သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ယင္းမာပင္အနီးတဝိုက္ တုိက္ပြဲေၾကာင့္ ေဒသခံမ်ား တိမ္းေရွာင္


ယင္းမာပင္ၿမိဳ႕နယ္မွ စစ္ေရွာင္ဒုကၡသည္မ်ား။

(Zawgyi / Unicode)

စစ္ကိုင္းတိုင္း ယင္းမာပင္ၿမိဳ႕နယ္ ခ်ိဳင္ေက်းရြာနားမွာ ေဒသခံ ျပည္သူ႔ကာကြယ္ေရးတပ္နဲ႔ စစ္ေကာင္စီအၾကား ဒီေန႔ညေန ၄ နာရီေလာက္မွာ တိုက္ပြဲေတြ ျဖစ္ပြားေနတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ဒါ့အျပင္ အုန္းတုံပင္ေက်းရြာ အနီးအနားမွာလည္း မေန႔ညပိုင္းက တိုက္ပြဲျပင္းထန္ခဲ့ပါတယ္။ တိုက္ပြဲေၾကာင့္ ေက်းရြာ ၆ ရြာထက္မနည္း ေဒသခံေတြ အိုးအိမ္စြန႔္ခြာ ေဘးလြတ္ရာကို ထြက္ေျပးေနၾကရတယ္လို႔ ေဒသခံက ေျပာပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကေပးပို႔ထားတာကို အလိမၼာ ေျပာျပမွာပါ။

ေဖေဖာ္ဝါရီ ၁၉ ရက္ ဒီကေန႔ညေန ၄ နာရီေလာက္ ယင္းမာပင္ၿမိဳ႕နယ္ ခ်ိဳင္ေက်းရြာနားမွာ ေဒသခံ ျပည္သူ႔ကာကြယ္ေရးတပ္နဲ႔ စစ္ေကာင္စီတပ္ေတြအၾကား တိုက္ပြဲျဖစ္ပြားေနတယ္လို႔ ေဒသခံတဦးက ေျပာပါတယ္။

“မေန႔ကျဖစ္တာ၊ ဘုတလင္ ျမသိန္းတန္ ဘုရားကုန္းမွာ တပ္စြဲေနတဲ့ အဖြဲ႔ေတြ မေန႔ညက တိုက္ပြဲေတြျဖစ္တာ၊ မေန႔ညေရာ ေန႔ခင္းပိုင္းေရာ အဲ့တိုက္ပြဲေတြျဖစ္တာ၊ ဒီမွာ အခု အစ္မတို႔ရဲ႕ ျမစ္ရဲ႕ အေရွ႕ဘက္ကမ္းျဖစ္ရာကေန ျမစ္အေနာက္ဘက္ကမ္းကို ကူးခဲ့တာ၊ ကူးခဲ့ၿပီးေတာ့ ခ်ိဳင္ရြာတပ္စြဲၿပီး ဒီကေန႔ ခ်ိဳင္ရြာ ပစ္တာ၊ မေန႔ညကလည္း ခ်ိဳင္ရြာကို အဲ့ဘက္ကမ္းကေန လွမ္းပစ္တာက မီးသီးေတြနဲ႔ပစ္တာ အိမ္တလုံး မီးေလာင္တယ္။ အခုက တိုက္ပြဲျဖစ္ေနတယ္ေပါ့ေနာ္။ အခုက စပစ္ေနၿပီ။ အကုန္လုံး ထြက္ေျပးေနရတယ္။ က်မတို႔လည္း ထြက္ေျပးေနတာ။ အဲ့မွာက ခ်ိဳင္တို႔ သရက္ပင္၊ မုေဌာ၊ ငခ်ဲ႕၊ ဟိုဘက္ကမ္းေတြလည္း နတ္ႀကီးဘက္ေတြလည္း လွမ္းလွမ္းထုတယ္။ နတ္ႀကီးေတြ ေခ်ာင္းဝႀကီးေတြ ဝဲေခ်ာင္း သူတို႔ႏွစ္ဖြဲ႔ ျမစ္ဟိုဘက္ကမ္း ဒီဘက္ကမ္းကို ႏွစ္ဖြဲ႔ခြဲေနတာ။”

