သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကုိဗစ္ေၾကာင့္ အသက္မျပည့္သူ မိန္းကေလးငယ္ အိမ္ေထာင္ခ်ေပးမႈ တုိးလာႏုိင္ (Save the Children) 


မွတ္တမ္းဓါတ္ပံု- ၂၀၁၇ ဇူလိုင္လတုန္းက ဆူဒန္ႏိုင္ငံ ေတာင္ပိုင္းမွာ အိမ္ေထာင္ခ်ေပးခံရတဲ့ အသက္မျပည့္သူ မိန္းကေလးငယ္တဦး

(Zawgyi/Unicode)

ကမာၻတလႊား COVID-19 ေၾကာင့္ စီးပြါးေရးအႀကီးအက်ယ္ထိခိုက္မႈေတြ ရွိေနတာဟာ လာမယ့္ ၅ ႏွစ္အတြင္း မိန္းကေလးငယ္ေပါင္း ၂ သန္းခြဲေလာက္အတြက္ အသက္မျပည့္ခင္ လက္ထပ္ေပးၾကမယ့္ အႏၱရာယ္နဲ႔ ႀကံဳေနရတယ္လို႔ Save the Children အဖြဲ႔ႀကီးက ေျပာပါတယ္။

သူတုိ႔အဖြဲ႔က “Global Girlhood 2020: COVID-19 and Progress in Peril,” ၂၀၂၀ ကမာၻ႔မိန္းကေလးငယ္မ်ားဘဝ- COVID-19 နဲ႔ ႀကံဳလာရႏိုင္တဲ့အႏၱရာယ္ လို႔ နာမည္ေပးထားတဲ့ အစီရင္ခံစာကို ၾကာသပေတးေန႔မွာ ထုတ္ျပန္လိုက္တာ ျဖစ္ၿပီး အထူးသျဖင့္ အာဖရိကနဲ႔ ေတာင္အေမရိကမွာ ရွိတဲ့ တခ်ိဳ႕ေဒသေတြမွာ ေနထုိင္ၾကတဲ့ မိန္းကေလးငယ္ေတြ ဒီအႏၱရာယ္နဲ႔ ရင္ဆိုင္ရႏိုင္ေၾကာင္း ေဖၚျပထားပါတယ္။ ဒါေပမယ့္လည္း ေတာင္အာရွေဒသမွာေတာ့ အဆိုးဝါးဆံုး ျဖစ္ႏိုင္ၿပီး ဒီႏွစ္ထဲမွာ မိန္းကေလးငယ္ ေပါင္း ၂ သိန္းေလာက္အတြက္ အႏၱရာယ္ ရွိႏုိင္တယ္လုိ႔လည္း ေျပာပါတယ္။

ဧၿပီလတုန္းကေတာ့ ကိုရိုနာဗုိင္းရပ္စ္ ကပ္ေရာဂါေၾကာင့္ လာမယ့္ ဆယ္ႏွစ္အတြင္း ကမာၻတလႊား အသက္မျပည့္ေသးတဲ့ ကေလးငယ္ေပါင္း ၁၃ သန္းေလာက္ လက္ထပ္ထိမ္းျမား ေပးတာ ခံရႏုိင္တယ္လုိ႔ ကုလသမဂၢက ေျပာခဲ့တာပါ။ ဒီကပ္ေရာဂါ ျဖစ္ပြါးမႈကေန ကမာၻတလႊား ဆင္းရဲတြင္း ပိုနက္လာႏိုင္ၿပီး ေနာက္ဆက္တြဲရလဒ္က မိန္းခေလးငယ္ေတြကို ေက်ာင္းကထုတ္ၿပီး အလုပ္လုပ္ခိုင္းတာ ဒါမွမဟုတ္ လက္ထပ္ေပးတာ ေတြ တိုးလာႏုိင္တယ္လုိ႔ သုေတသနပညာရွင္ေတြက ေျပာပါတယ္။

မိန္းကေလးငယ္ေတြ အတြက္ အခုလိုအႏၱရာယ္ႀကီးေနတာေၾကာင့္ ၾကာသပေတးေန႔ နယူးေရာက္ ကုလသမဂၢအေထြေထြညီလာခံအတြက္ ကမာၻ႔ေခါင္းေဆာင္ေတြ အြန္လိုင္း ေဆြးေႏြးပြဲလုပ္တဲ့ အခါ က်ားမတန္းတူညီမ ွ်မႈ ပိုရေရး အတြက္ ေသေသခ်ာခ်ာ ကတိျပဳ လုပ္ေဆာင္ၾကဖို႔လည္း Save the Children အဖြဲ႔ က ေတာင္းဆိုခဲ့ပါတယ္။ ဒါဟာ ၁၉၉၅ ခုႏွစ္က အမ်ိဳးသမီးနဲ႔မိန္းကေလးငယ္ေတြ အတြက္ တန္းတူညီမ ွ်ခံစားခြင့္ရေအာင္ အေရးယူလုပ္ေဆာင္ဖို႔ ကတိကဝတ္ ထားခဲ့ၾကတဲ့ ေဘဂ်င္းအမ်ိဳးသမီးညီလာခံ ၂၅ ႏွစ္ျပည့္ႏွစ္ပတ္လည္ အထိမ္းအမွတ္လည္း ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


..............

