သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

 နယ္ေျမရွင္းလင္းေရးေၾကာင္႔ မင္းကင္းေဒသခံေတြ စားနပ္ရိကၡာ နဲ႔ ေဆးဝါးျပတ္လပ္


ကနီၿမိဳ႕နယ္ PDF တပ္ဖြဲ႔ဝင္မ်ား (ဓါတ္ပုံ Citizen Journalist)

စစ္ကိုင္းတိုင္းေဒသႀကီး ကနီၿမိဳ႕နယ္ထဲက ေက်း႐ြာေတြမွာ ေဒသခံကာကြယ္ေရးတပ္ဖြဲ႕ေတြနဲ႔ စစ္ေကာင္စီတို႔တိုက္ပြဲေတြရွိေနၿပီး ေနအိမ္ေတြ မီးရႈိ႕ဖ်က္ဆီးခံရတာေတြ ရွိတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ရန္ကုန္ကသတင္းေပးပို႔ထားတာကို ကိုခင္ေမာင္စိုးမင္း က ေျပာျပပါမယ္။ 

နယ္ေျမရွင္းလင္းေရးေၾကာင္႔ မင္းကင္းေဒသခံေတြ စားနပ္ရိကၡာ နဲ႔ ေဆးဝါးျပတ္လပ္

{{Zawgyi/Unicode}}
စစ္ကိုင္းတိုင္းေဒသႀကီး ကနီၿမိဳ႕နယ္ထဲက ေက်း႐ြာေတြမွာ ေဒသခံကာကြယ္ေရးတပ္ဖြဲ႕ေတြနဲ႔ စစ္ေကာင္စီတို႔တိုက္ပြဲေတြရွိေနၿပီး ေနအိမ္ေတြ မီးရႈိ႕ဖ်က္ဆီးခံရတာေတြ ရွိတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ စစ္ေကာင္စီက နယ္ေျမရွင္းလင္းေရးလုပ္ေနတဲ့ မင္းကင္းၿမိဳ႕နယ္က ေက်း႐ြာေတြမွာလည္း လမ္းပမ္းဆက္သြယ္ေရးေၾကာင့္ အစားအစာ ေဆးဝါး ျပတ္လပ္မႈေတြျဖစ္ေနပါတယ္။ ရန္ကုန္ကသတင္းေပးပို႔ထားတာကို ကိုခင္ေမာင္စိုးမင္း က ေျပာျပပါမယ္။

စစ္ကိုင္းတိုင္းေဒသႀကီး ကနီၿမိဳ႕နယ္ထဲက ေက်း႐ြာေတြမွာ စစ္ေကာင္စီနဲ႔ ေဒသခံကာကြယ္ေရးေရးတပ္ဖြဲ႕ေတြ ဇြန္လ ၁ ရက္နဲ ၂ ရက္ တို႔မွာ ၂ ရက္ဆက္တိုက္ တိုက္ပြဲေတြရွိေနၿပီး ေက်း႐ြာေတြအတြင္း ေနအိမ္အခ်ိဳ႕လည္း မီးရႈိ႕ဖ်က္ဆီးခံရတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ လက္ရွိ ကနီနယ္ထဲမွာ ခႏၲီးကေန ဆင္းလာတဲ့ စစ္ေကာင္စီ ေရယာဥ္ေတြအျပင္ ကုန္းလမ္းကေနပါ နယ္ေျမရွင္းလင္းေရးလုပ္ေနတာလို႔ ေဒသခံေတြကေျပာပါတယ္။

တိုက္ပြဲအေျခေနနဲ႔ ေနအိမ္ေတြမီးရႈိ႕ခံရတဲ့အေျခအေနနဲ႔ ပတ္သက္လို႔ ကနီေဒသခံတဦးက အခုလိုေျပာပါတယ္။

