သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အာဏာသိမ္းတႏွစ္အၾကာ ၿငိမ္းခ်မ္းေရး အလားအလာ


စစ္တပ္အာဏာသိမ္းၿပီး ေနာက္တရက္ ေဖေဖာ္ဝါရီလ ၂ ရက္ေန႔ ေနျပည္ေတာ္မွာ လုံၿခံဳေရး ထူထပ္စြာ ခ်ထားတဲ့ျမင္ကြင္း။

(Zawgyi / Unicode)

ျမန္မာႏုိင္ငံမွာ တုိင္းရင္းသားလက္နက္ကိုင္ အဖဲ႔ေတြ အဓိကပါဝင္တဲ့ ျပည္တြင္းၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲေတြကုိ ၂၀၁၁ ခုႏွစ္မွာ စတင္လုပ္ေဆာင္ခဲ့ပါတယ္။ ဒါေပမယ့္လည္း ၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေတြ ရပ္တန္႔သြားခဲ့ပါတယ္။ အခုဆုိရင္ စစ္တပ္က အာဏာသိမ္းတာ ၁ ႏွစ္ရွိၿပီ ျဖစ္ပါတယ္။ ျပည္တြင္းၿငိမ္းခ်မ္းေရး အလားအလာ ဘယ္လုိရွိပါသလဲ။ ကုိေဇာ္မုိးေက်ာ္ စုစည္းတင္ျပထားပါတယ္။

ျမန္မာျပည္ရဲ႕ ျပည္တြင္းစစ္ဟာ ၁၉၄၈ ခုႏွစ္ လြတ္လပ္ေရးရကတည္းက စတင္ခဲ့တာ ျဖစ္ပါတယ္။ ဝန္ႀကီးခ်ဳပ္ဦးႏုရဲ႕ ဖဆပလအစိုးရ လက္ထက္မွာကတည္းက ျပည္တြင္းစစ္ရပ္စဲေရးနဲ႔ ျပည္တြင္းၿငိမ္းခ်မ္းေရး ႀကိဳးပမ္းမႈေတြလည္း ရွိခဲ့ပါတယ္။ ဒါေပမယ့္ ဗုိလ္ခ်ဳပ္ေနဝင္း ဦးေဆာင္ၿပီး စစ္တပ္က အာဏာသိမ္းၿပီးေနာက္ ၁၉၆၃ ခုႏွစ္မွာ ျပည္တြင္းၿငိမ္းခ်မ္းေရး ေဆြးေႏြးပဲြေတြ ပ်က္သြားခဲ့ပါတယ္။

၁၉၈၈ ခုႏွစ္ေနာက္ပုိင္းမွာ တုိင္းရင္းသား လက္နက္ကုိင္အဖဲြ႔ေတြနဲ႔ အပစ္အခတ္ရပ္စဲေရးေတြ လုပ္ခဲ့ေပမယ့္ ႏုိင္ငံေရးအရ ၿငိမ္းခ်မ္းေရးနဲ႔ ျပည္ေထာင္စုသစ္ ဖြဲ႔စည္းေရး ေဆြးေႏြးတဲ့အဆင့္ မပါဝင္ခဲ့ပါဘူး။

ဒါေပမယ့္ ၂၀၁၁ ခုႏွစ္ ဦးသိန္းစိန္အစိုးရ လက္ထက္ကစၿပီး တုိင္းရင္းသား လက္နက္ကုိင္အဖဲြ႔ေတြကုိ အဓိကထားၿပီး ျပည္တြင္းၿငိမ္းခ်မ္းေရး ေဆြးေႏြးပဲြေတြ စတင္လုပ္ေဆာင္ခဲ့ပါတယ္။ ၂၀၁၅ ခုႏွစ္ ေအာက္တုိဘာလ ၁၅ ရက္ေန႔မွာ တႏုိင္ငံလုံး အပစ္အခတ္ရပ္စဲေရး NCA ေခၚ Nationwide Ceasefire Agreement ကုိ တုိင္းရင္းသား လက္နက္ကုိင္အဖဲြ႔ ၈ ဖဲြ႔နဲ႔ လက္မွတ္ေရးထုိး သေဘာတူခဲ့ၿပီး အပစ္အခတ္ ရပ္စဲခဲ့ပါတယ္။ ၂၀၁၈ ခုႏွစ္မွာ ၂ ဖြဲ႔တုိးလာၿပီး NCA လက္မွတ္ထုိး တုိင္းရင္းသား ၁၀ ဖဲြ႔ ျဖစ္လာခဲ့ပါတယ္။ NCA သေဘာတူညီခ်က္ကုိ အေျခခံၿပီး ျပည္တြင္းၿငိမ္းခ်မ္းေရးနဲ႔ တုိင္းရင္းသားေတြရဲ႕ အခြင့္အေရးကုိ အာမခံမယ့္ ျပည္ေထာင္စုသစ္ ေပၚထြန္းေရးအတြက္ ေဆြးေႏြးပြဲေတြကုိ ဦးသိန္းစိန္လက္ထက္ကေန ေဒၚေအာင္ဆန္းစုၾကည္အစိုးရ လက္ထက္အထိ စုစုေပါင္း ၅ ႀကိမ္ က်င္းပႏုိင္ခဲ့ၿပီး ၿငိမ္းခ်မ္းေရးနဲ႔ ဖက္ဒရယ္ျပည္ေထာင္စုသစ္ တည္ေဆာက္ေရးအတြက္ အေျခခံမူ ၇၁ ခ်က္ ခ်မွတ္ႏုိင္ခဲ့ပါတယ္။

