သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ႀကိဳတင္သတ္မွတ္ခ်က္မထား ၿငိမ္းခ်မ္းေရးေဆြးေႏြးဖို႔ စစ္ေကာင္စီ ဖိတ္ေခၚ


စိန္ရတု ျပည္ေထာင္စုေန႔ အခမ္းအနားမွာ မိန္႔ခြန္းေျပာၾကားေနတဲ့ စစ္ေကာင္စီဥကၠ႒ ဗိုလ္ခ်ဴပ္မွဴးႀကီးမင္းေအာင္လႈိင္။ (ေဖေဖာ္ဝါရီ ၁၂၊ ၂၀၂၂။ ဓာတ္ပုံ - စစ္ေကာင္စီျပန္ၾကားေရး)

(Zawgyi / Unicode)

၇၅ ႏွစ္ေျမာက္ စိန္ရတု ျပည္ေထာင္စုေန႔ အခမ္းအနားမွာ စစ္ေကာင္စီဥကၠ႒ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္က ထာဝရၿငိမ္းခ်မ္းေရး ရရွိဖို႔အတြက္ ျမန္မာ့ၿငိမ္းခ်မ္းေရးသမိုင္းမွာ တခါမွ မရွိဘူးတဲ့ တဖက္သတ္ အပစ္အခတ္ ရပ္စဲထားေၾကာင္းနဲ႔ ႀကိဳတင္ကန႔္သတ္ခ်က္ မထားတဲ့ ေဆြးေႏြးပြဲကို ဖိတ္ၾကားထားပါတယ္။ ဒီဖိတ္ၾကားခ်က္အေပၚမွာ ျပည္သူ႔ပါတီဥကၠ႒ ဦးကိုကိုႀကီးက ဒီဖိတ္ေခၚခ်က္ဟာ အဓိက ဖက္ဒရယ္ေရး ေတာင္းဆိုတဲ့ တိုင္းရင္းသား လက္နက္ကိုင္ေတြအတြက္ ျဖစ္ၿပီး က်န္ ဒီမိုကေရစီေရး ေတာင္းဆိုသူေတြ အတြက္ပါ လမ္းဖြင့္သင့္ေၾကာင္း ေထာက္ျပပါတယ္။ ဒီသတင္းကို ေနျပည္ေတာ္ ေရာက္ရွိေနတဲ့ ဗြီအိုေအျမန္မာပိုင္းရဲ႕သတင္းေထာက္ ကိုမိုးေဇာ္က တင္ျပထားပါတယ္။

၇၅ ႏွစ္ေျမာက္ စိန္ရတု ျပည္ေထာင္စုေန႔ အခမ္းအနားကို ေနျပည္ေတာ္မွာ က်င္းပခဲ့ၿပီး ျမန္မာျပည္ ၿငိမ္းခ်မ္းေရးနဲ႔ ပတ္သက္လို႔ စစ္ေကာင္စီဥကၠ႒ ဗုိလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္က အခုလို ထည့္သြင္း ေျပာၾကားပါတယ္။

“ျပည္တြင္းလက္နက္ကိုင္ ပဋိပကၡမ်ား ခ်ဳပ္ၿငိမ္းေရး၊ ေရရွည္တည္တံ့ခုိင္ၿမဲတဲ့ ထာဝရၿငိမ္းခ်မ္းေရး တည္ေဆာက္ႏိုင္ေရးတို႔အတြက္ ေဆာင္ရြက္ၾကရပါမယ္။ ဒါေတြကို ေဆာင္ရြက္ႏိုင္ဖို႔ အစိုးရနဲ႔ တပ္မေတာ္အေနနဲ႔ ျမန္မာ့ၿငိမ္းခ်မ္းေရးျဖစ္စဥ္ သမုိင္းမွာ တခါမွ မရိွခဲ့ဘူးတဲ့ လုိက္ေလ်ာကမ္းလွမ္းခ်က္ ႏွစ္ခုကို က်ေနာ္တုိ႔ ေဆာင္ရြက္ခဲ့ပါတယ္။ တစ္ကေတာ့ တဖက္သတ္ ပစ္ခတ္တိုက္ခုိက္မႈ ရပ္စဲေပးျခင္းနဲ႔ ႏွစ္ကေတာ့ ထာဝရၿငိမ္းခ်မ္းေရးကို ဦးတည္ၿပီး ႀကိဳတင္ကန္႔သတ္ခ်က္ မထားတဲ့ ၿငိမ္းခ်မ္းေရး ေဆြးေႏြးပဲြ ျပဳလုပ္ႏုိင္ေရးကို ဖိတ္ၾကားျခင္းပဲ ျဖစ္ပါတယ္။”

