ေတာင္ကိုရီးယားႏိုင္ငံဟာ အကူးအေျပာင္းဆိုင္ရာ တရားမွ်တမႈကို ျပည့္ျပည့္ဝဝ အေကာင္အထည္ ေဖာ္သင့္တယ္လို႔ ကုလသမဂၢ လူ႔အခြင့္အေရးေကာင္စီမဟာမင္းႀကီး႐ုံးက ဇြန္လ ၁၅ ရက္ေန႔ မွာ ထုတ္ျပန္ခ်က္ တစ္ရပ္ ထုတ္ျပန္ တိုက္တြန္းလိုက္ပါတယ္။ အကူးအေျပာင္းဆိုင္ရာ တရားမွ်တမႈဆိုတာ ဘာလဲ။ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြနဲ႔ ပတ္သက္ၿပီး၊ တရားမွ်တမႈအတြက္ ေဆာင္႐ြက္ၾကရာမွာ အာရွဟာ ေနာက္က်က်န္ေနခဲ့ပါတယ္။ ဘာေၾကာင့္လဲ။ ေတာင္အာဖရိကကေကာ လူျဖဴလူမည္း ခြဲျခားေရးစနစ္က ကူးေျပာင္းရာမွာ ဘယ္လို မူဝါဒကို ခ်မွတ္ခဲ့သလဲ။ ေတာင္အာဖရိကႏိုင္ငံက အုပ္ခ်ဳပ္မႈဆိုင္ရာ ပါရဂူဘြဲ႕ ယူခဲ့တဲ့ ေဒါက္တာမ်ိဳးႏိုင္နဲ႔ ဦးတင္ေမာင္သန္းက ေဆြးေႏြးတင္ျပထားပါတယ္။
အက်ဥ္းခ်ဳပ္
ဒုတိယကမာၻစစ္အတြင္း က်ဴးလြန္ခဲ့တဲ့ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြ (အထူးသျဖင့္ ဂ်ာမဏီနဲ႔ ဂ်ပန္ တို႔ရဲ႕ ျပစ္မႈေတြ) အတြက္ တရားမွ်တမႈရွိေအာင္ ေဆာင္႐ြက္ရာက စတင္တယ္။
ဒုတိယလႈိင္းက စၿပီး လူ႔အခြင့္အေရးကိစၥေတြကို ဦးစားေပးလာတယ္။ လက္တင္အေမရိကႏိုင္ငံေတြက အာဏာရွင္ေတြရဲ႕ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြအတြက္ တရားမွ်တမႈကို ရရွိေအာင္ ႀကိဳးစားလာၾကတယ္။
လူျဖဴလူမည္း ခြဲျခားမႈစနစ္ကို အဆုံးသတ္ၿပီး အကူးအေျပာင္းျဖစ္တဲ့အခါ တတိယလႈိင္းစတင္တယ္။ တတိယလႈိင္းမွာေတာ့ လူ႔အခြင့္အေရးအျပင္၊ အရပ္ဘက္အဖြဲ႕အစည္းေတြနဲ႔ ဒီမိုကေရစီ ဆိုင္ရာအေျခခံ အေဆာက္အအုံေတြ ခိုင္မာေရးလည္း ပါလာတယ္။
ျမန္မာႏိုင္ငံရဲ႕ ဒီေန႔တရားမွ်တေရး လႈပ္ရွားမႈဟာ စတုတၳလႈိင္းလို႔ ေျပာလို႔ရမယ္လို႔ ထင္ေၾကာင္း ေဒါက္တာမ်ိဳးႏိုင္က သုံးသပ္ပါတယ္။
အာရွမွာ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈကို ကိုင္တြယ္တဲ့ နည္းနာယႏၲယား မရွိေသးတာဟာ ယဥ္ေက်းမႈနဲ႔ ဆက္စပ္ေနႏိုင္ပါတယ္။ စားဝတ္ေနေရးဆိုတဲ့ စီးပြါးေရး ဖြံ႕ၿဖိဳးတိုးတက္မႈ၊ လုံၿခဳံေရးနဲ႔ တည္ၿငိမ္ေရး၊ တစ္ဦးခ်င္း လြတ္လပ္ခြင့္၊ တရားမွ်တမႈ၊ သဟဇာတ ျဖစ္ေရး ... ဘာကို ဦးစားေပးမလဲဆိုတဲ့ ယဥ္ေက်းမႈေတြ ကြာတာနဲ႔ ဆက္စပ္ႏိုင္တယ္လို႔ ေဒါက္တာမ်ိဳးႏိုင္က သုံးသပ္ပါတယ္။
