သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ႏိုင္ငံေရးအက်ဥ္းသားေတြ လြတ္ေျမာက္ေရး ေဒၚစုေမြးေန႔မွာ ျမန္မာ့အေရးလႈပ္ရွားသူေတြ ေတာင္းဆို


(Zawgyi / Unicode)

ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ဖမ္းဆီးခံထားရတဲ့ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ အပါအ၀င္၊ ႏိုင္ငံေရး လႈပ္ရွားမႈေတြနဲ႔ ဆက္ႏြယ္ၿပီး ဖမ္းဆီးထားသူေတြကို ျပန္လႊတ္ေပးဖို႔ ျမန္မာ့အေရး လႈပ္ရွားသူေတြ ေတာင္းဆိုလိုက္ၾကပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ၇၇ ႏွစ္ျပည့္ ေမြးေန႔နဲ႔ တိုက္ဆိုင္ၿပီး အေမရိကန္အပါအ၀င္ ႏိုင္ငံတကာေရာက္ ျမန္မာ့အေရးလႈပ္ရွားသူေတြက ေတာင္းဆိုလိုက္ၾကတာပါ။ အျပည့္အစုံကိုေတာ့ ကိုဉာဏ္ဝင္းေအာင္က စုစည္း တင္ျပထားပါတယ္။

ဇြန္လ(၁၉)ရက္ေန႔ဟာ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ (၇၇)ႏွစ္ေျမာက္ ေမြးေန႔ျဖစ္ပါတယ္။ အေမရိကန္ျပည္ေထာင္စု အေရွ႕ဖက္ျခမ္း ဝါရွင္တန္ဒီစီ၊ ေမရီလန္း၊ ဗာဂ်ီးနီးယားက ျမန္မာ့ဒီမိုကေရစီေရး လႈပ္ရွားသူေတြ စုေပါင္းၿပီး ၊ ေဒၚေအာင္ဆန္းစုၾကည္ ေမြးေန႔ပြဲအတြက္ ေမရီလန္းျပည္နယ္ Silver Spring မွာရွိတဲ့ Argyle အလယ္တန္းေက်ာင္းမွာ စေနေန႔က ဘာသာေပါင္းစုံ ဆုေတာင္းပဲြ က်င္းပခဲ့တယ္လို႔ ပဲြက်င္းပေရးမွာ ဦးေဆာင္ပါဝင္သူ ဦးယဥ္ေထြးက VOA ကို ေျပာပါတယ္။

“ ဒီပြဲေလးကေတာ့ အေမ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ၇၇ ႏွစ္ေျမာက္ ေမြးေန႔ ဆုေတာင္းပြဲေလး ျဖစ္ပါတယ္။ ဒီပြဲေလးမွာ က်ေနာ္တို႔ ဗုဒၶဘာသာေတြေရာ က်ေနာ္တို႔ ခရစ္ယာန္ ေပါင္းစံု ၊ မူဆလင္ ေပါင္းစံု၊ ဘာသာ ေပါင္းစံုကေန အားလံုး တက္ေရာက္ၿပီး ဆုေတာင္းေပးၾကပါတယ္။ ႏိုင္ငံေတာ္ သမၼတႀကီး ဦး၀င္းျမင့္ အပါအ၀င္ ေဒၚေအာင္ဆန္းစုၾကည္ အပါအ၀င္ အဖမ္းဆီးခံ ႏိုင္ငံေရး အက်ဥ္းသား အားလံုး လြတ္ေျမာက္ဖို႔လည္း ဒီပြဲေလးက လုပ္ေပးခဲ႔ပါတယ္။ ဒီပြဲေလးမွာဘဲ ေသဒဏ္ ႀကိဳးမိန္႔ေပးထားတဲ႔ ကိုဂ်င္မီ၊ ကိုေဇယ်ာေသာ္တို႔ လြတ္ေျမာက္ဖို႔ အတြက္လည္း တက္ေရာက္လာတဲ႔ ညီအကို ေမာင္ႏွမေတြ အားလံုးက ဆုေတာင္းၿပီးေတာ့ ေသဒဏ္ေဘးက လြတ္ေျမာက္ၿပီး အျမန္ဆံုး တိုင္းျပည္ ျပန္လည္ ထူေထာင္ေရး သာယာ၀ေျပာတဲ႔ ေနရာကို ခ်ီတက္ႏိုင္ပါေစလို႔ အားလံုး ဆုေတာင္းၿပီးေတာ့ ဒီပြဲေလးကို လုပ္ခဲ႔ပါတယ္။ ဒီပြဲေလးကို တက္ေရာက္လာတဲ႔ ညီအကို ေမာင္ႏွမေတြ အားလံုးကလည္း ျပည္တြင္းမွာ ရွိတဲ႔ ညီအကို ေမာင္ႏွမေတြ အားလံုးနဲ႔ တေသြးတည္း တသားတည္း ဆိုတဲ႔ ဆႏၵေလးကို ေဖာ္ထုတ္တဲ႔ ပြဲေလး ျဖစ္ပါတယ္ ခင္ဗ်။ ”

