အဓမၼခိုင္းေစတဲ့ ကိစၥေတြတို႔၊ ေနာက္တိုင္းရင္းသားလက္နက္ကိုင္ေတြ၊ ၿပီးရင္ အလုပ္သမားေတြ တရားမဝင္သြားေရာက္တဲ့ကိစၥေတြ အကုန္လုံးေပါ့။ အဲဒါေတြက အားလုံးစုေပါင္းၿပီးမွ လုပ္ရမယ့္ကိစၥေတြပါ။”

ဒါကေတာ့ လူကုန္ကူးမႈ တားဆီး ႏွိမ္နင္းေရး ရဲတပ္ဖြဲ႕က ဒုတိယရဲမႉးႀကီး ဦးေပၚထြန္းေျပာသြားတာပါ။

“က်ေနာ္တို႔အပိုင္းမွာေတာ့ တားဆီးကာကြယ္ေရးနဲ႔ ႏွိမ္နင္းေရးအပိုင္းေတြ။ ဒါေတြကေတာ့ က်ေနာ္တို႔ အျပည့္အဝေပါ့။ တႏိုင္ငံလုံး အတိုင္းအတာနဲ႔ေရာ တပ္စု တပ္စိတ္ေတြအထိေပါ့ အျပည့္အဝ ေဆာင္႐ြက္ပါတယ္။ သူတို႔အဆင့္သတ္မွတ္တယ္ဆိုတာလည္း သူတို႔အေနအထားနဲ႔ သူတို႔သတ္မွတ္တာ။ ႏိုင္ငံအတိုင္းအတာနဲ႔ေတာ့ ကိုယ့္ရဲ႕လုပ္ႏိုင္တဲ့အတိုင္းအတာထဲမွာ အတတ္ႏိုင္ဆုံး အေကာင္းဆုံးႀကိဳးစားၿပီးေတာ့ ေဆာင္႐ြက္ခဲ့တာပဲေလ။”

ျမန္မာႏိုင္ငံမွာ လူကုန္ကူးမႈတားဆီးကာကြယ္ေရး ဥပေဒကို ၂၀၁၅ စက္တင္ဘာလမွာ ျပဌာန္းခဲ့ၿပီး၊ ျမန္မာႏိုင္ငံလူကုန္ကူးမႈ တိုက္ဖ်က္ေရးဆိုင္ရာ ၅ ႏွစ္တာ စီမံကိန္းကိုေရးဆြဲထားတယ္လို႔ သိရပါတယ္။

ျမန္မာႏိုင္ငံမွာ လူကုန္ကူးမႈျပႆနာရဲ႕ အဓိကအေၾကာင္းရင္းက စီးပြားေရး၊ သဘာဝေဘးအႏၲရာယ္နဲ႔ ျပည္တြင္း လက္နက္ကိုင္ပဋိပကၡေတြကို အေျခခံၿပီးေတာ့ တရားဝင္နည္းအျပင္ တရားမဝင္နည္းနဲ႔ပါ ျပည္ပကိုေ႐ႊ႕ေျပာင္းသြားၾကတဲ့ လုပ္သားေတြ လူကုန္ကူးခံေနရတယ္လို႔ ဒုသမၼတ ဦးဟင္နရီဗန္ထီးယူက ၆ ႀကိမ္ေျမာက္ ျမန္မာႏိုင္ငံလူကုန္ကူးမႈ တိုက္ဖ်က္ေရးေန႔အခမ္းအနားမွာ ေျပာသြားတာပါ။

ျမန္မာအစိုးရအေနနဲ႔ လူကုန္ကူးမႈ တားဆီးကာကြယ္ေနတယ္ဆိုေပမဲ့ လိုအပ္ခ်က္ေတြ ရွိေနေသးတယ္လို႔ လူကုန္ကူးခံရတဲ့ အမ်ိဳးသမီးေတြကို ကူညီေပးေနတဲ့ ကခ်င္အမ်ိဳးသမီးအဖြဲ႕ (KWAT) ရဲ႕ ေျပာေရးဆိုခြင့္ရွိသူ မဆန္ထြယ္က အခုလိုေျပာပါတယ္။

