သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ကနီၿမိဳ႕၊ ဝင္မနားရဲစခန္း တိုက္ခိုက္ခံရ၊ ဖမ္းဆီးေဒသခံမ်ား အဆက္အသြယ္မရ


တုိက္ပြဲေတြေၾကာင့္ ေတာတြင္း ထြက္ေျပးတိမ္းေရွာင္ေနရတဲ့ ကနီေဒသခံအခ်ဳိ႕။

(Zawgyi / Unicode)

စစ္ေကာင္စီ တပ္စြဲထားတဲ့ ယင္းမာပင္ခ႐ုိင္ ကနီၿမိဳ႕နယ္ ဝင္မနားေက်းရြာအုပ္စု ဝင္မနားရဲစခန္းကို ေဒသခံ ကာကြယ္ေရးတပ္ဖြဲ႔ေတြ ဝင္ေရာက္တိုက္ခိုက္ခဲ့ၿပီး တိုက္ပြဲျပင္းထန္ခဲ့ပါတယ္။ စစ္ေကာင္စီက ဖမ္းဆီးသြားတဲ့ ဘင္ေက်းရြာနဲ႔ အုတ္နဲဘုတ္ ေက်းရြာက ေဒသခံေတြနဲ႔ အဆက္အသြယ္ ျပတ္ေတာက္ေနပါတယ္။ ရန္ကုန္ကလာတဲ့ ဒီသတင္းကို ကိုေက်ာ္ေက်ာ္သိန္း ေျပာျပပါမယ္။

စစ္ေကာင္စီတပ္ေတြ နယ္ေျမရွင္းလင္းေရးလုပ္လို႔ စစ္ေရးတင္းမာေနတဲ့ စစ္ကိုင္းတိုင္းထဲက ကနီနယ္ထဲမွာ စစ္ေကာင္စီ တပ္စြဲထားတဲ့ ကနီၿမိဳ႕နယ္၊ ဝင္မနားေက်းရြာအုပ္စု၊ ဝင္မနားရဲစခန္းကို ေဖေဖာ္ဝါရီ ၄ ရက္ ေသာၾကာေန႔ညပိုင္းက ေဒသခံ ကာကြယ္ေရးတပ္ဖြဲ႔ေတြ ဝင္ေရာက္တိုက္ခိုက္ခဲ့ၿပီး ႏွစ္ဖက္ အက်အဆံုးရွိတဲ့အထိ တိုက္ပြဲျပင္းထန္ခဲ့တယ္လုိ႔ ေဒသခံ ကာကြယ္ေရးတပ္ဖြဲ႔ ေခါင္းေဆာင္တဦးက ေျပာပါတယ္။

“ျဖစ္ပံုက ဝင္မနားမွာ လြန္ခဲ့တဲ့ ႏွစ္လေက်ာ္ သံုးလေလာက္က ရဲစခန္းနဲ႔ေပါင္းၿပီး တပ္အထိုင္ခ်ထားတဲ့ အင္အား ၅၀ ခန္႔ရွိတယ္။ တေန႔ကမွ စစ္ေၾကာင္းထိုးလာတဲ့ စစ္ေၾကာင္းတေၾကာင္းေပါ့၊ အင္အား ၁၀၀ ေက်ာ္ေလာက္က ဝင္မနားစခန္းကို အထိုင္လာခ်တယ္။ ဝင္မနားစခန္းနဲ႔ စာသင္ေၾကာင္းမွာ အထိုင္ခ်ေနတဲ့အခ်ိန္မွာ PDF ပူးေပါင္းအဖြဲ႔ေတြက ဝုိင္းဝန္းၿပီးေတာ့ တိုက္ခိုက္တာခင္ဗ်။ ေတာ္ေတာ္ေလး ျပင္းထန္တယ္ခင္ဗ်။ ၁၀ နာရီခြဲေလာက္ကေန ၁၂ ခြဲထိဆိုေတာ့ အခ်ိန္က ၂ နာရီေက်ာ္ေက်ာ္ေလာက္ကို ၾကာသြားတယ္။ ႏွစ္ဖက္ ညႇပ္တိုက္ၿပီးမွ ပစ္ခတ္တာဆိုေတာ့ က်ေနာ္တုိ႔ PDF ေတြဘက္ကလည္း တပ္စခန္းကို သိမ္းယူလုလု အေျခအေနထိကို ေရာက္သြားတယ္ခင္ဗ်။ သိမ္းေတာ့ မသိမ္းမိႏိုင္ခဲ့ဘူး။ သို႔ေပမယ့္ အက်အဆံုးက သူတို႔ဆီက ေတာ္ေတာ္မ်ားမ်ား က်ဆံုးလိမ့္မယ္ခင္ဗ်။ က်ေနာ္တုိ႔ဘက္ကလည္း ၁၂ ဦး ဒဏ္ရာရတယ္။ ၂ ဦးက်တယ္၊ ၂ ဦးက ေပ်ာက္ေနဆဲဆိုေတာ့ က်တယ္ပဲေျပာရမွာေပါ့။ က်ေနာ္တုိ႔ဘက္က အဲ့လိုေတာ့ရွိတယ္။”

