သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ အခက္အခဲတခ်ိဳ႕ရွိဟု စစ္ေကာင္စီဝန္ခံ


စစ္ေကာင္စီနဲ႔ ဝျပည္ေသြးစည္းညီၫြတ္ေရးပါတီ UWSP ႏွစ္ဘက္ၾကား သုံးရက္ၾကာ ေတြ႔ဆုံေဆြးေႏြးပြဲ (ေမ ၃၁၊ ၂၀၂၂/ဓာတ္ပံု-တပ္မေတာ္သတင္းမွန္ျပန္ၾကားေရး)

[[Zawgyi/Unicode]]

အာဏာသိမ္းစစ္ေကာင္စီအေနနဲ႔ ျမန္မာ့ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေတြကို ဦးစားေပးေဆာင္႐ြက္ရာမွာ စိန္ေခၚမႈေတြရွိေနၿပီး၊ အဲဒီအထဲ ျပည္ပႏိုင္ငံေတြနဲ႔ပတ္သက္တဲ့ အေၾကာင္းအခ်က္လည္း ပါဝင္တယ္လို႔ စစ္ေကာင္စီေျပာခြင့္ရသူက ေျပာပါတယ္။ အိမ္နီးခ်င္းႏိုင္ငံေတြအေနနဲ႔ အရင္အစိုးရေတြတုန္းက ျမန္မာ့ၿငိမ္းခ်မ္းေရးမွာ တတ္တတ္ႂကြႂကြ အကူအညီေပးခဲ့ၾက ပါဝင္ခဲ့ၾကေပမယ့္၊ အခုတႀကိမ္မွာေတာ့ အာဏာသိမ္းစစ္ေကာင္စီကို တရားဝင္အသိအမွတ္ျပဳသလိုျဖစ္ရာေရာက္မွာကို သတိထားေနပုံရတယ္လို႔ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ေလ့လာသူေတြက ယူဆေနပါတယ္။ ဒီအေၾကာင္း ရန္ကုန္ ေပးပို႔တဲ့သတင္း ကိုရန္ႏိုင္ေျပာျပမွာပါ။

ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈေတြျပန္စဖို႔ စစ္ေကာင္စီက ႀကိဳးစားေနရာမွာ အခုလက္ရွိေတာ့ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕တခ်ိဳ႕က ထိပ္တန္းေခါင္းေဆာင္ေတြကို စစ္ေကာင္စီဥကၠဌကိုယ္တိုင္ ေတြ႕ဆုံၿပီး အျပန္အလွန္ညႇိဳႏႈိင္းမႈေတြ လုပ္ေနပါတယ္။ ဒါေပမယ့္လည္း စစ္ေကာင္စီ ဥကၠဌကိုယ္တိုင္ေတြ႕မယ္လို႔ ဖိတ္ၾကားထားမႈအေပၚမွာ တိုင္းရင္းသားအဖြဲ႕ ၁၀ဖြဲ႕ကပဲ လက္ခံထားၿပီး၊ က်န္တဲ့အဖြဲ႕အစည္းေတြ - အထူးသျဖင့္ စစ္ေရးတင္းမာေနတဲ့ ေျမာက္ပိုင္းမဟာမိတ္အဖြဲ႕ေတြက ေစာင့္ၾကည့္ေနဆဲ အေနအထားမွာ ရွိပါတယ္။ KIA ကခ်င္နဲ႔ KNU ကရင္တို႔ကေတာ့ အားလုံးပါဝင္ဖို႔လိုတယ္ဆိုၿပီး တရားဝင္ကို ျငင္းပယ္ထားတာပါ။