တဖက္သတ္ အပစ္အခတ္ရပ္စဲေရးကို ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာလ ၂၁ ရက္ကစၿပီး ယခုအခ်ိန္ထိ ေဆာင္ရြက္ေနေၾကာင္းနဲ႔ ဒီလ ၆ ရက္ေန႔မွာလည္း ထာဝရၿငိမ္းခ်မ္းေရးနဲ႔ စိန္ရတု ျပည္ေထာင္စုေန႔ အခမ္းအနားအတြက္ ဖိတ္ေခၚခဲ့ေၾကာင္း ထည့္သြင္း ေျပာၾကားပါတယ္။

စိန္ရတု ျပည္ေထာင္စုေန႔ အခမ္းအနားကို NCA လက္မွတ္ေရးထုိးထားတဲ့ တုိင္းရင္းသား လက္နက္ကိုင္အဖဲြ႔ ၇ ဖဲြ႔နဲ႔ မေရးထုိးေသးတဲ့အဖဲြ႔ ၄ ဖဲြ႔ တက္ေရာက္ခဲ့သလို က်န္သူေတြကို ဖိတ္ေခၚေၾကာင္းလည္း အခုလို ဆက္လက္ေျပာပါတယ္။

“ဒီေန႔အခမ္းအနားကိုလည္း NCA လက္မွတ္ေရးထုိးထားတဲ့ တုိင္းရင္းသား လက္နက္ကိုင္အဖဲြ႔အစည္း ၇ ဖဲြ႔နဲ႔ NCA လက္မွတ္ မေရးထိုးရေသးတဲ့ တုိင္းရင္းသား လက္နက္ကိုင္အဖဲြ႔ ၄ ဖဲြ႔ တက္ေရာက္လ်က္ရိွေနပါတယ္။ ဒီလို တုိင္းရင္းသား ျပည္သူလူထုအက်ိဳးကို ဦးထိပ္ထားတဲ့ အဖဲြ႔အစည္းမ်ား အားလံုး ျပည္ေထာင္စု ျမန္မာႏုိင္ငံေတာ္ အစိုးရက ေက်းဇူးတင္ရိွပါတယ္။ က်ေနာ္တုိ႔အားလံုး ၿငိမ္းခ်မ္းေရးပန္းတုိင္ကို ေဆြးေႏြးညိႇႏိႈင္း အေျဖရွာျခင္းဆုိတဲ့ ဒီမုိကေရစီက်င့္စဥ္နဲ႔အညီ ဆက္သြားၾကပါမယ္။ လက္ခံသူမ်ားအားလံုး ပါဝင္ႏုိင္ဖုိ႔ကိုလည္း ဖိတ္ေခၚထားပါတယ္။”

ျပည္သူ႔ပါတီဥကၠ႒ ဦးကိုကိုႀကီးကေတာ့ ၿငိမ္းခ်မ္းေရးေဆြးေႏြးပဲြ ဖိတ္ေခၚတာကို ႀကိဳဆုိေၾကာင္း ေျပာပါတယ္။

ဆက္လက္ၿပီး ျမန္မာျပည္ရဲ႕ ၿငိမ္းခ်မ္းေရးျဖစ္စဥ္မွာ ေႏြဦးေတာ္လွန္ေရးကာလ မတုိင္မီက တိုင္းရင္းသား လက္နက္ကိုင္ေတြ ေတာင္းဆိုမႈဟာ အဓိက ဖက္ဒရယ္အေရးျဖစ္ၿပီး ေႏြဦးေတာ္လွန္ေရးဟာ ဒီမုိကေရစီေရးျဖစ္ေၾကာင္း၊ ဒီအေရးႏွစ္ခု ပူးတဲြေျဖရွင္းဖို႔ လုိအပ္ေၾကာင္း ေထာက္ျပပါတယ္။