အလားတူ ကေနဒါႏိုင္ငံ ဗန္ကူးဗားျမဳိ႕ Beaconsfield ပန္းျခံမွာလည္း ေဒၚေအာင္ဆန္းစုၾကည္ ေမြးေန႔အတြက္ ျမန္မာ့အေရးလႈပ္ရွားသူေတြက ဇြန္လ(၁၈)ရက္ေန႔မွာ ဆြမ္းဆက္ကပ္ လွဴဒါန္းတာအျပင္၊ ဆုေတာင္းပြဲ က်င္းပခဲ့တယ္လို႔ မေအးမိုးသူက ေျပာပါတယ္။

“ အေမ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ေမြးေန႔ပြဲကို ကေနဒါ တႏိုင္ငံလံုး အတိုင္းအတာနဲ႔ ကိုယ္႔ၿမိဳ႕နဲ႔ကိုယ္ အခ်ိန္စိုက္ၿပီး က်င္းပရျခင္း ျဖစ္ပါတယ္။ အဓိက ကေတာ့ စစ္ အစိုးရကေနၿပီးေတာ့ ၂၀၂၀ ေရြးေကာက္ပြဲကို အသိအမွတ္ မျပဳဘဲနဲ႔ မတရား အာဏာသိမ္းၿပီးေတာ့ အေမစုနဲ႔ သူ႔ရဲ႕ အစိုးရ အဖြဲ႔ကို မတရား အက်ဥ္းခ်ထားတာကို အျမန္ဆံုး လႊတ္ေပးဖို႔ရယ္၊ အမ်ိဳးသား ညီၫြတ္ေရး အစိုးရကို ကေနဒါ အစိုးရနဲ႔ ႏိုင္ငံတကာ အစိုးရေတြက တရား၀င္ အသိအမွတ္ျပဳေပးဖို႔ရယ္ အဲဒါကို ေတာင္းဆိုတဲ႔ အေနနဲ႔ က်မတို႔ က်င္းပရျခင္း ျဖစ္ပါတယ္။ ”

ဥေရာပတိုက္က နယ္သာလန္ႏိုင္ငံ ဘေရဒါၿမိဳ႕က ေဒါက္တာ အရွင္စႏၵာဝရ ရဲ႕ေက်ာင္းတိုက္မွာ လူထုေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ (၇၇)ႏွစ္ေျမာက္ေမြးေန႔အတြက္ ျမန္မာေတြ စုေပါင္းၿပီး ဆြမ္းကပ္လႉဒါန္းတာနဲ႔ အလွဴေငြ ထည့္ဝင္တဲ့ အစီအစဥ္ေတြ လုပ္ခဲ့ၾကတယ္လို႔ မမိုးမိုးႏွင္းက ေျပာပါတယ္။

" အေမစု ေမြးေန႔ အမွတ္တရ ဆုေတာင္းေပရရင္ေတာ့ အက်ဥ္းခ်ခံေနရတဲ့ ႏိ္ုင္ငံေရး အက်ဥ္းသူ အက်ဥ္းသားအားလုံး လြတ္ေျမာက္ၾကပါေစ၊ တိုင္းျပည္ ဒီမိုကေရစီေရး လမ္းမွန္ကို အျမန္ေေရာက္ရွိပါေစ။ အေမစု က်န္းမာပါေစ အသက္ရာေက်ာ္ ရွည္ပါေစ။ ျမန္မာျပည္သူျပည္သားေတြနဲ႔အတူ ဒီမိုကေရစီ ႏိုင္ငံေတာ္သစ္ႀကီးဆီကို အတူ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ခ်ီတက္ႏိုင္ပါေစ။ မၾကာခင္ အခ်ိန္မွာ အေမစုကို အျမန္ျပန္လႊတ္ေပးၾကပါ။ အေမစုမွာ ဘာအျပစ္မွ မရွိပါဘူး။ အေမစုက ေကာင္းက်ဳိးေတြကိုပဲ တိုင္းျပည္ေပၚ ေစတနာထား ေကာင္းမႈကိုသာ ၾကဳိးပမ္းခဲ့တဲ့ တိုင္းျပည္ရဲ႕မိခင္ တိုင္းျပည္ရဲ႕ေခါင္းေဆာင္ပဲ ျဖစ္ပါတယ္။ "

