သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေသဒဏ္ေပးမယ့္ စစ္ေကာင္စီဆုံးျဖတ္ခ်က္ ကုလအတြင္းေရးမွဴးခ်ဳပ္ေဝဖန္ 


Antonio Guterres

ထင္ရွားတဲ့ တက္ႂကြလႈပ္ရွားသူ ၂ ဦးကို ေသဒဏ္အျပစ္ေပးဖို႔ ျမန္မာစစ္တပ္က ဆုံးျဖတ္လိုက္တဲ့အေပၚ ကုလသမဂၢ ကေ၀ဖန္လိုက္ၿပီး ေသဒဏ္အျပစ္ေပးတာကို ပယ္ဖ်က္ဖို႔လည္း ေတာင္းဆိုလိုက္ပါတယ္။

ေသဒဏ္ေပးမယ့္ စစ္ေကာင္စီဆုံးျဖတ္ခ်က္ ကုလအတြင္းေရးမွဴးခ်ဳပ္ေဝဖန္

{{Zawgyi/Unicode}}
ထင္ရွားတဲ့ တက္ႂကြလႈပ္ရွားသူ ၂ ဦးကို ေသဒဏ္အျပစ္ေပးဖို႔ ျမန္မာစစ္တပ္က ဆုံးျဖတ္လိုက္တဲ့အေပၚ ကုလသမဂၢ ကေ၀ဖန္လိုက္ၿပီး ေသဒဏ္အျပစ္ေပးတာကို ပယ္ဖ်က္ဖို႔လည္း ေတာင္းဆိုလိုက္ပါတယ္။ ၈၈ မ်ိဳးဆက္ေက်ာင္းသားေခါင္းေဆာင္ ကိုဂ်င္မီနဲ႔ လႊတ္ေတာ္အမတ္ေဟာင္း ကိုၿဖိဳးေဇယ်ာေသာ္ တို႔ကို အၾကမ္းဖက္မႈ စြပ္စဲြခ်က္နဲ႔ စစ္ခံုရံုးက ေသဒဏ္ခ်မွတ္ခဲ့တာကို စစ္ေကာင္စီက အတည္ျပဳၿပီးေနာက္ ကြပ္မ်က္မယ့္အေၾကာင္း ေျပာဆိုလိုက္တဲ့အေပၚ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္႐ုံးက ေသာၾကာေန႔ကပဲ တုံ႔ျပန္ခဲ့တာပါ။

“ေသဒဏ္စီရင္ခ်က္ခ်ခံထားရတဲ့ ဒီမိုကေရစီေရး လႈပ္ရွားသူ ၂ ေယာက္ကို ကြပ္မ်က္မယ့္ အစီအစဥ္ကို ဆက္လုပ္ဖို႔ ျမန္မာစစ္တပ္က ဆုံးျဖတ္လိုက္တဲ့အေပၚ အထူးစိတ္အေႏွာက္အယွက္ ျဖစ္ရပါတယ္။ ဒါဟာ ႏိုင္ငံတကာ လူ႔အခြင့္အေရး ေၾကညာစာတမ္းရဲ႕ အပိုဒ္ ၃ မွာ ေဖာ္ျပထားတဲ့ ဘ၀ရွင္သန္မႈ၊ လြတ္လပ္မႈနဲ႔ လံုျခံဳေရးဆိုင္ရာ အခြင့္အေရးေတြကို ေျပာင္ေျပာင္တင္းတင္း ခ်ဳိးေဖာက္တာ ျဖစ္ပါတယ္။” လို႔ နယူးေယာက္ ရံုးခ်ဳပ္က ေသာၾကာေန႔ သတင္းစာရွင္းလင္းပြဲမွာ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ေျပာခြင့္ရ Stephane Dujarric ကေျပာဆိုလိုက္တာပါ။

လြတ္လပ္စြာ ထုတ္ေဖၚေျပာဆိုခြင့္ကို ေလးစားဖို႔၊ အေျခခံ လြတ္လပ္ခြင့္နဲ႔ ရပိုင္ခြင့္အတြက္ ႀကိဳးပမ္းသူေတြကို ဖမ္းဆီးအေရးယူတာေတြ အားလုံးကို ႐ုပ္သိမ္းဖို႔နဲ႔ ဖမ္းဆီးထားတဲ့ ႏိုင္ငံေရးအက်ဥ္းသား အားလံုးကို ခ်က္ခ်င္းျပန္လႊတ္ေပးဖို႔ပါ အတြင္းေရးမွဴးခ်ဳပ္က ေတာင္းဆိုခဲ့ပါတယ္။

