သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ျပည္ေထာင္စုေန႔အခမ္းအနားနဲ႔ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲအေပၚ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔မ်ားရဲ႕ သေဘာထား 


Union Day Artshow

[[Zawgyi/Unicode]]

ေနျပည္ေတာ္မွာက်င္းပမယ့္ ျပည္ေထာင္စုေန႔အခမ္းအနားနဲ႔ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲေတြကို တက္ေရာက္ဖို႔ ဖိတ္ၾကားထားတဲ့ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔ေတြထဲမွာ ျပည္ေထာင္စုေန႔ အခမ္းအနားကို တက္ေရာက္မယ္ဆိုတဲ့ အဖြဲ႔ေတြထဲမွာေတာင္ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲကိုေတာ့ မတက္ဘူးလို႔ ေျပာၾကတာေတြရွိပါတယ္။ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔ေတြရဲ႕ သေဘာထား အသီးသီး ဗီြအိုေအက ဆက္သြယ္ေမးျမန္းလို႔ရသမွ် ရန္ကုန္ကေပးပို႔ထားတာကို ကိုေက်ာ္ေက်ာ္သိန္းက တင္ျပေပးထားပါတယ္။
ေဖေဖာ္ဝါရီလ ၁၂ ရက္ေန႔မွာက်ေရာက္မယ့္ ၇၅ ႏွစ္ျပည့္ စိန္ရတု ျပည္ေထာင္စုေန႔အခမ္းအနား တက္ေရာက္ဖို႔နဲ႔ ဒီမိုကေရစီနဲ႔ ဖက္ဒရယ္စနစ္အေျခခံ ျပည္ေထာင္စုတည္ေဆာက္ႏိုင္ေရးအတြက္ ထာဝရၿငိမ္းခ်မ္းေရး အႀကိဳညႇိႏႈိင္းေဆြးေႏြးပြဲေတြမွာ တက္ေရာက္ဖို႔ဆိုၿပီး စစ္ေကာင္စီက ဒီလ ၆ ရက္ေန႔မွာ ေၾကညာခ်က္ထုတ္ျပန္ ဖိတ္ေခၚခဲ့ပါတယ္။
အၾကမ္းဖက္အဖြဲ႔အျဖစ္ ေၾကညာထားတဲ့အဖြဲ႔ေတြကလဲြလို႔ NCA လက္မွတ္ေရးထုိးထားတဲ့ တိုင္းရင္းသားအဖဲြ႔အစည္းေတြေရာ၊ မထိုးရေသးတဲ့အဖဲြ႔အစည္းေတြပါ အားလုံးကို ထာဝရၿငိမ္းခ်မ္းေရးေဆြးေႏြးပဲြတက္ဖုိ႔ ဖိတ္ေခၚတယ္လို႔ ေျပာၾကားထားပါတယ္။
NCA အပစ္ရပ္စာခ်ဳပ္ လက္မွတ္ထိုးထားတဲ့ ကရင္အမ်ိဳးသားအစည္းအရံုး KNU ရဲ႕ ႏိုင္ငံျခားေရးဌာနတာဝန္ခံ ပဒိုေစာေတာနီး က KNU အေနနဲ႔ တက္မွာမဟုတ္ဘူးလုိ႔ ဗီြအိုေအကိုေျပာပါတယ္။
“ဖိတ္ၾကားမႈကိုေတာ့ က်ေနာ္တုိ႔ ရရိွခဲ့ပါတယ္။ သို႔ေသာ္ က်ေနာ္တုိ႔ မသြားဘူးလို႔ ေျပာလို႔ ရတာေပ့ါဗ်ာ။ အဓိက အေၾကာင္း ၄ ခ်က္ကေတာ့- တစ္ အခ်က္က အာဏာသိမ္းၿပီးတဲ့ေနာက္ပိုင္း တႏွစ္ေက်ာ္ကာလအတြင္းမွာ အေျခအေနအားလံုးကို မထိန္းခ်ဳပ္ႏိုင္ဘူး။ ႏိုင္ငံေရးက႑၊ စီးပြားေရးက႑နဲ႔ သံတမန္ေရးဘက္မွာေရာ၊ ေနာက္ၿပီး စစ္ေရးအေျခအေနမွာေရာ သူတခုမွ ထိန္းခ်ဳပ္ႏိုင္စြမ္းမရိွဘူး။ အဲဒါကို ႏိုင္ငံတကာကို လွည့္ျဖားႏိုင္ဖို႔အေနနဲ႔ ျပည္တြင္းျပည္ပေရာ ဒါကို ထိန္းခ်ဳပ္ႏိုင္စြမ္းရိွတယ္ဆုိတာကို ျပသႏိုင္ဖို႔အတြက္ ဒါက လွည့္ျဖားတဲ့ဟာတခုပဲ ျဖစ္တဲ့အတြက္ က်ေနာ္တုိ႔ အဲဒါမွာ သြားၿပီးေတာ့ ပါဝင္စရာ အေၾကာင္းမရိွဘူး။”