“မီးေတြရႈိ႕တာ မေန႔ညေနပိုင္းကရႈိ႕တယ္။ ဒီေန႔လည္း နည္းနည္းပါးပါးေတာ့ရႈိ႕တယ္။ မေန႔က ကနီကေနမွ ညေန ၅ နာရီခြဲ ေလာက္က ကနဲဘက္ကမ္းကိုကူးတယ္။ ကနဲဘက္ကမ္းကို ကူးသြားၿပီးတဲ့အခါမွာ ကနဲ႐ြာရဲ႕ အေနာက္ေျမာက္ဖက္မွာရွိေနတဲ့ အိမ္ေျခတခ်ိဳ႕နဲ႔ ေညာင္ဝန္း႐ြာရဲ႕ ေျမာက္ဖ်ားမွာရွိတဲ့ အိမ္ေျခတခ်ိဳ႕ကို မီးရႈိ႕တယ္ဗ်။ (ဒီေန႔) မနက္ခင္းပိုင္းေလာက္ ခန႔္မွန္းအခ်ိန္က ၈ ခြဲ ၉ နာရီေလာက္ေတာ့ အျပန္အလွန္ ပစ္ခတ္မႈေတာ့ အနည္းငယ္ျဖစ္တယ္ခင္ဗ်။ အဲ့ဒီေနာက္ တဇယ္ေခ်ာင္႐ြာ ဘုရားကုန္းမွာ တပ္ခ်ထားတဲ့ စကစေတြက ေျမျပင္ကိုဆင္းလာၿပီးေတာ့မွ ေျခလ်င္စစ္ေၾကာင္းထိုးတယ္။ ငါးဖ်က္ေတာလမ္းဘက္အထိ စစ္ေၾကာင္းထိုးတယ္ခင္ဗ်။”

ကနဲ တဇယ္ေခ်ာင္ ငါးဖ်က္ ေက်း႐ြာေတြဟာ ကနီၿမိဳ႕နဲ႔ မိုင္အနည္းငယ္သာ ကြာေဝးၿပီး ခ်င္းတြင္းျမစ္ေဘးမွာရွိတဲ့ ေက်း႐ြာေတြျဖစ္ပါတယ္။ မီးေလာင္ကြၽမ္းတဲ့ေနအိမ္ အေရအတြက္ကိုေတာ့ အင္တာနက္လိုင္းေတြ ျဖတ္ေတာက္ထားၿပီး စစ္ေကာင္စီတပ္ေတြ ရွိေနတဲ့အတြက္ အတိအက် မသိရွိရေသးဘူးလို႔ ေဒသခံေတြက ေျပာပါတယ္။

စစ္ေကာင္စီရဲ႕ ေက်ာက္စိမ္း ရိကၡာေတြ တင္ေဆာင္လာတဲ့ စက္ေလွေတြဟာ ခ်င္းတြင္းျမစ္အတိုင္း မုံ႐ြာကို စုန္ဆင္းလာတာျဖစ္ၿပီး လမ္းမွာရွိတဲ့ျမစ္ေဘးက ေက်း႐ြာေတြကို နယ္ေျမရွင္းလင္းေနတာလည္း ျဖစ္ပါတယ္။ ဒီအေျခအေနနဲ႔ ပတ္သက္လို႔ေတာ့ စစ္ေကာင္စီက သတင္းထုတ္ျပန္တာမရွိေသးပါဘူး။

ဒါကကနီၿမိဳ႕နယ္ထဲက ေက်း႐ြာအေျခအေနပါ။ မင္းကင္းၿမိဳ႕မွာဆိုရင္းလည္း စစ္ေဘးေရွာင္ေနရတဲ့ စစ္ေဘးဒုကၡသည္ေတြဟာ ေဆးဝါး ျပတ္လပ္တာေတြရွိေနတယ္လို႔ ေဒသခံေတြကေျပာပါတယ္။ စစ္ေကာင္စီနယ္ေျမရွင္းလင္းေနတဲ့ ကနီနယ္ထဲကို ေဆးဝါးေတြ တင္သြင္းတာကို ကန႔္သတ္ထားတယ္လို႔ ေဆးဝါး ျပတ္လပ္တာေတြ ႀကဳံေနရတာလို႔ ေဒသခံေတြက ေျပာတာပါ။

ဒီအေျခအေနနဲ႔ပတ္သက္လို႔ ေဒသခံတဦးက

“က်န္းမာေရးအေျခအေနက ကိုယ့္နည္းကိုယ့္ဟန္နဲ႔ပဲ ေတာေဆးေတာျမစ္ေလးေတြနဲ႔ပဲ ကုေနၾကရတာပါ။ မရဘူးဗ်။ ဘယ္ကမွ မရရွိဘူးဗ် ေဆးဝါးက။ ၿပီးခဲ့တဲ့လကဆိုရင္ ကူလဲတို႔ ကုန္းေမာ္တို႔ဘက္မွာ အဲ့လို ေဆးဝါး အလုံအေလာက္ မရရွိတဲ့အတြက္ ၄ ေယာက္ေလာက္ ေသသြားတယ္။ လမ္းေၾကာင္းေတြက သူတို႔က ျဖတ္ ၄ ျဖတ္ စီမံကိန္းနဲ႔ လမ္းေၾကာင္းေတြ ပိတ္ဆို႔ထားတာဆိုေတာ့ အဲ့ေတာ့ ေဆးဝါး အလုံအေလာက္ရရွိဖို႔ မေျပာနဲ႔ ဘာမွကို လုံးလုံးလ်ားလ်ားကို မရရွိတာ။”