ႏိုင္ငံတကာ လူ႔အခြင့္ေရး ေၾကညာစာတမ္းအရ ဘယ္သူမွ တရားဥပေဒအထက္မွာ မရွိေစရပဲ လြတ္လပ္ၿပီး မွ်တတဲ့ တရားစီရင္မႈ ခံယူခြင့္၊ လူထုေရွ႕ေမွာက္ ၾကားနာခြင့္၊ ခုခံေခ်ပခြင့္ အတြက္ လိုအပ္တဲ့ အာမခံခ်က္ အားလံုး ရပိုင္ခြင့္ရွိသလို ျပစ္မႈက်ဴးလြန္ေၾကာင္း မျပႏိုင္ခင္မွာ အျပစ္ကင္းသူအျဖစ္ သတ္မွတ္ပိုင္ခြင့္ေတြရွိရမွာ ျဖစ္ေၾကာင္းလည္း ေျပာပါတယ္။ ေသဒဏ္စီရင္တာဟာ ဘဝရွင္သန္ခြင့္ကို ေလးစားမႈ မရွိတဲ့ လုပ္ရပ္ျဖစ္တာေၾကာင့္ ပယ္ဖ်က္ဖို႔ လိုလားေၾကာင္းလည္း ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္က ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

.........................................

သေဒဏ်ပေးမယ့် စစ်ကောင်စီဆုံးဖြတ်ချက် ကုလအတွင်းရေးမှူးချုပ်ဝေဖန်

{{Zawgyi/Unicode}}
ထင်ရှားတဲ့ တက်ကြွလှုပ်ရှားသူ ၂ ဦးကို သေဒဏ်အပြစ်ပေးဖို့ မြန်မာစစ်တပ်က ဆုံးဖြတ်လိုက်တဲ့အပေါ် ကုလသမဂ္ဂ ကဝေဖန်လိုက်ပြီး သေဒဏ်အပြစ်ပေးတာကို ပယ်ဖျက်ဖို့လည်း တောင်းဆိုလိုက်ပါတယ်။ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီနဲ့ လွှတ်တော်အမတ်ဟောင်း ကိုဖြိုးဇေယျာသော် တို့ကို အကြမ်းဖက်မှု စွပ်စွဲချက်နဲ့ စစ်ခုံရုံးက သေဒဏ်ချမှတ်ခဲ့တာကို စစ်ကောင်စီက အတည်ပြုပြီးနောက် ကွပ်မျက်မယ့်အကြောင်း ပြောဆိုလိုက်တဲ့အပေါ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံးက သောကြာနေ့ကပဲ တုံ့ပြန်ခဲ့တာပါ။

“သေဒဏ်စီရင်ချက်ချခံထားရတဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူ ၂ ယောက်ကို ကွပ်မျက်မယ့် အစီအစဉ်ကို ဆက်လုပ်ဖို့ မြန်မာစစ်တပ်က ဆုံးဖြတ်လိုက်တဲ့အပေါ် အထူးစိတ်အနှောက်အယှက် ဖြစ်ရပါတယ်။ ဒါဟာ နိုင်ငံတကာ လူ့အခွင့်အရေး ကြေညာစာတမ်းရဲ့ အပိုဒ် ၃ မှာ ဖော်ပြထားတဲ့ ဘဝရှင်သန်မှု၊ လွတ်လပ်မှုနဲ့ လုံခြုံရေးဆိုင်ရာ အခွင့်အရေးတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာ ဖြစ်ပါတယ်။” လို့ နယူးယောက် ရုံးချုပ်က သောကြာနေ့ သတင်းစာရှင်းလင်းပွဲမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ပြောခွင့်ရ Stephane Dujarric ကပြောဆိုလိုက်တာပါ။

လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့်ကို လေးစားဖို့၊ အခြေခံ လွတ်လပ်ခွင့်နဲ့ ရပိုင်ခွင့်အတွက် ကြိုးပမ်းသူတွေကို ဖမ်းဆီးအရေးယူတာတွေ အားလုံးကို ရုပ်သိမ်းဖို့နဲ့ ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသား အားလုံးကို ချက်ချင်းပြန်လွှတ်ပေးဖို့ပါ အတွင်းရေးမှူးချုပ်က တောင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ လူ့အခွင့်ရေး ကြေညာစာတမ်းအရ ဘယ်သူမှ တရားဥပဒေအထက်မှာ မရှိစေရပဲ လွတ်လပ်ပြီး မျှတတဲ့ တရားစီရင်မှု ခံယူခွင့်၊ လူထုရှေ့မှောက် ကြားနာခွင့်၊ ခုခံချေပခွင့် အတွက် လိုအပ်တဲ့ အာမခံချက် အားလုံး ရပိုင်ခွင့်ရှိသလို ပြစ်မှုကျူးလွန်ကြောင်း မပြနိုင်ခင်မှာ အပြစ်ကင်းသူအဖြစ် သတ်မှတ်ပိုင်ခွင့်တွေရှိရမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။ သေဒဏ်စီရင်တာဟာ ဘဝရှင်သန်ခွင့်ကို လေးစားမှု မရှိတဲ့ လုပ်ရပ်ဖြစ်တာကြောင့် ပယ်ဖျက်ဖို့ လိုလားကြောင်းလည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ပြောပါတယ်။

XS
SM
MD
LG