စစ္ေကာင္စီရဲ့ တရားဝင္မႈဆိုတဲ့အခ်က္၊ ႏိုင္ငံေရးအင္အားစုေတြအၾကားမွာ အၾကမ္းဖက္အဖဲြ႔အျဖစ္ ခဲြျခား သတ္မွတ္ထားတဲ့အခ်က္နဲ႔ ၿငိမ္းခ်မ္းေရးေဆြးေႏြးပဲြဟာ တရားမွ်တမယ္လုိ႔ မယံုၾကည္တဲ့အခ်က္ေတြေၾကာင့္လည္း စစ္ေကာင္စီလုပ္တဲ့ အခမ္းအနားေတြကို KNU မတက္တာလို႔ သူကေျပာပါတယ္။ KNU ရဲ႕ တပ္မဟာတခ်ဳိ႕နဲ႔ စစ္ေကာင္စီတပ္ေတြ လက္႐ွိမွာလည္း တိုက္ပြဲေတြျဖစ္ၿပီး စစ္ေရးတင္းမာေနပါတယ္။
ပအိုးဝ္အမ်ဳိးသားလြတ္ေျမာက္ေရးအဖဲြ႔ခ်ဳပ္ (PNLO) ကလည္း ျပည္ေထာင္စုေန႔ အခမ္းအနားေတြကို တက္ျဖစ္မွာမဟုတ္ဘူးလို႔ အတြင္းေရးမွဴး ခြန္ထြန္းတင္က ဗီြအိုေအကို ေျပာပါတယ္။ စစ္ေကာင္စီရဲ႕ဖိတ္စာမွာ ဥကၠ႒ကို လိပ္မူတပ္ဖိတ္ၾကားထားတဲ့အတြက္ ဥကၠ႒ဟာ ေလာေလာဆယ္ Quarantine ဝင္ သီးျခားခြဲေနရတာေၾကာင့္ ျပည္ေထာင္စုေန႔အခမ္းအနားကို မတက္ႏိုင္တာျဖစ္တယ္လို႔ ေျပာပါတယ္။ ၿငိမ္းခ်မ္းေရးေဆြးေႏြးပဲြ တက္ေရာက္ဖို႔ကက်ေတာ့ အမ်ားဆံုးျဖတ္ဖို႔ PNLO ဗဟိုေကာ္မတီ အစည္းအေဝး ေခၚယူဖို႔ခက္ခဲတာေၾကာင့္ တက္ေရာက္ႏိုင္မွာမဟုတ္ေၾကာင္း ေျပာပါတယ္။
NCA စာခ်ဳပ္ကို လက္မွတ္ေရးထိုးထားတဲ့ အဖဲြ႔ေတြထဲက ျမန္မာႏိုင္ငံလံုးဆုိင္ရာ ေက်ာင္းသားမ်ား ဒီမုိကရက္တစ္ တပ္ဦး (ABSDF)၊ ခ်င္းအမ်ိဳးသားတပ္ဦး (CNF) တို႔လည္း တက္ေရာက္မွာမဟုတ္ ဘူးလို႔ ေျပာၾကတာကို ျပည္တြင္းကလာတဲ့ သတင္းေတြမွာ ကိုးကားေဖာ္ျပထားၾကပါတယ္။
တက္ဖို႔ျပင္ေနတဲ့ ရခိုင္ျပည္ လြတ္ေျမာက္ေရးပါတီ (ALP) ရဲ႕ ဒုဥကၠ႒ ေဒၚေစာျမရာဇာလင္းက သူတို႔ပါတီရဲ႕ သေဘာထားကို အခုလိုေျပာပါတယ္။
“က်မတို႔ကေတာ့ ဒီျပည္ေထာင္စုေန႔ အခမ္းအနားကို တက္ဖို႔ ျဖစ္ပါတယ္။ စိန္ရတု ျပည္ေထာင္စုေန႔ဆုိတာ သမုိင္း၀င္ ေန႔တေန႔လည္းျဖစ္ပါတယ္။ ျမန္မာႏိုင္ငံမွာ ဒီျပည္ေထာင္စုဆိုတဲ့ ဖဲြ႔စည္းမႈတခု ျဖစ္ေပၚလာဖို႔အတြက္ သမိုင္းတြင္ခဲ့တဲ့ေန႔ကို က်မတို႔က အသိအမွတ္ တကယ္ျပဳပါတယ္။ ၿငိမ္းခ်မ္းေရးကိစၥက်ရင္ေတာ့ ေဆြးေႏြးေရးလမ္းေၾကာင္းကို က်မတို႔ ဖြင့္ထားဖို႔ လိုအပ္တယ္လို႔ ယံုၾကည္ခ်က္ရိွပါတယ္။ ဒီေဆြးေႏြးေရးလမ္းေၾကာင္းက ပိတ္သြားလုိ႔ရိွရင္ က်မတို႔ တုိင္းျပည္အတြက္ ထိခိုက္နစ္နာမႈေတြ အမ်ားၾကီးရိွတယ္လုိ႔ က်မတို႔ သံုးသပ္ပါတယ္။ အဲဒါေၾကာင့္မို႔ ဒီဖိတ္ၾကားမႈကို လက္ခံပါတယ္။”
ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ (RCSS) အေနနဲ႔လည္း ျပည္ေထာင္စုေန႔အခမ္္းအနားတက္ဖို႔ ဆံုးျဖတ္ခ်က္ မက်ေသးေပမယ့္ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲကိုေတာ့ မတက္ဘူးလို႔ ေျပာေရးဆိုခြင့္ရိွသူ ဗိုလ္မွဴးခမ္းစံကေျပာပါတယ္။
“ဒီ ၇၅ ၾကိမ္ေျမာက္ ျပည္ေထာင္စုေန႔မွာ သူက ႏွစ္ပိုင္းရိွလိမ့္မယ္ဗ်။ ပထမတခုက်ေတာ့ ျပည္ေထာင္စုေန႔အခမ္းအနားတခုရယ္။ ေနာက္တခုက်ေတာ့ ႏိုင္ငံေရးနဲ႔ ၿငိမ္းခ်မ္းေရးေဆြးေႏြးပဲြဆုိၿပီးမွ ဖိတ္တာေတြ ၂ ခုရိွတယ္။ ဒီႏိုင္ငံေရးေဆြးေႏြးပဲြက်ေတာ့ က်ေနာ္တုိ႔ RCSS အေနနဲ႔ တက္မွာမဟုတ္ဘူးခင္ဗ်။ အခမ္းအနားက်ေတာ့ က်ေနာ္တုိ႔ ဆက္ဆံေရးရံုးအဆင့္ေလာက္ေတာ့ တက္ေကာင္းတက္ႏိုင္တယ္ခင္ဗ်။ ဒါေပမဲ့ အေသးစိတ္ေတာ့ က်ေနာ္ မသိရေသးဘူး။ ဆံုးျဖတ္ခ်က္ မက်ေသးဘူးခင္ဗ်။”
ကရင္ၿငိမ္းခ်မ္းေရးေကာင္စီ (KNU/KNLA-PC) အဖဲြ႔ရဲ႕အတြင္းေရးမွဴး ဗိုလ္မွဴးႀကီးေစာေက်ာ္သန္းကလည္း သူတို႔အဖဲြ႔အေနနဲ႔ ျပည္ေထာင္စုေန႔အခမ္းအနား တက္ဖို႔ရိွၿပီး ၿငိမ္းခ်မ္းေရးေဆြးေႏြးပဲြကိုေတာ့ တက္မွာမဟုတ္ဘူးလို႔ ေျပာပါတယ္။
NCA စာခ်ဳပ္ကို လက္မွတ္ေရးထိုးထားတဲ့အဖဲြ႔ေတြထဲက ဒီမုိကေရစီအက်ိဳးျပဳ ကရင္တပ္မေတာ္ (DKBA) နဲ႔ လားဟူ ဒီမုိကရက္တစ္ အစည္းအရံုး (LDU) တို႔ ျပည္ေထာင္စုေန႔အခမ္းအနားေတြ တက္မယ္လုိ႔ သိထားေပမဲ့ ထာဝရၿငိမ္းခ်မ္းေရး အႀကိဳေဆြးေႏြးပြဲ တက္မတက္ေတာ့ အတိအက် မသိရေသးပါဘူး။ မြန္ျပည္သစ္ပါတီ (NMSP) ကိုလည္း ဆက္သြယ္လို႔ မရေသးပါဘူး။
NCA စာခ်ဳပ္မွာ လက္မွတ္ ထိုးမထားေသးတဲ့အဖဲြ႔ေတြထဲက အင္အားႀကီးလက္နက္ကိုင္တဖြဲ႔ျဖစ္တဲ့ ဝျပည္ ေသြးစည္းညီညြတ္ေရး တပ္မေတာ္ (UWSA) သေဘာထားကို လားရိႈး ဆက္ဆံေရးရုံးတာဝန္ခံ ဦးညီရန္းက အခုလိုေျပာပါတယ္။
“ဗဟိုဌာနခ်ဳပ္ကေတာ့ ေရာဂါအေျခအေနနဲ႔ လမ္းပန္းဆက္သြယ္ေရးအေျခအေန အခက္အခဲေၾကာင့္ေပ့ါေနာ္ တက္ေရာက္ႏိုင္ဖို႔ အေျခအေန မေပးဘူး၊ မရိွဘူးျဖစ္ေနတယ္ေပါ့ေနာ္။ ေလာေလာဆယ္ အေနနဲ႔ က်ေနာ္တုိ႔ ဒီ ဆက္ဆံေရးအရာရိွတေယာက္ ေယာက္အေနနဲ႔ တက္ေရာက္ဖုိ႔ေတာ့ ရိွတယ္ေပါ့ေနာ္။”
ကခ်င္လြတ္လပ္ေရးအဖဲြ႔ (KIO) ကေတာ့ မတက္ေရာက္ႏိုင္ေၾကာင္း စာျပန္ထားတယ္လုိ႔ ျပန္ၾကားေရးတာဝန္ခံ ဗိုလ္မႉးႀကီး ေနာ္ဘူက ေျပာပါတယ္။
