သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထာဝရငြိမ်းချမ်းရေး အကြိုဆွေးနွေးပွဲ စစ်ကောင်စီဖိတ်ခေါ်


NLD အစိုးရလက်ထက် ကျင်းပခဲ့တဲ့ ၂၁ ရာစု ပင်လုံညီလာခံ တက်ရောက်ခဲ့တဲ့ မြန်မာစစ်ခေါင်းဆောင်များ။ (သြဂုတ် ၁၉၊ ၂၀၂၀)
NLD အစိုးရလက်ထက် ကျင်းပခဲ့တဲ့ ၂၁ ရာစု ပင်လုံညီလာခံ တက်ရောက်ခဲ့တဲ့ မြန်မာစစ်ခေါင်းဆောင်များ။ (သြဂုတ် ၁၉၊ ၂၀၂၀)

(Zawgyi / Unicode)

မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်အခြေခံ ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် ထာဝရငြိမ်းချမ်းရေး အကြိုညှိနှိုင်းဆွေးနွေးပွဲတွေမှာ တက်ရောက်ဖို့၊ အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားတဲ့ အဖွဲ့တွေမှအပ တိုင်းရင်းသားအဖွဲ့အစည်း အားလုံးကို ဖိတ်ခေါ်ကြောင်း စစ်ကောင်စီက ဒီကနေ့ရက်စွဲနဲ့ ကြေညာပါတယ်။

ကမ္ဘောဒီးယားဝန်ကြီးချုပ် မြန်မာပြည်လာစဉ် နှစ်ဖက် သဘောတူညီ ထုတ်ပြန်ချက်ထဲပါတဲ့ မြန်မာနိုင်ငံမှာ ဒီနှစ်ကုန်ပိုင်းအထိ အပစ်အခတ်ရပ်စဲရေးကို ဆောင်ရွက်ထားမှာ ဖြစ်သလို စစ်ကောင်စီဥက္ကဋ္ဌရဲ့ နှစ်ကူးမိန့်ခွန်းပါ ဒီနှစ်အတွင်း ငြိမ်းချမ်းရေး ခြေလှမ်းသစ် စတင်မယ်လို့လည်း ဒီထုတ်ပြန်ချက်မှာ ထပ်လောင်းဖော်ပြပါတယ်။

လာမယ့် ပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပစဉ်ကာလအတွင်း ထာဝရငြိမ်းချမ်းရေး အကြိုဆွေးနွေးပွဲ ကျင်းပသွားမယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ် စစ်တပ်က အာဏာသိမ်းပြီးကတည်းက အပစ်အခတ်ရပ်စဲရေး လုပ်ထားတဲ့ အဖွဲ့တွေနဲ့ပါ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ ရပ်တန့်နေခဲ့သလို တချို့အဖွဲ့အစည်းတွေနဲ့ စစ်ရေးတင်းမာမှုတွေ ရှိနေပါတယ်။

ဆန္ဒပြမှုတွေ ပစ်ခတ်နှိမ်နင်းခံရပြီးတဲ့နောက် တက်ကြွသူ လူငယ်အများအပြားက PDF ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ဖွဲ့ပြီး စစ်ကောင်စီတပ်တွေကို ပြန်လည်ခုခံ တိုက်ခိုက်တာတွေကြောင့် နိုင်ငံနေရာ အတော်များများမှာ တိုက်ပွဲတွေ၊ ဗုံးခွဲတိုက်ခိုက်မှုတွေ၊ လုပ်ကြံပစ်ခတ်မှုတွေ ရှိနေပါတယ်။ အထူးသဖြင့် ကချင်၊ ကယား၊ ကရင်ပြည်နယ်နဲ့ ချင်းပြည်နယ်တွေမှာ ဒေသခံ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေဟာ PDF ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့အတူ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲဖြစ်နေတာပါ။

မြန်မာစစ်ကောင်စီဘက်က PDF အဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားသလို PDF တွေကို စစ်ရေးအကူအညီနဲ့ စစ်ရေးသင်တန်း ပေးတယ်ဆိုပြီး တိုင်းရင်းသား အဖွဲ့အစည်းတွေကို အပြစ်တင်တာတွေလည်း ရှိခဲ့ပါတယ်။

--------------------------

(Unicode)








XS
SM
MD
LG