“သူတို႔ဘက္ကေတာ့ လုပ္ေဆာင္မႈေတြေတာ့ ရွိတယ္။ ဒါေပမဲ့ တခ်ိန္တည္းမွာပဲ အမ်ားႀကီးအားနည္းခ်က္ရွိတယ္။ အစိုးရကေန ATPs (Anti-Trafficking in Persons Division) ကိုဖြဲ႕စည္းထားတယ္။ တျခားႏိုင္ငံနဲ႔ နီးစပ္တဲ့ေဒသမွာ သူတို႔ဖြင့္ထားတာ ရွိတယ္။ ဒါေပမဲ့ သူတို႔ရဲ႕လုပ္ေဆာင္ခ်က္က မ်ားေသာအားျဖင့္ တ႐ုတ္ျပည္ပဲျဖစ္ေနတယ္။ လူကုန္ကူးခံရတာက တ႐ုတ္ျပည္တခုတည္း မဟုတ္ဘဲ တျခားႏိုင္ငံေတြလည္းျဖစ္တယ္။ ဆိုေတာ့ သူတို႔ကအဲဘက္မွာ အဲေလာက္ထိလႈပ္ရွားမႈ မရွိဘူး။ ၿပီးေတာ့ အစိုးရက Awareness နဲ႔ သူတို႔ရဲ႕Empowerment ကို ေကာင္းေကာင္း ထိထိေရာက္ေရာက္ မလုပ္ေပးတဲ့အပိုင္းေတြ အမ်ားႀကီးရွိတယ္။”

လူကုန္ကူးမႈ တိုက္ဖ်က္ေရးရဲတပ္ဖြဲ႕အေနနဲ႔ အခုႏွစ္အစီရင္ခံစာမွာ ပါရွိတဲ့ အႀကံျပဳခ်က္ေတြကို ဆက္လက္ေဆာင္႐ြက္သြားမွာျဖစ္ၿပီးေတာ့ လက္ရွိအခ်ိန္မွာလည္း သက္ဆိုင္ရာဝန္ႀကီးဌာနေတြအပါအဝင္ အရပ္ဘက္အဖြဲ႕အစည္းေတြအျပင္ တျခားႏိုင္ငံေတြနဲ႔ပါ ပူးေပါင္းေဆာင္႐ြက္ဖို႔အတြက္ ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။

အခုအစီရင္ခံစာထဲမွာေတာ့ ျပည္တြင္းလက္နက္ကိုင္ပဋိပကၡျဖစ္ရာေဒသ ရခိုင္နဲ႔ ရွမ္းျပည္နယ္တို႔မွာ စစ္တပ္ဟာ ေဒသခံေတြအေပၚ လုပ္အားခိုင္းေစမႈရွိေနၿပီး အဲဒီထဲမွာ ကေလးငယ္ေတြကို အတင္းအဓမၼခိုင္းေစတာေတြ ရွိေနတယ္လို႔ ဆိုပါတယ္။ အခု အစီရင္ခံစာပါ CSPA Child Soldiers Prevention Act လို႔ေခၚတဲ့ ကေလးစစ္သားအသုံးျပဳမႈ ကာကြယ္ေရးဥပေဒခ်ိဳးေဖာက္တဲ့ ႏိုင္ငံစာရင္းထဲမွာ ျမန္မာႏိုင္ငံကိုပါ ထည့္သြင္းထားပါတယ္။ ဒါေပမဲ့ ကေလးသူငယ္မ်ားႏွင့္ လက္နက္ကိုင္မ်ား ပဋိပကၡဆိုင္ရာ ၂၀၂၀ ခုႏွစ္ ကုလအစီရင္ခံစာမွာေတာ့ ျမန္မာစစ္တပ္ကို ကေလးစစ္သား စုေဆာင္းအသုံးျပဳတဲ့ လက္နက္ကိုင္စာရင္းကေန ပယ္ဖ်က္လိုက္ၿပီး ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာ့လူကုန်ကူးမှုတိုက်ဖျက်ရေး လိုအပ်ချက်တွေရှိနေဆဲ

အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဌာနရဲ့ ၂၀၂၀ လူကုန်ကူးမှုအစီရင်ခံစာ (Trafficking in Persons Peport) အရ မြန်မာနိုင်ငံဟာ အဆင့်၃နေရာ ကျဆင်းခဲ့တာ သုံးနှစ်ဆက်တိုက်ရှိနေပါပြီ။ ဒါ့အပြင် ထူးထူးခြားခြားအနေနဲ့ CSPA ခေါ်တဲ့ ကလေးစစ်သားအသုံးပြုမှု ကာကွယ်ရေးဥပဒေ ချိုးဖောက်တဲ့ နိုင်ငံစာရင်းကိုလည်း ဖော်ပြထားပြီး၊ အဲဒီထဲမှာ မြန်မာနိုင်ငံပါဝင်နေပါတယ်။ ဒါနဲ့ပတ်သက်ပြီး လူကုန်ကူးမှု တားဆီးနှိမ်နင်းနေတဲ့ ရဲတပ်ဖွဲ့နဲ့ အရပ်ဘက်အဖွဲ့တွေ ဘာပြောထားသလဲဆိုတာကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မစုစုက မေးမြန်းတင်ဆက်ထားပါတယ်။

