သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

မၿငိမ္းေသးတဲ႔ မေကြးနဲ႔ စစ္ကိုင္းက စစ္ေရးပဋိပကၡ


လက္ယက္မ ရြာ

[[ ZAWGYI / UNICODE ]]

မၿငိမ္းေသးတဲ႔ မေကြးနဲ႔ စစ္ကိုင္းက စစ္ေရးပဋိပကၡ

မေကြးတိုင္းေဒသႀကီး ၿမိဳင္ၿမိဳ႕နယ္မွာ ေဒသခံ ကာကြယ္ေရးတပ္ဖြဲ႕ေတြနဲ႔ စစ္ေကာင္စီတို႔ တိုက္ပြဲျဖစ္ပြားၿပီး ေနအိမ္ေတြ မီးရိႈ႕ခံရတာေတြ ရွိတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ စစ္ကိုင္းတိုင္းက ေခ်ာင္းဦးၿမိဳ႕မွာ ဆိုရင္လည္း စစ္ေဘးေရွာင္ေနတဲ့ ဒုကၡသည္ေတြမွာ အကူအညီေတြ လိုအပ္ေနပါတယ္။ ရန္ကုန္ကေပးပို႔လာတဲ့ မေကြးနဲ႔ စစ္ကိုင္းတိုင္းထဲက အေျခအေနေတြကို ကိုေဇာ္မိုးေက်ာ္က ေျပာျပထားပါတယ္။

မေကြးတိုင္းေဒသႀကီး ၿမိဳင္ၿမိဳ႕နယ္ လက္ယက္မ ေက်းရြာအနီးမွာ ဇြန္ ၁၆ ရက္ မနက္ပိုင္းက စစ္ေကာင္စီတပ္နဲ႔ ေဒသခံကာကြယ္ေရး တပ္ဖြဲ႕ေတြ ထိေတြ႔တိုက္ပြဲျဖစ္ပြားၿပီး စစ္ေကာင္စီက လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္တာ လုပ္တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

လက္ယက္မ ေက်းရြာအနီးက ေက်ာက္ေတာ ေက်းရြာကိုလည္း မီးရိႈ႕ခဲ့တယ္လို႔ ၿမိဳင္ၿမိဳ႕ခံတဦးက အခုလိုေျပာပါတယ္။

“မနက္က အေစာႀကီးမွာတင္ လက္နက္ႀကီးေတြနဲ႔ ဒီေကာင္ေတြက လွမ္းပစ္တာ လက္ယက္မ ရြာဘက္ကို လက္ယက္မရြာက မီးသတ္ရံုးေပၚလိုလို ဘုန္းႀကီးေက်ာင္းေပၚလိုလို မီးေလာင္တယ္လို႔ၾကားတယ္။ ဒါေပမယ့္ ရြာနား ဘယ္သူမွ မရွိေတာ့ အတိအက်ႀကီးေတာ့ ဘယ္သူမွ ေျပာမရဘူး။ ေကာင္ေလး တေယာက္ေသတယ္။ PDF လူငယ္ေလး တေယာက္ ေသတယ္လို႔ေတာ့ သိရတယ္။ ေက်ာက္ေတာဖက္ လက္ယက္မရဲ႕ အေနာက္ကရြာကို ၀င္သြားတယ္။ ၿပီးေတာ့ မီးေတြ ရိႈ႕ေနတယ္။”

အင္တာနက္ေတြ ျဖတ္ေတာက္တာအျပင္ အဆက္အသြယ္ေတြပါ ျပတ္ေတာက္ေနတဲ့အတြက္ မီးေလာင္တဲ့ အရည္အတြက္ကိုေတာ့ အတိအက် မသိရဘူးလို႔ ေဒသခံေတြကေျပာပါတယ္။ ေနအိမ္ေတြ မီးမရိႈ႕ခင္ စစ္ေကာင္စီတပ္ေတြ ၀င္ေရာက္လာကတည္းက ေဒသခံေတြဟာ ထြက္ေျပး တိမ္းေရွာင္ေနရတယ္လို႔လည္း ေျပာပါတယ္။