ဒါေပမယ့္ ၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ စစ္တပ္က ႏုိင္ငံေတာ္အတုိင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္တဲ့ ေရြးေကာက္ပဲြအႏုိင္ရ အရပ္သားအစုိးရကုိ အာဏာသိမ္းၿပီးေနာက္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေတြ ရပ္တန္႔သြားသလုိ NCA သေဘာတူညီခ်က္ဟာလည္း မေရမရာ အေျခအေနေတြနဲ႔ ႀကံဳလာရပါတယ္။

NCA ၁၀ ဖဲြ႔ထဲက အဓိကအဖဲြ႔ႀကီးျဖစ္တဲ့ KNU ရဲဲ႕ တပ္မဟာနယ္ေျမေတြမွာ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ တုိက္ပဲြေတြ ျပန္လည္ျဖစ္ပြားေနခဲ့ပါတယ္။ တပ္မဟာ ၅ နယ္ေျမမွာ KNU ဘက္က ျပန္လည္တုိက္္ခုိက္တဲ့ စခန္းသိမ္းတုိက္ပဲြႀကီးေတြအထိ ျဖစ္ခဲ့သလုိ ၂၀၂၁ ခုႏွစ္ ဒီဇင္ဘာလထဲမွာ KNU တပ္မဟာ ၆ ေလးေက့ေကာ္ေဒသကုိ အာဏာသိမ္း စစ္ေကာင္စီတပ္ေတြက ေလေၾကာင္းတုိက္ခုိက္မႈ အပါအဝင္ ထုိးစစ္ႀကီး ဆင္ႏႊဲခဲ့ပါတယ္။

ဒါေပမယ့္ အာဏာသိမ္း စစ္ေကာင္စီေခါင္းေဆာင္ ဗုိလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္က ျပည္တြင္းၿငိမ္းခ်မ္းေရးနဲ႔ ျပည္ေထာင္စုသစ္ တည္ေဆာက္ေရး လုပ္ငန္းစဥ္ေတြကုိ ဆက္လက္လုပ္ေဆာင္သြားမယ္လုိ႔ ၂၀၂၂ ခုႏွစ္ ႏွစ္သစ္မိန္႔ခြန္းမွာ ေျပာဆုိခဲ့ပါတယ္။ ဒါ့အျပင္ စစ္ေကာင္စီေျပာခြင့္ရ ဗုိလ္ခ်ဳပ္ေဇာ္မင္းထြန္းကလည္း NCA သေဘာတူညီခ်က္ကုိ ဆက္လက္ဆုပ္ကုိင္ထားဆဲ ျဖစ္ေၾကာင္းနဲ႔ ေဆြးေႏြးမႈေတြကုိ ျပန္လည္စတင္ လုပ္ေဆာင္မယ္လုိ႔ ေျပာဆုိခဲ့ပါတယ္။

ဒီလုိ ေျပာဆုိခဲ့တာေတြနဲ႔ ပတ္သက္လုိ႔ NCA လက္မွတ္ထုိးထားတဲ့ KNU ရဲ႕ အတြင္းေရးမွဴး ဖဒုိတာဒူမူးက ဇန္နဝါရီလ ၂၁ ရက္ေန႔ ဗြီအိုေအနဲ႔ ဆက္သြယ္ေမးျမန္းစဥ္ အခုလိုေျပာဆုိခဲ့ပါတယ္။