“ဖိတ္ၾကားတာရိွပါတယ္။ စာနဲ႔ အေၾကာင္းၾကား ဖိတ္တာေတြရိွပါတယ္။ ဒါေပမဲ့ KIO အေနနဲ႔ေတာ့ မတက္ေရာက္ႏိုင္တဲ့အေၾကာင္းကို စာျပန္ထားတာရိွပါတယ္။ ျပည္တြင္းရဲ႕အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ေပ့ါကြာ။ ဒီ ေရာဂါကူးစက္မႈအေျခအေနတို႔၊ စစ္ေရးရႈပ္ေထြးလာတာေတြ အမ်ိဳးမ်ိဳးရိွတာေပ့ါ။ အဲဒါေၾကာင့္ မတက္ႏိုင္ေၾကာင္းကို စာနဲ႔ အေၾကာင္းျပန္ထားတာရိွပါတယ္။”
ရွမ္းျပည္တိုးတက္ေရးပါတီ (SSPP) က တက္ေရး၊ မတက္ေရး ေဆြးေႏြးေနဆဲျဖစ္ေၾကာင္းနဲ႔ ပေလာင္ျပည္ လြတ္ေျမာက္ေရးတပ္ဦး (PSLF/TNLA) က တက္ေရာက္မွာမဟုတ္ေၾကာင္း တာဝန္ ရိွသူေတြက ေျပာပါတယ္။
ၿပီးခဲ့တဲ့ရက္ပိုင္းေတြကေတာ့ PSLF/TNLA ရဲ႕ အေထြေထြအတြင္းေရးမႉး ဗိုလ္မႉးတာ့ဘုန္းေက်ာ္က သူတုိ႔အဖဲြ႔အပါအဝင္ ညီေနာင္ မဟာမိတ္ေတြျဖစ္တဲ့ MNDAA ကိုးကန္႔တပ္မေတာ္နဲ႔ AA ရကၡိဳင့္တပ္ေတာ္တို႔ တက္ေရာက္မွာမဟုတ္ေၾကာင္း ေရႊဖီေျမသတင္းဌာနကို ေျပာထားပါတယ္။ MNDAA နဲ႔ AA ကို သီျခား မဆက္သြယ္ႏိုင္ခဲ့သလို NDAA ေခၚ မိုင္းလားအဖဲြ႔ကို ဆက္သြယ္ရာမွာ လည္း ဖုန္းေခၚဆုိလုိ႔မရခဲ့ပါဘူး။
NCA လက္မွတ္မထိုးေသးတဲ့ ထုိင္း-ျမန္မာနယ္စပ္က ကရင္နီအမ်ိဳးသားတိုးတက္ေရးပါတီ (KNPP) ကလည္း တက္ေရာက္မွာ မဟုတ္ေၾကာင္း သတင္းမီဒီယာေတြကို ေျပာထားပါတယ္။ နာဂအမ်ိဳးသားဆုိရွယ္လစ္ေကာင္စီ (NSCN-K) ၊ ရခိုင္အမ်ိဳးသား ေကာင္စီ (ANC) အဖဲြ႔ေတြနဲ႔ပတ္သက္လို႔လည္း မသိရေသးပါဘူး။
စစ္ေကာင္စီက ထာဝရၿငိမ္းခ်မ္းေရးကို အခုႏွစ္ထဲ ရေအာင္ႀကိဳးစားသြားမယ္လို႔ ေျပာၾကားထားပါတယ္။ ဒါေပမယ့္ KNU၊ KIA၊ AA CNF၊ KNPP စတဲ့ တိုင္းရင္းသားလက္နက္ကိုင္အဖဲြ႔ေတြနဲ႔ တိုက္ပြဲေတြျဖစ္ေနသလို ခ်င္းျပည္နယ္၊ စစ္ကိုင္းတုိင္း၊ မေကြးတုိင္း၊ ကယားျပည္နယ္ စတဲ့ေဒသေတြမွာလည္း ျပည္သူ႔ကာကြယ္ေရးအဖဲြ႔ေတြနဲ႔ စစ္ေရးပဋိပကၡေတြ ျဖစ္ေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

===========

[[Unicode]]

ပြည်ထောင်စုနေ့အခမ်းအနားနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပေါ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရဲ့ သဘောထား

