သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

စစ္ေကာင္စီ ျပည္ေထာင္စုေန႔ အခမ္းအနား တိုင္းရင္းသားေခါင္းေဆာင္တခ်ိဳ႕ တက္ေရာက္


စစ္ေကာင္စီကက်င္းပတဲ့ ျပည္ေထာင္စုေန႔ အခမ္းအနား တက္ေရာက္တဲ့ တိုင္းရင္းသားေခါင္းေဆာင္တခ်ိဳ႕။ (ေဖေဖာ္ဝါရီ ၁၂၊ ၂၀၂၂။ ဓာတ္ပုံ - စစ္ေကာင္စီ ျပန္ၾကားေရး)

(Zawgyi / Unicode)

၇၅ ႏွစ္ေျမာက္ ျပည္ေထာင္စုေန႔ စိန္ရတုအထိမ္းအမွတ္ စစ္ေကာင္စီက ေနျပည္ေတာ္မွာ ဒီကေန႔ အခမ္းအနား က်င္းပခဲ့သလို မနက္ျဖန္မွာ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲ က်င္းပမယ္လုိ႔ ေၾကညာထားပါတယ္။

ျပည္ေထာင္စုေန႔ အခမ္းအနားနဲ႔ ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲေတြကို တက္ဖို႔ တႏုိင္ငံလံုး ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရး သေဘာတူစာခ်ဳပ္ (NCA) ကို လက္မွတ္ေရးထိုးထားတဲ့ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႔ေတြကိုေရာ လက္မွတ္ထိုးမထားေသးတဲ့ အဖြဲ႔ေတြကိုပါ စစ္ေကာင္စီက ဖိတ္ထားပါတယ္။

ဒီကေန႔ စစ္ေကာင္စီရဲ႕ တရားဝင္ထုတ္ျပန္ခ်က္အရ ျပည္ေထာင္စုေန႔ အခမ္းအနားတက္ဖို႔ စာရင္းေပးထားတဲ့ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႔ ၁၁ ဖြဲ႔ ရွိပါတယ္။

အဲဒီထဲမွာ ရခိုင္ျပည္လြတ္ေျမာက္ေရးပါတီ (ALP) က ဒုတိယဥကၠ႒ ေဒၚေစာျမရာဇာလင္းနဲ႔ ကရင္ၿငိမ္းခ်မ္းေရးေကာင္စီ (KNU/KNLA-PC) က ဒုတိယဥကၠ႒ ေဒါက္တာေဇာ္ကေပၚထူးတို႔ပဲ အဆင့္အျမင့္ဆံုးအေနနဲ႔ ပါဝင္ၿပီး က်န္တဲ့အဖြဲ႔ေတြကေတာ့ အဆင့္ျမင့္ေခါင္းေဆာင္ပိုင္းက တက္ေရာက္တာ မေတြ႔ရပါဘူး။

ဒါ့အျပင္ ကရင္အမ်ဳိးသားအစည္းအ႐ုံး (KNU) အေနနဲ႔ တက္ေရာက္တယ္လုိ႔ စာရင္းထဲမွာပါတဲ့ ပဒိုေရႊေမာင္းဟာ ဒူးပလာယာခ႐ုိင္ ဥကၠ႒အျဖစ္က ႏုတ္ထြက္တဲ့အေၾကာင္း ၿပီးခဲ့ဲတဲ့ သီတင္းႏွစ္ပတ္ကပဲ ေၾကညာထားတာပါ။

ရကိၡဳင့္တပ္ေတာ္ AA ရဲ႕ ႏုိင္ငံေရးအဖြဲ႔အစည္းျဖစ္တဲ့ ရခိုင္အမ်ဳိးသားအဖြဲ႔ခ်ဳပ္ (ULA) ကို ကိုယ္စားျပဳၿပီး ႏုိင္ငံေရးမွဴးျဖစ္သူ ဦးဦးလွေစာ တက္ေရာက္တာကိုလည္း စာရင္းထဲမွာ ေဖာ္ျပထားပါတယ္။ AA အဖြဲ႔နဲ႔ စစ္ေကာင္စီတပ္ေတြအၾကား ၿပီးခဲ့တဲ့ရက္ပိုင္းေတြကပဲ ရခုိင္ျပည္ေျမာက္ပိုင္းမွာ တိုက္ပြဲေတြ ျဖစ္ခဲ့ပါေသးတယ္။

ျပည္ေထာင္စုေန႔ အခမ္းအနား တက္တယ္ဆုိတဲ့ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႔ စာရင္းထဲက ALP၊ KNU/KNLA-PC၊ ဒီမိုကရက္တစ္ ကရင္အက်ဳိးျပဳတပ္မေတာ္ တပ္မဟာ ၅ (DKBA)၊ လားဟူ ဒီမိုကရက္တစ္အစည္းအ႐ံုး (LDU)၊ မြန္ျပည္သစ္ပါတီ (NMSP)၊ သွ်မ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ (RCSS) တို႔ဟာ NCA လက္မွတ္ေရးထိုးထားတဲ့ အဖြဲ႔ေတြ ျဖစ္ပါတယ္။ ဒါ့အျပင္ KNU ဟာလည္း NCA ကို လက္မွတ္ေရးထိုးထားတဲ့အဖြဲ႔ ျဖစ္ေပမယ့္ စစ္တပ္က အာဏာသိမ္းၿပီးတဲ့ေနာက္ KNU တပ္မဟာတခ်ဳိ႕နဲ႔ စစ္ေကာင္စီၾကား တိုက္ပြဲေတြ ျပန္ျဖစ္ေနတာပါ။