ေဖေဖာ္ဝါရီ ၁၈ ရက္ေန႔ ညနဲ႔ ဒီေန႔ ၁၉ ရက္ေန႔မွာ ဘုတလင္ၿမိဳ႕နယ္ ခ်င္းတြင္းျမစ္ အေရွ႕ဘက္ကမ္းေဘးရွိ ျမသိန္းတန္ဘုရားကုန္းမွာ တပ္စြဲေနတဲ့ စစ္တပ္နဲ႔ ေဒသခံ ကာကြယ္ေရးတပ္ေတြအၾကား တိုက္ပြဲေတြ ကနဦး ျပင္းထန္ခဲ့တာပါ။ အဲ့ေနာက္ ျမစ္ရဲ႕ အေနာက္ဘက္ကမ္းျဖစ္တဲ့ ယင္းမာပင္ၿမိဳ႕နယ္ ခ်ိဳင္ေက်းရြာဘက္ကို စစ္ေကာင္စီတပ္ေတြ ကူးလာၿပီး လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္လို႔ ေဘးလြတ္ရာ ထြက္ေျပးတိမ္းေရွာင္ေနၾကရတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ဒီေန႔ညေန ၄ နာရီေလာက္မွာ ခ်ိဳင္ေက်းရြာအနီးမွာ ထိေတြ႔တိုက္ခိုက္မႈ ျဖစ္ပြားတာလို႔ သိရပါတယ္။

ဒါ့အျပင္ ေဖေဖာ္ဝါရီ ၁၈ ရက္ မေန႔ည ၁၀ နာရီခြဲေလာက္မွာ အုန္းတုံပင္ေက်းရြာအနီး စစ္တပ္အေျခစိုက္ ရဲတပ္ရင္း ၂၈ နားမွာ ေဒသခံ ျပည္သူ႔ကာကြယ္ေရး ပူးေပါင္းတပ္ဖြဲ႔နဲ႔ စစ္ေကာင္စီအၾကား တိုက္ပြဲျပင္းထန္ ျဖစ္ပြားခဲ့ပါတယ္။ လက္နက္ႀကီး အျပန္အလွန္ ပစ္ခတ္သံေတြ ျပင္းျပန္ထန္ထန္ ၾကားေနရတာေၾကာင့္ အနီးအနားက ေက်းရြာ ၆ ရြာထက္မနည္း ေဒသခံအေတာ္မ်ားမ်ား ေဘးလြတ္ရာကို ထြက္ေျပး တိမ္းေရွာင္ေနၾကရတယ္လို႔ ေဒသခံတဦးက အခုလို ေျပာပါတယ္။

“မေန႔က ဟုတ္တယ္၊ ၁၀ နာရီခြဲေလာက္ကေတာ့ သူတို႔ ဒီလက္နက္ႀကီးေတြနဲ႔ ပစ္ၾကတယ္။ ပစ္ၾကေတာ့ အျပန္အလွန္ ပစ္တယ္လို႔ပဲ ထင္ရတာေပ့ါေလ။ ရဲတပ္ရင္းနားဆိုေတာ့ က်ေနာ္တို႔ ေက်းစာက်ရွိမယ္၊ ဘိန္ႏြယ္ေခ်ာင္းရွိမယ္၊ ျမေရႊစည္ရွိမယ္၊ ေအာင္မိုးရွိမယ္၊ ျမသယ္စင္ရွိမယ္ဗ်ာ။ မေန႔ကေတာ့ သူတို႔ တခ်ိဳ႕ အဲ့လို ေျပးၾကတာ၊ ေျပးၾကတာ ေတာ္ေတာ္မ်ားမ်ားပါ။ ေတာ္ေတာ္မ်ားမ်ား ရြာလုံးနီးပါးလို႔ ေဘးလြတ္ရာ ေျပးၾကတာ။ (ဒီေန႔) ေန႔ခင္းပိုင္းေတာ့ တခ်ိဳ႕တဝက္ေတြေတာ့ ရြာကို ျပန္ေရာက္တာေတာ့ ရွိတယ္။ တခ်ိဳ႕ကလည္း ဟိုအရင္ကတည္းကေန ရြာကို မအိပ္ၾကဘူး။ အဲ့လို တျခားမွာပဲ သြားၾကတာလည္း ရွိတယ္။”