နေပြည်တော်မှာကျင်းပမယ့် ပြည်ထောင်စုနေ့အခမ်းအနားနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို တက်ရောက်ဖို့ ဖိတ်ကြားထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထဲမှာ ပြည်ထောင်စုနေ့ အခမ်းအနားကို တက်ရောက်မယ်ဆိုတဲ့ အဖွဲ့တွေထဲမှာတောင် ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုတော့ မတက်ဘူးလို့ ပြောကြတာတွေရှိပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ သဘောထား အသီးသီး ဗွီအိုအေက ဆက်သွယ်မေးမြန်းလို့ရသမျှ ရန်ကုန်ကပေးပို့ထားတာကို ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။
ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာကျရောက်မယ့် ၇၅ နှစ်ပြည့် စိန်ရတု ပြည်ထောင်စုနေ့အခမ်းအနား တက်ရောက်ဖို့နဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်အခြေခံ ပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက် ထာဝရငြိမ်းချမ်းရေး အကြိုညှိနှိုင်းဆွေးနွေးပွဲတွေမှာ တက်ရောက်ဖို့ဆိုပြီး စစ်ကောင်စီက ဒီလ ၆ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန် ဖိတ်ခေါ်ခဲ့ပါတယ်။
အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားတဲ့အဖွဲ့တွေကလွဲလို့ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေရော၊ မထိုးရသေးတဲ့အဖွဲ့အစည်းတွေပါ အားလုံးကို ထာဝရငြိမ်းချမ်းရေးဆွေးနွေးပွဲတက်ဖို့ ဖိတ်ခေါ်တယ်လို့ ပြောကြားထားပါတယ်။
NCA အပစ်ရပ်စာချုပ် လက်မှတ်ထိုးထားတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ နိုင်ငံခြားရေးဌာနတာဝန်ခံ ပဒိုစောတောနီး က KNU အနေနဲ့ တက်မှာမဟုတ်ဘူးလို့ ဗွီအိုအေကိုပြောပါတယ်။
“ဖိတ်ကြားမှုကိုတော့ ကျနော်တို့ ရရှိခဲ့ပါတယ်။ သို့သော် ကျနော်တို့ မသွားဘူးလို့ ပြောလို့ ရတာပေ့ါဗျာ။ အဓိက အကြောင်း ၄ ချက်ကတော့- တစ် အချက်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း တနှစ်ကျော်ကာလအတွင်းမှာ အခြေအနေအားလုံးကို မထိန်းချုပ်နိုင်ဘူး။ နိုင်ငံရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍနဲ့ သံတမန်ရေးဘက်မှာရော၊ နောက်ပြီး စစ်ရေးအခြေအနေမှာရော သူတခုမှ ထိန်းချုပ်နိုင်စွမ်းမရှိဘူး။ အဲဒါကို နိုင်ငံတကာကို လှည့်ဖြားနိုင်ဖို့အနေနဲ့ ပြည်တွင်းပြည်ပရော ဒါကို ထိန်းချုပ်နိုင်စွမ်းရှိတယ်ဆိုတာကို ပြသနိုင်ဖို့အတွက် ဒါက လှည့်ဖြားတဲ့ဟာတခုပဲ ဖြစ်တဲ့အတွက် ကျနော်တို့ အဲဒါမှာ သွားပြီးတော့ ပါဝင်စရာ အကြောင်းမရှိဘူး။”