အသက္(၇၇)ႏွစ္ ရွိလာၿပီျဖစ္တဲ့ ႏိုဘဲလ္ၿငိမ္းခ်မ္းေရးဆုရွင္ ေဒၚေအာင္ဆန္းစုၾကည္ဟာ လူထုအုံႂကြမႈ ျဖစ္ခဲ့တဲ့ ၁၉၈၈ ခုႏွစ္ကစလို႔ ျမန္မာ့ႏိုင္ငံေရးထဲ စတင္ ဝင္ေရာက္ လႈပ္ရွားလာခဲ့ၿပီး၊ စစ္အာဏာရွင္ အဆက္ဆက္မွာ အနည္းဆုံး(၁၅)ႏွစ္ေက်ာ္ၾကာ ေနအိမ္အက်ယ္ခ်ဳပ္ က်ခံခဲ့ရသူျဖစ္သလို ၊ ၂၀၂၁ ေဖေဖၚဝါရီလ စစ္အာဏာသိမ္းၿပီးေနာက္ အခုခ်ိန္ထိ အက်ဥ္းက်ခံေနရဆဲ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး ဒေါ်စုမွေးနေ့မှာ မြန်မာ့အရေးလှုပ်ရှားသူတွေ တောင်းဆို

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင်၊ နိုင်ငံရေး လှုပ်ရှားမှုတွေနဲ့ ဆက်နွယ်ပြီး ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့ မြန်မာ့အရေး လှုပ်ရှားသူတွေ တောင်းဆိုလိုက်ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၇ နှစ်ပြည့် မွေးနေ့နဲ့ တိုက်ဆိုင်ပြီး အမေရိကန်အပါအဝင် နိုင်ငံတကာရောက် မြန်မာ့အရေးလှုပ်ရှားသူတွေက တောင်းဆိုလိုက်ကြတာပါ။ အပြည့်အစုံကိုတော့ ကိုဉာဏ်ဝင်းအောင်က စုစည်း တင်ပြထားပါတယ်။

ဇွန်လ(၁၉)ရက်နေ့ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၇)နှစ်မြောက် မွေးနေ့ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စု အရှေ့ဖက်ခြမ်း ဝါရှင်တန်ဒီစီ၊ မေရီလန်း၊ ဗာဂျီးနီးယားက မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေ စုပေါင်းပြီး ၊ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲအတွက် မေရီလန်းပြည်နယ် Silver Spring မှာရှိတဲ့ Argyle အလယ်တန်းကျောင်းမှာ စနေနေ့က ဘာသာပေါင်းစုံ ဆုတောင်းပွဲ ကျင်းပခဲ့တယ်လို့ ပွဲကျင်းပရေးမှာ ဦးဆောင်ပါဝင်သူ ဦးယဉ်ထွေးက VOA ကို ပြောပါတယ်။

“ ဒီပွဲလေးကတော့ အမေ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၇ နှစ်မြောက် မွေးနေ့ ဆုတောင်းပွဲလေး ဖြစ်ပါတယ်။ ဒီပွဲလေးမှာ ကျနော်တို့ ဗုဒ္ဓဘာသာတွေရော ကျနော်တို့ ခရစ်ယာန် ပေါင်းစုံ ၊ မူဆလင် ပေါင်းစုံ၊ ဘာသာ ပေါင်းစုံကနေ အားလုံး တက်ရောက်ပြီး ဆုတောင်းပေးကြပါတယ်။ နိုင်ငံတော် သမ္မတကြီး ဦးဝင်းမြင့် အပါအဝင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အဖမ်းဆီးခံ နိုင်ငံရေး အကျဉ်းသား အားလုံး လွတ်မြောက်ဖို့လည်း ဒီပွဲလေးက လုပ်ပေးခဲ့ပါတယ်။ ဒီပွဲလေးမှာဘဲ သေဒဏ် ကြိုးမိန့်ပေးထားတဲ့ ကိုဂျင်မီ၊ ကိုဇေယျာသော်တို့ လွတ်မြောက်ဖို့ အတွက်လည်း တက်ရောက်လာတဲ့ ညီအကို မောင်နှမတွေ အားလုံးက ဆုတောင်းပြီးတော့ သေဒဏ်ဘေးက လွတ်မြောက်ပြီး အမြန်ဆုံး တိုင်းပြည် ပြန်လည် ထူထောင်ရေး သာယာဝပြောတဲ့ နေရာကို ချီတက်နိုင်ပါစေလို့ အားလုံး ဆုတောင်းပြီးတော့ ဒီပွဲလေးကို လုပ်ခဲ့ပါတယ်။ ဒီပွဲလေးကို တက်ရောက်လာတဲ့ ညီအကို မောင်နှမတွေ အားလုံးကလည်း ပြည်တွင်းမှာ ရှိတဲ့ ညီအကို မောင်နှမတွေ အားလုံးနဲ့ တသွေးတည်း တသားတည်း ဆိုတဲ့ ဆန္ဒလေးကို ဖော်ထုတ်တဲ့ ပွဲလေး ဖြစ်ပါတယ် ခင်ဗျ။ ”