အခမ္းအနားတက္တဲ့ထဲက မိုင္းလားအဖြဲ႔ (NDAA)၊ ရွမ္းျပည္တိုးတက္ေရးပါတီ (SSPP)၊ ဝျပည္ ေသြးစည္းညီၫြတ္ေရးတပ္မေတာ္ (UWSA) နဲ႔ ULA တို႔ကေတာ့ NCA ကို လက္မွတ္ေရးထိုးထားတဲ့ အဖြဲ႔ေတြ မဟုတ္ေသးပါဘူး။

ျပည္ေထာင္စုေန႔ အခမ္းအနား တက္တယ္လုိ႔ ထုတ္ျပန္ထားတဲ့ စာရင္းထဲက တိုင္းရင္းသားအဖြဲ႔ေတြထဲမွာ ဘယ္အဖြဲ႔ေတြက ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲကို တက္မယ္ဆုိတာေတာ့ ရွင္းရွင္းလင္းလင္း မသိရေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္

-------------------------

(Unicode)

စစ်ကောင်စီ ပြည်ထောင်စုနေ့ အခမ်းအနား တိုင်းရင်းသားခေါင်းဆောင်တချို့ တက်ရောက်

၇၅ နှစ်မြောက် ပြည်ထောင်စုနေ့ စိန်ရတုအထိမ်းအမှတ် စစ်ကောင်စီက နေပြည်တော်မှာ ဒီကနေ့ အခမ်းအနား ကျင်းပခဲ့သလို မနက်ဖြန်မှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကျင်းပမယ်လို့ ကြေညာထားပါတယ်။

ပြည်ထောင်စုနေ့ အခမ်းအနားနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို တက်ဖို့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကိုရော လက်မှတ်ထိုးမထားသေးတဲ့ အဖွဲ့တွေကိုပါ စစ်ကောင်စီက ဖိတ်ထားပါတယ်။

ဒီကနေ့ စစ်ကောင်စီရဲ့ တရားဝင်ထုတ်ပြန်ချက်အရ ပြည်ထောင်စုနေ့ အခမ်းအနားတက်ဖို့ စာရင်းပေးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၁ ဖွဲ့ ရှိပါတယ်။

အဲဒီထဲမှာ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) က ဒုတိယဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းနဲ့ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) က ဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်ကပေါ်ထူးတို့ပဲ အဆင့်အမြင့်ဆုံးအနေနဲ့ ပါဝင်ပြီး ကျန်တဲ့အဖွဲ့တွေကတော့ အဆင့်မြင့်ခေါင်းဆောင်ပိုင်းက တက်ရောက်တာ မတွေ့ရပါဘူး။

ဒါ့အပြင် ကရင်အမျိုးသားအစည်းအရုံး (KNU) အနေနဲ့ တက်ရောက်တယ်လို့ စာရင်းထဲမှာပါတဲ့ ပဒိုရွှေမောင်းဟာ ဒူးပလာယာခရိုင် ဥက္ကဋ္ဌအဖြစ်က နုတ်ထွက်တဲ့အကြောင်း ပြီးခဲ့ဲတဲ့ သီတင်းနှစ်ပတ်ကပဲ ကြေညာထားတာပါ။

ရက္ခိုင့်တပ်တော် AA ရဲ့ နိုင်ငံရေးအဖွဲ့အစည်းဖြစ်တဲ့ ရခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ကို ကိုယ်စားပြုပြီး နိုင်ငံရေးမှူးဖြစ်သူ ဦးဦးလှစော တက်ရောက်တာကိုလည်း စာရင်းထဲမှာ ဖော်ပြထားပါတယ်။ AA အဖွဲ့နဲ့ စစ်ကောင်စီတပ်တွေအကြား ပြီးခဲ့တဲ့ရက်ပိုင်းတွေကပဲ ရခိုင်ပြည်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ဖြစ်ခဲ့ပါသေးတယ်။

ပြည်ထောင်စုနေ့ အခမ်းအနား တက်တယ်ဆိုတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ စာရင်းထဲက ALP၊ KNU/KNLA-PC၊ ဒီမိုကရက်တစ် ကရင်အကျိုးပြုတပ်မတော် တပ်မဟာ ၅ (DKBA)၊ လားဟူ ဒီမိုကရက်တစ်အစည်းအရုံး (LDU)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့ဟာ NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေ ဖြစ်ပါတယ်။ ဒါ့အပြင် KNU ဟာလည်း NCA ကို လက်မှတ်ရေးထိုးထားတဲ့အဖွဲ့ ဖြစ်ပေမယ့် စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် KNU တပ်မဟာတချို့နဲ့ စစ်ကောင်စီကြား တိုက်ပွဲတွေ ပြန်ဖြစ်နေတာပါ။

အခမ်းအနားတက်တဲ့ထဲက မိုင်းလားအဖွဲ့ (NDAA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ ဝပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နဲ့ ULA တို့ကတော့ NCA ကို လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေ မဟုတ်သေးပါဘူး။

ပြည်ထောင်စုနေ့ အခမ်းအနား တက်တယ်လို့ ထုတ်ပြန်ထားတဲ့ စာရင်းထဲက တိုင်းရင်းသားအဖွဲ့တွေထဲမှာ ဘယ်အဖွဲ့တွေက ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်မယ်ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

XS
SM
MD
LG