(Zawgyi / Unicode)
ျမန္မာစစ္တပ္ အာဏာသိမ္းမႈ တႏွစ္ျပည့္ ဆန္႔က်င္ ဆႏၵျပပြဲကို ၾသစႀတီးယားႏိုင္ငံေရာက္ ျမန္မာအသိုင္းအဝိုင္းနဲ႔ ေထာက္ခံသူေတြ စေနေန႔က ဗီယင္နာၿမိဳ႕ေတာ္မွာ ျပဳလုပ္ခဲ့ၾကပါတယ္။
ၿမိဳ႕ေတာ္ ဗီယင္နာရဲ႕ Stephansplatz ရင္ျပင္မွာလုပ္တဲ့ စစ္အာဏာသိမ္း တႏွစ္ျပည့္ ဆန္႔က်င္ ဆႏၵျပပြဲမွာ အာဏာသိမ္းစစ္အုပ္စုဟာ အၾကမ္းဖက္သမားေတြလို႔ ဆႏၵျပသူေတြက သံုးႏႈန္း႐ႈတ္ခ်ခဲ့ၾကသလို စစ္အာဏာသိမ္းမႈ ကာလအတြင္း ေသဆံုးခဲ့ရသူေတြ အတြက္လည္း ေအာက္ေမ့ဂုဏ္ျပဳခဲ့ၾကပါတယ္။
NUG အမ်ိဳးသားညီၫြတ္ေရး အစိုးရရဲ႕ လူ႔အခြင့္အေရးဝန္ႀကီး ဦးေအာင္မ်ိဳးမင္းကေတာ့ စစ္အာဏာသိမ္းမႈအေပၚမွာ ဆန္႔က်င္မႈ အရွိန္ေလ်ာ့မသြားေစေရး တိုက္တြန္းသြားပါတယ္။
“အားလံုး ညီညီၫြတ္ၫြတ္နဲ႔ အားလံုး ျမန္မာျပည္အက်ိဳးအတြက္ လုပ္ေဆာင္ၾကမယ္ဆိုတဲ့ စိတ္ဓာတ္မ်ိဳး ထားမယ္ဆိုရင္ေတာ့ အမွန္တရားအတိုင္းပဲ ေအာင္ျမင္မွာ ျဖစ္ပါတယ္။”
ၾသစႀတီးယားႏိုင္ငံ ဗီယင္နာၿမိဳ႕ေတာ္မွာ က်င္းပခဲ့တဲ့ စစ္အာဏာသိမ္းမႈ ဆန္႔က်င္ ဆႏၵျပပြဲမွာေတာ့ ၾသစႀတီးယား ႏိုင္ငံေရးသမားနဲ႔ ပညာရွင္ေတြ၊ ျမန္မာ့အေရး တက္ႂကြလႈပ္ရွားသူ တခ်ိဳ႕လည္း တက္ေရာက္ခဲ့ၾကပါတယ္။
ၿပီးခဲ့တဲ့ ၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွာ ေရြးေကာက္ခံ အစိုးရကို ျဖဳတ္ခ်ၿပီး ျမန္မာစစ္တပ္က အာဏာသိမ္းခဲ့တာ တႏွစ္ျပည့္ေတာ့မွာ ျဖစ္ပါတယ္။ ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း (AAPP) ျပဳစုထားတဲ့ စာရင္းအရ စစ္အာဏာသိမ္းမႈအတြင္း ေသဆံုးရသူ ၁,၄၉၉ ဦးရွိၿပီး ဖမ္းဆီးခံရသူ ၈,၇၉၈ ဦးရွိေနေၾကာင္း ဇန္နဝါရီလ ၂၈ ရက္ေန႔ စာရင္းမွာ ေဖာ္ျပထားပါတယ္။
------------------------
(Unicode)
အာဏာသိမ်းနှစ်ပတ်လည် မြန်မာ့အရေး လှုပ်ရှားသူတွေ သြစတြီးယားမှာ ဆန္ဒပြ
မြန်မာစစ်တပ် အာဏာသိမ်းမှု တနှစ်ပြည့် ဆန့်ကျင် ဆန္ဒပြပွဲကို သြစတြီးယားနိုင်ငံရောက် မြန်မာအသိုင်းအဝိုင်းနဲ့ ထောက်ခံသူတွေ စနေနေ့က ဗီယင်နာမြို့တော်မှာ ပြုလုပ်ခဲ့ကြပါတယ်။
မြို့တော် ဗီယင်နာရဲ့ Stephansplatz ရင်ပြင်မှာလုပ်တဲ့ စစ်အာဏာသိမ်း တနှစ်ပြည့် ဆန့်ကျင် ဆန္ဒပြပွဲမှာ အာဏာသိမ်းစစ်အုပ်စုဟာ အကြမ်းဖက်သမားတွေလို့ ဆန္ဒပြသူတွေက သုံးနှုန်းရှုတ်ချခဲ့ကြသလို စစ်အာဏာသိမ်းမှု ကာလအတွင်း သေဆုံးခဲ့ရသူတွေ အတွက်လည်း အောက်မေ့ဂုဏ်ပြုခဲ့ကြပါတယ်။
NUG အမျိုးသားညီညွတ်ရေး အစိုးရရဲ့ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းကတော့ စစ်အာဏာသိမ်းမှုအပေါ်မှာ ဆန့်ကျင်မှု အရှိန်လျော့မသွားစေရေး တိုက်တွန်းသွားပါတယ်။
“အားလုံး ညီညီညွတ်ညွတ်နဲ့ အားလုံး မြန်မာပြည်အကျိုးအတွက် လုပ်ဆောင်ကြမယ်ဆိုတဲ့ စိတ်ဓာတ်မျိုး ထားမယ်ဆိုရင်တော့ အမှန်တရားအတိုင်းပဲ အောင်မြင်မှာ ဖြစ်ပါတယ်။”
သြစတြီးယားနိုင်ငံ ဗီယင်နာမြို့တော်မှာ ကျင်းပခဲ့တဲ့ စစ်အာဏာသိမ်းမှု ဆန့်ကျင် ဆန္ဒပြပွဲမှာတော့ သြစတြီးယား နိုင်ငံရေးသမားနဲ့ ပညာရှင်တွေ၊ မြန်မာ့အရေး တက်ကြွလှုပ်ရှားသူ တချို့လည်း တက်ရောက်ခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ရွေးကောက်ခံ အစိုးရကို ဖြုတ်ချပြီး မြန်မာစစ်တပ်က အာဏာသိမ်းခဲ့တာ တနှစ်ပြည့်တော့မှာ ဖြစ်ပါတယ်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ပြုစုထားတဲ့ စာရင်းအရ စစ်အာဏာသိမ်းမှုအတွင်း သေဆုံးရသူ ၁,၄၉၉ ဦးရှိပြီး ဖမ်းဆီးခံရသူ ၈,၇၉၈ ဦးရှိနေကြောင်း ဇန်နဝါရီလ ၂၈ ရက်နေ့ စာရင်းမှာ ဖော်ပြထားပါတယ်။