သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ကေလးၿမိဳ႕နဲ႔ ဒီပဲယင္းအနီးတဝိုက္ တိုက္ပြဲမ်ားျဖစ္ပြား


စစ္ကုိင္းတုိင္းအတြင္းက စစ္ေကာင္စီတပ္ဖြဲ႔ဝင္မ်ား။

(Zawgyi / Unicode)

စစ္ကိုင္းတိုင္း ကေလးၿမိဳ႕ေတာင္ပိုင္း နတ္ေခ်ာင္းေက်းရြာကို စစ္ေကာင္စီတပ္ေတြ နယ္ေျမရွင္းလင္းတာေတြ လုပ္ေနလို႔ ေဒသခံ ကာကြယ္ေရးတပ္ဖြဲ႔ေတြနဲ႔ တိုက္ပြဲျဖစ္ပြားၿပီး ေက်းရြာထဲမွာ ပိတ္မိေနတဲ့ ေဒသခံေတြ ရွိေနပါတယ္။ ဒီပဲယင္းဘက္မွာလည္း စစ္ေကာင္စီက နယ္ေျမရွင္းလင္းလို႔ ေဒသခံေတြ အမ်ားအျပား ထြက္ေျပး တိမ္းေရွာင္ေနရပါတယ္။ ရန္ကုန္ကေန သတင္းေပးပို႔ထားပါတယ္။

စစ္ကိုင္းတိုင္းေဒသႀကီး ကေလးၿမိဳ႕ေတာင္ပိုင္း နတ္ေခ်ာင္းေက်းရြာကို ဒီကေန႔ ေဖေဖာ္ဝါရီ ၁၉ ရက္ စေနေန႔ မနက္ပိုင္းမွာ စစ္ေကာင္စီတပ္ေတြ ဝင္ေရာက္လာၿပီး နယ္ေျမရွင္းလင္းတာေတြ လုပ္လို႔ ေဒသခံ ကာကြယ္ေရးတပ္ဖြဲ႔ေတြနဲ႔ တိုက္ပြဲျဖစ္ပြားေနတာပါ။

စစ္ေကာင္စီတပ္ေတြက လက္နက္ႀကီးေတြပစ္ၿပီး ဝင္ေရာက္လာတဲ့အတြက္ ေဒသခံ ကာကြယ္ေရးတပ္ဖြဲ႔ေတြနဲ႔ တိုက္ပြဲျဖစ္ပြားၿပီး ေက်းရြာသားတခ်ိဳ႕ ပိတ္မိေနတယ္လို႔ ေဒသခံ ကာကြယ္ေရးတပ္ဖြဲ႔ဝင္တဦးက ေျပာပါတယ္။

“၁၁ နာရီေလာက္က်ေတာ့ စည္သာ(ေက်းရြာ) နဲ႔ နတ္ေခ်ာင္းၾကားကေန လက္နက္ႀကီးနဲ႔ လွမ္းထုတာေပါ့။ ေနာက္ၿပီး ရြာထဲက အိမ္ထဲေတြ ေနအိမ္ေတြ ပ်က္စီးတာေပါ့။ အဲ့လိုထိတာေတြရွိတယ္။ အဲ့ကေန သူတို႔ တိုးလာတဲ့အတြက္ ထိေတြ႔မႈျဖစ္တယ္။ ရြာထဲကေန ဒီေကာင္ေတြ ထြက္လို႔မရေသးဘူးခင္ဗ်။ ေလာေလာဆယ္ သူတို႔ေနရာယူထားတာက ေဆး႐ုံကေန ရြာရဲ႕ေတာင္ဘက္ စာသင္ေက်ာင္းေပါ့ အဲ့မွာရွိတယ္။ သူတို႔ဘက္က ထိတယ္။ က်ေနာ္တို႔ဘက္က ထိတာမရွိဘူး။ မေျပးၾကဘဲနဲ႔ အိမ္ထဲမွာေနၾကတာ မထြက္ဘဲနဲ႔ ပိတ္မိေနတာမ်ိဳးေတြ ေတာ္ေတာ္မ်ားမ်ားရွိတယ္။”