“ႏိုင္ငံေရးမွာ ကာလတခုနဲ႔တခု မတူဘူးေပါ့ေနာ္။ ေႏြဦးေတာ္လွန္ေရး မတိုင္ခင္တုန္းကေတာ့ အဓိက လက္နက္ကိုင္ပဋိပကၡဆိုတာ EAO ေတြနဲ႔ပဲရိွတာ။ EAO ေတြရဲ႕ အေျခခံက တကယ္က ဖက္ဒရယ္ပဲ။ ဝါဒေရးရာအရ လက္နက္ကိုင္တဲ့ ကြန္ျမဴနစ္ပါတီက အခုခ်ိန္မွာ ေျပာရရင္ လက္နက္ကိုင္လႈပ္ရွားမႈ မရိွသေလာက္ ျဖစ္သြားၿပီ။ အဲေတာ့ ရိွေနတဲ့ EAO ေတြက တန္းတူညီမွ်ေရး၊ ဖက္ဒရယ္အေရးေပၚမွာ မူတည္ၿပီးေတာ့ ျဖစ္တာ။ ေႏြဦးေတာ္လွန္ေရးက်ေတာ့ အဓိက ဒီမုိကေရစီေရး၊ မဲဆႏၵေတြ အလဟႆ ျဖစ္သြားတယ္၊ ပယ္ဖ်က္ခံရတယ္ဆိုတဲ့ အေပၚမွာ မူတည္ၿပီးေတာ့ ေပါက္ကဲြၾကတာျဖစ္ေတာ့ ဒီမုိကေရစီနဲ႔ ဖက္ဒရယ္က တဲြၿပီး ေျဖရွင္းရမယ္လုိ႔ ျမင္တယ္။ ေနာက္တခုကေတာ့ အခုကာလမွ EAO ေတြအျပင္ကို ဇာတ္ေကာင္အသစ္ေတြ ေပၚလာၿပီ။ အဲေတာ့ Player အသစ္ေတြကို က်ေနာ္တုိ႔ ဖယ္ၿပီး စဥ္းစားလုိ႔ေတာ့ မရဘူး။ အဲေတာ့ သူတို႔နဲ႔ပတ္သက္တဲ့ အေၾကာင္းရင္းကိုလည္း ေျဖရွင္းမွ အခုျဖစ္ေနတဲ့ လက္နက္ကိုင္ပဋိပကၡေတြ ေျဖရွင္းႏိုင္မယ္လုိ႔ ျမင္ပါတယ္။”

လက္ရိွအေျခအေနမွာ စစ္ေကာင္စီနဲ႔ အမ်ိဳးသားညီညြတ္ေရးအစိုးရ (NUG) နဲ႔ ျပည္သူ႔ကာကြယ္ေရးတပ္ (PDF) ေတြအၾကားမွာ ပဋိပကၡ ျပင္းထန္ေနေပမယ့္ ေတြ႔ဆံုေဆြးေႏြးေရးကို လမ္းဖြင့္ထားသင့္ေၾကာင္း အခုလို ေျပာပါတယ္။

“က်ေနာ္တုိ႔ ျမင္တာကေတာ့ ႏိုင္ငံေရးဆုိတာ စကားေျပာရတာပဲ။ စကားေျပာလုိ႔ အဆင္မေျပလို႔ လက္နက္ကိုင္ၾကတာ။ ဆုိေတာ့ လက္နက္ကိုင္ရင္းနဲ႔ တေယာက္နဲ႔တေယာက္ အျပဳတ္မတုိက္ႏုိင္ဘူးဆိုတာ ျဖစ္လာၾကရင္ စကားျပန္ေျပာၾကတာေပါ့ေနာ္။ ဒါေၾကာင့္မို႔လို႔ အပိတ္ေတြေျပာတာေတာ့ မေကာင္းဘူး။ လံုးဝ ေတြ႔ဆံုေဆြးေႏြးေရးကို လက္မခံဘူးက လမ္းကို အေသပိတ္လိုက္သလို ျဖစ္သြားတာ။ ဒါေၾကာင့္ က်ေနာ္တုိ႔က ထိေတြ႔ဆက္ဆံမႈ ေဆြးေႏြးဖို႔ ဆိုတာကေတာ့ လမ္းဖြင့္ထားဖုိ႔ လိုတယ္။ ပဋိပကၡ ျပင္းထန္ေနတဲ့အခ်ိန္မွာ အေျဖမထြက္ေသးဘူး ဆုိရင္ေတာင္မွ ေတြ႔ဆံုေဆြးေႏြးဖို႔ လမ္းေၾကာင္းကေတာ့ ရိွထားဖုိ႔ လိုအပ္တယ္လုိ႔ ျမင္ပါတယ္။”