အရင္အစိုးရေတြတုန္းကဆိုရင္ အထူးသျဖင့္ တ႐ုတ္ႏိုင္ငံက အထူးကိုယ္စားလွယ္ေစလႊတ္ၿပီး ေဆြးေႏြးပြဲတခ်ိဳ႕မွာ ကိုယ္တိုင္တတ္ေရာက္တာမ်ိဳး၊ ေျမာက္ပိုင္းအဖြဲ႕ေတြကို ေတြ႕ဆုံႏိုင္ဖို႔ စီစဥ္ေပးတာမ်ိဳး ရွိခဲ့တာပါ။ ဒါေၾကာင့္လည္း အခု တေခါက္မွာ တ႐ုတ္ႏိုင္ငံဖက္က ဒီလိုအကူအညီမ်ိဳးေပးတာရွိလားလို႔ သတင္းသမားတဦးက ဇြန္လ ၁ရက္ေန႔လုပ္တဲ့ စစ္ေကာင္စီ သတင္းစာရွင္းလင္းပြဲအတြင္း ေမးျမန္းပါတယ္။ စစ္ေကာင္စီေျပာခြင့္ရသူ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းရဲ႕အေျဖမွာေတာ့ တ႐ုတ္ႏိုင္ငံဆိုတာကို ရည္ၫႊန္းေျဖဆိုတာမ်ိဳးမလုပ္ပဲ၊ ျပင္ပအဖြဲ႕အစည္းေတြနဲ႔ရင္ဆိုင္ရတဲ့ အခက္အခဲတခ်ိဳ႕ရွိတယ္လို႔ တုန႔္ျပန္ခဲ့ပါတယ္။

"External Factor မွာ ဘာအခက္အခဲရွိလဲဆိုေတာ့ တခ်ိဳ႕ျပင္ပအဖြဲ႕ေတြဘက္က အသိအမွတ္ မျပဳတာ။ ဘာကိုအသိအမွတ္မျပဳတာလဲဆိုေတာ့ ၿငိမ္းခ်မ္းေရးလုပ္ငန္းဒီအစိုးရအေနနဲ႔ ေဆာင္႐ြက္ေနတယ္။ ငါတို႔အေနနဲ႔ သြားၿပီးကူညီသြားၿပီးလုပ္လိုက္ရင္ ေအာ္ေတာ္မစ္တစ္ ေထာက္ခံၿပီးသားျဖစ္မလား ဆိုတာမ်ိဳး က်ေနာ္တို႔ႀကဳံေတြ႕ရပါတယ္။ ဒါက႐ိုး႐ိုးတန္းတန္းႀကဳံရတာ ျဖစ္တယ္။ တခ်ိဳ႕ႀကဳံရတာက ျဖစ္ေအာင္ကိုတမင္ သတ္သတ္စြေနတာ။ ျမန္မာျပည္သူလူထုအတြက္ဆိုၿပီး ျပည္သူလူထု နာမည္ခံတာပါဘဲ။ ျပည္သူနာမည္ခံၿပီး အၾကမ္းဖက္ PDF ေတြကိုဘဲေပးတာပါဘဲ။ ဒါမ်ိဳးလဲ External Factor ပါဘဲ။"

ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းၿပီး ၁ ႏွစ္ေက်ာ္အၾကာ လက္နက္ကိုင္ပဋိပကၡေတြ ေနရာစုံေပၚေပါက္ခဲ့ၿပီး၊ ၿငိမ္းခ်မ္းေရး ေဆြးေႏြးမႈေတြအတြက္ သူကိုယ္တိုင္ေတြ႕ဆုံမယ္လို႔ စစ္ေကာင္စီအႀကီးအကဲက တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ေတြကို ကမ္းလွမ္းခဲ့ပါတယ္။ စစ္ေရးအရ ထိပ္တိုက္ျဖစ္ေနတဲ့ အဖြဲ႕အေတာ္မ်ားမ်ားက ဒီ ေဆြးေႏြးပြဲမွာ မပါခဲ့ၾကပါဘူး။ တခ်ိဳ႕က တရားဝင္ျငင္းပယ္စာထုတ္ခဲ့သလို၊ အမ်ားစုက ေစာင့္ၾကည့္မယ္ဆိုတဲ့ သေဘာထားနဲ႔ ေရွာင္ေနခဲ့ပါတယ္။

ကမ္းလွမ္းတဲ့အထဲမွာ စစ္အာဏာသိမ္းၿပီးေနာက္ဖြဲ႕တဲ့ NUG ၾကားကာလအမ်ိဳးသားညီၫြတ္ေရးအစိုးရနဲ႔ ျပည္သူ႔ကာကြယ္ေရးတပ္ PDF ေတြကို ခ်န္လွပ္ထားပါတယ္။