နတ္ေခ်ာင္းေက်းရြာတဝိုက္မွာ စစ္ေကာင္စီက နယ္ေျမရွင္းလင္းတာေတြ လုပ္လို႔ ေဒသခံ ကာကြယ္ေရးတပ္ဖြဲ႔ေတြနဲ႔ မၾကာခဏ တိုက္ပြဲျဖစ္ပြားၿပီး ၿပီးခဲ့တဲ့ႏွစ္ ႏိုဝင္ဘာလထဲက တိုက္ပြဲမွာဆိုရင္ ေနအိမ္အခ်ိဳ႕ မီးေလာင္ၿပီး ေက်းရြာသားအခ်ိဳ႕ ေသဆုံးခဲ့ပါတယ္။ ဒီဇင္ဘာ ၂၃ ရက္ကလည္း စစ္ေကာင္စီက ေလေၾကာင္းကေန ပစ္ခတ္ခဲ့ရတဲ့အထိ တိုက္ပြဲေတြ ျပင္းထန္ခဲ့တာပါ။

ဒါ့အျပင္ စစ္ကိုင္းတိုင္း ဒီပဲယင္းၿမိဳ႕အနီးက ေက်းရြာေတြမွာဆိုရင္လည္း စစ္ေကာင္စီက နယ္ေျမရွင္းလင္းၿပီး ေနအိမ္ေတြကို ဖ်က္ဆီးတာေတြ ျပဳလုပ္တဲ့အတြက္ ေထာင္နဲ႔ခ်ီတဲ့ ေဒသခံေတြ ထြက္ေျပး တိမ္းေရွာင္ေနၾကရတယ္လို႔ ဒုကၡသည္ေတြကို ကူညီေပးေနသူတဦးက ေျပာပါတယ္။

“မဲသယ္၊ ဝဘာ၊ သေျပသာ၊ ယင္းေဒြ၊ လတ္တီးေပါ့၊ လူဦးေရ ၂,၀၀၀ ေလာက္ရွိမယ္။ ရြာေတြက ဆက္ေနတာ။ ၅ ရြာ ၆ ရြာ ၇ ရြာနီးပါးဆိုေတာ့။ ဒီေန႔က ယင္းေဒြ၊ လတ္တီးမွာ မီး႐ႈိ႕တယ္၊ ေကာက္႐ိုးပုံေလးေတြ မီး႐ႈိ႕တယ္၊ လူေနအိမ္ ၂၁ လုံးခန႔္ေပါ့၊ ဝင္ေရာက္ ဖ်က္ဆီးသြားတယ္။ မနက္ ၆ နာရီခြဲေလာက္မွာ လွည့္ၿပီး ရြာထဲဝင္ၿပီးေတာ့ ဖ်က္ဆီးတယ္။ ေခါင္းေဆာင္လို႔ထင္ရတဲ့ အိမ္ေတြလို႔ သူတို႔က ယူဆမွာေပါ့။ အဲ့အိမ္ေတြကို ဝင္ေရာက္ေမႊေႏွာက္တယ္။ ရွာတယ္။ ဖ်က္ဆီးထားခဲ့တယ္။ ဆိုင္ကယ္ေတြယူတယ္။”

ဒီပဲယင္းဘက္က ေက်းရြာေတြမွာဆိုရင္လည္း စစ္ေကာင္စီက နယ္ေျမရွင္းလင္းတာေတြ လုပ္ၿပီး ေလေၾကာင္းကေန ပစ္ခတ္တာေတြ လုပ္လို႔ ေက်းရြာသားေတြဟာ မၾကာခဏဆိုသလို ေနအိမ္ေတြကို စြန႔္ခြါၿပီး ထြက္ေျပးတိမ္းေရွာင္ရပါတယ္။ အခုလို မၾကာခဏ တိမ္းေရွာင္ထြက္ေျပးေနရတဲ့အတြက္ သီးႏွံေတြ ရိတ္သိမ္းႏိုင္ျခင္း မရွိတာေတြအျပင္ အစားအစာနဲ႔ ေဆးဝါးအကူအညီေတြလည္း လိုအပ္တာေတြ ရွိေနပါတယ္။ အခုျဖစ္ေနတဲ့ ကေလးၿမိဳ႕တဝိုက္နဲ႔ ဒီပဲယင္းက တိုက္ပြဲေတြနဲ႔ ပတ္သက္လို႔ စစ္ေကာင္စီက တစုံတရာ ထုတ္ေဖာ္ေျပာတာ မရွိေသးပါဘူး။ စစ္ကိုင္းတိုင္းအတြင္း ေဒသခံ ကာကြယ္ေရးတပ္ေတြရွိတဲ့ ေဒသေတြကို စစ္ေကာင္စီတပ္ေတြက နယ္ေျမရွင္းလင္း စစ္ဆင္မႈေတြ ဒီႏွစ္ဆန္းပိုင္းစလို႔ တိုးလုပ္လာတာပါ။ စစ္ကိုင္းတြင္းအတြင္း PDF ကာကြယ္ေရးတပ္ေတြဟာ ေက်းရြာေတြနဲ႔ ေဒသခံေတြကို အကာအကြယ္ယူၿပီး တိုက္ခိုက္ေနတယ္ ဆုိၿပီးေတာ့လည္း စစ္ေကာင္စီဘက္က ေျပာဆိုထားဖူးပါတယ္။