လာမယ့္ တနဂၤေႏြေန႔မွာေတာ့ ျပည္ေထာင္စုေန႔ အခမ္းအနားကို တက္ေရာက္လာတဲ့ တုိင္းရင္းသား လက္နက္ကိုင္အဖဲြ႔ေတြနဲ႔ ထာဝရၿငိမ္းခ်မ္းေရး အႀကိဳေဆြးေႏြးဖုိ႔ ရိွေနပါတယ္။ ဒီေဆြးေႏြးပဲြမွာေတာ့ တိုင္းရင္းသား လက္နက္ကိုင္အဖဲြ႔ေတြ အေနနဲ႔ စစ္ေကာင္စီဘက္က တင္ျပတဲ့ သတင္းစကားေတြကို ဆံုးျဖတ္ခ်က္ေပးႏိုင္တဲ့ ေခါင္းေဆာင္ေတြကို သယ္ယူေပးသြားဖို႔ ညိႇႏိႈင္းတာေတြ ရိွေနပါတယ္။

တက္ေရာက္လာတဲ့ တုိင္းရင္းသား လက္နက္ကိုင္အဖဲြ႔ဝင္ အခ်ိဳ႕ကေတာ့ ျပည္ေထာင္စုေန႔ အခမ္းအနားကို တက္ေရာက္ၿပီး ၿငိမ္းခ်မ္းေရး ေဆြးေႏြးပဲြကိုေတာ့ တက္ေရာက္မွာ မဟုတ္ေၾကာင္း ေျပာဆုိထားတာေတြ ရိွေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------

(Unicode)

ကြိုတင်သတ်မှတ်ချက်မထား ငြိမ်းချမ်းရေးဆွေးနွေးဖို့ စစ်ကောင်စီ ဖိတ်ခေါ်

၇၅ နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနားမှာ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထာဝရငြိမ်းချမ်းရေး ရရှိဖို့အတွက် မြန်မာ့ငြိမ်းချမ်းရေးသမိုင်းမှာ တခါမှ မရှိဘူးတဲ့ တဖက်သတ် အပစ်အခတ် ရပ်စဲထားကြောင်းနဲ့ ကြိုတင်ကန့်သတ်ချက် မထားတဲ့ ဆွေးနွေးပွဲကို ဖိတ်ကြားထားပါတယ်။ ဒီဖိတ်ကြားချက်အပေါ်မှာ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ဒီဖိတ်ခေါ်ချက်ဟာ အဓိက ဖက်ဒရယ်ရေး တောင်းဆိုတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအတွက် ဖြစ်ပြီး ကျန် ဒီမိုကရေစီရေး တောင်းဆိုသူတွေ အတွက်ပါ လမ်းဖွင့်သင့်ကြောင်း ထောက်ပြပါတယ်။ ဒီသတင်းကို နေပြည်တော် ရောက်ရှိနေတဲ့ ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

၇၅ နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနားကို နေပြည်တော်မှာ ကျင်းပခဲ့ပြီး မြန်မာပြည် ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အခုလို ထည့်သွင်း ပြောကြားပါတယ်။

“ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရေး၊ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ထာဝရငြိမ်းချမ်းရေး တည်ဆောက်နိုင်ရေးတို့အတွက် ဆောင်ရွက်ကြရပါမယ်။ ဒါတွေကို ဆောင်ရွက်နိုင်ဖို့ အစိုးရနဲ့ တပ်မတော်အနေနဲ့ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ် သမိုင်းမှာ တခါမှ မရှိခဲ့ဘူးတဲ့ လိုက်လျောကမ်းလှမ်းချက် နှစ်ခုကို ကျနော်တို့ ဆောင်ရွက်ခဲ့ပါတယ်။ တစ်ကတော့ တဖက်သတ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲပေးခြင်းနဲ့ နှစ်ကတော့ ထာဝရငြိမ်းချမ်းရေးကို ဦးတည်ပြီး ကြိုတင်ကန့်သတ်ချက် မထားတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြုလုပ်နိုင်ရေးကို ဖိတ်ကြားခြင်းပဲ ဖြစ်ပါတယ်။”

တဖက်သတ် အပစ်အခတ်ရပ်စဲရေးကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်ကစပြီး ယခုအချိန်ထိ ဆောင်ရွက်နေကြောင်းနဲ့ ဒီလ ၆ ရက်နေ့မှာလည်း ထာဝရငြိမ်းချမ်းရေးနဲ့ စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနားအတွက် ဖိတ်ခေါ်ခဲ့ကြောင်း ထည့်သွင်း ပြောကြားပါတယ်။

စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနားကို NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့နဲ့ မရေးထိုးသေးတဲ့အဖွဲ့ ၄ ဖွဲ့ တက်ရောက်ခဲ့သလို ကျန်သူတွေကို ဖိတ်ခေါ်ကြောင်းလည်း အခုလို ဆက်လက်ပြောပါတယ်။

“ဒီနေ့အခမ်းအနားကိုလည်း NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၇ ဖွဲ့နဲ့ NCA လက်မှတ် မရေးထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၄ ဖွဲ့ တက်ရောက်လျက်ရှိနေပါတယ်။ ဒီလို တိုင်းရင်းသား ပြည်သူလူထုအကျိုးကို ဦးထိပ်ထားတဲ့ အဖွဲ့အစည်းများ အားလုံး ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရက ကျေးဇူးတင်ရှိပါတယ်။ ကျနော်တို့အားလုံး ငြိမ်းချမ်းရေးပန်းတိုင်ကို ဆွေးနွေးညှိနှိုင်း အဖြေရှာခြင်းဆိုတဲ့ ဒီမိုကရေစီကျင့်စဉ်နဲ့အညီ ဆက်သွားကြပါမယ်။ လက်ခံသူများအားလုံး ပါဝင်နိုင်ဖို့ကိုလည်း ဖိတ်ခေါ်ထားပါတယ်။”

ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးကတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖိတ်ခေါ်တာကို ကြိုဆိုကြောင်း ပြောပါတယ်။

ဆက်လက်ပြီး မြန်မာပြည်ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ နွေဦးတော်လှန်ရေးကာလ မတိုင်မီက တိုင်းရင်းသား လက်နက်ကိုင်တွေ တောင်းဆိုမှုဟာ အဓိက ဖက်ဒရယ်အရေးဖြစ်ပြီး နွေဦးတော်လှန်ရေးဟာ ဒီမိုကရေစီရေးဖြစ်ကြောင်း၊ ဒီအရေးနှစ်ခု ပူးတွဲဖြေရှင်းဖို့ လိုအပ်ကြောင်း ထောက်ပြပါတယ်။