အမေရိကန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက နှစ်စဉ်ထုတ်ပြန်တဲ့ လူကုန်ကူးမှု အစီရင်ခံစာဟာ ၂၀၀၀ ခုနှစ်ကတည်းက စတင်ခဲ့ပြီး ဒီနှစ်မှာတော့ နှစ် ၂၀ ပြည့်ထုတ်ပြန်ခဲ့တာပါ။ အစီရင်ခံစာရဲ့စာမျက်နှာ ၅ မျက်နှာခွဲလောက် ဖော်ပြထားတဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့အစမှာတော့ အစိုးရအနေနဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေးမှာ အခြေခံအကျဆုံး လုပ်သင့်တာတွေကို ပြည့်မီအောင်မလုပ်ခဲ့လို့ အခုလိုအဆင့် ၃ နေရာမှာ ရှိနေခဲ့တာလို့ ဆိုပါတယ်။

၂၀၁၈၊ ၂၀၁၉ နဲ့ အခု ၂၀၂၀ ခုနှစ်အထိ တဆက်တည်း အဆင့် ၃ နေရာမှာ ရှိနေတာပါ။ အခုလိုအဆင့် ၃ နေရာမှာ ဆက်ရှိနေပေမယ့် လူကုန်ကူးမှု တားဆီးရေးဆောင်ရွက်နေတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့တော့ လူကုန်ကူးမှု တားဆီးရေးအတွက် အကောင်းဆုံးကြိုးစားဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

“ဒီလူကုန်ကူးမှု အဆင့် ၃ နေရာဆိုတာ ဒါကတော့ ကျနော်တို့ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ တခုတည်းနဲ့တော့ ကြိုးစားလို့ရတဲ့ဟာ မဟုတ်ဘူးပေါ့။ တနိုင်ငံလုံးအတိုင်းအတာနဲ့ပေါ့နော်။ ကလေးစစ်သား အသုံးပြုတာတို့၊ အဓမ္မခိုင်းစေတဲ့ ကိစ္စတွေတို့၊ နောက်တိုင်းရင်းသားလက်နက်ကိုင်တွေ၊ ပြီးရင် အလုပ်သမားတွေ တရားမဝင်သွားရောက်တဲ့ကိစ္စတွေ အကုန်လုံးပေါ့။ အဲဒါတွေက အားလုံးစုပေါင်းပြီးမှ လုပ်ရမယ့်ကိစ္စတွေပါ။”

ဒါကတော့ လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့က ဒုတိယရဲမှူးကြီး ဦးပေါ်ထွန်းပြောသွားတာပါ။

“ကျနော်တို့အပိုင်းမှာတော့ တားဆီးကာကွယ်ရေးနဲ့ နှိမ်နင်းရေးအပိုင်းတွေ။ ဒါတွေကတော့ ကျနော်တို့ အပြည့်အဝပေါ့။ တနိုင်ငံလုံး အတိုင်းအတာနဲ့ရော တပ်စု တပ်စိတ်တွေအထိပေါ့ အပြည့်အဝ ဆောင်ရွက်ပါတယ်။ သူတို့အဆင့်သတ်မှတ်တယ်ဆိုတာလည်း သူတို့အနေအထားနဲ့ သူတို့သတ်မှတ်တာ။ နိုင်ငံအတိုင်းအတာနဲ့တော့ ကိုယ့်ရဲ့လုပ်နိုင်တဲ့အတိုင်းအတာထဲမှာ အတတ်နိုင်ဆုံး အကောင်းဆုံးကြိုးစားပြီးတော့ ဆောင်ရွက်ခဲ့တာပဲလေ။”

မြန်မာနိုင်ငံမှာ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေကို ၂၀၁၅ စက်တင်ဘာလမှာ ပြဌာန်းခဲ့ပြီး၊ မြန်မာနိုင်ငံလူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ ၅ နှစ်တာ စီမံကိန်းကိုရေးဆွဲထားတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ လူကုန်ကူးမှုပြဿနာရဲ့ အဓိကအကြောင်းရင်းက စီးပွားရေး၊ သဘာဝဘေးအန္တရာယ်နဲ့ ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခတွေကို အခြေခံပြီးတော့ တရားဝင်နည်းအပြင် တရားမဝင်နည်းနဲ့ပါ ပြည်ပကိုရွှေ့ပြောင်းသွားကြတဲ့ လုပ်သားတွေ လူကုန်ကူးခံနေရတယ်လို့ ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူက ၆ ကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှု တိုက်ဖျက်ရေးနေ့အခမ်းအနားမှာ ပြောသွားတာပါ။