စစ္ကိုင္းတိုင္း ယင္းမာပင္၊ ေခ်ာင္းဦး ေဒသတဝိုက္မွာ စစ္ေကာင္စီတပ္ေတြ နယ္ေျမရွင္းလင္းစစ္ေဆး​မႈေတြ လုပ္လာတာေၾကာင့္ အခုေနာက္ပိုင္း မၾကာခဏဆိုသလို ပစ္ခတ္မႈေတြ တိုက္ပြဲေတြျဖစ္ေနၿပီး ေဒသခံေတြအေနနဲ႔ ပိုၿပီး စိုးရိမ္ထိတ္လန႔္ေနပါတယ္။

မေန႔ညကတိုက္ပြဲနဲ႔ ပတ္သက္လို႔ ယင္းမာပင္နယ္က ေျမာက္ယမား ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႔ရဲ႕ ေျပာေရးဆိုခြင့္ရွိသူ ကိုခန႔္က ဗြီအိုေအကို အတည္ျပဳ ေျပာဆိုပါတယ္။

“ဒီ ေဖေဖာ္ဝါရီလ ၁၈ ရက္ေန႔ ညက ယင္းမာပင္ၿမိဳ႕နယ္ အုန္းတုံပင္ရဲ႕ အေရွ႕ဘက္ ရဲတပ္ရင္း ၂၈ နားမွာ က်ေနာ္တို႔ ေဒသခံ ခုခံကာကြယ္ေရးတပ္ေတြျဖစ္တဲ့ ပူးေပါင္း PDF ေတြနဲ႔ ဒီ အၾကမ္းဖက္စစ္ေကာင္စီၾကားမွာ ထိေတြ႔တိုက္ပြဲျဖစ္တာ ရွိပါတယ္။ အဲ့ဒီမွာဆိုလို႔ရွိရင္ ဒီ က်ေနာ္တို႔ တညလုံးနီးပါးလို႔ ေျပာလို႔ရပါတယ္။ အဲ့ေတာ့ အၾကမ္းဖက္စစ္ေကာင္စီဘက္ကလည္း လက္နက္ႀကီး လက္နက္ငယ္ေတြနဲ႔ အျပန္အလွန္ ပစ္ခတ္တဲ့အပိုင္းေတြ ရွိတာေပါ့ေနာ္။ ဆိုေတာ့ က်ေနာ္တို႔ဘက္ကလည္း ဒီပူးေပါင္း PDF အဖြဲ႔ေတြဘက္ကလည္း လက္နက္ႀကီး လက္နက္ငယ္ေတြနဲ႔ က်ေနာ္တို႔ ျပန္ပစ္တာေပါ့ေနာ္။”

လတ္တေလာ ယင္းမာပင္တိုက္ပြဲနဲ႔ ပတ္သက္လို႔ စစ္ေကာင္စီဘက္က တစုံတရာ ထုတ္ျပန္တာ မရွိေသးပါဘူး။ ယင္းမာပင္ၿမိဳ႕နယ္အတြင္း ေဒသခံ ကာကြယ္ေရးတပ္ေတြနဲ႔ စစ္ေကာင္စီအၾကား တိုက္ပြဲေတြ မၾကာခဏ ျဖစ္ပြားေနရာမွာ အခု ေဖေဖာ္ဝါရီလ ဒီေန႔အထိ ၆ ႀကိမ္ထက္မနည္း ျဖစ္ပြားခဲ့ပါတယ္။ ေဖေဖာ္ဝါရီ ၁၆ ရက္ေန႔တုန္းက ယင္းမာပင္ၿမိဳ႕နယ္ လက္လႈပ္ေက်းရြာအနီးက တိုက္ပြဲျဖစ္ပြားခဲ့ၿပီး စစ္တပ္က ေလယာဥ္သုံး တိုက္ခိုက္ခဲ့ပါတယ္။

အခုေနာက္ပိုင္း တိုက္ပြဲေတြမွာ စစ္တပ္ဘက္က ရဟက္ယာဥ္သုံး တိုက္ခိုက္မႈေတြ ပိုမိုလုပ္ေဆာင္လာတယ္လို႔ ေဒသခံေတြက ေျပာဆိုၾကပါတယ္။ ဒီပစ္ခတ္တိုက္ပြဲေတြေၾကာင့္ ေထာင္နဲ႔ခ်ီတဲ့ ေဒသခံေတြ ေဘးလြတ္ရာကို ေျပးေနရၿပီး အခက္အခဲမ်ိဳးစုံနဲ႔ ဒုကၡေရာက္ေနၾကရတယ္လို႔ စစ္ေဘးဒုကၡသည္ေတြနဲ႔ စစ္ေဘးေရွာင္ ကူညီေပးသူေတြက ေျပာဆိုၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------------------

(Unicode)

ယင်းမာပင်အနီးတဝိုက် တိုက်ပွဲကြောင့် ဒေသခံများ တိမ်းရှောင်

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ချိုင်ကျေးရွာနားမှာ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီအကြား ဒီနေ့ညနေ ၄ နာရီလောက်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါ့အပြင် အုန်းတုံပင်ကျေးရွာ အနီးအနားမှာလည်း မနေ့ညပိုင်းက တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။ တိုက်ပွဲကြောင့် ကျေးရွာ ၆ ရွာထက်မနည်း ဒေသခံတွေ အိုးအိမ်စွန့်ခွာ ဘေးလွတ်ရာကို ထွက်ပြေးနေကြရတယ်လို့ ဒေသခံက ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့ထားတာကို အလိမ္မာ ပြောပြမှာပါ။

ဖေဖော်ဝါရီ ၁၉ ရက် ဒီကနေ့ညနေ ၄ နာရီလောက် ယင်းမာပင်မြို့နယ် ချိုင်ကျေးရွာနားမှာ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“မနေ့ကဖြစ်တာ၊ ဘုတလင် မြသိန်းတန် ဘုရားကုန်းမှာ တပ်စွဲနေတဲ့ အဖွဲ့တွေ မနေ့ညက တိုက်ပွဲတွေဖြစ်တာ၊ မနေ့ညရော နေ့ခင်းပိုင်းရော အဲ့တိုက်ပွဲတွေဖြစ်တာ၊ ဒီမှာ အခု အစ်မတို့ရဲ့ မြစ်ရဲ့ အရှေ့ဘက်ကမ်းဖြစ်ရာကနေ မြစ်အနောက်ဘက်ကမ်းကို ကူးခဲ့တာ၊ ကူးခဲ့ပြီးတော့ ချိုင်ရွာတပ်စွဲပြီး ဒီကနေ့ ချိုင်ရွာ ပစ်တာ၊ မနေ့ညကလည်း ချိုင်ရွာကို အဲ့ဘက်ကမ်းကနေ လှမ်းပစ်တာက မီးသီးတွေနဲ့ပစ်တာ အိမ်တလုံး မီးလောင်တယ်။ အခုက တိုက်ပွဲဖြစ်နေတယ်ပေါ့နော်။ အခုက စပစ်နေပြီ။ အကုန်လုံး ထွက်ပြေးနေရတယ်။ ကျမတို့လည်း ထွက်ပြေးနေတာ။ အဲ့မှာက ချိုင်တို့ သရက်ပင်၊ မုဌော၊ ငချဲ့၊ ဟိုဘက်ကမ်းတွေလည်း နတ်ကြီးဘက်တွေလည်း လှမ်းလှမ်းထုတယ်။ နတ်ကြီးတွေ ချောင်းဝကြီးတွေ ဝဲချောင်း သူတို့နှစ်ဖွဲ့ မြစ်ဟိုဘက်ကမ်း ဒီဘက်ကမ်းကို နှစ်ဖွဲ့ခွဲနေတာ။”