“နိုင်ငံရေးမှာ ကာလတခုနဲ့တခု မတူဘူးပေါ့နော်။ နွေဦးတော်လှန်ရေး မတိုင်ခင်တုန်းကတော့ အဓိက လက်နက်ကိုင်ပဋိပက္ခဆိုတာ EAO တွေနဲ့ပဲရှိတာ။ EAO တွေရဲ့ အခြေခံက တကယ်က ဖက်ဒရယ်ပဲ။ ဝါဒရေးရာအရ လက်နက်ကိုင်တဲ့ ကွန်မြူနစ်ပါတီက အခုချိန်မှာ ပြောရရင် လက်နက်ကိုင်လှုပ်ရှားမှု မရှိသလောက် ဖြစ်သွားပြီ။ အဲတော့ ရှိနေတဲ့ EAO တွေက တန်းတူညီမျှရေး၊ ဖက်ဒရယ်အရေးပေါ်မှာ မူတည်ပြီးတော့ ဖြစ်တာ။ နွေဦးတော်လှန်ရေးကျတော့ အဓိက ဒီမိုကရေစီရေး၊ မဲဆန္ဒတွေ အလဟဿ ဖြစ်သွားတယ်၊ ပယ်ဖျက်ခံရတယ်ဆိုတဲ့ အပေါ်မှာ မူတည်ပြီးတော့ ပေါက်ကွဲကြတာဖြစ်တော့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်က တွဲပြီး ဖြေရှင်းရမယ်လို့ မြင်တယ်။ နောက်တခုကတော့ အခုကာလမှ EAO တွေအပြင်ကို ဇာတ်ကောင်အသစ်တွေ ပေါ်လာပြီ။ အဲတော့ Player အသစ်တွေကို ကျနော်တို့ ဖယ်ပြီး စဉ်းစားလို့တော့ မရဘူး။ အဲတော့ သူတို့နဲ့ပတ်သက်တဲ့ အကြောင်းရင်းကိုလည်း ဖြေရှင်းမှ အခုဖြစ်နေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေ ဖြေရှင်းနိုင်မယ်လို့ မြင်ပါတယ်။”

လက်ရှိအခြေအနေမှာ စစ်ကောင်စီနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေအကြားမှာ ပဋိပက္ခ ပြင်းထန်နေပေမယ့် တွေ့ဆုံဆွေးနွေးရေးကို လမ်းဖွင့်ထားသင့်ကြောင်း အခုလို ပြောပါတယ်။

“ကျနော်တို့ မြင်တာကတော့ နိုင်ငံရေးဆိုတာ စကားပြောရတာပဲ။ စကားပြောလို့ အဆင်မပြေလို့ လက်နက်ကိုင်ကြတာ။ ဆိုတော့ လက်နက်ကိုင်ရင်းနဲ့ တယောက်နဲ့တယောက် အပြုတ်မတိုက်နိုင်ဘူးဆိုတာ ဖြစ်လာကြရင် စကားပြန်ပြောကြတာပေါ့နော်။ ဒါကြောင့်မို့လို့ အပိတ်တွေပြောတာတော့ မကောင်းဘူး။ လုံးဝ တွေ့ဆုံဆွေးနွေးရေးကို လက်မခံဘူးက လမ်းကို အသေပိတ်လိုက်သလို ဖြစ်သွားတာ။ ဒါကြောင့် ကျနော်တို့က ထိတွေ့ဆက်ဆံမှု ဆွေးနွေးဖို့ ဆိုတာကတော့ လမ်းဖွင့်ထားဖို့ လိုတယ်။ ပဋိပက္ခ ပြင်းထန်နေတဲ့အချိန်မှာ အဖြေမထွက်သေးဘူး ဆိုရင်တောင်မှ တွေ့ဆုံဆွေးနွေးဖို့ လမ်းကြောင်းကတော့ ရှိထားဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။”

လာမယ့် တနင်္ဂနွေနေ့မှာတော့ ပြည်ထောင်စုနေ့ အခမ်းအနားကို တက်ရောက်လာတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ထာဝရငြိမ်းချမ်းရေး အကြိုဆွေးနွေးဖို့ ရှိနေပါတယ်။ ဒီဆွေးနွေးပွဲမှာတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အနေနဲ့ စစ်ကောင်စီဘက်က တင်ပြတဲ့ သတင်းစကားတွေကို ဆုံးဖြတ်ချက်ပေးနိုင်တဲ့ ခေါင်းဆောင်တွေကို သယ်ယူပေးသွားဖို့ ညှိနှိုင်းတာတွေ ရှိနေပါတယ်။

တက်ရောက်လာတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဝင် အချို့ကတော့ ပြည်ထောင်စုနေ့ အခမ်းအနားကို တက်ရောက်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲကိုတော့ တက်ရောက်မှာ မဟုတ်ကြောင်း ပြောဆိုထားတာတွေ ရှိနေပါတယ်။

XS
SM
MD
LG