ဒါေၾကာင့္လည္း လက္ရွိပဋိပကၡမွာ အဓိကပါဝင္ေနသူေတြ ဒီၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မပါဘူးလို႔ ေဝဖန္မႈေတြရွိတာပါ။ အိမ္နီးခ်င္း တ႐ုတ္ႏိုင္ငံအေနနဲ႔
ေျမာက္ပိုင္းမဟာမိတ္အဖြဲ႕ေတြျဖစ္တဲ့ ကခ်င္တပ္မေတာ္၊ AA လိုရကၡိဳင့္တပ္မ ေတာ္၊ တေအာင္းပေလာင္ TNLA နဲ႔ ကိုးကန႔္တပ္မေတာ္ MNDAA တို႔ကို ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈေတြမွာ ပါဝင္လာေအာင္ အရင္အစိုးရလက္ထက္ေတြက ဝင္ေရာက္ေဆြးေႏြးညႇိဳႏႈိင္းတာေတြ ရွိခဲ့ေပမယ့္ အခုတေခါက္မွာေတာ့ သိသိသာသာထင္ထင္ရွားရွားလုပ္တာ မေတြ႕ရပါဘူး။ ျမန္မာ့ႏိုင္ငံေရးေလ့လာသူ ဦးရဲထြန္းကေတာ့ တ႐ုတ္ႏိုင္ငံအေနနဲ႔ လက္ရွိ ျမန္မာၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မွာပါဖို႔ အခက္ရွိပုံရတယ္လို႔ ယူဆပါတယ္။

"တ႐ုတ္ျပည္အေနနဲ႔က ဝင္ၿပီးေတာ့ တဖက္ဖက္ကရပ္ဖို႔ဆိုတာက အခက္အခဲျဖစ္လာတယ္လို႔ သုံးသပ္ရတာေပါ့ေနာ္။ ဒီမွာရင္းႏွီးျမဳပ္ႏွံမႈေတြလုပ္တယ္၊ ျမန္မာျပည္က သူ႔အတြက္ မဟာဗ်ဴဟာက်တဲ့ေနရာျဖစ္ေတာ့ ဘယ္အစိုးရတက္တက္ ျမန္မာျပည္နဲ႔ဆက္ဆံရမွာဘဲ။ အဲေတာ့ ျပည္သူေထာက္ခံတဲ့ ေအးခ်မ္းတည္ၿငိမ္တဲ့ အစိုးရေပၚေပါက္ဖို႔က သူ႔အတြက္ အေရးႀကီးတယ္။ ဥပမာ နစကဘက္က ရပ္ရင္သူ႔အတြက္က ရန္သူကိုအားေပး ကူညီတဲ့သူလို႔ျမင္မယ္ အဲလိုက်ရင္သူ႔အတြက္က ေနာင္အလားအလာမေကာင္းႏိုင္ဘူး။ တခါ NUG ဘက္က ရပ္လို႔၊ အေမရိကန္တို႔လို အေနာက္ဥေရာပႏိုင္ငံေတြလို ရပ္လို႔၊ နစကဘက္က ႏိုင္ခဲ့ရင္
ေနာက္မွာ သူ႔အတြက္က ရင္းႏွီးျမဳပ္ႏွံဖို႔ ခက္ႏိုင္တယ္။ ဒါေၾကာင့္မို႔ ဒီခ်ိန္မွာ ဘယ္ဘက္ကိုမွ ျပတ္ျပတ္သားသား မရပ္ဘဲေနတာက သူ႔အတြက္ ပိုေကာင္းတယ္ယူဆလို႔ ဒီေပၚလစီကို က်င့္တယ္လို႔ျမင္တယ္။"

ျမန္မာ့ၿငိမ္းခ်မ္းေရးေလ့လာသုံးသပ္သူ ဦးသန္းစိုးႏိုင္ကေတာ့ တ႐ုတ္ႏိုင္ငံအေနနဲ႔ လက္ရွိျမန္မာႏိုင္ငံေရးကို ေစာင့္ၾကည့္ဆဲအေျခအေနေၾကာင့္ အခု ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မွာ သိပ္တတ္ႂကြပုံမရဘူးလို႔ သုံးသပ္ပါတယ္။

