သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ျပည္ေထာင္စုေန႔အခမ္းအနား တက္ေရာက္ေရး ႏိုင္ငံေရးပါတီမ်ားၾကား သေဘာထားကြဲ 


၂၁ ရာစု ပင္လံုညီလာခံ လံႈ႔ေဆာ္ ဆိုင္းဘုတ္။ ၾသဂုတ္ ၂၆ ၊၂၀၁၆၊ ေနျပည္ေတာ္။

[[Zawgyi/Unicode]]

ေနျပည္ေတာ္မွာ စေနေန႔က်င္းပမယ့္ ျပည္ေထာင္စုေန႔အခမ္းအနားကိုတက္ဖို႔ ဖိတ္ၾကားထားတဲ့ ႏိုင္ငံေရးပါတီေတြထဲ တက္ေရး မတက္ေရး သေဘာထားကြဲေနပါတယ္။ တိုင္းရင္းသားပါတီေတြထဲမွာကိုပဲ တက္မယ့္ပါတီ၊ မတက္မယ့္ပါတီ စသည္အားျဖင့္ ကြဲျပားေနပါတယ္။ စစ္ေကာင္စီကစီစဥ္တဲ့ ျပည္ေထာင္စုေန႔အခမ္းအနား တက္ေရး မတက္ေရး ႏိုင္ငံေရးပါတီတခ်ိဳ႕ရဲ႕ ရပ္တည္ခ်က္ စုစည္းထားတဲ့ ရန္ကုန္ကလာတဲ့သတင္းကို အလိမၼာက တင္ျပေပးထားပါတယ္။
စေနေန႔က်ေရာက္မယ့္ ၇၅ ႏွစ္ေျမာက္ ျပည္ေထာင္စုေန႔ စိန္ရတုအခမ္းအနားကို ေနျပည္ေတာ္မွာက်င္းပဖို႔ စစ္ေကာင္စီက ျပင္ဆင္ေနပါ တယ္။ အဲဒီအခမ္းအနားတက္ဖို႔ ဖိတ္ထားတဲ့ထဲမွာ ႏိုင္ငံေရးပါတီေတြလည္းပါဝင္ၿပီး ပါတီေတြၾကားမွာ သေဘာထား ကြဲလြဲေနပါတယ္။
ျပည္သူ႔ပါတီဥကၠ႒ ဦးကိုကိုႀကီးကေတာ့ ႏိုင္ငံေရးအရ ထူးျခား အႏွစ္သာရရွိတယ္လို႔ ျမင္တာေၾကာင့္ တက္မယ္လို႔ ဗြီအိုေအကို ေျပာပါတယ္။
"ဒီပြဲကေတာ့ က်ေနာ္တို႔ႏိုင္ငံအတြက္ အဓိကေတာ့ တိုင္းရင္းသား တန္းတူညီမွ်ေရးနဲ႔ ျပည္ေထာင္စုတည္ေဆာက္ေရးအတြက္ လြတ္လပ္ေရးရဲ႕ အေျခခံအုတ္ျမစ္ခ်တဲ့ ေန႔ျဖစ္တဲ့အတြက္ေၾကာင့္ အဓိကေတာ့ တိုင္းရင္းသားနဲ႔ပတ္သက္တဲ့ ျပည္ေထာင္စုနဲ႔ ပတ္သက္တဲ့ကိစၥျဖစ္တယ္ေပါ့ေနာ္။ ဒါေၾကာင့္မို႔လို႔လည္း ဒီအခမ္းအနားကေတာ့ ႏိုင္ငံေရးအရကိုက ထူးျခားတယ္၊ အႏွစ္သာရရွိတယ္ လို႔ က်ေနာ္ေတာ့ အဲလိုျမင္ပါတယ္။"
ျပည္တြင္းမွာ ကိုဗစ္အတည္ျပဳလူနာေတြ ျပန္မ်ားလာေနခ်ိန္ျဖစ္လို႔ ကပ္ေရာဂါစည္းမ်ဥ္းေတြနဲ႔အညီ အခမ္းအနား တက္ေရာက္မယ္လို႔ ဦးကိုကိုႀကီးက ေျပာပါတယ္။
ဒါေပမယ့္ တိုင္းရင္းသားႏိုင္ငံေရးပါတီေတြထဲမွာ အင္အားႀကီးပါတီတခုတဲ့ ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႔ခ်ဳပ္ (SNLD) ပါတီကေတာ့ စစ္အာဏာသိမ္းထားခ်ိန္ စစ္ေကာင္စီက စီစဥ္က်င္းပတဲ့ အခမ္းအနားကို တက္မွာမဟုတ္ဘူးလို႔ အေထြေထြ အတြင္းေရးမႉး ဦးစိုင္းလိတ္က ဗြီအိုေအ ကို ေျပာပါတယ္။
"ျပည္ေထာင္စုေန႔ဆိုတာေတာ့ က်ေနာ္တို႔ ေတာင္ေပၚတိုင္းရင္းသားမ်ားနဲ႔ ျပည္မနဲ႔ပူးေပါင္းၿပီးေတာ့မွ လြတ္လပ္ေရးအတူ တြဲယူၾကမယ္။ ၿပီးေတာ့မွ တန္းတူညီမွ်တဲ့ ျပည္ေထာင္စုတခုကို ဖြဲ႔စည္းတည္ေထာင္မယ္ဆိုတဲ့ ကတိကဝတ္အရ ေပၚေပါက္လာတဲ့ ေန႔ထူးေန႔ျမတ္တခုေပါ့ေနာ္။ ဒါေပမယ့္ ဒီေန႔ ဒီအခ်ိန္မွာ အတူတူတြဲယူလာတဲ့ လြတ္လပ္ေရးကလည္း လြတ္လပ္တဲ့အရသာကို မေပးႏိုင္ သလို အတူတူတည္ေဆာက္ခဲ့တဲ့ ျပည္ေထာင္စုကလည္း ျပည္ေထာင္စုရဲ႕အႏွစ္သာရေတြ ဘာတခုမွ ေဖာ္ေဆာင္ ႏိုင္ျခင္းမရွိခဲ့ပါဘူး။ ဒါေၾကာင့္မို႔လို႔ အခု စစ္အာဏာသိမ္းထားတဲ့ အခ်ိန္ကာလမွာလုပ္မယ့္ ျပည္ေထာင္စုေန႔ဆိုတာကလည္းပဲ က်ေနာ္တို႔ေမွ်ာ္မွန္းတဲ့ က်ေနာ္တို႔ယုံၾကည္ခဲ့တဲ့ ႏိုင္ငံေရးအႏွစ္သာရေတြ ဘာတခုမွ ရွိမေနတဲ့အတြက္ေၾကာင့္မို႔လို႔ က်ေနာ္တို႔ ဒါသြားေရာက္တက္ဖို႔အတြက္ကိုလည္း အစီအစဥ္မရွိတာ ျဖစ္ပါတယ္ဗ်။"
က်ားျဖဴပါတီလို႔လည္းသိၾကတဲ့ ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကရက္တစ္ပါတီ (SNDP) ကေတာ့ ဖက္ဒရယ္ရည္မွန္းခ်က္ ရွိထားတဲ့ အတြက္ ျပည္ေထာင္စုေန႔အခမ္းအနားကို တက္မယ္လို႔ ပါတီဥကၠ႒ ဦးစိုင္းအိုက္ေပါင္းက ေျပာပါတယ္။
"က်ေနာ္တို႔က အၿမဲတမ္း ဖက္ဒရယ္ျပည္ေထာင္စု ျဖစ္ေစခ်င္ေနတာပါပဲေလ၊ က်ေနာ္တို႔ရဲ႕ အၿမဲတမ္း ေမွ်ာ္မွန္းခ်က္ကေတာ့။"