“က်ေနာ္တုိ႔ အေတြ့အႀကံဳအရဆုိရင္ ၿငိမ္းခ်မ္းေရးကုိ ႏႈတ္ဖ်ားကေျပာၿပီးေတာ့ လက္ေတြ့မွာေတာ့ သူတုိ႔ အသာစီးရဖုိ႔နဲ႔ သူတုိ႔လုိခ်င္တာကုိ ျဖစ္ေျမာက္ေအာင္ လုပ္သြားတဲ့ ပုံစံကေတာ့ က်ေနာ္တို႔မွာ အဲဒီလုိ အေတြ့အႀကံဳေတြ အမ်ားႀကီးရွိထားတယ္။ အထူးသျဖင့္ ခ်ဳပ္သမွ် စာခ်ဳပ္ေတြမွာ က်ေနာ္တုိ႔ဘက္ကသာလွ်င္ (follow) လုိက္ပါေဆာင္ရြက္ရမယ္။ သူတုိ႔ဘက္က လုပ္စရာမလုိဘူးဆုိၿပီး လုပ္တဲ့ၿငိမ္းခ်မ္းေရးကေတာ့ ဘယ္ေတာ့မွ ေအာင္ျမင္ႏုိင္စရာ မရွိဘူး။ သူတုိ႔ေျပာတဲ့ ၿငိမ္းခ်မ္းေရးကေတာ့ ဒီႏုိင္ငံအတြက္ လက္ေတြ႔ျဖစ္လာမွာ မဟုတ္ဘူး။”

စစ္တပ္က အာဏာသိမ္းၿပီးေနာက္ အရင္စုိးရလက္ထက္က ရွိခဲ့တဲ့ အမ်ိဳးသား ျပန္လည္သင့္ျမတ္ေရးနဲ႔ ၿငိမ္းခ်မ္းေရးဗဟုိဌာန (NRPC) ကုိ ဖ်က္သိမ္းၿပီး ဗုိလ္ခ်ဳပ္ႀကီးရာျပည့္ ဦးေဆာင္တဲ့ အမ်ိဳးသားစည္းလုံးညီညြတ္ေရးနဲ႔ ၿငိမ္းခ်မ္းေရး ေဖာ္ေဆာင္မႈ ညႇိႏႈိင္းေရးေကာ္မတီ (NSPNC) ကုိ ေျပာင္းလဲဖဲြ႔စည္းခဲ့ပါတယ္။ ဒါေပမယ့္ ၿငိမ္းခ်မ္းေရး ေဆြးေႏြးပဲြေတြနဲ႔ ပတ္သက္လုိ႔ ဘာမွလုပ္ေဆာင္ႏုိင္တာ မေတြ့ရေသးပါဘူး။ ဒါေပမယ့္ ဒီ NSPNC နဲ႔ ႏုိင္ငံေရးပါတီတခ်ိဳ႕ ဇန္နဝါရီလ ၂၀ ရက္ေန႔တုန္းက ေနျပည္ေတာ္မွာ ေတြ့ဆုံခဲ့ၿပီး ၅ ႏွစ္အတြင္းမွာ ဖက္ဒရယ္ျပည္ေထာင္စု တည္ေဆာက္မယ္လုိ႔ ေျပာဆုိခဲ့ပါတယ္။

ဒီကိစၥနဲ႔ပတ္သက္ၿပီး ရခုိင္အမ်ိဳးသားပါတီ (ANP) အေထြေထြအတြင္းေရးမွဴး ခုိင္ျပည္စုိးက ဇန္နဝါရီလကုန္ပုိင္းမွာ ဗြီအိုေအ တုိင္းရင္းသတင္းလႊာကုိ အခုလုိ ေျပာဆုိခဲ့ပါတယ္။

“၅ ႏွစ္အတြင္းမွာ ဖက္ဒရယ္တည္ေဆာက္မယ္ ဆုိေတာ့လည္း ေျပာရမွာက အရွည္ႀကီးပဲ။ ဘာျဖစ္လုိ႔လဲဆုိေတာ့ ခုေတာင္ ျပည္တြင္းၿငိမ္းခ်မ္းေရး မရႏုိင္ေသးဘူးေလ။ NCA ေတာင္ ပ်က္လုနီးပါး ျဖစ္ေနၿပီပဲ။ အဲဒီေတာ့ ဘယ္လုိပဲေျပာေျပာ က်ေနာ္တုိ႔က ဖက္ဒရယ္ျပည္ေထာင္စု အဆင့္ကုိ ေရာက္ဖုိ႔ရာ လုိဦးမယ္လုိ႔ပဲထင္တယ္။”

NCA သေဘာတူညီခ်က္ေတြကုိ လက္ရွိစစ္တပ္က အာဏာသိမ္းထားတဲ့ အေျခအေနေအာက္မွာ ဆက္လက္ အေကာင္အထည္ ေဖာ္ႏုိင္ပါ့မလား။ ဒါကုိ တုိင္းရင္းသားအဖဲြ႔ေတြကေရာ လုိက္ပါလုပ္ေဆာင္လုိပါသလား ဆုိတာေတြကေတာ့ ေမးစရာေတြ ျဖစ္ေနပါတယ္။ အေရးပါတဲ့ တုိင္းရင္းသားပါတီတခုျဖစ္တဲ့ ရွမ္းတုိင္းရင္းသားမ်ား ဒီမုိကေရစီအဖဲြ႔ခ်ဳပ္ (SNLD) အတြင္းေရးမွဴး ဦးစုိင္းလိတ္က ဇန္နဝါရီ ေနာက္ဆုံးပတ္ထဲမွာ ဗြီအိုေအ တုိင္းရင္းသတင္းလႊာကုိ အခုလုိေျပာဆုိခဲ့ပါတယ္။

