သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ေကာင္စီရဲ႕ ၿငိမ္းခ်မ္းေရး အႀကိဳေဆြးေႏြးပြဲ အလားအလာ ေမးျမန္းခ်က္


ရခိုင္ျပည္လြတ္ေျမာက္ေရးအဖြဲ႔ (ALP) ဒုဥကၠ႒ ေဒၚေစာျမရာဇာလင္း။ (မွတ္တမ္း႐ုပ္ပုံ)

(Zawgyi / Unicode)

၇၅ ႏွစ္ေျမာက္ စိန္ရတု ျပည္ေထာင္စုေန႔ အခမ္းအနားနဲ႔အတူ က်င္းပမယ့္ ထာဝရၿငိမ္းခ်မ္းေရး အႀကိဳညႇိႏႈိင္းေဆြးေႏြးပြဲကို စစ္ေကာင္စီက အၾကမ္းဖက္အဖြဲ႔အျဖစ္ ေၾကညာထားတဲ့ အဖြဲ႔ေတြကလြဲလို႔ NCA လက္မွတ္ေရးထိုးထားတဲ့ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႔ေတြေရာ၊ မေရးထိုးတဲ့ အဖြဲ႔ေတြကိုပါ ဖိတ္ၾကားထားတာပါ။ ဒီလိုဖိတ္ၾကားတာကို တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႔ ၉ ဖြဲ႔ေလာက္ တက္ေရာက္ခဲ့ၿပီး တခ်ိဳ႕ကေတာ့ ျပည္ေထာင္စုေန႔ အခမ္းအနားကိုသာ တက္ေရာက္ၿပီး ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲကို မတက္ေရာက္ဘူးလို႔ ေျပာဆိုတာေတြ ရွိေနပါတယ္။

ဒီလ ၁၃ ရက္ေန႔ ေနျပည္ေတာ္ MICC ခန္းမမွာ က်င္းပမယ့္ ထာဝရၿငိမ္းခ်မ္းေရး အႀကိဳညႇိႏႈိင္းေဆြးေႏြးပြဲရဲ႕ အစီအစဥ္ေတြ ဘယ္လိုရွိသလဲ ဆိုတာကို ေနျပည္ေတာ္ကို ေရာက္ရွိေနတဲ့ ဗြီအိုေအသတင္းေထာက္ ဦးမိုးေဇာ္က ေမးျမန္းတဲ့အခါ ရခိုင္ျပည္လြတ္ေျမာက္ေရးအဖြဲ႔ (ALP) ရဲ႕ ဒုဥကၠ႒ ေဒၚေစာျမရာဇာလင္းက အခုလို ေျဖၾကားပါတယ္။

“ဟုတ္ကဲ့၊ စာကိုၾကည့္လုိက္တဲ့ အခါမွာေတာ့ အႀကီးႀကီးပုံစံမ်ဳိး လူေတြက ျမင္သြားၾကတယ္။ က်မတို႔ ဒီေန႔ နစကဘက္က တာဝန္ရွိတဲ့ ပုဂၢိဳလ္ေတြနဲ႔ ေတြ႔ဆုံၿပီး စကားေျပာၾကည့္လုိက္တဲ့အခါမွာ ေပါ့ေပါ့ပါးပါးပါပဲ။ အဓိကေတာ့ က်မတို႔ကုိ MICC မွာေတြ႔မယ္။ ေတြ႔တဲ့အခါမွာ သူတုိ႔ဘက္က တင္ျပစရာေတြကို က်မတုိ႔ကို ေျပာျပမယ္။ ေျပာျပၿပီးေတာ့ ေမးစရာေတြရွိတာ ေျပာစရာေတြရွိတာကို လြတ္လြတ္လပ္လပ္ပဲ ေျပာၾကပါ။ ဥပမာ တခ်ဳိ႕အဖြဲ႔အစည္းေတြဆုိရင္ ေတာင္၊ ေျမာက္ ဆုံးျဖတ္ပုိင္ခြင့္မရွိဘူး၊ အဲဒီလိုမ်ဳိး တက္လာတဲ့ပုဂၢိဳလ္္ေတြဆိုရင္ ျပႆနာ မရွိဘူးေပါ့။ သူတုိ႔ေတြက မိခင္အဖြဲ႔အစည္းေတြကို ဒီကေျပာတဲ့ စကားေတြကို သယ္သြားပါ။ ေမးစရာေတြရွိရင္လည္း အခမ္းအနားမွာ ပြင့္ပြင့္လင္းလင္း ေမးၾကပါ။ ဒါမ်ဳိးေတြကို က်မတို႔ကုိ ရွင္းျပတာ ရွိပါတယ္။ က်မတို႔ကေတာ့ ဒီဖိတ္စာရဲ႕ ေခါင္းစဥ္ႀကီးကို ၾကည့္ၿပီးေတာ့မွ အမ်ားႀကီး အျပင္မွာပ်ံ႕ေနတဲ့ ပုံစံမ်ဳိးနဲ႔စာရင္ေတာ့ ေပါ့ေပါ့ပါးပါး လကၡဏာမ်ဳိးေတြ အမ်ားႀကီး ေတြ႔ရပါတယ္။”