အလားတူ ကနေဒါနိုင်ငံ ဗန်ကူးဗားမြို့ Beaconsfield ပန်းခြံမှာလည်း ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အတွက် မြန်မာ့အရေးလှုပ်ရှားသူတွေက ဇွန်လ(၁၈)ရက်နေ့မှာ ဆွမ်းဆက်ကပ် လှူဒါန်းတာအပြင်၊ ဆုတောင်းပွဲ ကျင်းပခဲ့တယ်လို့ မအေးမိုးသူက ပြောပါတယ်။

“ အမေ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ပွဲကို ကနေဒါ တနိုင်ငံလုံး အတိုင်းအတာနဲ့ ကိုယ့်မြို့နဲ့ကိုယ် အချိန်စိုက်ပြီး ကျင်းပရခြင်း ဖြစ်ပါတယ်။ အဓိက ကတော့ စစ် အစိုးရကနေပြီးတော့ ၂၀၂၀ ရွေးကောက်ပွဲကို အသိအမှတ် မပြုဘဲနဲ့ မတရား အာဏာသိမ်းပြီးတော့ အမေစုနဲ့ သူ့ရဲ့ အစိုးရ အဖွဲ့ကို မတရား အကျဉ်းချထားတာကို အမြန်ဆုံး လွှတ်ပေးဖို့ရယ်၊ အမျိုးသား ညီညွတ်ရေး အစိုးရကို ကနေဒါ အစိုးရနဲ့ နိုင်ငံတကာ အစိုးရတွေက တရားဝင် အသိအမှတ်ပြုပေးဖို့ရယ် အဲဒါကို တောင်းဆိုတဲ့ အနေနဲ့ ကျမတို့ ကျင်းပရခြင်း ဖြစ်ပါတယ်။ ”

ဥရောပတိုက်က နယ်သာလန်နိုင်ငံ ဘရေဒါမြို့က ဒေါက်တာ အရှင်စန္ဒာဝရ ရဲ့ကျောင်းတိုက်မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၇)နှစ်မြောက်မွေးနေ့အတွက် မြန်မာတွေ စုပေါင်းပြီး ဆွမ်းကပ်လှူဒါန်းတာနဲ့ အလှူငွေ ထည့်ဝင်တဲ့ အစီအစဉ်တွေ လုပ်ခဲ့ကြတယ်လို့ မမိုးမိုးနှင်းက ပြောပါတယ်။

" အမေစု မွေးနေ့ အမှတ်တရ ဆုတောင်းပေရရင်တော့ အကျဉ်းချခံနေရတဲ့ နိုင်ငံရေး အကျဉ်းသူ အကျဉ်းသားအားလုံး လွတ်မြောက်ကြပါစေ၊ တိုင်းပြည် ဒီမိုကရေစီရေး လမ်းမှန်ကို အမြန်ေရောက်ရှိပါစေ။ အမေစု ကျန်းမာပါစေ အသက်ရာကျော် ရှည်ပါစေ။ မြန်မာပြည်သူပြည်သားတွေနဲ့အတူ ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီးဆီကို အတူ ပျော်ပျော်ရွှင်ရွှင် ချီတက်နိုင်ပါစေ။ မကြာခင် အချိန်မှာ အမေစုကို အမြန်ပြန်လွှတ်ပေးကြပါ။ အမေစုမှာ ဘာအပြစ်မှ မရှိပါဘူး။ အမေစုက ကောင်းကျိုးတွေကိုပဲ တိုင်းပြည်ပေါ် စေတနာထား ကောင်းမှုကိုသာ ကြိုးပမ်းခဲ့တဲ့ တိုင်းပြည်ရဲ့မိခင် တိုင်းပြည်ရဲ့ခေါင်းဆောင်ပဲ ဖြစ်ပါတယ်။ "

အသက်(၇၇)နှစ် ရှိလာပြီဖြစ်တဲ့ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုအုံကြွမှု ဖြစ်ခဲ့တဲ့ ၁၉၈၈ ခုနှစ်ကစလို့ မြန်မာ့နိုင်ငံရေးထဲ စတင် ဝင်ရောက် လှုပ်ရှားလာခဲ့ပြီး၊ စစ်အာဏာရှင် အဆက်ဆက်မှာ အနည်းဆုံး(၁၅)နှစ်ကျော်ကြာ နေအိမ်အကျယ်ချုပ် ကျခံခဲ့ရသူဖြစ်သလို ၊ ၂၀၂၁ ဖေဖေါ်ဝါရီလ စစ်အာဏာသိမ်းပြီးနောက် အခုချိန်ထိ အကျဉ်းကျခံနေရဆဲ ဖြစ်ပါတယ်။

XS
SM
MD
LG