“ၿပီးခဲ့တဲ့ ၂၀၁၀ ကေန ၂၀၂၁ ကာလအထိ အရပ္သားတပုိင္းအစိုးရ အုပ္ခ်ဳပ္တဲ့ ဦးသိန္းစိန္ လက္ထက္မွာပဲျဖစ္ျဖစ္၊ NLD အစုိးရအုပ္ခ်ဳပ္တဲ့ အခ်ိန္မွာပဲျဖစ္ျဖစ္ အစုအဖဲြ႔ စုံစုံညီညီနဲ႔ ေတြ့ဆုံေဆြးေႏြးၿပီးေတာ့မွ အစည္းအေဝးေတြ လုပ္ၿပီးေတာ့မွ ဖက္ဒရယ္ျပည္ေထာင္စု တည္ေဆာက္ေရးကိစၥအတြက္ ႀကိဳးပမ္းခဲ့ၾကတာေပါ့ေနာ္။ အဲလုိမ်ိဳး အစုအဖဲြ႔စုံညီ ဘက္ေပါင္းစုံ ဝုိင္းဝန္းႀကိဳးပမ္းတဲ့ အခ်ိန္ကာလမွာေတာင္မွပဲ အစုအဖဲြ႔တခ်ိဳ႕ရဲ႕ ႏုိင္ငံေရးစိတ္ဆႏၵ မျပည့္ဝမႈေၾကာင့္ ဖက္ဒရယ္ျပည္ေထာင္စု တည္ေဆာက္ေရး လမ္းေၾကာင္းေပၚကုိ မေရာက္ခဲ့ပါဘူး။ ဒီေန႔လို အေျခအေနမ်ိဳးမွာ အစုအဖဲြ႔ မစုံညီဘဲနဲ႔ ႏုိင္ငံေရးပါတီဆုိတာလည္းပဲ အနည္းအက်ဥ္းေလာက္ ပါဝင္႐ုံနဲ႔ေတာ့ ဖက္ဒရယ္ျပည္ေထာင္စု တည္ေဆာက္ေရးကုိ အေကာင္အထည္ ေဖာ္ႏုိင္လိမ့္မယ္လုိ႔ က်ေနာ္တုိ႔ မယုံၾကည္ပါဘူးခင္ဗ်။”

ၿငိမ္းခ်မ္းေရးရဖုိ႔မွာ ႏုိင္ငံေရးျပႆနာေတြကုိ ေျပလည္ေအာင္ ေျဖရွင္းႏုိုင္ဖုိ႔က အဓိကက်ပါတယ္။ လက္ရွိ NCA လက္မွတ္ထုိးတဲ့ အဖဲြ႔ေတြဟာ ၁၀ ဖဲြ႔ပဲ ရွိပါတယ္။ အဲဒီအထဲမွာ KIA ကခ်င္လြတ္ေျမာက္ေရးအဖဲြ႔၊ UWSA ဝ အဖဲြ႔၊ TNLA တအာင္းပေလာင္အဖဲြ႔၊ AA ရခုိင္အဖဲြ႔လုိ အဖဲြ႔ႀကီးေတြ မပါဝင္ေသးပါဘူး။

ဒါ့အျပင္ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွာ စစ္တပ္အာဏာသိမ္းၿပီး ၿငိမ္းခ်မ္းစြာ ဆႏၵျပသူေတြကုိ အၾကမ္းဖက္ ႏွိမ္နင္းခဲ့တဲ့အတြက္ ျပည္သူေတြရဲ႕ လက္နက္ကုိင္တုိက္ပဲြေတြ ေပၚေပါက္လာပါတယ္။ NLD ကုိ အေျခခံထားတဲ့ NUG အစုိးရနဲ႔ သူတုို႔ရဲ႕ PDF တပ္ဖဲြ႔ေတြ၊ ဒါ့အျပင္ ေဒသအေတာ္မ်ားမ်ားမွာ ကုိယ္ထူကုိယ္ထ ေဖာ္ေဆာင္ထားတဲ့ လက္နက္ကုိင္တပ္ဖဲြ႔ အေတာ္မ်ားမ်ား ေပၚလာေနၿပီး တုိက္ပဲြေတြ ျဖစ္ပြားေနပါတယ္။ ဒါေၾကာင့္ ျမန္မာျပည္တြင္းစစ္မွာ တုိင္းရင္းသား လက္နက္ကုိင္အဖဲြ႔ေတြတင္ မကေတာ့ဘဲ ျပည္တြင္း ေဒသအသီးသီးက လက္နက္ကုိင္တပ္ဖဲြ႔ေတြကုိ ျပည္တြင္းၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ရဲ႕ အင္အားစုအသစ္ေတြအျဖစ္ ထည့္တြက္ရမွာျဖစ္ၿပီး ဒီလုိ ေနာက္ထပ္ လက္နက္ကုိင္အင္အားစုေတြ တုိးလာတဲ့အတြက္ ျမန္မာ့ပဋိကၡဟာ အဆင့္တဆင့္ကုိ တုိးျမင့္သြားတယ္လုိ႔ ယူဆရမွာျဖစ္ေၾကာင္း ISP Myanmar သုေတသနအဖဲြ႔ရဲ႕ ျမန္မာ့ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ စာတမ္းမွာ သုေတသီ ဦးေအာင္သူၿငိမ္းက သုံးသပ္ ေျပာဆုိထားပါတယ္။