စစ်ကောင်စီရဲ့ တရားဝင်မှုဆိုတဲ့အချက်၊ နိုင်ငံရေးအင်အားစုတွေအကြားမှာ အကြမ်းဖက်အဖွဲ့အဖြစ် ခွဲခြား သတ်မှတ်ထားတဲ့အချက်နဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ တရားမျှတမယ်လို့ မယုံကြည်တဲ့အချက်တွေကြောင့်လည်း စစ်ကောင်စီလုပ်တဲ့ အခမ်းအနားတွေကို KNU မတက်တာလို့ သူကပြောပါတယ်။ KNU ရဲ့ တပ်မဟာတချို့နဲ့ စစ်ကောင်စီတပ်တွေ လက်ရှိမှာလည်း တိုက်ပွဲတွေဖြစ်ပြီး စစ်ရေးတင်းမာနေပါတယ်။
ပအိုးဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ကလည်း ပြည်ထောင်စုနေ့ အခမ်းအနားတွေကို တက်ဖြစ်မှာမဟုတ်ဘူးလို့ အတွင်းရေးမှူး ခွန်ထွန်းတင်က ဗွီအိုအေကို ပြောပါတယ်။ စစ်ကောင်စီရဲ့ဖိတ်စာမှာ ဥက္ကဋ္ဌကို လိပ်မူတပ်ဖိတ်ကြားထားတဲ့အတွက် ဥက္ကဋ္ဌဟာ လောလောဆယ် Quarantine ဝင် သီးခြားခွဲနေရတာကြောင့် ပြည်ထောင်စုနေ့အခမ်းအနားကို မတက်နိုင်တာဖြစ်တယ်လို့ ပြောပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်ရောက်ဖို့ကကျတော့ အများဆုံးဖြတ်ဖို့ PNLO ဗဟိုကော်မတီ အစည်းအဝေး ခေါ်ယူဖို့ခက်ခဲတာကြောင့် တက်ရောက်နိုင်မှာမဟုတ်ကြောင်း ပြောပါတယ်။
NCA စာချုပ်ကို လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေထဲက မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)၊ ချင်းအမျိုးသားတပ်ဦး (CNF) တို့လည်း တက်ရောက်မှာမဟုတ် ဘူးလို့ ပြောကြတာကို ပြည်တွင်းကလာတဲ့ သတင်းတွေမှာ ကိုးကားဖော်ပြထားကြပါတယ်။
တက်ဖို့ပြင်နေတဲ့ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) ရဲ့ ဒုဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက သူတို့ပါတီရဲ့ သဘောထားကို အခုလိုပြောပါတယ်။
“ကျမတို့ကတော့ ဒီပြည်ထောင်စုနေ့ အခမ်းအနားကို တက်ဖို့ ဖြစ်ပါတယ်။ စိန်ရတု ပြည်ထောင်စုနေ့ဆိုတာ သမိုင်းဝင် နေ့တနေ့လည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဒီပြည်ထောင်စုဆိုတဲ့ ဖွဲ့စည်းမှုတခု ဖြစ်ပေါ်လာဖို့အတွက် သမိုင်းတွင်ခဲ့တဲ့နေ့ကို ကျမတို့က အသိအမှတ် တကယ်ပြုပါတယ်။ ငြိမ်းချမ်းရေးကိစ္စကျရင်တော့ ဆွေးနွေးရေးလမ်းကြောင်းကို ကျမတို့ ဖွင့်ထားဖို့ လိုအပ်တယ်လို့ ယုံကြည်ချက်ရှိပါတယ်။ ဒီဆွေးနွေးရေးလမ်းကြောင်းက ပိတ်သွားလို့ရှိရင် ကျမတို့ တိုင်းပြည်အတွက် ထိခိုက်နစ်နာမှုတွေ အများကြီးရှိတယ်လို့ ကျမတို့ သုံးသပ်ပါတယ်။ အဲဒါကြောင့်မို့ ဒီဖိတ်ကြားမှုကို လက်ခံပါတယ်။”
