သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကေလးေတာင္ပိုင္း ျမစ္သာျမစ္အေရွ႕ဘက္ တိုက္ပြဲျဖစ္


ကေလးၿမိဳ႕က အိမ္ေျခတခ်ဳိ႕ မီးရႈိ႕ခံရစဥ္ (မွတ္တမ္းဓါတ္ပုံ)

[[Zawgyi/Unicode]]

စစ္ကိုင္းတိုင္းကေလးၿမိဳ႕နယ္ေတာင္ပိုင္း ျမစ္သာျမစ္အေရွ႕ဘက္ေဒသမွာ ေဒသခံကာကြယ္ေရးအဖြဲ႕နဲ႔ စစ္ေကာင္စီတပ္ေတြအၾကား တိုက္ပြဲျဖစ္ၿပီး ေက်း႐ြာမီးရႈိ႕ခံရမႈေတြလည္းရွိပါတယ္။ ျမစ္သာျမစ္အေနာက္ဘက္ကမ္း ထိုးစစ္ရပ္တန႔္ေနလို႔ ေဒသခံတခ်ိဳ႕ ေနရပ္ျပန္ၾကပါတယ္။ ကေလးၿမိဳ႕နယ္အတြင္းက တိုက္ပြဲအေျခအေန ရန္ကုန္ သတင္းေပးပို႔တာ ကိုၿငိမ္းခ်မ္းေျပာျပမွာပါ။

ကေလးၿမိဳ႕နယ္ေတာင္ပိုင္း ျမစ္သာျမစ္အေရွ႕ဘက္ကမ္းဘက္မွာ စစ္ေကာင္စီတပ္ေတြကအင္အားနဲ႔ ထိုးစစ္ဆင္ေနသလို၊ နတ္ေခ်ာင္း႐ြာဖက္မွာ တိုက္ပြဲျဖစ္ပြားေနတယ္လို႔ ေဒသခံကာကြယ္ေရးအဖြဲ႕ဝင္တဦးကေျပာပါတယ္။

“ အခုလဲတိုက္ပြဲေတြျဖစ္ေနတုန္းဘဲဟုတ္။ နတ္ေခ်ာင္းရဲ႕ေတာင္ဘက္ က်တယ္ေပါ့ေနာ္။ အခုခ်ိန္ထိေတာ့ လက္နက္ႀကီး သူတို႔ဘက္က စက္လတ္ေတြဘာေတြသုံးတယ္ေပါ့။ ထိခိုက္မႈေတာ့ေလာေလာဆယ္ေတာ့မသိရေသးဘူးဗ်။ အခုခ်ိန္ထိလဲ စစ္ေရးလႈပ္ရွားမႈက ထပ္တိုးတုန္းဘဲ။ ”

တိုက္ပြဲျဖစ္ပြါးေနတဲ့ နတ္ေခ်ာင္းေက်း႐ြာဟာလည္း ဒီကေန႔မနက္မွာ ထပ္မံမီးရႈိ႕ခံခဲ့တယ္လို႔သူကဆက္ေျပာပါတယ္။

“ နတ္ေခ်ာင္းမွာ မီးရႈိ႕တာရွိမယ္။ ၿပီးေတာ့နတ္ေခ်ာင္းထဲမွာ တပ္ခံထားတာရွိမယ္။ မီးရႈိ႕တဲ့ေနာက္ဆုံးအေျခအေန ကေတာ့ အခုထက္ထိေလာင္ေနတုန္းဘဲဗ်။ နတ္ေခ်ာင္းရဲ႕အလယ္ပိုင္းေနာက္နားမွာေပါ့။ ဒီေန႔လဲမီးရႈိ႕တယ္။ မေန႔ကလဲရႈိ႕တယ္။ ”

ၿပီးခဲ့တဲ့ ေမလ (၃၁) ရက္ေန႔၊ ဇြန္လ (၁) ရက္ေန႔ေတြမွာလဲ နတ္ေခ်ာင္း႐ြာ ဆက္တိုက္မီးရႈိ႕ခံခဲ့ရပါတယ္။ တိုက္ပြဲျဖစ္ပြါးေနတဲ့အေျခအေနေၾကာင့္ အိမ္ေျခဘယ္ေလာက္မီးေလာင္တယ္ဆိုတာ တိတိက်က်မေျပာႏိုင္ဘူးလို႔ ဆိုပါတယ္။ေနတ္ေခ်ာင္း႐ြာသားေတြကေတာ့ ဘုန္းႀကီးေက်ာင္းနဲ႔ ေဆြမ်ိဳးရွိရာ႐ြာေတြဘက္ကို တိမ္းေရွာင္ေနၾကတယ္လို႔ ေျပာပါတယ္။