ေဖာ္ျပပါ အေျခအေနေတြကုိ ၾကည့္မယ္ဆုိရင္ ျမန္မာျပည္မွာ လက္နက္ကုိင္ပဋိပကၡေတြ ခ်ဳပ္ၿငိမ္းၿပီး ၿငိမ္းခ်မ္းတဲ့ ဖက္ဒရယ္ျပည္ေထာင္စု တည္ေဆာက္ေရးဟာ စစ္တပ္အာဏာသိမ္းထားတဲ့ ေအာက္မွာ ျဖစ္ႏုိင္ေျခရွိမရွိဆုိတာ သုံးသပ္ၾကည့္ႏုိင္ပါတယ္။ စစ္တပ္က အာဏာသိမ္းၿပီး တႏွစ္အၾကာမွာေတာ့ ယခင္ ခရီးတခုအထိ ေပါက္ေရာက္ထားတဲ့ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေတြ ရပ္တန္႔ေနသလုိ တုိင္းရင္းသား အင္အားစုေတြရဲ႕ ယုံၾကည္မႈေတြ ေလ်ာ့က်သြားတာကုိ ေတြ့ႏုိင္ပါတယ္။ ဒါ့အျပင္ ျပည္တြင္း ျပည္သူ႔လက္နက္ကုိင္ေတာ္လွန္ေရးပါ ထပ္မံေပၚေပါက္လာၿပီး ျပည္တြင္းစစ္ ပုိမုိက်ယ္ျပန္လာတာကုိ ေတြ့ႏုိင္ပါတယ္။ အခုအခါ စစ္ပဲြေတြဟာ ခ်င္း၊ ကယားျပည္နယ္ေတြထဲက ၿမိဳ႕ျပေတြမွာသာမက မေကြးတုိင္း၊ စစ္ကုိင္းတုိင္းလုိ ျမန္မာျပည္တြင္းက ၿမိဳ႕ျပေတြမွာပါ စစ္ပဲြေတြျဖစ္လာတာ၊ ျပည္တြင္းဒုကၡသည္ေတြ ေပၚထြက္လာတာကုိ ေတြ့ျမင္ေနရေၾကာင္း တင္ျပလုိက္ရပါတယ္။

အာဏာသိမ္းတႏွစ္အၾကာ ၿငိမ္းခ်မ္းေရး အလားအလာ
please wait

No media source currently available

0:00 0:06:23 0:00
တိုက္႐ိုက္ လင့္ခ္

--------------------------

(Unicode)

အာဏာသိမ်းတနှစ်အကြာ ငြိမ်းချမ်းရေး အလားအလာ

မြန်မာနိုင်ငံမှာ တိုင်းရင်းသားလက်နက်ကိုင် အဖဲ့တွေ အဓိကပါဝင်တဲ့ ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို ၂၀၁၁ ခုနှစ်မှာ စတင်လုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်က အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ရပ်တန့်သွားခဲ့ပါတယ်။ အခုဆိုရင် စစ်တပ်က အာဏာသိမ်းတာ ၁ နှစ်ရှိပြီ ဖြစ်ပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေး အလားအလာ ဘယ်လိုရှိပါသလဲ။ ကိုဇော်မိုးကျော် စုစည်းတင်ပြထားပါတယ်။

မြန်မာပြည်ရဲ့ ပြည်တွင်းစစ်ဟာ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရကတည်းက စတင်ခဲ့တာ ဖြစ်ပါတယ်။ ဝန်ကြီးချုပ်ဦးနုရဲ့ ဖဆပလအစိုးရ လက်ထက်မှာကတည်းက ပြည်တွင်းစစ်ရပ်စဲရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး ကြိုးပမ်းမှုတွေလည်း ရှိခဲ့ပါတယ်။ ဒါပေမယ့် ဗိုလ်ချုပ်နေဝင်း ဦးဆောင်ပြီး စစ်တပ်က အာဏာသိမ်းပြီးနောက် ၁၉၆၃ ခုနှစ်မှာ ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပျက်သွားခဲ့ပါတယ်။