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) အနေနဲ့လည်း ပြည်ထောင်စုနေ့အခမ်းအနားတက်ဖို့ ဆုံးဖြတ်ချက် မကျသေးပေမယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုတော့ မတက်ဘူးလို့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးခမ်းစံကပြောပါတယ်။
“ဒီ ၇၅ ကြိမ်မြောက် ပြည်ထောင်စုနေ့မှာ သူက နှစ်ပိုင်းရှိလိမ့်မယ်ဗျ။ ပထမတခုကျတော့ ပြည်ထောင်စုနေ့အခမ်းအနားတခုရယ်။ နောက်တခုကျတော့ နိုင်ငံရေးနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲဆိုပြီးမှ ဖိတ်တာတွေ ၂ ခုရှိတယ်။ ဒီနိုင်ငံရေးဆွေးနွေးပွဲကျတော့ ကျနော်တို့ RCSS အနေနဲ့ တက်မှာမဟုတ်ဘူးခင်ဗျ။ အခမ်းအနားကျတော့ ကျနော်တို့ ဆက်ဆံရေးရုံးအဆင့်လောက်တော့ တက်ကောင်းတက်နိုင်တယ်ခင်ဗျ။ ဒါပေမဲ့ အသေးစိတ်တော့ ကျနော် မသိရသေးဘူး။ ဆုံးဖြတ်ချက် မကျသေးဘူးခင်ဗျ။”
ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) အဖွဲ့ရဲ့အတွင်းရေးမှူး ဗိုလ်မှူးကြီးစောကျော်သန်းကလည်း သူတို့အဖွဲ့အနေနဲ့ ပြည်ထောင်စုနေ့အခမ်းအနား တက်ဖို့ရှိပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုတော့ တက်မှာမဟုတ်ဘူးလို့ ပြောပါတယ်။
NCA စာချုပ်ကို လက်မှတ်ရေးထိုးထားတဲ့အဖွဲ့တွေထဲက ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) နဲ့ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့ ပြည်ထောင်စုနေ့အခမ်းအနားတွေ တက်မယ်လို့ သိထားပေမဲ့ ထာဝရငြိမ်းချမ်းရေး အကြိုဆွေးနွေးပွဲ တက်မတက်တော့ အတိအကျ မသိရသေးပါဘူး။ မွန်ပြည်သစ်ပါတီ (NMSP) ကိုလည်း ဆက်သွယ်လို့ မရသေးပါဘူး။
NCA စာချုပ်မှာ လက်မှတ် ထိုးမထားသေးတဲ့အဖွဲ့တွေထဲက အင်အားကြီးလက်နက်ကိုင်တဖွဲ့ဖြစ်တဲ့ ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) သဘောထားကို လားရှိုး ဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းက အခုလိုပြောပါတယ်။
“ဗဟိုဌာနချုပ်ကတော့ ရောဂါအခြေအနေနဲ့ လမ်းပန်းဆက်သွယ်ရေးအခြေအနေ အခက်အခဲကြောင့်ပေ့ါနော် တက်ရောက်နိုင်ဖို့ အခြေအနေ မပေးဘူး၊ မရှိဘူးဖြစ်နေတယ်ပေါ့နော်။ လောလောဆယ် အနေနဲ့ ကျနော်တို့ ဒီ ဆက်ဆံရေးအရာရှိတယောက် ယောက်အနေနဲ့ တက်ရောက်ဖို့တော့ ရှိတယ်ပေါ့နော်။”
ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ကတော့ မတက်ရောက်နိုင်ကြောင်း စာပြန်ထားတယ်လို့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။