ဒါက မေကြးတိုင္းက အေျခအေနပါ။ စစ္ကိုင္းတိုင္းက ေခ်ာင္းဦးၿမိဳ႕နယ္မွာ ဆိုရင္လည္း စစ္ေဘးဒုကၡသည္ ေသာင္းခ်ီရွိၿပီး အေရးေပၚ အကူအညီေတြ လိုအပ္ေနတယ္လို႔ ေခ်ာင္းဦးေဒသခံတဦးက ေျပာပါတယ္။

“အဓိက ကေတာ့ တဲေတြ ေဆာက္တဲ့အခါမွာ ထန္းရြက္တုိ႔ ဘာတို႔ပဲ မိုးထားရတာ မိုးရာသီျဖစ္တဲ့အတြက္ မိုးကာေတြဘာေတြ လိုအပ္တယ္။ ေဆး၀ါးေပါ့ အဓိကကေတာ့။ စပါးထြက္တဲ့ ေဒသဆိုေတာ့ စားဖို႔ ေသာက္ဖို႔ရာက ဆန္ေတာ့ အဆင္ေျပတာေပါ့ေနာ္။ က်န္တဲ့ ဆီနဲ႔ ေဆး၀ါးတို႔ မိုးကာတို႔ ဘာတို႔ေတာ့ လိုအပ္တာေပါ့။ အဓိက လိုအပ္တာကေတာ့ေလ။”

ေခ်ာင္းဦးၿမိဳ႕နယ္အတြင္းမွာ စစ္ေကာင္စီက နယ္ေျမရွင္းလင္းတာေတြလုပ္လို႔ ေက်းရြာ ၁၃ ရြာက အိမ္ေျခ ၆၇၀ နီးပါး မီးရိႈ႕ခံရၿပီး စစ္ေဘးဒုကၡသည္ ေသာင္းနဲ႔ခ်ီ ရွိေနပါတယ္။ တခ်ိဳ႕ စစ္ေကာင္စီကို အားေပးေထာက္ခံတဲ့ ေက်းရြာေတြ အနီးက ေဒသခံေတြဟာ သူတို႔ရဲ႕ ေနအိမ္ေတြကို မျပန္ႏိုင္ဘဲ ေဘးလြတ္ရာ ေနရာေတြမွာသာ တိမ္းေရွာင္ ေနရပါတယ္။

ေခ်ာင္းဦးၿမိဳ႕နယ္ထဲမွာ စစ္ေကာင္စီနဲ႔ ေဒသခံကာကြယ္ေရးတပ္ဖြဲ႕ေတြ မၾကာခဏဆိုသလို တိုက္ပြဲေတြျဖစ္ပြားၿပီး စစ္ေကာင္စီရဲ႕ ယာဥ္တန္းေတြလည္း မိုင္းဆြဲတိုက္ခိုက္ ခံရတာမ်ဳိးလည္းရွိပါတယ္။

===========================

{{ UNICODE }}

မငြိမ်းသေးတဲ့ မကွေးနဲ့ စစ်ကိုင်းက စစ်ရေးပဋိပက္ခ

မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်မှာ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားပြီး နေအိမ်တွေ မီးရှို့ခံရတာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကိုင်းတိုင်းက ချောင်းဦးမြို့မှာ ဆိုရင်လည်း စစ်ဘေးရှောင်နေတဲ့ ဒုက္ခသည်တွေမှာ အကူအညီတွေ လိုအပ်နေပါတယ်။ ရန်ကုန်ကပေးပို့လာတဲ့ မကွေးနဲ့ စစ်ကိုင်းတိုင်းထဲက အခြေအနေတွေကို ကိုဇော်မိုးကျော်က ပြောပြထားပါတယ်။

မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ် လက်ယက်မ ကျေးရွာအနီးမှာ ဇွန် ၁၆ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ လုပ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ယက်မ ကျေးရွာအနီးက ကျောက်တော ကျေးရွာကိုလည်း မီးရှို့ခဲ့တယ်လို့ မြိုင်မြို့ခံတဦးက အခုလိုပြောပါတယ်။