၁၉၈၈ ခုနှစ်နောက်ပိုင်းမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ အပစ်အခတ်ရပ်စဲရေးတွေ လုပ်ခဲ့ပေမယ့် နိုင်ငံရေးအရ ငြိမ်းချမ်းရေးနဲ့ ပြည်ထောင်စုသစ် ဖွဲ့စည်းရေး ဆွေးနွေးတဲ့အဆင့် မပါဝင်ခဲ့ပါဘူး။

ဒါပေမယ့် ၂၀၁၁ ခုနှစ် ဦးသိန်းစိန်အစိုးရ လက်ထက်ကစပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို အဓိကထားပြီး ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ စတင်လုပ်ဆောင်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့မှာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး NCA ခေါ် Nationwide Ceasefire Agreement ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့နဲ့ လက်မှတ်ရေးထိုး သဘောတူခဲ့ပြီး အပစ်အခတ် ရပ်စဲခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်မှာ ၂ ဖွဲ့တိုးလာပြီး NCA လက်မှတ်ထိုး တိုင်းရင်းသား ၁၀ ဖွဲ့ ဖြစ်လာခဲ့ပါတယ်။ NCA သဘောတူညီချက်ကို အခြေခံပြီး ပြည်တွင်းငြိမ်းချမ်းရေးနဲ့ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို အာမခံမယ့် ပြည်ထောင်စုသစ် ပေါ်ထွန်းရေးအတွက် ဆွေးနွေးပွဲတွေကို ဦးသိန်းစိန်လက်ထက်ကနေ ဒေါ်အောင်ဆန်းစုကြည်အစိုးရ လက်ထက်အထိ စုစုပေါင်း ၅ ကြိမ် ကျင်းပနိုင်ခဲ့ပြီး ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုသစ် တည်ဆောက်ရေးအတွက် အခြေခံမူ ၇၁ ချက် ချမှတ်နိုင်ခဲ့ပါတယ်။

ဒါပေမယ့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ရွေးကောက်ပွဲအနိုင်ရ အရပ်သားအစိုးရကို အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ရပ်တန့်သွားသလို NCA သဘောတူညီချက်ဟာလည်း မရေမရာ အခြေအနေတွေနဲ့ ကြုံလာရပါတယ်။

NCA ၁၀ ဖွဲ့ထဲက အဓိကအဖွဲ့ကြီးဖြစ်တဲ့ KNU ရဲ့ တပ်မဟာနယ်မြေတွေမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေခဲ့ပါတယ်။ တပ်မဟာ ၅ နယ်မြေမှာ KNU ဘက်က ပြန်လည်တိုက်ခိုက်တဲ့ စခန်းသိမ်းတိုက်ပွဲကြီးတွေအထိ ဖြစ်ခဲ့သလို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလထဲမှာ KNU တပ်မဟာ ၆ လေးကေ့ကော်ဒေသကို အာဏာသိမ်း စစ်ကောင်စီတပ်တွေက လေကြောင်းတိုက်ခိုက်မှု အပါအဝင် ထိုးစစ်ကြီး ဆင်နွှဲခဲ့ပါတယ်။

ဒါပေမယ့် အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပြည်ထောင်စုသစ် တည်ဆောက်ရေး လုပ်ငန်းစဉ်တွေကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ ၂၀၂၂ ခုနှစ် နှစ်သစ်မိန့်ခွန်းမှာ ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း NCA သဘောတူညီချက်ကို ဆက်လက်ဆုပ်ကိုင်ထားဆဲ ဖြစ်ကြောင်းနဲ့ ဆွေးနွေးမှုတွေကို ပြန်လည်စတင် လုပ်ဆောင်မယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒီလို ပြောဆိုခဲ့တာတွေနဲ့ ပတ်သက်လို့ NCA လက်မှတ်ထိုးထားတဲ့ KNU ရဲ့ အတွင်းရေးမှူး ဖဒိုတာဒူမူးက ဇန်နဝါရီလ ၂၁ ရက်နေ့ ဗွီအိုအေနဲ့ ဆက်သွယ်မေးမြန်းစဉ် အခုလိုပြောဆိုခဲ့ပါတယ်။