အခုလို စခန္းတိုက္ခိုက္ခံရတာနဲ႔ ပတ္သက္လို႔ စစ္ေကာင္စီဘက္ကေတာ့ တစံုတရာ သတင္းထုတ္ျပန္တာ မရွိေသးပါဘူး။ ေဒသခံ ကာကြယ္ေရးတပ္ေတြ အားေကာင္းတဲ့ စစ္ကိုင္းတိုင္းနဲ႔ မေကြးတိုင္းတို႔မွာ ႏွစ္ရက္အတြင္း စစ္ေကာင္စီတပ္စြဲထားတဲ့ ရဲစခန္းေတြ ဒုတိယအႀကိမ္ တိုက္ခိုက္ခံရတာလည္း ျဖစ္ပါတယ္။ ေဖေဖာ္ဝါရီ ၄ ရက္ မနက္အေစာပိုင္းမွာလည္း မေကြးတိုင္း ေဆာၿမိဳ႕နယ္ ရဲစခန္းနဲ႔ ေလာင္းရွည္ေက်းရြာ ရဲစခန္းတို႔ တိုက္ခိုက္ခံခဲ့ရပါေသးတယ္။

ဒီအေတာအတြင္းမွာပဲ ကနီနယ္နဲ႔ မင္းကင္းနယ္ၾကားက ဘင္ေက်းရြာကို ဇန္နဝါရီ ၃၀ ရက္ေန႔မွာ စစ္ေကာင္စီက နယ္ေျမရွင္းလင္းရင္း ေနအိမ္ေတြ မီး႐ႈိ႕ခဲ့တဲ့အတြက္ အိမ္ေျခ ၁၀၀ ေက်ာ္ မီးေလာင္ခဲ့ၿပီး ဘင္ေက်းရြာနဲ႔ အုတ္နဲဘုတ္ေက်းရြာသားေတြကိုလည္း စစ္ေကာင္စီတပ္က ဖမ္းဆီးေခၚေဆာင္သြားၿပီးေတာ့ အခုခ်ိန္ထိ အဆက္အသြယ္မရဘဲ ျဖစ္ေနတယ္လို႔ ေဒသခံတဦးက ေျပာပါတယ္။

“ဘင္က ၃၅ ေယာက္၊ အုတ္နဲဘုတ္က ၂ ေယာက္၊ အသက္ႀကီးရြယ္အိုေတြလည္း မ်ားတယ္။ ၆၀၊ ၇၀ ပတ္ခ်ာလည္က ၆ ေယာက္ ၇ ေယာက္ေလာက္ရွိတယ္။ ၄၀၊ ၅၀ ပတ္ဝန္းက်င္ကလည္း ရွိတယ္။ အမ်ားဆံုးက လူငယ္ပိုင္းေတြမ်ားတယ္။ ဘိုးဘြားေတြကို ငဲ့ညႇာၿပီး ပုန္းတဲ့သူေတြဆိုေတာ့ ပါသြားတယ္။ အမ်ိဳးသမီးေတြ၊ ဆရာ ဆရာမေတြလည္း ပါတယ္ေပါ့။ ဘိုင္အေနာက္ေတာမွာ အဲ့ေက်းရြာမွာ သူတို႔ကို ခ်ထားခဲ့တယ္လို႔ သတင္းရတယ္။ ဒါေပမယ့္ တိက်ခိုင္မာမႈေတာ့ မရွိဘူးေပါ့ဗ်ာ။ အဓိကက သူတို႔ကို သြားမေခၚရဲတာေတာ့ မဟုတ္ဘူး။ သူတို႔ရွိမွန္း မရွိမွန္း ၁၀၀ ရာခုိင္ႏႈန္း မေသခ်ာတဲ့သတင္းက သတင္းပဲရတာ၊ သူတို႔နဲ႔ တိုက္႐ုိက္ အဆက္အသြယ္က မရွိဘူး။”