ဦးမိုးေဇာ္ - က်ေနာ္တို႔ မေန႔ကအထိ ေမးျမန္းၾကည့္တဲ့အခါမွာ ဒီေန႔ အခမ္းအနားကို တက္ေရာက္လာတဲ့ တုိင္းရင္းသား လက္နက္ကုိင္ အဖြဲ႔ေတြထဲမွာဆုိရင္ တခ်ဳိ႕ေတြက ျပည္ေထာင္စုေန႔ အခမ္းအနားကို တက္မယ္၊ ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲကိုေတာ့ မတက္ေရာက္ဘူး ဆုိတဲ့ဟာမ်ဳိးေတြလည္း ေျပာသံေတြ ၾကားပါတယ္။ အခု ေရာက္ရွိေနတဲ့ သူေတြထဲမွာ ၁၃ ရက္ေန႔မွာ က်င္းပမယ့္ ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲမွာေရာ တက္ေရာက္မယ့္ အလားအလာေတြက ဘယ္လုိမ်ဳိး ရွိေနပါသလဲ။

ေဒၚေစာျမရာဇာလင္း - “က်မတုိ႔ကေတာ့ ေပါ့ေပါ့ပါးပါး ပုံစံမ်ဳိးနဲ႔ ႐ုိး႐ိုးေလးပဲ ရွင္းျပတယ္ဆုိတဲ့ အေနအထားမွာေတာ့ တက္ၾကမယ့္သေဘာရွိတယ္၊ တက္ၾကလိမ့္မယ္လို႔ က်မထင္ပါတယ္။ ျငင္းဆန္တဲ့ပုံစံမ်ဳိးေတာ့ က်မတုိ႔ မေတြ႔ရပါဘူး။ ႀကီးႀကီးက်ယ္က်ယ္ရယ္လို႔လည္း မဟုတ္ပါဘူး၊ ဒီကေျပာတဲ့ စကားေတြရွိမယ္၊ ကိုယ့္ဘက္က အျပန္အလွန္ ေျပာတာရွိမယ္။ ၿပီးရင္ တဖြဲ႔ခ်င္းစီ ေဆြးေႏြးၾကတာ ရွိမယ္ေပါ့ေလ။ တဦးခ်င္းစီလည္း ေျပာၾက ဆုိၾကမွာေပါ့ေလ။ တေယာက္အဖြဲ႔နဲ႔ တေယာက္အဖြဲ႔ မတူဘူး။ မတူတဲ့အေပၚမွာ ကိုယ္က ဘယ္လိုထင္လဲ၊ ဘယ္လို ေဆြးေႏြးခ်င္လဲ၊ ဒါမ်ဳိးေတြလဲ ရွိတယ္ဆုိတာ က်မ သိရတာေပါ့။”