“ကျနော်တို့ အတွေ့အကြုံအရဆိုရင် ငြိမ်းချမ်းရေးကို နှုတ်ဖျားကပြောပြီးတော့ လက်တွေ့မှာတော့ သူတို့ အသာစီးရဖို့နဲ့ သူတို့လိုချင်တာကို ဖြစ်မြောက်အောင် လုပ်သွားတဲ့ ပုံစံကတော့ ကျနော်တို့မှာ အဲဒီလို အတွေ့အကြုံတွေ အများကြီးရှိထားတယ်။ အထူးသဖြင့် ချုပ်သမျှ စာချုပ်တွေမှာ ကျနော်တို့ဘက်ကသာလျှင် (follow) လိုက်ပါဆောင်ရွက်ရမယ်။ သူတို့ဘက်က လုပ်စရာမလိုဘူးဆိုပြီး လုပ်တဲ့ငြိမ်းချမ်းရေးကတော့ ဘယ်တော့မှ အောင်မြင်နိုင်စရာ မရှိဘူး။ သူတို့ပြောတဲ့ ငြိမ်းချမ်းရေးကတော့ ဒီနိုင်ငံအတွက် လက်တွေ့ဖြစ်လာမှာ မဟုတ်ဘူး။”

စစ်တပ်က အာဏာသိမ်းပြီးနောက် အရင်စိုးရလက်ထက်က ရှိခဲ့တဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ကို ဖျက်သိမ်းပြီး ဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်တဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို ပြောင်းလဲဖွဲ့စည်းခဲ့ပါတယ်။ ဒါပေမယ့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေနဲ့ ပတ်သက်လို့ ဘာမှလုပ်ဆောင်နိုင်တာ မတွေ့ရသေးပါဘူး။ ဒါပေမယ့် ဒီ NSPNC နဲ့ နိုင်ငံရေးပါတီတချို့ ဇန်နဝါရီလ ၂၀ ရက်နေ့တုန်းက နေပြည်တော်မှာ တွေ့ဆုံခဲ့ပြီး ၅ နှစ်အတွင်းမှာ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီ (ANP) အထွေထွေအတွင်းရေးမှူး ခိုင်ပြည်စိုးက ဇန်နဝါရီလကုန်ပိုင်းမှာ ဗွီအိုအေ တိုင်းရင်းသတင်းလွှာကို အခုလို ပြောဆိုခဲ့ပါတယ်။

“၅ နှစ်အတွင်းမှာ ဖက်ဒရယ်တည်ဆောက်မယ် ဆိုတော့လည်း ပြောရမှာက အရှည်ကြီးပဲ။ ဘာဖြစ်လို့လဲဆိုတော့ ခုတောင် ပြည်တွင်းငြိမ်းချမ်းရေး မရနိုင်သေးဘူးလေ။ NCA တောင် ပျက်လုနီးပါး ဖြစ်နေပြီပဲ။ အဲဒီတော့ ဘယ်လိုပဲပြောပြော ကျနော်တို့က ဖက်ဒရယ်ပြည်ထောင်စု အဆင့်ကို ရောက်ဖို့ရာ လိုဦးမယ်လို့ပဲထင်တယ်။”

NCA သဘောတူညီချက်တွေကို လက်ရှိစစ်တပ်က အာဏာသိမ်းထားတဲ့ အခြေအနေအောက်မှာ ဆက်လက် အကောင်အထည် ဖော်နိုင်ပါ့မလား။ ဒါကို တိုင်းရင်းသားအဖွဲ့တွေကရော လိုက်ပါလုပ်ဆောင်လိုပါသလား ဆိုတာတွေကတော့ မေးစရာတွေ ဖြစ်နေပါတယ်။ အရေးပါတဲ့ တိုင်းရင်းသားပါတီတခုဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) အတွင်းရေးမှူး ဦးစိုင်းလိတ်က ဇန်နဝါရီ နောက်ဆုံးပတ်ထဲမှာ ဗွီအိုအေ တိုင်းရင်းသတင်းလွှာကို အခုလိုပြောဆိုခဲ့ပါတယ်။

“ပြီးခဲ့တဲ့ ၂၀၁၀ ကနေ ၂၀၂၁ ကာလအထိ အရပ်သားတပိုင်းအစိုးရ အုပ်ချုပ်တဲ့ ဦးသိန်းစိန် လက်ထက်မှာပဲဖြစ်ဖြစ်၊ NLD အစိုးရအုပ်ချုပ်တဲ့ အချိန်မှာပဲဖြစ်ဖြစ် အစုအဖွဲ့ စုံစုံညီညီနဲ့ တွေ့ဆုံဆွေးနွေးပြီးတော့မှ အစည်းအဝေးတွေ လုပ်ပြီးတော့မှ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကိစ္စအတွက် ကြိုးပမ်းခဲ့ကြတာပေါ့နော်။ အဲလိုမျိုး အစုအဖွဲ့စုံညီ ဘက်ပေါင်းစုံ ဝိုင်းဝန်းကြိုးပမ်းတဲ့ အချိန်ကာလမှာတောင်မှပဲ အစုအဖွဲ့တချို့ရဲ့ နိုင်ငံရေးစိတ်ဆန္ဒ မပြည့်ဝမှုကြောင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး လမ်းကြောင်းပေါ်ကို မရောက်ခဲ့ပါဘူး။ ဒီနေ့လို အခြေအနေမျိုးမှာ အစုအဖွဲ့ မစုံညီဘဲနဲ့ နိုင်ငံရေးပါတီဆိုတာလည်းပဲ အနည်းအကျဉ်းလောက် ပါဝင်ရုံနဲ့တော့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို အကောင်အထည် ဖော်နိုင်လိမ့်မယ်လို့ ကျနော်တို့ မယုံကြည်ပါဘူးခင်ဗျ။”