---------------------------

(Unicode)

ကလေးမြို့နဲ့ ဒီပဲယင်းအနီးတဝိုက် တိုက်ပွဲများဖြစ်ပွား

စစ်ကိုင်းတိုင်း ကလေးမြို့တောင်ပိုင်း နတ်ချောင်းကျေးရွာကို စစ်ကောင်စီတပ်တွေ နယ်မြေရှင်းလင်းတာတွေ လုပ်နေလို့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားပြီး ကျေးရွာထဲမှာ ပိတ်မိနေတဲ့ ဒေသခံတွေ ရှိနေပါတယ်။ ဒီပဲယင်းဘက်မှာလည်း စစ်ကောင်စီက နယ်မြေရှင်းလင်းလို့ ဒေသခံတွေ အများအပြား ထွက်ပြေး တိမ်းရှောင်နေရပါတယ်။ ရန်ကုန်ကနေ သတင်းပေးပို့ထားပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တောင်ပိုင်း နတ်ချောင်းကျေးရွာကို ဒီကနေ့ ဖေဖော်ဝါရီ ၁၉ ရက် စနေနေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်တွေ ဝင်ရောက်လာပြီး နယ်မြေရှင်းလင်းတာတွေ လုပ်လို့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားနေတာပါ။

စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေပစ်ပြီး ဝင်ရောက်လာတဲ့အတွက် ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားပြီး ကျေးရွာသားတချို့ ပိတ်မိနေတယ်လို့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

“၁၁ နာရီလောက်ကျတော့ စည်သာ(ကျေးရွာ) နဲ့ နတ်ချောင်းကြားကနေ လက်နက်ကြီးနဲ့ လှမ်းထုတာပေါ့။ နောက်ပြီး ရွာထဲက အိမ်ထဲတွေ နေအိမ်တွေ ပျက်စီးတာပေါ့။ အဲ့လိုထိတာတွေရှိတယ်။ အဲ့ကနေ သူတို့ တိုးလာတဲ့အတွက် ထိတွေ့မှုဖြစ်တယ်။ ရွာထဲကနေ ဒီကောင်တွေ ထွက်လို့မရသေးဘူးခင်ဗျ။ လောလောဆယ် သူတို့နေရာယူထားတာက ဆေးရုံကနေ ရွာရဲ့တောင်ဘက် စာသင်ကျောင်းပေါ့ အဲ့မှာရှိတယ်။ သူတို့ဘက်က ထိတယ်။ ကျနော်တို့ဘက်က ထိတာမရှိဘူး။ မပြေးကြဘဲနဲ့ အိမ်ထဲမှာနေကြတာ မထွက်ဘဲနဲ့ ပိတ်မိနေတာမျိုးတွေ တော်တော်များများရှိတယ်။”

နတ်ချောင်းကျေးရွာတဝိုက်မှာ စစ်ကောင်စီက နယ်မြေရှင်းလင်းတာတွေ လုပ်လို့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ မကြာခဏ တိုက်ပွဲဖြစ်ပွားပြီး ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလထဲက တိုက်ပွဲမှာဆိုရင် နေအိမ်အချို့ မီးလောင်ပြီး ကျေးရွာသားအချို့ သေဆုံးခဲ့ပါတယ်။ ဒီဇင်ဘာ ၂၃ ရက်ကလည်း စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ်ခဲ့ရတဲ့အထိ တိုက်ပွဲတွေ ပြင်းထန်ခဲ့တာပါ။