ဇန္နဝါရီလ ၃၀ ရက္ေန႔ကစလို႔ ကနီနယ္ထဲကို စစ္ေကာင္စီက ေရေၾကာင္းေရာ ကုန္းေၾကာင္းကေနပါ နယ္ေျမရွင္းလင္းေရးေတြလုပ္လို႔ ေဒသခံ ကာကြယ္ေရးတပ္ဖြဲ႔ေတြနဲ႔ တိုက္ပြဲေတြ ျဖစ္ေနၿပီး စစ္ေရးအေျခအေန တင္းမာေနတာလည္း ျဖစ္ပါတယ္။

-------------------------

(Unicode)

ကနီမြို့၊ ဝင်မနားရဲစခန်း တိုက်ခိုက်ခံရ၊ ဖမ်းဆီးဒေသခံများ အဆက်အသွယ်မရ

စစ်ကောင်စီ တပ်စွဲထားတဲ့ ယင်းမာပင်ခရိုင် ကနီမြို့နယ် ဝင်မနားကျေးရွာအုပ်စု ဝင်မနားရဲစခန်းကို ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။ စစ်ကောင်စီက ဖမ်းဆီးသွားတဲ့ ဘင်ကျေးရွာနဲ့ အုတ်နဲဘုတ် ကျေးရွာက ဒေသခံတွေနဲ့ အဆက်အသွယ် ပြတ်တောက်နေပါတယ်။ ရန်ကုန်ကလာတဲ့ ဒီသတင်းကို ကိုကျော်ကျော်သိန်း ပြောပြပါမယ်။

စစ်ကောင်စီတပ်တွေ နယ်မြေရှင်းလင်းရေးလုပ်လို့ စစ်ရေးတင်းမာနေတဲ့ စစ်ကိုင်းတိုင်းထဲက ကနီနယ်ထဲမှာ စစ်ကောင်စီ တပ်စွဲထားတဲ့ ကနီမြို့နယ်၊ ဝင်မနားကျေးရွာအုပ်စု၊ ဝင်မနားရဲစခန်းကို ဖေဖော်ဝါရီ ၄ ရက် သောကြာနေ့ညပိုင်းက ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက် အကျအဆုံးရှိတဲ့အထိ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင်တဦးက ပြောပါတယ်။

“ဖြစ်ပုံက ဝင်မနားမှာ လွန်ခဲ့တဲ့ နှစ်လကျော် သုံးလလောက်က ရဲစခန်းနဲ့ပေါင်းပြီး တပ်အထိုင်ချထားတဲ့ အင်အား ၅၀ ခန့်ရှိတယ်။ တနေ့ကမှ စစ်ကြောင်းထိုးလာတဲ့ စစ်ကြောင်းတကြောင်းပေါ့၊ အင်အား ၁၀၀ ကျော်လောက်က ဝင်မနားစခန်းကို အထိုင်လာချတယ်။ ဝင်မနားစခန်းနဲ့ စာသင်ကြောင်းမှာ အထိုင်ချနေတဲ့အချိန်မှာ PDF ပူးပေါင်းအဖွဲ့တွေက ဝိုင်းဝန်းပြီးတော့ တိုက်ခိုက်တာခင်ဗျ။ တော်တော်လေး ပြင်းထန်တယ်ခင်ဗျ။ ၁၀ နာရီခွဲလောက်ကနေ ၁၂ ခွဲထိဆိုတော့ အချိန်က ၂ နာရီကျော်ကျော်လောက်ကို ကြာသွားတယ်။ နှစ်ဖက် ညှပ်တိုက်ပြီးမှ ပစ်ခတ်တာဆိုတော့ ကျနော်တို့ PDF တွေဘက်ကလည်း တပ်စခန်းကို သိမ်းယူလုလု အခြေအနေထိကို ရောက်သွားတယ်ခင်ဗျ။ သိမ်းတော့ မသိမ်းမိနိုင်ခဲ့ဘူး။ သို့ပေမယ့် အကျအဆုံးက သူတို့ဆီက တော်တော်များများ ကျဆုံးလိမ့်မယ်ခင်ဗျ။ ကျနော်တို့ဘက်ကလည်း ၁၂ ဦး ဒဏ်ရာရတယ်။ ၂ ဦးကျတယ်၊ ၂ ဦးက ပျောက်နေဆဲဆိုတော့ ကျတယ်ပဲပြောရမှာပေါ့။ ကျနော်တို့ဘက်က အဲ့လိုတော့ရှိတယ်။”