"တ႐ုတ္ကျမင္တာကေတာ့ စစ္ေကာင္စီအေနနဲ႔ ၾကမ္းတမ္း ရက္စက္တဲ့ကိစၥ ေတြလုပ္တာ၊ NLD ပါတီကို ဖ်က္သိမ္းဖို႔လုပ္လာတာေတြကို တ႐ုတ္က သိပ္မႀကိဳက္ပါဘူး။ မႀကိဳက္ေတာ့ အဲကိစၥနဲ႔ပတ္သတ္လို႔ ဘယ္လိုရပ္တည္လဲဆိုေတာ့ ဒီစစ္ေကာင္စီကို ဖိအားေပးတာေတာ့ သူမလိူလားဘူး။ ဒါေပမယ့္ စစ္ေကာင္စီအေနအထားကို ေထာက္ခံေျပာဆိုတာလည္း ဘယ္ေတာ့မွမလုပ္ဘူး။ က်ေနာ္ထင္တာက အေျခအေနေစာင့္ၾကည့္ေနတယ္ လို႔က်ေနာ္ထင္တယ္။ လက္ေရွာင္တာလို႔လဲ ေျပာႏိုင္တယ္ မပါဝင္ဘူးလို႔လဲေျပာႏိုင္တယ္။ အထူးသျဖင့္ KIA ကျပန္ တိုက္တယ္။ ေျမာက္ပိုင္းညီေနာင္ မဟာမိတ္အဖြဲ႕ ၃ဖြဲ႕ဘက္ကလည္း ပါဝင္တိုက္ခိုက္မယ္လို႔ သေဘာထား ေတြေဖာ္ျပေနတယ္။ အဲဒါေတြနဲ႔ပတ္သတ္လို႔သေဘာထားေဖာ္ျပတာ လႈပ္လႈပ္ရွားရွားပါဝင္တာ ဘာမွမေတြ႕ရဘူး။"

စစ္ေကာင္စီနဲ႔ ၿငိမ္းခ်မ္းေရးေတြ႕ဆုံ ေဆြးေႏြးဖို႔ကို NCA အပစ္ရပ္အဖြဲ႕က၇ ဖြဲ႕နဲ႔ အပစ္ရပ္စာခ်ဳပ္ လက္မွတ္မထိုး ထားတဲ့ ၃ ဖြဲ႕တို႔က လက္ခံထားတာပါ။ ၿပီးခဲ့တဲ့ ေမလ ၂၀ ရက္ေန႔ကစၿပီး တဖြဲ႕ခ်င္းစီနဲ႔စစ္ေကာင္စီဘက္က စတင္ေတြ႕ဆုံတာေတြလုပ္ခဲ့ပါတယ္။

လက္ရွိမွာေတာ့ ရွမ္းျပည္ျပန္လည္ ထူေထာင္ေရးေကာင္စီ RCSS ၊ မြန္ျပည္သစ္ပါတီ NMSP၊ ကရင္အမ်ိဳးသားအစည္းအ႐ုံး ၿငိမ္းခ်မ္းေရးေကာင္စီ KNU PC ၊ ဝျပည္ေသြးစည္းညီၫြတ္ေရးပါတီ UWSA တို႔နဲ႔ တဖြဲ႕ကို ၃ ရက္တာ ေဆြးေႏြးမႈေတြ လုပ္ခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[[Unicode]]

အာဏာသိမ်းစစ်ကောင်စီအနေနဲ့ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ဦးစားပေးဆောင်ရွက်ရာမှာ စိန်ခေါ်မှုတွေရှိနေပြီး၊ အဲဒီအထဲ ပြည်ပနိုင်ငံတွေနဲ့ပတ်သက်တဲ့ အကြောင်းအချက်လည်း ပါဝင်တယ်လို့ စစ်ကောင်စီပြောခွင့်ရသူက ပြောပါတယ်။ အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ အရင်အစိုးရတွေတုန်းက မြန်မာ့ငြိမ်းချမ်းရေးမှာ တတ်တတ်ကြွကြွ အကူအညီပေးခဲ့ကြ ပါဝင်ခဲ့ကြပေမယ့်၊ အခုတကြိမ်မှာတော့ အာဏာသိမ်းစစ်ကောင်စီကို တရားဝင်အသိအမှတ်ပြုသလိုဖြစ်ရာရောက်မှာကို သတိထားနေပုံရတယ်လို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် လေ့လာသူတွေက ယူဆနေပါတယ်။ ဒီအကြောင်း ရန်ကုန် ပေးပို့တဲ့သတင်း ကိုရန်နိုင်ပြောပြမှာပါ။

ငြိမ်းချမ်းရေးဆွေးနွေးမှုတွေပြန်စဖို့ စစ်ကောင်စီက ကြိုးစားနေရာမှာ အခုလက်ရှိတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့က ထိပ်တန်းခေါင်းဆောင်တွေကို စစ်ကောင်စီဥက္ကဌကိုယ်တိုင် တွေ့ဆုံပြီး အပြန်အလှန်ညှိုနှိုင်းမှုတွေ လုပ်နေပါတယ်။ ဒါပေမယ့်လည်း စစ်ကောင်စီ ဥက္ကဌကိုယ်တိုင်တွေ့မယ်လို့ ဖိတ်ကြားထားမှုအပေါ်မှာ တိုင်းရင်းသားအဖွဲ့ ၁၀ဖွဲ့ကပဲ လက်ခံထားပြီး၊ ကျန်တဲ့အဖွဲ့အစည်းတွေ - အထူးသဖြင့် စစ်ရေးတင်းမာနေတဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေက စောင့်ကြည့်နေဆဲ အနေအထားမှာ ရှိပါတယ်။ KIA ကချင်နဲ့ KNU ကရင်တို့ကတော့ အားလုံးပါဝင်ဖို့လိုတယ်ဆိုပြီး တရားဝင်ကို ငြင်းပယ်ထားတာပါ။

အရင်အစိုးရတွေတုန်းကဆိုရင် အထူးသဖြင့် တရုတ်နိုင်ငံက အထူးကိုယ်စားလှယ်စေလွှတ်ပြီး ဆွေးနွေးပွဲတချို့မှာ ကိုယ်တိုင်တတ်ရောက်တာမျိုး၊ မြောက်ပိုင်းအဖွဲ့တွေကို တွေ့ဆုံနိုင်ဖို့ စီစဉ်ပေးတာမျိုး ရှိခဲ့တာပါ။ ဒါကြောင့်လည်း အခု တခေါက်မှာ တရုတ်နိုင်ငံဖက်က ဒီလိုအကူအညီမျိုးပေးတာရှိလားလို့ သတင်းသမားတဦးက ဇွန်လ ၁ရက်နေ့လုပ်တဲ့ စစ်ကောင်စီ သတင်းစာရှင်းလင်းပွဲအတွင်း မေးမြန်းပါတယ်။ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့အဖြေမှာတော့ တရုတ်နိုင်ငံဆိုတာကို ရည်ညွှန်းဖြေဆိုတာမျိုးမလုပ်ပဲ၊ ပြင်ပအဖွဲ့အစည်းတွေနဲ့ရင်ဆိုင်ရတဲ့ အခက်အခဲတချို့ရှိတယ်လို့ တုန့်ပြန်ခဲ့ပါတယ်။

"External Factor မှာ ဘာအခက်အခဲရှိလဲဆိုတော့ တချို့ပြင်ပအဖွဲ့တွေဘက်က အသိအမှတ် မပြုတာ။ ဘာကိုအသိအမှတ်မပြုတာလဲဆိုတော့ ငြိမ်းချမ်းရေးလုပ်ငန်းဒီအစိုးရအနေနဲ့ ဆောင်ရွက်နေတယ်။ ငါတို့အနေနဲ့ သွားပြီးကူညီသွားပြီးလုပ်လိုက်ရင် အော်တော်မစ်တစ် ထောက်ခံပြီးသားဖြစ်မလား ဆိုတာမျိုး ကျနော်တို့ကြုံတွေ့ရပါတယ်။ ဒါကရိုးရိုးတန်းတန်းကြုံရတာ ဖြစ်တယ်။ တချို့ကြုံရတာက ဖြစ်အောင်ကိုတမင် သတ်သတ်စွနေတာ။ မြန်မာပြည်သူလူထုအတွက်ဆိုပြီး ပြည်သူလူထု နာမည်ခံတာပါဘဲ။ ပြည်သူနာမည်ခံပြီး အကြမ်းဖက် PDF တွေကိုဘဲပေးတာပါဘဲ။ ဒါမျိုးလဲ External Factor ပါဘဲ။"