“မနက်က အစောကြီးမှာတင် လက်နက်ကြီးတွေနဲ့ ဒီကောင်တွေက လှမ်းပစ်တာ လက်ယက်မ ရွာဘက်ကို လက်ယက်မရွာက မီးသတ်ရုံးပေါ်လိုလို ဘုန်းကြီးကျောင်းပေါ်လိုလို မီးလောင်တယ်လို့ကြားတယ်။ ဒါပေမယ့် ရွာနား ဘယ်သူမှ မရှိတော့ အတိအကျကြီးတော့ ဘယ်သူမှ ပြောမရဘူး။ ကောင်လေး တယောက်သေတယ်။ PDF လူငယ်လေး တယောက် သေတယ်လို့တော့ သိရတယ်။ ကျောက်တောဖက် လက်ယက်မရဲ့ အနောက်ကရွာကို ဝင်သွားတယ်။ ပြီးတော့ မီးတွေ ရှို့နေတယ်။”

အင်တာနက်တွေ ဖြတ်တောက်တာအပြင် အဆက်အသွယ်တွေပါ ပြတ်တောက်နေတဲ့အတွက် မီးလောင်တဲ့ အရည်အတွက်ကိုတော့ အတိအကျ မသိရဘူးလို့ ဒေသခံတွေကပြောပါတယ်။ နေအိမ်တွေ မီးမရှို့ခင် စစ်ကောင်စီတပ်တွေ ဝင်ရောက်လာကတည်းက ဒေသခံတွေဟာ ထွက်ပြေး တိမ်းရှောင်နေရတယ်လို့လည်း ပြောပါတယ်။

ဒါက မကွေးတိုင်းက အခြေအနေပါ။ စစ်ကိုင်းတိုင်းက ချောင်းဦးမြို့နယ်မှာ ဆိုရင်လည်း စစ်ဘေးဒုက္ခသည် သောင်းချီရှိပြီး အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ ချောင်းဦးဒေသခံတဦးက ပြောပါတယ်။

“အဓိက ကတော့ တဲတွေ ဆောက်တဲ့အခါမှာ ထန်းရွက်တို့ ဘာတို့ပဲ မိုးထားရတာ မိုးရာသီဖြစ်တဲ့အတွက် မိုးကာတွေဘာတွေ လိုအပ်တယ်။ ဆေးဝါးပေါ့ အဓိကကတော့။ စပါးထွက်တဲ့ ဒေသဆိုတော့ စားဖို့ သောက်ဖို့ရာက ဆန်တော့ အဆင်ပြေတာပေါ့နော်။ ကျန်တဲ့ ဆီနဲ့ ဆေးဝါးတို့ မိုးကာတို့ ဘာတို့တော့ လိုအပ်တာပေါ့။ အဓိက လိုအပ်တာကတော့လေ။”

ချောင်းဦးမြို့နယ်အတွင်းမှာ စစ်ကောင်စီက နယ်မြေရှင်းလင်းတာတွေလုပ်လို့ ကျေးရွာ ၁၃ ရွာက အိမ်ခြေ ၆၇၀ နီးပါး မီးရှို့ခံရပြီး စစ်ဘေးဒုက္ခသည် သောင်းနဲ့ချီ ရှိနေပါတယ်။ တချို့ စစ်ကောင်စီကို အားပေးထောက်ခံတဲ့ ကျေးရွာတွေ အနီးက ဒေသခံတွေဟာ သူတို့ရဲ့ နေအိမ်တွေကို မပြန်နိုင်ဘဲ ဘေးလွတ်ရာ နေရာတွေမှာသာ တိမ်းရှောင် နေရပါတယ်။

ချောင်းဦးမြို့နယ်ထဲမှာ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ မကြာခဏဆိုသလို တိုက်ပွဲတွေဖြစ်ပွားပြီး စစ်ကောင်စီရဲ့ ယာဉ်တန်းတွေလည်း မိုင်းဆွဲတိုက်ခိုက် ခံရတာမျိုးလည်းရှိပါတယ်။

XS
SM
MD
LG