ဖေဖော်ဝါရီ ၁၈ ရက်နေ့ ညနဲ့ ဒီနေ့ ၁၉ ရက်နေ့မှာ ဘုတလင်မြို့နယ် ချင်းတွင်းမြစ် အရှေ့ဘက်ကမ်းဘေးရှိ မြသိန်းတန်ဘုရားကုန်းမှာ တပ်စွဲနေတဲ့ စစ်တပ်နဲ့ ဒေသခံ ကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲတွေ ကနဦး ပြင်းထန်ခဲ့တာပါ။ အဲ့နောက် မြစ်ရဲ့ အနောက်ဘက်ကမ်းဖြစ်တဲ့ ယင်းမာပင်မြို့နယ် ချိုင်ကျေးရွာဘက်ကို စစ်ကောင်စီတပ်တွေ ကူးလာပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီနေ့ညနေ ၄ နာရီလောက်မှာ ချိုင်ကျေးရွာအနီးမှာ ထိတွေ့တိုက်ခိုက်မှု ဖြစ်ပွားတာလို့ သိရပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီ ၁၈ ရက် မနေ့ည ၁၀ နာရီခွဲလောက်မှာ အုန်းတုံပင်ကျေးရွာအနီး စစ်တပ်အခြေစိုက် ရဲတပ်ရင်း ၂၈ နားမှာ ဒေသခံ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီအကြား တိုက်ပွဲပြင်းထန် ဖြစ်ပွားခဲ့ပါတယ်။ လက်နက်ကြီး အပြန်အလှန် ပစ်ခတ်သံတွေ ပြင်းပြန်ထန်ထန် ကြားနေရတာကြောင့် အနီးအနားက ကျေးရွာ ၆ ရွာထက်မနည်း ဒေသခံအတော်များများ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတဦးက အခုလို ပြောပါတယ်။

“မနေ့က ဟုတ်တယ်၊ ၁၀ နာရီခွဲလောက်ကတော့ သူတို့ ဒီလက်နက်ကြီးတွေနဲ့ ပစ်ကြတယ်။ ပစ်ကြတော့ အပြန်အလှန် ပစ်တယ်လို့ပဲ ထင်ရတာပေ့ါလေ။ ရဲတပ်ရင်းနားဆိုတော့ ကျနော်တို့ ကျေးစာကျရှိမယ်၊ ဘိန်နွယ်ချောင်းရှိမယ်၊ မြရွှေစည်ရှိမယ်၊ အောင်မိုးရှိမယ်၊ မြသယ်စင်ရှိမယ်ဗျာ။ မနေ့ကတော့ သူတို့ တချို့ အဲ့လို ပြေးကြတာ၊ ပြေးကြတာ တော်တော်များများပါ။ တော်တော်များများ ရွာလုံးနီးပါးလို့ ဘေးလွတ်ရာ ပြေးကြတာ။ (ဒီနေ့) နေ့ခင်းပိုင်းတော့ တချို့တဝက်တွေတော့ ရွာကို ပြန်ရောက်တာတော့ ရှိတယ်။ တချို့ကလည်း ဟိုအရင်ကတည်းကနေ ရွာကို မအိပ်ကြဘူး။ အဲ့လို တခြားမှာပဲ သွားကြတာလည်း ရှိတယ်။”