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး ၁ နှစ်ကျော်အကြာ လက်နက်ကိုင်ပဋိပက္ခတွေ နေရာစုံပေါ်ပေါက်ခဲ့ပြီး၊ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေအတွက် သူကိုယ်တိုင်တွေ့ဆုံမယ်လို့ စစ်ကောင်စီအကြီးအကဲက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ကမ်းလှမ်းခဲ့ပါတယ်။ စစ်ရေးအရ ထိပ်တိုက်ဖြစ်နေတဲ့ အဖွဲ့အတော်များများက ဒီ ဆွေးနွေးပွဲမှာ မပါခဲ့ကြပါဘူး။ တချို့က တရားဝင်ငြင်းပယ်စာထုတ်ခဲ့သလို၊ အများစုက စောင့်ကြည့်မယ်ဆိုတဲ့ သဘောထားနဲ့ ရှောင်နေခဲ့ပါတယ်။

ကမ်းလှမ်းတဲ့အထဲမှာ စစ်အာဏာသိမ်းပြီးနောက်ဖွဲ့တဲ့ NUG ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရနဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေကို ချန်လှပ်ထားပါတယ်။

ဒါကြောင့်လည်း လက်ရှိပဋိပက္ခမှာ အဓိကပါဝင်နေသူတွေ ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ်မပါဘူးလို့ ဝေဖန်မှုတွေရှိတာပါ။ အိမ်နီးချင်း တရုတ်နိုင်ငံအနေနဲ့
မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေဖြစ်တဲ့ ကချင်တပ်မတော်၊ AA လိုရက္ခိုင့်တပ်မ တော်၊ တအောင်းပလောင် TNLA နဲ့ ကိုးကန့်တပ်မတော် MNDAA တို့ကို ငြိမ်းချမ်းရေးဆွေးနွေးမှုတွေမှာ ပါဝင်လာအောင် အရင်အစိုးရလက်ထက်တွေက ဝင်ရောက်ဆွေးနွေးညှိုနှိုင်းတာတွေ ရှိခဲ့ပေမယ့် အခုတခေါက်မှာတော့ သိသိသာသာထင်ထင်ရှားရှားလုပ်တာ မတွေ့ရပါဘူး။ မြန်မာ့နိုင်ငံရေးလေ့လာသူ ဦးရဲထွန်းကတော့ တရုတ်နိုင်ငံအနေနဲ့ လက်ရှိ မြန်မာငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာပါဖို့ အခက်ရှိပုံရတယ်လို့ ယူဆပါတယ်။

"တရုတ်ပြည်အနေနဲ့က ဝင်ပြီးတော့ တဖက်ဖက်ကရပ်ဖို့ဆိုတာက အခက်အခဲဖြစ်လာတယ်လို့ သုံးသပ်ရတာပေါ့နော်။ ဒီမှာရင်းနှီးမြုပ်နှံမှုတွေလုပ်တယ်၊ မြန်မာပြည်က သူ့အတွက် မဟာဗျူဟာကျတဲ့နေရာဖြစ်တော့ ဘယ်အစိုးရတက်တက် မြန်မာပြည်နဲ့ဆက်ဆံရမှာဘဲ။ အဲတော့ ပြည်သူထောက်ခံတဲ့ အေးချမ်းတည်ငြိမ်တဲ့ အစိုးရပေါ်ပေါက်ဖို့က သူ့အတွက် အရေးကြီးတယ်။ ဥပမာ နစကဘက်က ရပ်ရင်သူ့အတွက်က ရန်သူကိုအားပေး ကူညီတဲ့သူလို့မြင်မယ် အဲလိုကျရင်သူ့အတွက်က နောင်အလားအလာမကောင်းနိုင်ဘူး။ တခါ NUG ဘက်က ရပ်လို့၊ အမေရိကန်တို့လို အနောက်ဥရောပနိုင်ငံတွေလို ရပ်လို့၊ နစကဘက်က နိုင်ခဲ့ရင်
နောက်မှာ သူ့အတွက်က ရင်းနှီးမြုပ်နှံဖို့ ခက်နိုင်တယ်။ ဒါကြောင့်မို့ ဒီချိန်မှာ ဘယ်ဘက်ကိုမှ ပြတ်ပြတ်သားသား မရပ်ဘဲနေတာက သူ့အတွက် ပိုကောင်းတယ်ယူဆလို့ ဒီပေါ်လစီကို ကျင့်တယ်လို့မြင်တယ်။"