အရင္က ေဆးဝါးေတြကို မုံ႐ြာၿမိဳ႕ကေန တင္သြင္းသယ္ေဆာင္ရတာျဖစ္ၿပီး အာဏာသိမ္းၿပီးေနာက္ပိုင္း မင္းကင္းၿမိဳ႕နယ္ထဲက ေက်း႐ြာေတြကို စစ္ေကာင္စီက နယ္ေျမရွင္းလင္းတဲ့အခ်ိန္ကစလို႔ မိုဘိုင္းဖုန္းအင္တာနက္လိုင္းေတြအျပင္ အစားအစာနဲ႔ ေဆးဝါး သယ္ေဆာင္တာေတြကို ကန႔္သတ္တာေတြ ျပဳလုပ္လာတာပါ။

သယ္ေဆာင္တဲ့ ေဆးဝါးေတြဟာ ေဒသခံကာကြယ္ေရး တပ္ဖြဲ႕ေတြဆီကို အေထာက္အပံ့ျဖစ္ႏိုင္တဲ့အတြက္ စစ္ေကာင္စီက တင္းၾကပ္စြာ စစ္ေဆးေနတာျဖစ္ၿပီး သယ္ေဆာင္တာေတြကို ေတြ႕ရွိရင္ သိမ္းဆည္းတာေတြျပဳလုပ္တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

..................................................

နယ်မြေရှင်းလင်းရေးကြောင့် မင်းကင်းဒေသခံတွေ စားနပ်ရိက္ခာ နဲ့ ဆေးဝါးပြတ်လပ်

{{Unicode}}
စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ်ထဲက ကျေးရွာတွေမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့တိုက်ပွဲတွေရှိနေပြီး နေအိမ်တွေ မီးရှို့ဖျက်ဆီးခံရတာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီက နယ်မြေရှင်းလင်းရေးလုပ်နေတဲ့ မင်းကင်းမြို့နယ်က ကျေးရွာတွေမှာလည်း လမ်းပမ်းဆက်သွယ်ရေးကြောင့် အစားအစာ ဆေးဝါး ပြတ်လပ်မှုတွေဖြစ်နေပါတယ်။ ရန်ကုန်ကသတင်းပေးပို့ထားတာကို ကိုခင်မောင်စိုးမင်း က ပြောပြပါမယ်။

စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ်ထဲက ကျေးရွာတွေမှာ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးရေးတပ်ဖွဲ့တွေ ဇွန်လ ၁ ရက်နဲ ၂ ရက် တို့မှာ ၂ ရက်ဆက်တိုက် တိုက်ပွဲတွေရှိနေပြီး ကျေးရွာတွေအတွင်း နေအိမ်အချို့လည်း မီးရှို့ဖျက်ဆီးခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိ ကနီနယ်ထဲမှာ ခန္တီးကနေ ဆင်းလာတဲ့ စစ်ကောင်စီ ရေယာဉ်တွေအပြင် ကုန်းလမ်းကနေပါ နယ်မြေရှင်းလင်းရေးလုပ်နေတာလို့ ဒေသခံတွေကပြောပါတယ်။

တိုက်ပွဲအခြေနေနဲ့ နေအိမ်တွေမီးရှို့ခံရတဲ့အခြေအနေနဲ့ ပတ်သက်လို့ ကနီဒေသခံတဦးက အခုလိုပြောပါတယ်။

“မီးတွေရှို့တာ မနေ့ညနေပိုင်းကရှို့တယ်။ ဒီနေ့လည်း နည်းနည်းပါးပါးတော့ရှို့တယ်။ မနေ့က ကနီကနေမှ ညနေ ၅ နာရီခွဲ လောက်က ကနဲဘက်ကမ်းကိုကူးတယ်။ ကနဲဘက်ကမ်းကို ကူးသွားပြီးတဲ့အခါမှာ ကနဲရွာရဲ့ အနောက်မြောက်ဖက်မှာရှိနေတဲ့ အိမ်ခြေတချို့နဲ့ ညောင်ဝန်းရွာရဲ့ မြောက်ဖျားမှာရှိတဲ့ အိမ်ခြေတချို့ကို မီးရှို့တယ်ဗျ။ (ဒီနေ့) မနက်ခင်းပိုင်းလောက် ခန့်မှန်းအချိန်က ၈ ခွဲ ၉ နာရီလောက်တော့ အပြန်အလှန် ပစ်ခတ်မှုတော့ အနည်းငယ်ဖြစ်တယ်ခင်ဗျ။ အဲ့ဒီနောက် တဇယ်ချောင်ရွာ ဘုရားကုန်းမှာ တပ်ချထားတဲ့ စကစတွေက မြေပြင်ကိုဆင်းလာပြီးတော့မှ ခြေလျင်စစ်ကြောင်းထိုးတယ်။ ငါးဖျက်တောလမ်းဘက်အထိ စစ်ကြောင်းထိုးတယ်ခင်ဗျ။”