မြန်မာအစိုးရအနေနဲ့ လူကုန်ကူးမှု တားဆီးကာကွယ်နေတယ်ဆိုပေမဲ့ လိုအပ်ချက်တွေ ရှိနေသေးတယ်လို့ လူကုန်ကူးခံရတဲ့ အမျိုးသမီးတွေကို ကူညီပေးနေတဲ့ ကချင်အမျိုးသမီးအဖွဲ့ (KWAT) ရဲ့ ပြောရေးဆိုခွင့်ရှိသူ မဆန်ထွယ်က အခုလိုပြောပါတယ်။

“သူတို့ဘက်ကတော့ လုပ်ဆောင်မှုတွေတော့ ရှိတယ်။ ဒါပေမဲ့ တချိန်တည်းမှာပဲ အများကြီးအားနည်းချက်ရှိတယ်။ အစိုးရကနေ ATPs (Anti-Trafficking in Persons Division) ကိုဖွဲ့စည်းထားတယ်။ တခြားနိုင်ငံနဲ့ နီးစပ်တဲ့ဒေသမှာ သူတို့ဖွင့်ထားတာ ရှိတယ်။ ဒါပေမဲ့ သူတို့ရဲ့လုပ်ဆောင်ချက်က များသောအားဖြင့် တရုတ်ပြည်ပဲဖြစ်နေတယ်။ လူကုန်ကူးခံရတာက တရုတ်ပြည်တခုတည်း မဟုတ်ဘဲ တခြားနိုင်ငံတွေလည်းဖြစ်တယ်။ ဆိုတော့ သူတို့ကအဲဘက်မှာ အဲလောက်ထိလှုပ်ရှားမှု မရှိဘူး။ ပြီးတော့ အစိုးရက Awareness နဲ့ သူတို့ရဲ့Empowerment ကို ကောင်းကောင်း ထိထိရောက်ရောက် မလုပ်ပေးတဲ့အပိုင်းတွေ အများကြီးရှိတယ်။”

လူကုန်ကူးမှု တိုက်ဖျက်ရေးရဲတပ်ဖွဲ့အနေနဲ့ အခုနှစ်အစီရင်ခံစာမှာ ပါရှိတဲ့ အကြံပြုချက်တွေကို ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပြီးတော့ လက်ရှိအချိန်မှာလည်း သက်ဆိုင်ရာဝန်ကြီးဌာနတွေအပါအဝင် အရပ်ဘက်အဖွဲ့အစည်းတွေအပြင် တခြားနိုင်ငံတွေနဲ့ပါ ပူးပေါင်းဆောင်ရွက်ဖို့အတွက် ပြင်ဆင်နေတယ်လို့ သိရပါတယ်။

အခုအစီရင်ခံစာထဲမှာတော့ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခဖြစ်ရာဒေသ ရခိုင်နဲ့ ရှမ်းပြည်နယ်တို့မှာ စစ်တပ်ဟာ ဒေသခံတွေအပေါ် လုပ်အားခိုင်းစေမှုရှိနေပြီး အဲဒီထဲမှာ ကလေးငယ်တွေကို အတင်းအဓမ္မခိုင်းစေတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။ အခု အစီရင်ခံစာပါ CSPA Child Soldiers Prevention Act လို့ခေါ်တဲ့ ကလေးစစ်သားအသုံးပြုမှု ကာကွယ်ရေးဥပဒေချိုးဖောက်တဲ့ နိုင်ငံစာရင်းထဲမှာ မြန်မာနိုင်ငံကိုပါ ထည့်သွင်းထားပါတယ်။ ဒါပေမဲ့ ကလေးသူငယ်များနှင့် လက်နက်ကိုင်များ ပဋိပက္ခဆိုင်ရာ ၂၀၂၀ ခုနှစ် ကုလအစီရင်ခံစာမှာတော့ မြန်မာစစ်တပ်ကို ကလေးစစ်သား စုဆောင်းအသုံးပြုတဲ့ လက်နက်ကိုင်စာရင်းကနေ ပယ်ဖျက်လိုက်ပြီး ဖြစ်ပါတယ်။

XS
SM
MD
LG