“ဖိတ်ကြားတာရှိပါတယ်။ စာနဲ့ အကြောင်းကြား ဖိတ်တာတွေရှိပါတယ်။ ဒါပေမဲ့ KIO အနေနဲ့တော့ မတက်ရောက်နိုင်တဲ့အကြောင်းကို စာပြန်ထားတာရှိပါတယ်။ ပြည်တွင်းရဲ့အကြောင်းအမျိုးမျိုးကြောင့်ပေ့ါကွာ။ ဒီ ရောဂါကူးစက်မှုအခြေအနေတို့၊ စစ်ရေးရှုပ်ထွေးလာတာတွေ အမျိုးမျိုးရှိတာပေ့ါ။ အဲဒါကြောင့် မတက်နိုင်ကြောင်းကို စာနဲ့ အကြောင်းပြန်ထားတာရှိပါတယ်။”
ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က တက်ရေး၊ မတက်ရေး ဆွေးနွေးနေဆဲဖြစ်ကြောင်းနဲ့ ပလောင်ပြည် လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) က တက်ရောက်မှာမဟုတ်ကြောင်း တာဝန် ရှိသူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းတွေကတော့ PSLF/TNLA ရဲ့ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးတာ့ဘုန်းကျော်က သူတို့အဖွဲ့အပါအဝင် ညီနောင် မဟာမိတ်တွေဖြစ်တဲ့ MNDAA ကိုးကန့်တပ်မတော်နဲ့ AA ရက္ခိုင့်တပ်တော်တို့ တက်ရောက်မှာမဟုတ်ကြောင်း ရွှေဖီမြေသတင်းဌာနကို ပြောထားပါတယ်။ MNDAA နဲ့ AA ကို သီခြား မဆက်သွယ်နိုင်ခဲ့သလို NDAA ခေါ် မိုင်းလားအဖွဲ့ကို ဆက်သွယ်ရာမှာ လည်း ဖုန်းခေါ်ဆိုလို့မရခဲ့ပါဘူး။
NCA လက်မှတ်မထိုးသေးတဲ့ ထိုင်း-မြန်မာနယ်စပ်က ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ကလည်း တက်ရောက်မှာ မဟုတ်ကြောင်း သတင်းမီဒီယာတွေကို ပြောထားပါတယ်။ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (NSCN-K) ၊ ရခိုင်အမျိုးသား ကောင်စီ (ANC) အဖွဲ့တွေနဲ့ပတ်သက်လို့လည်း မသိရသေးပါဘူး။
စစ်ကောင်စီက ထာဝရငြိမ်းချမ်းရေးကို အခုနှစ်ထဲ ရအောင်ကြိုးစားသွားမယ်လို့ ပြောကြားထားပါတယ်။ ဒါပေမယ့် KNU၊ KIA၊ AA CNF၊ KNPP စတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တိုက်ပွဲတွေဖြစ်နေသလို ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကယားပြည်နယ် စတဲ့ဒေသတွေမှာလည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ရေးပဋိပက္ခတွေ ဖြစ်နေပါတယ်။

#WhatIsHappeningInMyanmar #MyanmarMilitaryCoup #MyanmarPeace #UnionDay #voaburmese #စစ်အာဏာသိမ်းမှု #ပြည်ထောင်စုနေ့ #တိုင်းရင်းသား #ဗွီအိုအေမြန်မာပိုင်း
===========

XS
SM
MD
LG