ကိုဗစ်ကြောင့် အသက်မပြည့်သူ မိန်းကလေးငယ် အိမ်ထောင်ချပေးမှု တိုးလာနိုင် (Save the Children)
(Unicode)

ကမ္ဘာတလွှား COVID-19 ကြောင့် စီးပွါးရေးအကြီးအကျယ်ထိခိုက်မှုတွေ ရှိနေတာဟာ လာမယ့် ၅ နှစ်အတွင်း မိန်းကလေးငယ်ပေါင်း ၂ သန်းခွဲလောက်အတွက် အသက်မပြည့်ခင် လက်ထပ်ပေးကြမယ့် အန္တရာယ်နဲ့ ကြုံနေရတယ်လို့ Save the Children အဖွဲ့ကြီးက ပြောပါတယ်။

သူတို့အဖွဲ့က “Global Girlhood 2020: COVID-19 and Progress in Peril,” ၂၀၂၀ ကမ္ဘာ့မိန်းကလေးငယ်များဘဝ- COVID-19 နဲ့ ကြုံလာရနိုင်တဲ့အန္တရာယ် လို့ နာမည်ပေးထားတဲ့ အစီရင်ခံစာကို ကြာသပတေးနေ့မှာ ထုတ်ပြန်လိုက်တာ ဖြစ်ပြီး အထူးသဖြင့် အာဖရိကနဲ့ တောင်အမေရိကမှာ ရှိတဲ့ တချို့ဒေသတွေမှာ နေထိုင်ကြတဲ့ မိန်းကလေးငယ်တွေ ဒီအန္တရာယ်နဲ့ ရင်ဆိုင်ရနိုင်ကြောင်း ဖေါ်ပြထားပါတယ်။ ဒါပေမယ့်လည်း တောင်အာရှဒေသမှာတော့ အဆိုးဝါးဆုံး ဖြစ်နိုင်ပြီး ဒီနှစ်ထဲမှာ မိန်းကလေးငယ် ပေါင်း ၂ သိန်းလောက်အတွက် အန္တရာယ် ရှိနိုင်တယ်လို့လည်း ပြောပါတယ်။

ဧပြီလတုန်းကတော့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင်႔ လာမယ့် ဆယ်နှစ်အတွင်း ကမ္ဘာတလွှား အသက်မပြည့်သေးတဲ့ ကလေးငယ်ပေါင်း ၁၃ သန်းလောက် လက်ထပ်ထိမ်းမြား ပေးတာ ခံရနိုင်တယ်လို့ ကုလသမဂ္ဂက ပြောခဲ့တာပါ။ ဒီကပ်ရောဂါ ဖြစ်ပွါးမှုကနေ ကမ္ဘာတလွှား ဆင်းရဲတွင်း ပိုနက်လာနိုင်ပြီး နောက်ဆက်တွဲရလဒ်က မိန်းခလေးငယ်တွေကို ကျောင်းကထုတ်ပြီး အလုပ်လုပ်ခိုင်းတာ ဒါမှမဟုတ် လက်ထပ်ပေးတာ တွေ တိုးလာနိုင်တယ်လို့ သုတေသနပညာရှင်တွေက ပြောပါတယ်။

မိန်းကလေးငယ်တွေ အတွက် အခုလိုအန္တရာယ်ကြီးနေတာကြောင့် ကြာသပတေးနေ့ နယူးရောက် ကုလသမဂ္ဂအထွေထွေညီလာခံအတွက် ကမ္ဘာ့ခေါင်းဆောင်တွေ အွန်လိုင်း ဆွေးနွေးပွဲလုပ်တဲ့ အခါ ကျားမတန်းတူညီမ ျှမှု ပိုရရေး အတွက် သေသေချာချာ ကတိပြု လုပ်ဆောင်ကြဖို့လည်း Save the Children အဖွဲ့ က တောင်းဆိုခဲ့ပါတယ်။ ဒါဟာ ၁၉၉၅ ခုနှစ်က အမျိုးသမီးနဲ့မိန်းကလေးငယ်တွေ အတွက် တန်းတူညီမ ျှခံစားခွင့်ရအောင် အရေးယူလုပ်ဆောင်ဖို့ ကတိကဝတ် ထားခဲ့ကြတဲ့ ဘေဂျင်းအမျိုးသမီးညီလာခံ ၂၅ နှစ်ပြည့်နှစ်ပတ်လည် အထိမ်းအမှတ်လည်း ဖြစ်ပါတယ်။

XS
SM
MD
LG