အခုလို စခန်းတိုက်ခိုက်ခံရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ တစုံတရာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ ဒေသခံ ကာကွယ်ရေးတပ်တွေ အားကောင်းတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့မှာ နှစ်ရက်အတွင်း စစ်ကောင်စီတပ်စွဲထားတဲ့ ရဲစခန်းတွေ ဒုတိယအကြိမ် တိုက်ခိုက်ခံရတာလည်း ဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၄ ရက် မနက်အစောပိုင်းမှာလည်း မကွေးတိုင်း ဆောမြို့နယ် ရဲစခန်းနဲ့ လောင်းရှည်ကျေးရွာ ရဲစခန်းတို့ တိုက်ခိုက်ခံခဲ့ရပါသေးတယ်။

ဒီအတောအတွင်းမှာပဲ ကနီနယ်နဲ့ မင်းကင်းနယ်ကြားက ဘင်ကျေးရွာကို ဇန်နဝါရီ ၃၀ ရက်နေ့မှာ စစ်ကောင်စီက နယ်မြေရှင်းလင်းရင်း နေအိမ်တွေ မီးရှို့ခဲ့တဲ့အတွက် အိမ်ခြေ ၁၀၀ ကျော် မီးလောင်ခဲ့ပြီး ဘင်ကျေးရွာနဲ့ အုတ်နဲဘုတ်ကျေးရွာသားတွေကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားပြီးတော့ အခုချိန်ထိ အဆက်အသွယ်မရဘဲ ဖြစ်နေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“ဘင်က ၃၅ ယောက်၊ အုတ်နဲဘုတ်က ၂ ယောက်၊ အသက်ကြီးရွယ်အိုတွေလည်း များတယ်။ ၆၀၊ ၇၀ ပတ်ချာလည်က ၆ ယောက် ၇ ယောက်လောက်ရှိတယ်။ ၄၀၊ ၅၀ ပတ်ဝန်းကျင်ကလည်း ရှိတယ်။ အများဆုံးက လူငယ်ပိုင်းတွေများတယ်။ ဘိုးဘွားတွေကို ငဲ့ညှာပြီး ပုန်းတဲ့သူတွေဆိုတော့ ပါသွားတယ်။ အမျိုးသမီးတွေ၊ ဆရာ ဆရာမတွေလည်း ပါတယ်ပေါ့။ ဘိုင်အနောက်တောမှာ အဲ့ကျေးရွာမှာ သူတို့ကို ချထားခဲ့တယ်လို့ သတင်းရတယ်။ ဒါပေမယ့် တိကျခိုင်မာမှုတော့ မရှိဘူးပေါ့ဗျာ။ အဓိကက သူတို့ကို သွားမခေါ်ရဲတာတော့ မဟုတ်ဘူး။ သူတို့ရှိမှန်း မရှိမှန်း ၁၀၀ ရာခိုင်နှုန်း မသေချာတဲ့သတင်းက သတင်းပဲရတာ၊ သူတို့နဲ့ တိုက်ရိုက် အဆက်အသွယ်က မရှိဘူး။”

ဇန်နဝါရီလ ၃၀ ရက်နေ့ကစလို့ ကနီနယ်ထဲကို စစ်ကောင်စီက ရေကြောင်းရော ကုန်းကြောင်းကနေပါ နယ်မြေရှင်းလင်းရေးတွေလုပ်လို့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဖြစ်နေပြီး စစ်ရေးအခြေအနေ တင်းမာနေတာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG