သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအာဏာသိမ်းတနှစ်မြောက် ကန့်ကွက်ပွဲ သြစတြေးလျ လွှတ်တော်အမတ်တချို့ ပါဝင်


မြန်မာစစ်အာဏာသိမ်း တနှစ်ပြည့် ကန့်ကွက်ဆန္ဒပြပွဲမှာ ပူးပေါင်းပါဝင်ဆန္ဒပြတဲ့ သြစတြေးလျ လွှတ်တော်အမတ်အချို့။ (ဇန်နဝါရီ ၃၀၊ ၂၀၂၂။ ဓာတ်ပုံ - Ko Zaw Win Naing - Western Australian Myanmar Democratic Network - WAMDN)
မြန်မာစစ်အာဏာသိမ်း တနှစ်ပြည့် ကန့်ကွက်ဆန္ဒပြပွဲမှာ ပူးပေါင်းပါဝင်ဆန္ဒပြတဲ့ သြစတြေးလျ လွှတ်တော်အမတ်အချို့။ (ဇန်နဝါရီ ၃၀၊ ၂၀၂၂။ ဓာတ်ပုံ - Ko Zaw Win Naing - Western Australian Myanmar Democratic Network - WAMDN)

(Zawgyi / Unicode)

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတာ တနှစ်ပြည့်လာပြီ ဖြစ်ပေမယ့် စစ်ကောင်စီ လုံးဝအုပ်ချုပ်လို့မရအောင် ဆက်လက်လှုပ်ရှားနေဆဲဖြစ်ကြောင်း သြစတြေးလျနဲ့ အမေရိကန်ပြည်ထောင်စုက မြန်မာ့အရေး တက်ကြွလှုပ်ရှားနေသူတွေက ပြောပါတယ်။

ဇန်နဝါရီလ ၃၀ ရက်နေ့က သြစတြေးလျ အနောက်ဘက်ခြမ်း Perth မြို့မှာ ပြုလုပ်တဲ့ လူအင်အား ၁၀၀ လောက်ပါဝင်တဲ့ တနှစ်ပြည့်အထိမ်းအမှတ် မြန်မာစစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ ဆန္ဒပြပွဲကို မြန်မာနဲ့ တိုင်းရင်းသားနွယ်ဖွားတွေ ဦးဆောင်ခဲ့ကြပါတယ်။

ရက်စက်ကြမ်းကြုတ်လှတဲ့ စစ်ကောင်စီအုပ်ချုပ်မှုကို ဆန့်ကျင်တဲ့ ပြည်တွင်းကနေ တိုက်ပွဲဝင်နေသူတွေကို ဆက်လက်ထောက်ခံသွားမှာ ဖြစ်သလို စစ်အာဏာသိမ်းမှု အဆုံးသတ်ဖို့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ၊ တိုင်းရင်းသားတွေလည်း ဆက်လက်လှုပ်ရှားသွားမှာ ဖြစ်တယ်လို့ Perth မြို့က ဆန္ဒပြပွဲကို စီစဉ်သူ ဦးမော်မော်ဦးက ဗွီအိုအေကို ပြောပါတယ်။

“စစ်ကောင်စီကို ကျနော်တို့ လက်မခံဘူး။ တနှစ်ပြည့်လာပေမယ့် တောက်လျှောက် ကျနော်တို့ Day 1 တည်းကစပြီး လက်မခံတာ၊ ခုထက်ထိ လက်မခံနိုင်ဘူး။ ဆက်ပြီးတော့ ကျနော်တို့ အပြင်မှာလည်း တိုက်ပွဲဝင်နေတယ်။ အထဲက တိုက်ပွဲဝင်နေတဲ့လူတွေလည်း အားမလျှော့ပါနဲ့၊ ဆက်ပြီးတော့ တိုက်ပါ။ ကျနော်တို့ တတ်နိုင်တဲ့ဘက်က အကုန်လုံး အပြင်ကနေလည်း ပံ့ပိုးပေးနေပါတယ်။”

အဲဒီဆန္ဒပြပွဲကို သြစတြေးလျ ပါလီမန်အမတ်တွေဖြစ်တဲ့ ညွန့်ပေါင်းအစိုးရရဲ့ လစ်ဘရယ်ပါတီ အထက်လွှတ်တော်အမတ် Dean Smith၊ အတိုက်အခံပါတီဖြစ်တဲ့ လေဘာပါတီ အထက်လွှတ်တော်အမတ် Sue Lines နဲ့ အခြား ပြည်နယ်လွှတ်တော်အမတ်တို့လည်း ပူးပေါင်းပါဝင်ခဲ့ပါတယ်။

အလားတူ အမေရိကန်ပြည်ထောင်စု အနောက်ဘက်ခြမ်း ဆန်ဖရန်စစ္စကို ဘေးဧရိယာမှာလည်း မြန်မာနဲ့ တိုင်းရင်းသားတွေ စုပေါင်းပြီး နာမည်ကျော် Golden Gate တံတားကြီးကို မြန်မာအလံတွေ၊ ခွပ်ဒေါင်းအလံတွေ တပ်ဆင်ထားတဲ့ ကားအစင်းရေ ဒါဇင်ပေါင်းများစွာနဲ့ ကျော်ဖြတ်ချီတက် ဆန္ဒပြခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

----------------------

(Unicode)








XS
SM
MD
LG