ျပည္ေထာင္စုေန႔မနက္ပိုင္းမွာ ဗိုလ္ရႈသဘင္အခမ္းအနားလုပ္ဖို႔နဲ႔ ညေနပိုင္းမွာ ညစာစားပြဲက်င္းပဖို႔ စစ္ေကာင္စီက စီစဥ္ထားပါ တယ္။ ဒီပြဲႏွစ္ပြဲလုံးကိုတက္မယ္လို႔ ျပည္ေထာင္စု ေကာင္းက်ိဳးေဆာင္ ပါတီ (UBP) ပါတီရဲ႕ ဗဟိုအလုပ္အမႈေဆာင္တဦးျဖစ္သူ ဦးဘိုဝင္းက ဗြီအိုေအကိုေျပာပါတယ္။
"သူတို႔ဘက္ကေတာ့ မနက္ပိုင္းဖိတ္တာရယ္၊ ေနာက္ ညေနဘက္ဖိတ္တာရယ္၊ ႏွစ္ခုေပါ့ေနာ္။ မနက္ပိုင္းကို ဗိုလ္ရႈခံအခမ္းအနား ေပါ့။ ဒါကေတာ့ စိန္ရတု ျပည္ေထာင္စုေန႔ ဂုဏ္ျပဳတဲ့အခမ္းအနားေပါ့ေနာ္။ ညေနဘက္ကေတာ့ ညစာစားပြဲနဲ႔ ေဖ်ာ္ေျဖပြဲေပါ့။"
ႏိုင္ငံသားအားလုံး အေလးထား တန္ဖိုးထားရမယ့္ ျပည္ေထာင္စုေန႔ စိန္ရတု အေၾကာင္းျပၿပီး ၿငိမ္းခ်မ္းေရးအတြက္ ကမ္းလွမ္း ဖိတ္ေခၚခ်က္ကို ဂုဏ္ယူ တန္ဖိုးထား ႀကိဳဆိုတယ္လို႔ဆိုၿပီး ႀကံ့ခိုင္ဖြံ႕ၿဖိဳးေရးပါတီ၊ တိုင္းရင္းသားစည္းလုံးညီၫြတ္ေရးပါတီ၊ ၈၈ မ်ိဳးဆက္ ေက်ာင္းသားလူငယ္မ်ားပါတီ စတဲ့ ပါတီေပါင္း ၂၆ ပါတီရဲ႕ တာဝန္ရွိသူေတြ လက္မွတ္ထိုးၿပီး ေၾကညာခ်က္တေစာင္ ထုတ္ထားပါတယ္။
အၾကမ္းဖက္အဖြဲ႔အစည္းအျဖစ္ ေၾကညာထားတဲ့ အဖြဲ႔ေတြကလြဲရင္ က်န္တဲ့ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႔အစည္းအားလုံး ျပည္ေထာင္စုေန႔အခမ္းအနားကို တက္ေရာက္ဖို႔ ဖိတ္ၾကားထားတယ္ လို႔ စစ္ေကာင္စီက ထုတ္ျပန္ထားပါတယ္။ ျပည္ေထာင္စုေန႔ အခမ္းအနား က်င္းပဖို႔အတြက္ ေနျပည္ေတာ္က ေနရာေတာ္ေတာ္မ်ားမ်ားမွာ လုံၿခဳံေရးတင္းၾကပ္ထားပါတယ္။ ေဖေဖာ္ဝါရီလ ၈ ရက္ အဂၤါေန႔ကေတာ့ ရန္ကုန္ကေန ေနျပည္ေတာ္ဆီ ျပည္ေထာင္စုအလံေတာ္ သယ္ေဆာင္တဲ့အခမ္းအနား လုပ္ခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