မြန်မာ့ငြိမ်းချမ်းရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ တရုတ်နိုင်ငံအနေနဲ့ လက်ရှိမြန်မာနိုင်ငံရေးကို စောင့်ကြည့်ဆဲအခြေအနေကြောင့် အခု ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ သိပ်တတ်ကြွပုံမရဘူးလို့ သုံးသပ်ပါတယ်။

"တရုတ်ကမြင်တာကတော့ စစ်ကောင်စီအနေနဲ့ ကြမ်းတမ်း ရက်စက်တဲ့ကိစ္စ တွေလုပ်တာ၊ NLD ပါတီကို ဖျက်သိမ်းဖို့လုပ်လာတာတွေကို တရုတ်က သိပ်မကြိုက်ပါဘူး။ မကြိုက်တော့ အဲကိစ္စနဲ့ပတ်သတ်လို့ ဘယ်လိုရပ်တည်လဲဆိုတော့ ဒီစစ်ကောင်စီကို ဖိအားပေးတာတော့ သူမလိူလားဘူး။ ဒါပေမယ့် စစ်ကောင်စီအနေအထားကို ထောက်ခံပြောဆိုတာလည်း ဘယ်တော့မှမလုပ်ဘူး။ ကျနော်ထင်တာက အခြေအနေစောင့်ကြည့်နေတယ် လို့ကျနော်ထင်တယ်။ လက်ရှောင်တာလို့လဲ ပြောနိုင်တယ် မပါဝင်ဘူးလို့လဲပြောနိုင်တယ်။ အထူးသဖြင့် KIA ကပြန် တိုက်တယ်။ မြောက်ပိုင်းညီနောင် မဟာမိတ်အဖွဲ့ ၃ဖွဲ့ဘက်ကလည်း ပါဝင်တိုက်ခိုက်မယ်လို့ သဘောထား တွေဖော်ပြနေတယ်။ အဲဒါတွေနဲ့ပတ်သတ်လို့သဘောထားဖော်ပြတာ လှုပ်လှုပ်ရှားရှားပါဝင်တာ ဘာမှမတွေ့ရဘူး။"

စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးတွေ့ဆုံ ဆွေးနွေးဖို့ကို NCA အပစ်ရပ်အဖွဲ့က၇ ဖွဲ့နဲ့ အပစ်ရပ်စာချုပ် လက်မှတ်မထိုး ထားတဲ့ ၃ ဖွဲ့တို့က လက်ခံထားတာပါ။ ပြီးခဲ့တဲ့ မေလ ၂၀ ရက်နေ့ကစပြီး တဖွဲ့ချင်းစီနဲ့စစ်ကောင်စီဘက်က စတင်တွေ့ဆုံတာတွေလုပ်ခဲ့ပါတယ်။

လက်ရှိမှာတော့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS ၊ မွန်ပြည်သစ်ပါတီ NMSP၊ ကရင်အမျိုးသားအစည်းအရုံး ငြိမ်းချမ်းရေးကောင်စီ KNU PC ၊ ဝပြည်သွေးစည်းညီညွတ်ရေးပါတီ UWSA တို့နဲ့ တဖွဲ့ကို ၃ ရက်တာ ဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်။

XS
SM
MD
LG