ကနဲ တဇယ်ချောင် ငါးဖျက် ကျေးရွာတွေဟာ ကနီမြို့နဲ့ မိုင်အနည်းငယ်သာ ကွာဝေးပြီး ချင်းတွင်းမြစ်ဘေးမှာရှိတဲ့ ကျေးရွာတွေဖြစ်ပါတယ်။ မီးလောင်ကျွမ်းတဲ့နေအိမ် အရေအတွက်ကိုတော့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားပြီး စစ်ကောင်စီတပ်တွေ ရှိနေတဲ့အတွက် အတိအကျ မသိရှိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီရဲ့ ကျောက်စိမ်း ရိက္ခာတွေ တင်ဆောင်လာတဲ့ စက်လှေတွေဟာ ချင်းတွင်းမြစ်အတိုင်း မုံရွာကို စုန်ဆင်းလာတာဖြစ်ပြီး လမ်းမှာရှိတဲ့မြစ်ဘေးက ကျေးရွာတွေကို နယ်မြေရှင်းလင်းနေတာလည်း ဖြစ်ပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်လို့တော့ စစ်ကောင်စီက သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

ဒါကကနီမြို့နယ်ထဲက ကျေးရွာအခြေအနေပါ။ မင်းကင်းမြို့မှာဆိုရင်းလည်း စစ်ဘေးရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည်တွေဟာ ဆေးဝါး ပြတ်လပ်တာတွေရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ စစ်ကောင်စီနယ်မြေရှင်းလင်းနေတဲ့ ကနီနယ်ထဲကို ဆေးဝါးတွေ တင်သွင်းတာကို ကန့်သတ်ထားတယ်လို့ ဆေးဝါး ပြတ်လပ်တာတွေ ကြုံနေရတာလို့ ဒေသခံတွေက ပြောတာပါ။

ဒီအခြေအနေနဲ့ပတ်သက်လို့ ဒေသခံတဦးက

“ကျန်းမာရေးအခြေအနေက ကိုယ့်နည်းကိုယ့်ဟန်နဲ့ပဲ တောဆေးတောမြစ်လေးတွေနဲ့ပဲ ကုနေကြရတာပါ။ မရဘူးဗျ။ ဘယ်ကမှ မရရှိဘူးဗျ ဆေးဝါးက။ ပြီးခဲ့တဲ့လကဆိုရင် ကူလဲတို့ ကုန်းမော်တို့ဘက်မှာ အဲ့လို ဆေးဝါး အလုံအလောက် မရရှိတဲ့အတွက် ၄ ယောက်လောက် သေသွားတယ်။ လမ်းကြောင်းတွေက သူတို့က ဖြတ် ၄ ဖြတ် စီမံကိန်းနဲ့ လမ်းကြောင်းတွေ ပိတ်ဆို့ထားတာဆိုတော့ အဲ့တော့ ဆေးဝါး အလုံအလောက်ရရှိဖို့ မပြောနဲ့ ဘာမှကို လုံးလုံးလျားလျားကို မရရှိတာ။”

အရင်က ဆေးဝါးတွေကို မုံရွာမြို့ကနေ တင်သွင်းသယ်ဆောင်ရတာဖြစ်ပြီး အာဏာသိမ်းပြီးနောက်ပိုင်း မင်းကင်းမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီက နယ်မြေရှင်းလင်းတဲ့အချိန်ကစလို့ မိုဘိုင်းဖုန်းအင်တာနက်လိုင်းတွေအပြင် အစားအစာနဲ့ ဆေးဝါး သယ်ဆောင်တာတွေကို ကန့်သတ်တာတွေ ပြုလုပ်လာတာပါ။

သယ်ဆောင်တဲ့ ဆေးဝါးတွေဟာ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေဆီကို အထောက်အပံ့ဖြစ်နိုင်တဲ့အတွက် စစ်ကောင်စီက တင်းကြပ်စွာ စစ်ဆေးနေတာဖြစ်ပြီး သယ်ဆောင်တာတွေကို တွေ့ရှိရင် သိမ်းဆည်းတာတွေပြုလုပ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

XS
SM
MD
LG