အကူးအေျပာင္းဆိုင္ရာ တရားမွ်တမႈ မူဝါဒ ကို စဥ္းစားတဲ့အခါ ဘာကို ဦးစားေပးမလဲ စဥ္းစားရပါတယ္။ ျပန္လည္ ရင္ၾကားေစ့ေရးလား။ ဒါမွမဟုတ္ တရားမွ်တမႈလား စဥ္းစာရတယ္လို႔ ဆိုပါတယ္။
ေတာင္အာဖရိကကေတာ့ အမွန္းတရားနဲ႔ ျပန္လည္ ရင္ၾကားေစ့ေရးကို ေ႐ြးခ်ယ္ခဲ့ၿပီး၊ ေကာ္မီတီ တစ္ရပ္ ဖြဲ႕ခဲ့ပါတယ္။ အေရးယူဖို႔ ဦးမတည္ခဲ့ပါဘူး။ လူ႔အခြင့္အေရး ခ်ိဳးေဖာက္ခဲ့သူေတြက ျဖစ္ခဲ့တာေတြကို အမွန္အတိုင္း ေျပာၾကရပါတယ္။ ေတာင္အာဖရိက လူျဖဴသမၼတကလည္း လူမ်ိဳးခြဲျခားတဲ့ စနစ္အတြက္ ထပ္ခါထပ္ခါ ေတာင္းပန္ခဲ့တယ္လို႔ ဆိုပါတယ္။
ဒီေနာက္ပိုင္းမွာေတာ့ လူျဖဴလူမည္းရယ္လို႔ေတာင္ သတ္မွတ္ ေခၚေဝၚၾကတာ၊ နည္းသြားတာ ေတြ႕ရေၾကာင္း ေဒါက္တာမ်ိဳးႏိုင္က သူ႔ အေတြ႕အႀကဳံကို ေျပာျပသြားပါတယ္။
[Unicode Version]
အကူးအပြောင်းကာလ တရားမျှတမှု
တောင်ကိုရီးယားနိုင်ငံဟာ အကူးအပြောင်းဆိုင်ရာ တရားမျှတမှုကို ပြည့်ပြည့်ဝဝ အကောင်အထည် ဖော်သင့်တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမဟာမင်းကြီးရုံးက ဇွန်လ ၁၅ ရက်နေ့ မှာ ထုတ်ပြန်ချက် တစ်ရပ် ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။ အကူးအပြောင်းဆိုင်ရာ တရားမျှတမှုဆိုတာ ဘာလဲ။ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး၊ တရားမျှတမှုအတွက် ဆောင်ရွက်ကြရာမှာ အာရှဟာ နောက်ကျကျန်နေခဲ့ပါတယ်။ ဘာကြောင့်လဲ။ တောင်အာဖရိကကကော လူဖြူလူမည်း ခွဲခြားရေးစနစ်က ကူးပြောင်းရာမှာ ဘယ်လို မူဝါဒကို ချမှတ်ခဲ့သလဲ။ တောင်အာဖရိကနိုင်ငံက အုပ်ချုပ်မှုဆိုင်ရာ ပါရဂူဘွဲ့ ယူခဲ့တဲ့ ဒေါက်တာမျိုးနိုင်နဲ့ ဦးတင်မောင်သန်းက ဆွေးနွေးတင်ပြထားပါတယ်။
အကျဉ်းချုပ်
ဒုတိယကမ္ဘာစစ်အတွင်း ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ (အထူးသဖြင့် ဂျာမဏီနဲ့ ဂျပန် တို့ရဲ့ ပြစ်မှုတွေ) အတွက် တရားမျှတမှုရှိအောင် ဆောင်ရွက်ရာက စတင်တယ်။
