သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စားအုန်းဆီ ပြည်ပ တင်ပို့ခွင့်တားမြစ်ချက် အင်ဒိုနီးရှား ပြန်ရုပ်သိမ်းမည်


အင်ဒိုနီးရှားက စားအုန်းဆီ အထုတ်များ။
အင်ဒိုနီးရှားက စားအုန်းဆီ အထုတ်များ။

[[ ZAWGYI / UNICODE ]]

စားအုန်းဆီ ပြည်ပတင်ပို့ခွင့် တားမြစ်ချက် အင်ဒိုနီးရှား ပြန်ရုပ်သိမ်းမည်

အင်ဒိုနီးရှားနိုင်ငံမှာ စားအုန်းဆီ ထုတ်လုပ်မှုနဲ့ ဈေးနှုန်းတွေမှာ တိုးတက်မှုတွေ ရှိလာတာကြောင့် ၁ လကြာ ပြည်ပပို့ခွင့် ပိတ်ထားတာကို ပြန်ရုပ်သိမ်းမယ့်အကြောင်း ကြာသပတေးနေ့က ကြေညာလိုက်ပါတယ်။ တနင်္လာနေ့မှာ ပြည်ပတင်ပို့မှုတွေ ပြန်စမယ်လို့လည်း သမ္မတ Joko Widodo က ပြောပါတယ်။

ကမ္ဘာ့စားအုန်းဆီ ၈၅ ရာခိုင်နှုန်း ထုတ်လုပ်နေတဲ့ အင်ဒိုနီးရှား နဲ့ မလေးရှားနိုင်ငံတွေမှာ စားအုန်းဆီ ထုတ်လုပ်မှုဟာ ပြည်တွင်းစီးပွားရေးမှာလည်း အဓိက နေရာယူထားပါတယ်။ ကမ္ဘာ့နေကြာဆီ တဝက်လောက် ထုတ်လုပ်ပေးနေတဲ့ ယူကရိန်းနိုင်ငံကို ၂၅ ရာခိုင်နှုန်းလောက် ထုတ်လုပ်နေတဲ့ ရုရှားက ကျုးကျော် တိုက်ခိုက်ခဲ့ရာက ကမ္ဘာတလွှား စားသုံးဆီဈေးကွက်မှာ ရိုက်ခတ်လာခဲ့တာပါ။

ကုန်ပစ္စည်း ပြတ်လပ်မှုနဲ့ ကုန်ဈေးနှုန်းကြီးမြင့်မှုကို ထိန်းချုပ်ဖို့ အင်ဒိုနီးရှားက ပြည်ပတင်ပို့မှု တားမြစ်လိုက်ပြီးနောက် စားအုန်းဆီဈေးနှုန်းဟာလည်း ၂၀၀ ရာခိုင်နှုန်း ဈေးတက်သွားပါတယ်။ အစိုးရက သတ်မှတ်ထားတဲ့ ဈေးနှုန်းအထိ လျော့ကျတဲ့အခါ ပြည်ပတင်ပို့မှု တားမြစ်ချက်ကို ရုပ်သိမ်းဖို့ စီစဉ်ထားပေမဲ့ အခုအချိန်အထိတော့ ရည်မှန်းထားတဲ့အထိ မရောက်သေးကြောင်းလည်း အင်ဒိုနီးရှားသမ္မတက ပြောပါတယ်။

ဒါပေမဲ့လည်း မကြာခင် သီတင်းပတ် အနည်းငယ်လောက်မှာ ဈေးနှုန်းတွေ ထပ်မံကျဆင်းလိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း ပြောပါတယ်။ အင်ဒိုနီးရှားမှာ လစဉ်စားသုံးဆီ လိုအပ်ချက်ဟာ ခန့်မှန်းချေ တန်ချိန် ၁ သိန်း ၉ သောင်း ၄ ထောင်လောက် ရှိကြောင်းလည်း သမ္မတက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

=======================

{{ UNICODE }}






XS
SM
MD
LG