===========

[[Unicode]]

ပြည်ထောင်စုနေ့အခမ်းအနား တက်ရောက်ရေး နိုင်ငံရေးပါတီများကြား သဘောထားကွဲ

နေပြည်တော်မှာ စနေနေ့ကျင်းပမယ့် ပြည်ထောင်စုနေ့အခမ်းအနားကိုတက်ဖို့ ဖိတ်ကြားထားတဲ့ နိုင်ငံရေးပါတီတွေထဲ တက်ရေး မတက်ရေး သဘောထားကွဲနေပါတယ်။ တိုင်းရင်းသားပါတီတွေထဲမှာကိုပဲ တက်မယ့်ပါတီ၊ မတက်မယ့်ပါတီ စသည်အားဖြင့် ကွဲပြားနေပါတယ်။ စစ်ကောင်စီကစီစဉ်တဲ့ ပြည်ထောင်စုနေ့အခမ်းအနား တက်ရေး မတက်ရေး နိုင်ငံရေးပါတီတချို့ရဲ့ ရပ်တည်ချက် စုစည်းထားတဲ့ ရန်ကုန်ကလာတဲ့သတင်းကို အလိမ္မာက တင်ပြပေးထားပါတယ်။
စနေနေ့ကျရောက်မယ့် ၇၅ နှစ်မြောက် ပြည်ထောင်စုနေ့ စိန်ရတုအခမ်းအနားကို နေပြည်တော်မှာကျင်းပဖို့ စစ်ကောင်စီက ပြင်ဆင်နေပါ တယ်။ အဲဒီအခမ်းအနားတက်ဖို့ ဖိတ်ထားတဲ့ထဲမှာ နိုင်ငံရေးပါတီတွေလည်းပါဝင်ပြီး ပါတီတွေကြားမှာ သဘောထား ကွဲလွဲနေပါတယ်။
ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးကတော့ နိုင်ငံရေးအရ ထူးခြား အနှစ်သာရရှိတယ်လို့ မြင်တာကြောင့် တက်မယ်လို့ ဗွီအိုအေကို ပြောပါတယ်။
"ဒီပွဲကတော့ ကျနော်တို့နိုင်ငံအတွက် အဓိကတော့ တိုင်းရင်းသား တန်းတူညီမျှရေးနဲ့ ပြည်ထောင်စုတည်ဆောက်ရေးအတွက် လွတ်လပ်ရေးရဲ့ အခြေခံအုတ်မြစ်ချတဲ့ နေ့ဖြစ်တဲ့အတွက်ကြောင့် အဓိကတော့ တိုင်းရင်းသားနဲ့ပတ်သက်တဲ့ ပြည်ထောင်စုနဲ့ ပတ်သက်တဲ့ကိစ္စဖြစ်တယ်ပေါ့နော်။ ဒါကြောင့်မို့လို့လည်း ဒီအခမ်းအနားကတော့ နိုင်ငံရေးအရကိုက ထူးခြားတယ်၊ အနှစ်သာရရှိတယ် လို့ ကျနော်တော့ အဲလိုမြင်ပါတယ်။"
ပြည်တွင်းမှာ ကိုဗစ်အတည်ပြုလူနာတွေ ပြန်များလာနေချိန်ဖြစ်လို့ ကပ်ရောဂါစည်းမျဉ်းတွေနဲ့အညီ အခမ်းအနား တက်ရောက်မယ်လို့ ဦးကိုကိုကြီးက ပြောပါတယ်။
ဒါပေမယ့် တိုင်းရင်းသားနိုင်ငံရေးပါတီတွေထဲမှာ အင်အားကြီးပါတီတခုတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီကတော့ စစ်အာဏာသိမ်းထားချိန် စစ်ကောင်စီက စီစဉ်ကျင်းပတဲ့ အခမ်းအနားကို တက်မှာမဟုတ်ဘူးလို့ အထွေထွေ အတွင်းရေးမှူး ဦးစိုင်းလိတ်က ဗွီအိုအေ ကို ပြောပါတယ်။
"ပြည်ထောင်စုနေ့ဆိုတာတော့ ကျနော်တို့ တောင်ပေါ်တိုင်းရင်းသားများနဲ့ ပြည်မနဲ့ပူးပေါင်းပြီးတော့မှ လွတ်လပ်ရေးအတူ တွဲယူကြမယ်။ ပြီးတော့မှ တန်းတူညီမျှတဲ့ ပြည်ထောင်စုတခုကို ဖွဲ့စည်းတည်ထောင်မယ်ဆိုတဲ့ ကတိကဝတ်အရ ပေါ်ပေါက်လာတဲ့ နေ့ထူးနေ့မြတ်တခုပေါ့နော်။ ဒါပေမယ့် ဒီနေ့ ဒီအချိန်မှာ အတူတူတွဲယူလာတဲ့ လွတ်လပ်ရေးကလည်း လွတ်လပ်တဲ့အရသာကို မပေးနိုင် သလို အတူတူတည်ဆောက်ခဲ့တဲ့ ပြည်ထောင်စုကလည်း ပြည်ထောင်စုရဲ့အနှစ်သာရတွေ ဘာတခုမှ ဖော်ဆောင် နိုင်ခြင်းမရှိခဲ့ပါဘူး။ ဒါကြောင့်မို့လို့ အခု စစ်အာဏာသိမ်းထားတဲ့ အချိန်ကာလမှာလုပ်မယ့် ပြည်ထောင်စုနေ့ဆိုတာကလည်းပဲ ကျနော်တို့မျှော်မှန်းတဲ့ ကျနော်တို့ယုံကြည်ခဲ့တဲ့ နိုင်ငံရေးအနှစ်သာရတွေ ဘာတခုမှ ရှိမနေတဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့ ဒါသွားရောက်တက်ဖို့အတွက်ကိုလည်း အစီအစဉ်မရှိတာ ဖြစ်ပါတယ်ဗျ။"
ကျားဖြူပါတီလို့လည်းသိကြတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) ကတော့ ဖက်ဒရယ်ရည်မှန်းချက် ရှိထားတဲ့ အတွက် ပြည်ထောင်စုနေ့အခမ်းအနားကို တက်မယ်လို့ ပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ပြောပါတယ်။
"ကျနော်တို့က အမြဲတမ်း ဖက်ဒရယ်ပြည်ထောင်စု ဖြစ်စေချင်နေတာပါပဲလေ၊ ကျနော်တို့ရဲ့ အမြဲတမ်း မျှော်မှန်းချက်ကတော့။"
ပြည်ထောင်စုနေ့မနက်ပိုင်းမှာ ဗိုလ်ရှုသဘင်အခမ်းအနားလုပ်ဖို့နဲ့ ညနေပိုင်းမှာ ညစာစားပွဲကျင်းပဖို့ စစ်ကောင်စီက စီစဉ်ထားပါ တယ်။ ဒီပွဲနှစ်ပွဲလုံးကိုတက်မယ်လို့ ပြည်ထောင်စု ကောင်းကျိုးဆောင် ပါတီ (UBP) ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်တဦးဖြစ်သူ ဦးဘိုဝင်းက ဗွီအိုအေကိုပြောပါတယ်။
"သူတို့ဘက်ကတော့ မနက်ပိုင်းဖိတ်တာရယ်၊ နောက် ညနေဘက်ဖိတ်တာရယ်၊ နှစ်ခုပေါ့နော်။ မနက်ပိုင်းကို ဗိုလ်ရှုခံအခမ်းအနား ပေါ့။ ဒါကတော့ စိန်ရတု ပြည်ထောင်စုနေ့ ဂုဏ်ပြုတဲ့အခမ်းအနားပေါ့နော်။ ညနေဘက်ကတော့ ညစာစားပွဲနဲ့ ဖျော်ဖြေပွဲပေါ့။"
နိုင်ငံသားအားလုံး အလေးထား တန်ဖိုးထားရမယ့် ပြည်ထောင်စုနေ့ စိန်ရတု အကြောင်းပြပြီး ငြိမ်းချမ်းရေးအတွက် ကမ်းလှမ်း ဖိတ်ခေါ်ချက်ကို ဂုဏ်ယူ တန်ဖိုးထား ကြိုဆိုတယ်လို့ဆိုပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ၈၈ မျိုးဆက် ကျောင်းသားလူငယ်များပါတီ စတဲ့ ပါတီပေါင်း ၂၆ ပါတီရဲ့ တာဝန်ရှိသူတွေ လက်မှတ်ထိုးပြီး ကြေညာချက်တစောင် ထုတ်ထားပါတယ်။
အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားတဲ့ အဖွဲ့တွေကလွဲရင် ကျန်တဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံး ပြည်ထောင်စုနေ့အခမ်းအနားကို တက်ရောက်ဖို့ ဖိတ်ကြားထားတယ် လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။ ပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပဖို့အတွက် နေပြည်တော်က နေရာတော်တော်များများမှာ လုံခြုံရေးတင်းကြပ်ထားပါတယ်။ ဖေဖော်ဝါရီလ ၈ ရက် အင်္ဂါနေ့ကတော့ ရန်ကုန်ကနေ နေပြည်တော်ဆီ ပြည်ထောင်စုအလံတော် သယ်ဆောင်တဲ့အခမ်းအနား လုပ်ခဲ့ပါတယ်။

=========

XS
SM
MD
LG