ဒုတိယလှိုင်းက စပြီး လူ့အခွင့်အရေးကိစ္စတွေကို ဦးစားပေးလာတယ်။ လက်တင်အမေရိကနိုင်ငံတွေက အာဏာရှင်တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တရားမျှတမှုကို ရရှိအောင် ကြိုးစားလာကြတယ်။
လူဖြူလူမည်း ခွဲခြားမှုစနစ်ကို အဆုံးသတ်ပြီး အကူးအပြောင်းဖြစ်တဲ့အခါ တတိယလှိုင်းစတင်တယ်။ တတိယလှိုင်းမှာတော့ လူ့အခွင့်အရေးအပြင်၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ဒီမိုကရေစီ ဆိုင်ရာအခြေခံ အဆောက်အအုံတွေ ခိုင်မာရေးလည်း ပါလာတယ်။
မြန်မာနိုင်ငံရဲ့ ဒီနေ့တရားမျှတရေး လှုပ်ရှားမှုဟာ စတုတ္ထလှိုင်းလို့ ပြောလို့ရမယ်လို့ ထင်ကြောင်း ဒေါက်တာမျိုးနိုင်က သုံးသပ်ပါတယ်။
အာရှမှာ လူ့အခွင့်အရေးချိုးဖောက်မှုကို ကိုင်တွယ်တဲ့ နည်းနာယန္တယား မရှိသေးတာဟာ ယဉ်ကျေးမှုနဲ့ ဆက်စပ်နေနိုင်ပါတယ်။ စားဝတ်နေရေးဆိုတဲ့ စီးပွါးရေး ဖွံ့ဖြိုးတိုးတက်မှု၊ လုံခြုံရေးနဲ့ တည်ငြိမ်ရေး၊ တစ်ဦးချင်း လွတ်လပ်ခွင့်၊ တရားမျှတမှု၊ သဟဇာတ ဖြစ်ရေး ... ဘာကို ဦးစားပေးမလဲဆိုတဲ့ ယဉ်ကျေးမှုတွေ ကွာတာနဲ့ ဆက်စပ်နိုင်တယ်လို့ ဒေါက်တာမျိုးနိုင်က သုံးသပ်ပါတယ်။
အကူးအပြောင်းဆိုင်ရာ တရားမျှတမှု မူဝါဒ ကို စဉ်းစားတဲ့အခါ ဘာကို ဦးစားပေးမလဲ စဉ်းစားရပါတယ်။ ပြန်လည် ရင်ကြားစေ့ရေးလား။ ဒါမှမဟုတ် တရားမျှတမှုလား စဉ်းစာရတယ်လို့ ဆိုပါတယ်။
တောင်အာဖရိကကတော့ အမှန်းတရားနဲ့ ပြန်လည် ရင်ကြားစေ့ရေးကို ရွေးချယ်ခဲ့ပြီး၊ ကော်မီတီ တစ်ရပ် ဖွဲ့ခဲ့ပါတယ်။ အရေးယူဖို့ ဦးမတည်ခဲ့ပါဘူး။ လူ့အခွင့်အရေး ချိုးဖောက်ခဲ့သူတွေက ဖြစ်ခဲ့တာတွေကို အမှန်အတိုင်း ပြောကြရပါတယ်။ တောင်အာဖရိက လူဖြူသမ္မတကလည်း လူမျိုးခွဲခြားတဲ့ စနစ်အတွက် ထပ်ခါထပ်ခါ တောင်းပန်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီနောက်ပိုင်းမှာတော့ လူဖြူလူမည်းရယ်လို့တောင် သတ်မှတ် ခေါ်ဝေါ်ကြတာ၊ နည်းသွားတာ တွေ့ရကြောင်း ဒေါက်တာမျိုးနိုင်က သူ့ အတွေ့အကြုံကို ပြောပြသွားပါတယ်။