ဒါ့အပြင် စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့အနီးက ကျေးရွာတွေမှာဆိုရင်လည်း စစ်ကောင်စီက နယ်မြေရှင်းလင်းပြီး နေအိမ်တွေကို ဖျက်ဆီးတာတွေ ပြုလုပ်တဲ့အတွက် ထောင်နဲ့ချီတဲ့ ဒေသခံတွေ ထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့ ဒုက္ခသည်တွေကို ကူညီပေးနေသူတဦးက ပြောပါတယ်။

“မဲသယ်၊ ဝဘာ၊ သပြေသာ၊ ယင်းဒွေ၊ လတ်တီးပေါ့၊ လူဦးရေ ၂,၀၀၀ လောက်ရှိမယ်။ ရွာတွေက ဆက်နေတာ။ ၅ ရွာ ၆ ရွာ ၇ ရွာနီးပါးဆိုတော့။ ဒီနေ့က ယင်းဒွေ၊ လတ်တီးမှာ မီးရှို့တယ်၊ ကောက်ရိုးပုံလေးတွေ မီးရှို့တယ်၊ လူနေအိမ် ၂၁ လုံးခန့်ပေါ့၊ ဝင်ရောက် ဖျက်ဆီးသွားတယ်။ မနက် ၆ နာရီခွဲလောက်မှာ လှည့်ပြီး ရွာထဲဝင်ပြီးတော့ ဖျက်ဆီးတယ်။ ခေါင်းဆောင်လို့ထင်ရတဲ့ အိမ်တွေလို့ သူတို့က ယူဆမှာပေါ့။ အဲ့အိမ်တွေကို ဝင်ရောက်မွှေနှောက်တယ်။ ရှာတယ်။ ဖျက်ဆီးထားခဲ့တယ်။ ဆိုင်ကယ်တွေယူတယ်။”

ဒီပဲယင်းဘက်က ကျေးရွာတွေမှာဆိုရင်လည်း စစ်ကောင်စီက နယ်မြေရှင်းလင်းတာတွေ လုပ်ပြီး လေကြောင်းကနေ ပစ်ခတ်တာတွေ လုပ်လို့ ကျေးရွာသားတွေဟာ မကြာခဏဆိုသလို နေအိမ်တွေကို စွန့်ခွါပြီး ထွက်ပြေးတိမ်းရှောင်ရပါတယ်။ အခုလို မကြာခဏ တိမ်းရှောင်ထွက်ပြေးနေရတဲ့အတွက် သီးနှံတွေ ရိတ်သိမ်းနိုင်ခြင်း မရှိတာတွေအပြင် အစားအစာနဲ့ ဆေးဝါးအကူအညီတွေလည်း လိုအပ်တာတွေ ရှိနေပါတယ်။ အခုဖြစ်နေတဲ့ ကလေးမြို့တဝိုက်နဲ့ ဒီပဲယင်းက တိုက်ပွဲတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီက တစုံတရာ ထုတ်ဖော်ပြောတာ မရှိသေးပါဘူး။ စစ်ကိုင်းတိုင်းအတွင်း ဒေသခံ ကာကွယ်ရေးတပ်တွေရှိတဲ့ ဒေသတွေကို စစ်ကောင်စီတပ်တွေက နယ်မြေရှင်းလင်း စစ်ဆင်မှုတွေ ဒီနှစ်ဆန်းပိုင်းစလို့ တိုးလုပ်လာတာပါ။ စစ်ကိုင်းတွင်းအတွင်း PDF ကာကွယ်ရေးတပ်တွေဟာ ကျေးရွာတွေနဲ့ ဒေသခံတွေကို အကာအကွယ်ယူပြီး တိုက်ခိုက်နေတယ် ဆိုပြီးတော့လည်း စစ်ကောင်စီဘက်က ပြောဆိုထားဖူးပါတယ်။

XS
SM
MD
LG