ဦးမုိးေဇာ္ - အခု တက္ေရာက္လာတဲ့ အဖြဲ႔အစည္းေတြ ဘယ္ေလာက္ေရာက္ၿပီလို႔ ေျပာလုိ႔ရမလဲခင္ဗ်။ တုိင္းရင္းသား လက္နက္ကုိင္ေတြထဲက။

ေဒၚေစာျမရာဇာလင္း - “က်မသိရသေလာက္ေတာ့ က်မကေတာ့ အားလုံးကိုေတာ့ ဘယ္အဖြဲ႔ ဘယ္အဖြဲ႔ ဆုိတာေတာ့ မမွတ္ႏုိင္ခဲ့ဘူး။ အဓိကေတာ့ က်မတုိ႔အဖြဲ႔ရွိတယ္၊ ေနာက္ KNU/KNLA (PC) ရွိတယ္၊ DKBA ရွိတယ္၊ ေနာက္ RCSS က ေရာက္တာရွိတယ္၊ လားဟူက ေရာက္တာရွိတယ္၊ ၿပီးေတာ့ SSPP ကလည္း ေရာက္တာ ေတြ႔ပါတယ္။ တခ်ဳိ႕လူေတြ က်မ မမွတ္မိတာေတြလည္း ရွိပါတယ္။ တခ်ဳိ႕လူေတြလည္း လာေနဆဲဆုိတာ သိရပါတယ္။ ဘယ္သူဘယ္ဝါဆုိတာေတာ့ က်မ ေျပာပုိင္ခြင့္ မရွိပါဘူး။”

ဦးမုိးေဇာ္ - ေနာက္ဆုံးေမးခြန္းတခုအေနနဲ႔ ဒီ ထာဝရၿငိမ္းခ်မ္းေရး အႀကိဳေဆြးေႏြးပြဲကို တက္ေရာက္လာတာ ဘယ္လိုေမွ်ာ္လင့္ခ်က္ေတြ၊ ဘယ္လိုရည္ရြယ္ခ်က္ေတြ ရွိလုိ႔ တက္ေရာက္လာတယ္လို႔မ်ား ေျပာႏုိင္မလဲ။

ေဒၚေစာျမရာဇာလင္း - “အဓိက အခမ္းအနားမွာ က်မတို႔ေျပာရမယ့္ စကားေတြဆုိရင္ေတာ့ က်မတုိ႔ၿငိမ္းခ်မ္းေရးနဲ႔ က်မတုိ႔သြားတယ္၊ NCA ကုိ က်မတုိ႔ လက္မွတ္ထုိးလာခဲ့တယ္၊ NCA အခ်က္ေတြေပၚမွာလည္း က်မတုိ႔ကေတာ့ ဒီေန႔အထိ NCA က တည္ရွိေနဆဲျဖစ္တယ္။ ဒီစကားကုိလည္း က်မတုိ႔ကေတာ့ အဓိက လက္ကုိင္ထားတယ္လို႔ ေတြးတယ္။ ေနာက္ၿပီးေတာ့ က်မတုိ႔က ၿငိမ္းခ်မ္းေရးကုိ သြားတဲ့အခါမွာ ဒီ့ထက္ေကာင္းမြန္တဲ့ လမ္းေၾကာင္းေတြက ဘယ္လိုရွိလဲ၊ ေကာင္းမြန္တဲ့ လမ္းေၾကာင္းေတြ ပုံေပၚလာႏုိင္သလား၊ အဲဒါေတြကိုလည္း က်မတုိ႔က အမ်ားႀကီး သေဘာထား အျမင္ေတြကို ေလ့လာၾကည့္ဖုိ႔လိုတယ္။ ေနာက္ၿပီးေတာ့ အဓိက အေရးႀကီးတာကေတာ့ က်မတုိ႔ ေမွ်ာ္မွန္းေနတဲ့ အမ်ဳိးသားရပုိင္ခြင့္၊ အမ်ဳိးသားတရပ္လုံးရဲ႕ တန္းတူအခြင့္အေရး ရရွိဖုိ႔၊ ကုိယ္ပုိင္ အမ်ဳိးသား တန္းတူေရးနဲ႔ ကုိယ္ပုိင္ျပ႒ာန္းခြင့္ေတြ ရရွိဖို႔အတြက္ေတာ့ အတတ္ႏုိင္ဆုံး နည္းလမ္းေကာင္းေတြကို က်မတုိ႔ ရွာႀကံဖို႔လုိတယ္။ အဲဒီလမ္းေၾကာင္းေတြကို ရွာႀကံၿပီးတဲ့အခါမွာ က်မတို႔က ေန႔တုိင္း ေဆြးေႏြးေနဖုိ႔လိုတယ္၊ ၿပီးေတာ့ ေျပာေနဖို႔လိုတယ္။ ဒါဟာ က်မတုိ႔ရဲ႕ အဓိကအလုပ္ပဲလို႔ ေျပာခ်င္ပါတယ္။”

တိုက္႐ိုက္ လင့္ခ္

-----------------------

(Unicode)

စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေး အကြိုဆွေးနွေးပွဲ အလားအလာ မေးမြန်းချက်

၇၅ နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနားနဲ့အတူ ကျင်းပမယ့် ထာဝရငြိမ်းချမ်းရေး အကြိုညှိနှိုင်းဆွေးနွေးပွဲကို စစ်ကောင်စီက အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားတဲ့ အဖွဲ့တွေကလွဲလို့ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရော၊ မရေးထိုးတဲ့ အဖွဲ့တွေကိုပါ ဖိတ်ကြားထားတာပါ။ ဒီလိုဖိတ်ကြားတာကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၉ ဖွဲ့လောက် တက်ရောက်ခဲ့ပြီး တချို့ကတော့ ပြည်ထောင်စုနေ့ အခမ်းအနားကိုသာ တက်ရောက်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို မတက်ရောက်ဘူးလို့ ပြောဆိုတာတွေ ရှိနေပါတယ်။

ဒီလ ၁၃ ရက်နေ့ နေပြည်တော် MICC ခန်းမမှာ ကျင်းပမယ့် ထာဝရငြိမ်းချမ်းရေး အကြိုညှိနှိုင်းဆွေးနွေးပွဲရဲ့ အစီအစဉ်တွေ ဘယ်လိုရှိသလဲ ဆိုတာကို နေပြည်တော်ကို ရောက်ရှိနေတဲ့ ဗွီအိုအေသတင်းထောက် ဦးမိုးဇော်က မေးမြန်းတဲ့အခါ ရခိုင်ပြည်လွတ်မြောက်ရေးအဖွဲ့ (ALP) ရဲ့ ဒုဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက အခုလို ဖြေကြားပါတယ်။

“ဟုတ်ကဲ့၊ စာကိုကြည့်လိုက်တဲ့ အခါမှာတော့ အကြီးကြီးပုံစံမျိုး လူတွေက မြင်သွားကြတယ်။ ကျမတို့ ဒီနေ့ နစကဘက်က တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံပြီး စကားပြောကြည့်လိုက်တဲ့အခါမှာ ပေါ့ပေါ့ပါးပါးပါပဲ။ အဓိကတော့ ကျမတို့ကို MICC မှာတွေ့မယ်။ တွေ့တဲ့အခါမှာ သူတို့ဘက်က တင်ပြစရာတွေကို ကျမတို့ကို ပြောပြမယ်။ ပြောပြပြီးတော့ မေးစရာတွေရှိတာ ပြောစရာတွေရှိတာကို လွတ်လွတ်လပ်လပ်ပဲ ပြောကြပါ။ ဥပမာ တချို့အဖွဲ့အစည်းတွေဆိုရင် တောင်၊ မြောက် ဆုံးဖြတ်ပိုင်ခွင့်မရှိဘူး၊ အဲဒီလိုမျိုး တက်လာတဲ့ပုဂ္ဂိုလ်တွေဆိုရင် ပြဿနာ မရှိဘူးပေါ့။ သူတို့တွေက မိခင်အဖွဲ့အစည်းတွေကို ဒီကပြောတဲ့ စကားတွေကို သယ်သွားပါ။ မေးစရာတွေရှိရင်လည်း အခမ်းအနားမှာ ပွင့်ပွင့်လင်းလင်း မေးကြပါ။ ဒါမျိုးတွေကို ကျမတို့ကို ရှင်းပြတာ ရှိပါတယ်။ ကျမတို့ကတော့ ဒီဖိတ်စာရဲ့ ခေါင်းစဉ်ကြီးကို ကြည့်ပြီးတော့မှ အများကြီး အပြင်မှာပျံ့နေတဲ့ ပုံစံမျိုးနဲ့စာရင်တော့ ပေါ့ပေါ့ပါးပါး လက္ခဏာမျိုးတွေ အများကြီး တွေ့ရပါတယ်။”

ဦးမိုးဇော် - ကျနော်တို့ မနေ့ကအထိ မေးမြန်းကြည့်တဲ့အခါမှာ ဒီနေ့ အခမ်းအနားကို တက်ရောက်လာတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေထဲမှာဆိုရင် တချို့တွေက ပြည်ထောင်စုနေ့ အခမ်းအနားကို တက်မယ်၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကိုတော့ မတက်ရောက်ဘူး ဆိုတဲ့ဟာမျိုးတွေလည်း ပြောသံတွေ ကြားပါတယ်။ အခု ရောက်ရှိနေတဲ့ သူတွေထဲမှာ ၁၃ ရက်နေ့မှာ ကျင်းပမယ့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာရော တက်ရောက်မယ့် အလားအလာတွေက ဘယ်လိုမျိုး ရှိနေပါသလဲ။

ဒေါ်စောမြရာဇာလင်း - “ကျမတို့ကတော့ ပေါ့ပေါ့ပါးပါး ပုံစံမျိုးနဲ့ ရိုးရိုးလေးပဲ ရှင်းပြတယ်ဆိုတဲ့ အနေအထားမှာတော့ တက်ကြမယ့်သဘောရှိတယ်၊ တက်ကြလိမ့်မယ်လို့ ကျမထင်ပါတယ်။ ငြင်းဆန်တဲ့ပုံစံမျိုးတော့ ကျမတို့ မတွေ့ရပါဘူး။ ကြီးကြီးကျယ်ကျယ်ရယ်လို့လည်း မဟုတ်ပါဘူး၊ ဒီကပြောတဲ့ စကားတွေရှိမယ်၊ ကိုယ့်ဘက်က အပြန်အလှန် ပြောတာရှိမယ်။ ပြီးရင် တဖွဲ့ချင်းစီ ဆွေးနွေးကြတာ ရှိမယ်ပေါ့လေ။ တဦးချင်းစီလည်း ပြောကြ ဆိုကြမှာပေါ့လေ။ တယောက်အဖွဲ့နဲ့ တယောက်အဖွဲ့ မတူဘူး။ မတူတဲ့အပေါ်မှာ ကိုယ်က ဘယ်လိုထင်လဲ၊ ဘယ်လို ဆွေးနွေးချင်လဲ၊ ဒါမျိုးတွေလဲ ရှိတယ်ဆိုတာ ကျမ သိရတာပေါ့။”

ဦးမိုးဇော် - အခု တက်ရောက်လာတဲ့ အဖွဲ့အစည်းတွေ ဘယ်လောက်ရောက်ပြီလို့ ပြောလို့ရမလဲခင်ဗျ။ တိုင်းရင်းသား လက်နက်ကိုင်တွေထဲက။