ငြိမ်းချမ်းရေးရဖို့မှာ နိုင်ငံရေးပြဿနာတွေကို ပြေလည်အောင် ဖြေရှင်းနိုင်ဖို့က အဓိကကျပါတယ်။ လက်ရှိ NCA လက်မှတ်ထိုးတဲ့ အဖွဲ့တွေဟာ ၁၀ ဖွဲ့ပဲ ရှိပါတယ်။ အဲဒီအထဲမှာ KIA ကချင်လွတ်မြောက်ရေးအဖွဲ့၊ UWSA ဝ အဖွဲ့၊ TNLA တအာင်းပလောင်အဖွဲ့၊ AA ရခိုင်အဖွဲ့လို အဖွဲ့ကြီးတွေ မပါဝင်သေးပါဘူး။

ဒါ့အပြင် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်အာဏာသိမ်းပြီး ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို အကြမ်းဖက် နှိမ်နင်းခဲ့တဲ့အတွက် ပြည်သူတွေရဲ့ လက်နက်ကိုင်တိုက်ပွဲတွေ ပေါ်ပေါက်လာပါတယ်။ NLD ကို အခြေခံထားတဲ့ NUG အစိုးရနဲ့ သူတို့ရဲ့ PDF တပ်ဖွဲ့တွေ၊ ဒါ့အပြင် ဒေသအတော်များများမှာ ကိုယ်ထူကိုယ်ထ ဖော်ဆောင်ထားတဲ့ လက်နက်ကိုင်တပ်ဖွဲ့ အတော်များများ ပေါ်လာနေပြီး တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။ ဒါကြောင့် မြန်မာပြည်တွင်းစစ်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေတင် မကတော့ဘဲ ပြည်တွင်း ဒေသအသီးသီးက လက်နက်ကိုင်တပ်ဖွဲ့တွေကို ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်ရဲ့ အင်အားစုအသစ်တွေအဖြစ် ထည့်တွက်ရမှာဖြစ်ပြီး ဒီလို နောက်ထပ် လက်နက်ကိုင်အင်အားစုတွေ တိုးလာတဲ့အတွက် မြန်မာ့ပဋိက္ခဟာ အဆင့်တဆင့်ကို တိုးမြင့်သွားတယ်လို့ ယူဆရမှာဖြစ်ကြောင်း ISP Myanmar သုတေသနအဖွဲ့ရဲ့ မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ် စာတမ်းမှာ သုတေသီ ဦးအောင်သူငြိမ်းက သုံးသပ် ပြောဆိုထားပါတယ်။

ဖော်ပြပါ အခြေအနေတွေကို ကြည့်မယ်ဆိုရင် မြန်မာပြည်မှာ လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းပြီး ငြိမ်းချမ်းတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဟာ စစ်တပ်အာဏာသိမ်းထားတဲ့ အောက်မှာ ဖြစ်နိုင်ခြေရှိမရှိဆိုတာ သုံးသပ်ကြည့်နိုင်ပါတယ်။ စစ်တပ်က အာဏာသိမ်းပြီး တနှစ်အကြာမှာတော့ ယခင် ခရီးတခုအထိ ပေါက်ရောက်ထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ရပ်တန့်နေသလို တိုင်းရင်းသား အင်အားစုတွေရဲ့ ယုံကြည်မှုတွေ လျော့ကျသွားတာကို တွေ့နိုင်ပါတယ်။ ဒါ့အပြင် ပြည်တွင်း ပြည်သူ့လက်နက်ကိုင်တော်လှန်ရေးပါ ထပ်မံပေါ်ပေါက်လာပြီး ပြည်တွင်းစစ် ပိုမိုကျယ်ပြန်လာတာကို တွေ့နိုင်ပါတယ်။ အခုအခါ စစ်ပွဲတွေဟာ ချင်း၊ ကယားပြည်နယ်တွေထဲက မြို့ပြတွေမှာသာမက မကွေးတိုင်း၊ စစ်ကိုင်းတိုင်းလို မြန်မာပြည်တွင်းက မြို့ပြတွေမှာပါ စစ်ပွဲတွေဖြစ်လာတာ၊ ပြည်တွင်းဒုက္ခသည်တွေ ပေါ်ထွက်လာတာကို တွေ့မြင်နေရကြောင်း တင်ပြလိုက်ရပါတယ်။

XS
SM
MD
LG