စစ်ကိုင်းတိုင်း ယင်းမာပင်၊ ချောင်းဦး ဒေသတဝိုက်မှာ စစ်ကောင်စီတပ်တွေ နယ်မြေရှင်းလင်းစစ်ဆေးမှုတွေ လုပ်လာတာကြောင့် အခုနောက်ပိုင်း မကြာခဏဆိုသလို ပစ်ခတ်မှုတွေ တိုက်ပွဲတွေဖြစ်နေပြီး ဒေသခံတွေအနေနဲ့ ပိုပြီး စိုးရိမ်ထိတ်လန့်နေပါတယ်။

မနေ့ညကတိုက်ပွဲနဲ့ ပတ်သက်လို့ ယင်းမာပင်နယ်က မြောက်ယမား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုခန့်က ဗွီအိုအေကို အတည်ပြု ပြောဆိုပါတယ်။

“ဒီ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ညက ယင်းမာပင်မြို့နယ် အုန်းတုံပင်ရဲ့ အရှေ့ဘက် ရဲတပ်ရင်း ၂၈ နားမှာ ကျနော်တို့ ဒေသခံ ခုခံကာကွယ်ရေးတပ်တွေဖြစ်တဲ့ ပူးပေါင်း PDF တွေနဲ့ ဒီ အကြမ်းဖက်စစ်ကောင်စီကြားမှာ ထိတွေ့တိုက်ပွဲဖြစ်တာ ရှိပါတယ်။ အဲ့ဒီမှာဆိုလို့ရှိရင် ဒီ ကျနော်တို့ တညလုံးနီးပါးလို့ ပြောလို့ရပါတယ်။ အဲ့တော့ အကြမ်းဖက်စစ်ကောင်စီဘက်ကလည်း လက်နက်ကြီး လက်နက်ငယ်တွေနဲ့ အပြန်အလှန် ပစ်ခတ်တဲ့အပိုင်းတွေ ရှိတာပေါ့နော်။ ဆိုတော့ ကျနော်တို့ဘက်ကလည်း ဒီပူးပေါင်း PDF အဖွဲ့တွေဘက်ကလည်း လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ကျနော်တို့ ပြန်ပစ်တာပေါ့နော်။”

လတ်တလော ယင်းမာပင်တိုက်ပွဲနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစုံတရာ ထုတ်ပြန်တာ မရှိသေးပါဘူး။ ယင်းမာပင်မြို့နယ်အတွင်း ဒေသခံ ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီအကြား တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေရာမှာ အခု ဖေဖော်ဝါရီလ ဒီနေ့အထိ ၆ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပါတယ်။ ဖေဖော်ဝါရီ ၁၆ ရက်နေ့တုန်းက ယင်းမာပင်မြို့နယ် လက်လှုပ်ကျေးရွာအနီးက တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်က လေယာဉ်သုံး တိုက်ခိုက်ခဲ့ပါတယ်။

အခုနောက်ပိုင်း တိုက်ပွဲတွေမှာ စစ်တပ်ဘက်က ရဟက်ယာဉ်သုံး တိုက်ခိုက်မှုတွေ ပိုမိုလုပ်ဆောင်လာတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။ ဒီပစ်ခတ်တိုက်ပွဲတွေကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေ ဘေးလွတ်ရာကို ပြေးနေရပြီး အခက်အခဲမျိုးစုံနဲ့ ဒုက္ခရောက်နေကြရတယ်လို့ စစ်ဘေးဒုက္ခသည်တွေနဲ့ စစ်ဘေးရှောင် ကူညီပေးသူတွေက ပြောဆိုကြပါတယ်။

XS
SM
MD
LG