ဒေါ်စောမြရာဇာလင်း - “ကျမသိရသလောက်တော့ ကျမကတော့ အားလုံးကိုတော့ ဘယ်အဖွဲ့ ဘယ်အဖွဲ့ ဆိုတာတော့ မမှတ်နိုင်ခဲ့ဘူး။ အဓိကတော့ ကျမတို့အဖွဲ့ရှိတယ်၊ နောက် KNU/KNLA (PC) ရှိတယ်၊ DKBA ရှိတယ်၊ နောက် RCSS က ရောက်တာရှိတယ်၊ လားဟူက ရောက်တာရှိတယ်၊ ပြီးတော့ SSPP ကလည်း ရောက်တာ တွေ့ပါတယ်။ တချို့လူတွေ ကျမ မမှတ်မိတာတွေလည်း ရှိပါတယ်။ တချို့လူတွေလည်း လာနေဆဲဆိုတာ သိရပါတယ်။ ဘယ်သူဘယ်ဝါဆိုတာတော့ ကျမ ပြောပိုင်ခွင့် မရှိပါဘူး။”

ဦးမိုးဇော် - နောက်ဆုံးမေးခွန်းတခုအနေနဲ့ ဒီ ထာဝရငြိမ်းချမ်းရေး အကြိုဆွေးနွေးပွဲကို တက်ရောက်လာတာ ဘယ်လိုမျှော်လင့်ချက်တွေ၊ ဘယ်လိုရည်ရွယ်ချက်တွေ ရှိလို့ တက်ရောက်လာတယ်လို့များ ပြောနိုင်မလဲ။

ဒေါ်စောမြရာဇာလင်း - “အဓိက အခမ်းအနားမှာ ကျမတို့ပြောရမယ့် စကားတွေဆိုရင်တော့ ကျမတို့ငြိမ်းချမ်းရေးနဲ့ ကျမတို့သွားတယ်၊ NCA ကို ကျမတို့ လက်မှတ်ထိုးလာခဲ့တယ်၊ NCA အချက်တွေပေါ်မှာလည်း ကျမတို့ကတော့ ဒီနေ့အထိ NCA က တည်ရှိနေဆဲဖြစ်တယ်။ ဒီစကားကိုလည်း ကျမတို့ကတော့ အဓိက လက်ကိုင်ထားတယ်လို့ တွေးတယ်။ နောက်ပြီးတော့ ကျမတို့က ငြိမ်းချမ်းရေးကို သွားတဲ့အခါမှာ ဒီ့ထက်ကောင်းမွန်တဲ့ လမ်းကြောင်းတွေက ဘယ်လိုရှိလဲ၊ ကောင်းမွန်တဲ့ လမ်းကြောင်းတွေ ပုံပေါ်လာနိုင်သလား၊ အဲဒါတွေကိုလည်း ကျမတို့က အများကြီး သဘောထား အမြင်တွေကို လေ့လာကြည့်ဖို့လိုတယ်။ နောက်ပြီးတော့ အဓိက အရေးကြီးတာကတော့ ကျမတို့ မျှော်မှန်းနေတဲ့ အမျိုးသားရပိုင်ခွင့်၊ အမျိုးသားတရပ်လုံးရဲ့ တန်းတူအခွင့်အရေး ရရှိဖို့၊ ကိုယ်ပိုင် အမျိုးသား တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေ ရရှိဖို့အတွက်တော့ အတတ်နိုင်ဆုံး နည်းလမ်းကောင်းတွေကို ကျမတို့ ရှာကြံဖို့လိုတယ်။ အဲဒီလမ်းကြောင်းတွေကို ရှာကြံပြီးတဲ့အခါမှာ ကျမတို့က နေ့တိုင်း ဆွေးနွေးနေဖို့လိုတယ်၊ ပြီးတော့ ပြောနေဖို့လိုတယ်။ ဒါဟာ ကျမတို့ရဲ့ အဓိကအလုပ်ပဲလို့ ပြောချင်ပါတယ်။”

XS
SM
MD
LG