“ ႐ြာသားေတြကေတာ့ တခ်ိဳ႕ေတာ့ ဘုန္းႀကီးေက်ာင္းမွာဘဲ သြားၿပီးေတာ့ေနၾကတာလဲရွိတယ္။ တျခား႐ြာ ေရွာင္ေနၾက တာလဲရွိတယ္။ နတ္ေခ်ာင္း႐ြာရဲ႕အေနာက္ဖက္ေတြေပါ့။ ၿပီးေတာ့ျမစ္တဖက္ကမ္းရွိတဲ့ တဲေတြ ႐ြာေတြေပါ့။ အဲဒီလို႐ြာေတြ ဘက္မွာ တိမ္းေရွာင္ၾကတာရွိတယ္။ ”

ေမလ(၃၁)ရက္ေန႔ တိုက္ပြဲအတြင္း လက္နက္ႀကီးထိမွန္လို႔ နတ္ေခ်ာင္း႐ြာအနားက နတ္ေျမာင္းေက်း႐ြာသား (၅)ဦးလက္နက္က်ည္စထိမွန္ဒဏ္ရာရခဲ့ပါတယ္။

ျမစ္သာျမစ္အေရွ႕ဘက္ကမ္းဘက္မွာ တိုက္ပြဲျဖစ္ေနေပမဲ့ အေနာက္ဘက္ကမ္းမွာ ထိုးစစ္ေတြရပ္တန႔္ေနတာေၾကာင့္ အေရွ႕စည္း၊ ဒိုးႏြယ္၊ ရွားဖို အစရွိတဲ့ စစ္ေရွာင္႐ြာသားေတြ ေနရပ္စတင္ျပန္ေနၿပီလို႔ လူမႈကူညီေရးအဖြဲ႕ဝင္ အေရွ႕စည္းေက်း႐ြာသားတဦးကေျပာပါတယ္။

“ ျပည္သူလူထုေတြကေတာ့ နဲနဲေလးတာ တိုက္ပြဲေတြမျဖစ္တဲ့အခါက်ေတာ့ ကိုယ့္ေက်း႐ြာဘက္မွာလာ ေနထိုင္ၾကၿပီးဗ်။ အေရွ႕စည္းဝင္ၿပီးဗ်။ ရွားဖိုဝင္ၿပီး။ တင္သားဝင္ၿပီး။ ကြၽန္ေတာ္တို႔အခုက စာသင္ေက်ာင္းမွာ ကြၽန္ေတာ္တို႔စစ္ေရွာင္ ထားထားပါတယ္။ ဒုကၡသည္အျဖစ္နဲ႔။ ခန႔္မွန္းေျခကေတာ့ အကုန္လုံး ကြၽန္ေတာ္တို႔ အေရွ႕စည္း႐ြာကေတာ့ ေလးေထာင္ ရွစ္ရာ ခုႏွစ္ဆယ္ရွစ္ဦး (၄,၈၇၈) ရွိပါတယ္ဗ်။ တင္သားက်ေတာ့ တေသာင္း ေလာက္ရွိတယ္၊ လူဦးေရကေတာ့။ ဒါေပမဲ့သူတို႔အကုန္ထြက္မေျပးတဲ့အခါက်ေတာ့ေလ။ ” အေရွ႕စည္းေက်း႐ြာဟာ မီးရႈိ႕ခံထားရမႈေၾကာင့္ စာသင္ေက်ာင္းနဲ႔ဘုန္းႀကီးေက်ာင္းမွာ ေနထိုင္ေနရတယ္လို႔ သူကဆိုပါတယ္။

“ (၄) လပိုင္ း(၂၇) ရက္ေန႔က ကြၽန္ေတာ္တို႔ ႐ြာမွာ အိမ္ေျခ ေလးရာနဲ႔ ရွစ္ဆယ္နဲ႔မွ သုံးအိမ္ (၄၈၃) မီးရႈိ႕ဖ်က္စီးခံလိုက္ရတယ္ဗ်။ ျပန္လည္ထူေထာင္ေရးလုပ္ဖို႔ဟာ ဘာေတြျပဳလုပ္ႏိုင္မလဲ။ အခုေတာင္မွ သက္သာေခ်ာင္ခ်ိေရးေတာင္မွ ကြၽန္ေတာ္တို႔ မလုပ္ႏိုင္ေသးပါဘူးဗ်။ မီးေလာင္သြားတဲ့အိမ္တိုင္း အိမ္တိုင္းကိုလဲ ကြၽန္ေတာ္တို႔အျပည့္အဝ ေစာင့္ေရွာက္ေပးႏိုင္တဲ့ အေနအထား မ်ိဳးမရွိေသးဘူးဗ်။ ”

စစ္ေကာင္စီတပ္နဲ႔ ေဒသခံျပည္သူ႔ကာကြယ္ေရး PDF အဖြဲ႕တို႔အၾကား တိုက္ပြဲေတြျဖစ္ခဲ့တဲ့ ကေလးၿမိဳ႕နယ္ေတာင္ပိုင္း ေဒသက ေရရွင္၊ လယ္ျခား၊ ကုကၠိဳလ္၊ ရွားေတာ၊ တင္သား၊ အေရွ႕စည္း၊ နတ္ေခ်ာင္း၊ ရွားဖို အစရွိတဲ့ ႐ြာ (၉)႐ြာ မီးရႈိ႕ခံရၿပီး အိမ္ေျခ (၂,၀၀၀) ေလာက္ မီးေလာင္ကြၽမ္းခဲ့ပါတယ္။

ျမစ္သာျမစ္ အေရွ႕ကမ္းဘက္က႐ြာသား (၄၀,၀၀၀)ခန႔္ စစ္ေဘးတိမ္းေရွာင္ေနရၿပီး အဲဒီအထဲက တေသာင္းခြဲေလာက္ ေနရပ္ျပန္လာၾကပါတယ္။ ကေလးၿမိဳ႕နယ္ ေတာင္ဘက္ေဒသမွာ ျပည္သူ႔ကာကြယ္ေရးပူးေပါင္းတပ္ဖြဲ႕ဝင္ေတြနဲ႔ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ေတြအၾကား ေမလ ၂၈ ရက္ေန႔ကေန ေမလ ၃၁ ရက္ေန႔အထိျဖစ္ပြားတဲ့ ၄ ရက္တာ တိုက္ပြဲ အတြင္း စစ္ေကာင္စီဘက္က အနည္းဆုံး ၄ ဦးေသဆုံးၿပီး အမ်ားအျပားဒဏ္ရာရရွိခဲ့တယ္လို႔ PDF-Kalay တပ္ဖြဲ႕က ထုတ္ျပန္ထားပါတယ္။

ကေလးၿမိဳ႕နယ္ေတာင္ပိုင္း တိုက္ပြဲအေျခအေနကို သိရွိဖို႔ စစ္ေကာင္စီဘက္ကို ဆက္သြယ္ခဲ့ေပမဲ့ မရခဲ့ပါဘူး။

တိုက္႐ိုက္ လင့္ခ္

[[Unicode]]

စစ်ကိုင်းတိုင်းကလေးမြို့နယ်တောင်ပိုင်း မြစ်သာမြစ်အရှေ့ဘက်ဒေသမှာ ဒေသခံကာကွယ်ရေးအဖွဲ့နဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲဖြစ်ပြီး ကျေးရွာမီးရှို့ခံရမှုတွေလည်းရှိပါတယ်။ မြစ်သာမြစ်အနောက်ဘက်ကမ်း ထိုးစစ်ရပ်တန့်နေလို့ ဒေသခံတချို့ နေရပ်ပြန်ကြပါတယ်။ ကလေးမြို့နယ်အတွင်းက တိုက်ပွဲအခြေအနေ ရန်ကုန် သတင်းပေးပို့တာ ကိုငြိမ်းချမ်းပြောပြမှာပါ။

ကလေးမြို့နယ်တောင်ပိုင်း မြစ်သာမြစ်အရှေ့ဘက်ကမ်းဘက်မှာ စစ်ကောင်စီတပ်တွေကအင်အားနဲ့ ထိုးစစ်ဆင်နေသလို၊ နတ်ချောင်းရွာဖက်မှာ တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့ဝင်တဦးကပြောပါတယ်။

“ အခုလဲတိုက်ပွဲတွေဖြစ်နေတုန်းဘဲဟုတ်။ နတ်ချောင်းရဲ့တောင်ဘက် ကျတယ်ပေါ့နော်။ အခုချိန်ထိတော့ လက်နက်ကြီး သူတို့ဘက်က စက်လတ်တွေဘာတွေသုံးတယ်ပေါ့။ ထိခိုက်မှုတော့လောလောဆယ်တော့မသိရသေးဘူးဗျ။ အခုချိန်ထိလဲ စစ်ရေးလှုပ်ရှားမှုက ထပ်တိုးတုန်းဘဲ။ ”

တိုက်ပွဲဖြစ်ပွါးနေတဲ့ နတ်ချောင်းကျေးရွာဟာလည်း ဒီကနေ့မနက်မှာ ထပ်မံမီးရှို့ခံခဲ့တယ်လို့သူကဆက်ပြောပါတယ်။

“ နတ်ချောင်းမှာ မီးရှို့တာရှိမယ်။ ပြီးတော့နတ်ချောင်းထဲမှာ တပ်ခံထားတာရှိမယ်။ မီးရှို့တဲ့နောက်ဆုံးအခြေအနေ ကတော့ အခုထက်ထိလောင်နေတုန်းဘဲဗျ။ နတ်ချောင်းရဲ့အလယ်ပိုင်းနောက်နားမှာပေါ့။ ဒီနေ့လဲမီးရှို့တယ်။ မနေ့ကလဲရှို့တယ်။ ”

ပြီးခဲ့တဲ့ မေလ (၃၁) ရက်နေ့၊ ဇွန်လ (၁) ရက်နေ့တွေမှာလဲ နတ်ချောင်းရွာ ဆက်တိုက်မီးရှို့ခံခဲ့ရပါတယ်။ တိုက်ပွဲဖြစ်ပွါးနေတဲ့အခြေအနေကြောင့် အိမ်ခြေဘယ်လောက်မီးလောင်တယ်ဆိုတာ တိတိကျကျမပြောနိုင်ဘူးလို့ ဆိုပါတယ်။နေတ်ချောင်းရွာသားတွေကတော့ ဘုန်းကြီးကျောင်းနဲ့ ဆွေမျိုးရှိရာရွာတွေဘက်ကို တိမ်းရှောင်နေကြတယ်လို့ ပြောပါတယ်။

“ ရွာသားတွေကတော့ တချို့တော့ ဘုန်းကြီးကျောင်းမှာဘဲ သွားပြီးတော့နေကြတာလဲရှိတယ်။ တခြားရွာ ရှောင်နေကြ တာလဲရှိတယ်။ နတ်ချောင်းရွာရဲ့အနောက်ဖက်တွေပေါ့။ ပြီးတော့မြစ်တဖက်ကမ်းရှိတဲ့ တဲတွေ ရွာတွေပေါ့။ အဲဒီလိုရွာတွေ ဘက်မှာ တိမ်းရှောင်ကြတာရှိတယ်။ ”

မေလ(၃၁)ရက်နေ့ တိုက်ပွဲအတွင်း လက်နက်ကြီးထိမှန်လို့ နတ်ချောင်းရွာအနားက နတ်မြောင်းကျေးရွာသား (၅)ဦးလက်နက်ကျည်စထိမှန်ဒဏ်ရာရခဲ့ပါတယ်။

မြစ်သာမြစ်အရှေ့ဘက်ကမ်းဘက်မှာ တိုက်ပွဲဖြစ်နေပေမဲ့ အနောက်ဘက်ကမ်းမှာ ထိုးစစ်တွေရပ်တန့်နေတာကြောင့် အရှေ့စည်း၊ ဒိုးနွယ်၊ ရှားဖို အစရှိတဲ့ စစ်ရှောင်ရွာသားတွေ နေရပ်စတင်ပြန်နေပြီလို့ လူမှုကူညီရေးအဖွဲ့ဝင် အရှေ့စည်းကျေးရွာသားတဦးကပြောပါတယ်။

“ ပြည်သူလူထုတွေကတော့ နဲနဲလေးတာ တိုက်ပွဲတွေမဖြစ်တဲ့အခါကျတော့ ကိုယ့်ကျေးရွာဘက်မှာလာ နေထိုင်ကြပြီးဗျ။ အရှေ့စည်းဝင်ပြီးဗျ။ ရှားဖိုဝင်ပြီး။ တင်သားဝင်ပြီး။ ကျွန်တော်တို့အခုက စာသင်ကျောင်းမှာ ကျွန်တော်တို့စစ်ရှောင် ထားထားပါတယ်။ ဒုက္ခသည်အဖြစ်နဲ့။ ခန့်မှန်းခြေကတော့ အကုန်လုံး ကျွန်တော်တို့ အရှေ့စည်းရွာကတော့ လေးထောင် ရှစ်ရာ ခုနှစ်ဆယ်ရှစ်ဦး (၄,၈၇၈) ရှိပါတယ်ဗျ။ တင်သားကျတော့ တသောင်း လောက်ရှိတယ်၊ လူဦးရေကတော့။ ဒါပေမဲ့သူတို့အကုန်ထွက်မပြေးတဲ့အခါကျတော့လေ။ ” အရှေ့စည်းကျေးရွာဟာ မီးရှို့ခံထားရမှုကြောင့် စာသင်ကျောင်းနဲ့ဘုန်းကြီးကျောင်းမှာ နေထိုင်နေရတယ်လို့ သူကဆိုပါတယ်။

“ (၄) လပိုင် း(၂၇) ရက်နေ့က ကျွန်တော်တို့ ရွာမှာ အိမ်ခြေ လေးရာနဲ့ ရှစ်ဆယ်နဲ့မှ သုံးအိမ် (၄၈၃) မီးရှို့ဖျက်စီးခံလိုက်ရတယ်ဗျ။ ပြန်လည်ထူထောင်ရေးလုပ်ဖို့ဟာ ဘာတွေပြုလုပ်နိုင်မလဲ။ အခုတောင်မှ သက်သာချောင်ချိရေးတောင်မှ ကျွန်တော်တို့ မလုပ်နိုင်သေးပါဘူးဗျ။ မီးလောင်သွားတဲ့အိမ်တိုင်း အိမ်တိုင်းကိုလဲ ကျွန်တော်တို့အပြည့်အဝ စောင့်ရှောက်ပေးနိုင်တဲ့ အနေအထား မျိုးမရှိသေးဘူးဗျ။ ”

စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေး PDF အဖွဲ့တို့အကြား တိုက်ပွဲတွေဖြစ်ခဲ့တဲ့ ကလေးမြို့နယ်တောင်ပိုင်း ဒေသက ရေရှင်၊ လယ်ခြား၊ ကုက္ကိုလ်၊ ရှားတော၊ တင်သား၊ အရှေ့စည်း၊ နတ်ချောင်း၊ ရှားဖို အစရှိတဲ့ ရွာ (၉)ရွာ မီးရှို့ခံရပြီး အိမ်ခြေ (၂,၀၀၀) လောက် မီးလောင်ကျွမ်းခဲ့ပါတယ်။

မြစ်သာမြစ် အရှေ့ကမ်းဘက်ကရွာသား (၄၀,၀၀၀)ခန့် စစ်ဘေးတိမ်းရှောင်နေရပြီး အဲဒီအထဲက တသောင်းခွဲလောက် နေရပ်ပြန်လာကြပါတယ်။ ကလေးမြို့နယ် တောင်ဘက်ဒေသမှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအကြား မေလ ၂၈ ရက်နေ့ကနေ မေလ ၃၁ ရက်နေ့အထိဖြစ်ပွားတဲ့ ၄ ရက်တာ တိုက်ပွဲ အတွင်း စစ်ကောင်စီဘက်က အနည်းဆုံး ၄ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့တယ်လို့ PDF-Kalay တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ကလေးမြို့နယ်တောင်ပိုင်း တိုက်ပွဲအခြေအနေကို သိရှိဖို့ စစ်ကောင်စီဘက်ကို ဆက်သွယ်ခဲ့ပေမဲ့ မရခဲ့ပါဘူး။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG