သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာစစ္ေကာင္စီက်ဴးလြန္မႈ တူရကီအာဏာပိုင္တို႔စတင္စုံစမ္း (MAP)


စစ္အာဏာသိမ္းၿပီးေတြ႕ရသည့္ ျမန္မာစစ္သားမ်ား

[[Zawgyi/Unicode]]

ျမန္မာနိ္ုင္ငံမွာ စစ္အာဏာသိမ္းၿပီးခ်ိန္ကစလို႔ စစ္တပ္ရဲ႕ ရက္စက္တဲ့လူ႔အခြင့္အေရး ခ်ိဳးေဖာက္တယ္လို႔ ၿဗိတိန္အေျခစိုက္ Myanmar Accountability Project, MAP လူ႔အခြင့္အေရးအဖြဲ႔က ျမန္မာစစ္တပ္ကို တူရကီမွာ တရားစြဲဖို႔ျပင္ေနတဲ့ အမႈအတြက္ တူရကီအာဏာပိုင္ေတြက ကနဦး စုံစမ္းစစ္ေဆးမႈေတြကို စတင္ျပဳလုပ္ေနတယ္လို႔ MAP က ထုတ္ျပန္ပါတယ္။

ျမန္မာစစ္တပ္ရဲ႕ ရာထူးအျမင့္ဆုံး ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ကေန အနိမ့္ဆုံးရာထူးအထိ တာဝန္ခံမႈရွိေအာင္ ကမာၻက ေစာင့္ၾကည့္ေနတယ္ဆိုတာ ျပသလိုက္တာျဖစ္တယ္လို႔ MAP ပေရာဂ်က္ရဲ႕ ၫြန္ၾကားေရးမႉး Chris Gunness ကေျပာပါတယ္။

ရာဇဝတ္ျပစ္မႈေတြကို ကမာၻ႔ဘယ္ေနရာမွာမဆို စီရင္ပိုင္ခြင့္ရွိတယ္ဆိုတဲ့ ဥပေဒအေျခခံေပၚမွာ ျမန္မာစစ္ဗိုလ္ခ်ဳပ္ေတြရဲ႕ က်ဴးလြန္မႈေတြကို အေရးယူႏိုင္ဖို႔ MAP က Istanbul ၿမိဳ႕ေတာ္က အစိုးရေရွ႕ေန႐ုံးကို မတ္လ ၂၉ ရက္က အမႈတင္ခဲ့တာ ျဖစ္ပါတယ္။ ျမန္မာႏိုင္ငံတဝန္း စစ္တပ္ရဲ႕ ရက္စက္တဲ့ လုပ္ရပ္ေတြဟာ ကပ္ေရာဂါပ်ံ႕ႏွံ႔သလို ျဖစ္ေနတယ္လို႔ Chris Gunness က ဇြန္လ ၁ ရက္ေန႔က ထုတ္ျပန္ခ်က္မွာ ေျပာထားပါတယ္။

စစ္တပ္ဟာ အေရးယူခံရျခင္းမရွိဘဲ သတ္ျဖတ္မႈေတြလုပ္ေနသလို၊ ေနအိမ္ ရာေပါင္းမ်ားစြာကို တမင္မီးရႈိ႕ဖ်က္စီးေနတာေၾကာင့္ ဒီလုပ္ရပ္ေတြအတြက္ တာဝန္ခံမႈရွိမွ ျဖစ္မယ္လို႔ သူကေျပာပါတယ္။ ျမန္မာစစ္တပ္ကေန ထြက္ေျပးလာသူေတြ ပုံမွန္လိုရွိေနတာေၾကာင့္ စစ္တပ္နဲ႔ပါတ္သက္တဲ့ အေထာက္အထားေတြ တေန႔တျခား ပိုခိုင္မာလာတယ္လု႔ိလည္း သူက ေျပာပါတယ္။

ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း စစ္တပ္ရဲ႕က်ဴးလြန္မႈေတြကို ႏိုင္ငံအာဏာပိုင္တခုက ပထမဆုံး စုံစမ္းစစ္ေနတဲ့အမႈျဖစ္တယ္လို႔လည္း MAP ေၾကညာခ်က္မွာ ေဖာ္ျပပါတယ္။ တူရကီအစိုးရဖက္ကေတာ့ ဒါနဲ႔ပတ္သက္လို႔ တစုံတရာ ထုတ္ျပန္ေၾကညာတာမ်ိဳး မေတြ႔ရေသးပါဘူး။ ၂၀၁၇ ခုႏွစ္က ႐ိုဟင္ဂ်ာေတြအေပၚ က်ဴးလြန္ခဲ့တယ္ဆိုတဲ့ အမႈအတြက္ Gambia ႏိုင္ငံက ျမန္မာအစိုးရအေပၚ ICJ ႏိုင္ငံတကာတရား႐ုံးမွာ ၂၀၁၉ ခုႏွစ္က တရားစြဲထားတဲ့ အမႈကိုလည္း စစ္ေဆးေနဆဲျဖစ္ပါတယ္။

အလားတူ ၿဗိတိန္အေျခစိုက္ BROUK ႐ိုဟင္ဂ်ာအဖြဲ႕ကလည္း ႐ိုဟင္ဂ်ာေတြအေပၚ စစ္ရာဇဝတ္မႈ က်ဴးလြန္ခဲ့တယ္ဆိုၿပီး စစ္တပ္အေပၚ တရားစြဲထားတဲ့ အမႈကိုလည္း အာဂ်င္တီးနားႏိုင္ငံ တရား႐ုံးမွာ စစ္ေဆးၾကားနာခြင့္ရွိတယ္လို႔ အယူခံတရား႐ုံးက ဆုံးျဖတ္ခ်က္ခ်ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[[Unicode]]

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးချိန်ကစလို့ စစ်တပ်ရဲ့ ရက်စက်တဲ့လူ့အခွင့်အရေး ချိုးဖောက်တယ်လို့ ဗြိတိန်အခြေစိုက် Myanmar Accountability Project, MAP လူ့အခွင့်အရေးအဖွဲ့က မြန်မာစစ်တပ်ကို တူရကီမှာ တရားစွဲဖို့ပြင်နေတဲ့ အမှုအတွက် တူရကီအာဏာပိုင်တွေက ကနဦး စုံစမ်းစစ်ဆေးမှုတွေကို စတင်ပြုလုပ်နေတယ်လို့ MAP က ထုတ်ပြန်ပါတယ်။

မြန်မာစစ်တပ်ရဲ့ ရာထူးအမြင့်ဆုံး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကနေ အနိမ့်ဆုံးရာထူးအထိ တာဝန်ခံမှုရှိအောင် ကမ္ဘာက စောင့်ကြည့်နေတယ်ဆိုတာ ပြသလိုက်တာဖြစ်တယ်လို့ MAP ပရောဂျက်ရဲ့ ညွန်ကြားရေးမှူး Chris Gunness ကပြောပါတယ်။

ရာဇဝတ်ပြစ်မှုတွေကို ကမ္ဘာ့ဘယ်နေရာမှာမဆို စီရင်ပိုင်ခွင့်ရှိတယ်ဆိုတဲ့ ဥပဒေအခြေခံပေါ်မှာ မြန်မာစစ်ဗိုလ်ချုပ်တွေရဲ့ ကျူးလွန်မှုတွေကို အရေးယူနိုင်ဖို့ MAP က Istanbul မြို့တော်က အစိုးရရှေ့နေရုံးကို မတ်လ ၂၉ ရက်က အမှုတင်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံတဝန်း စစ်တပ်ရဲ့ ရက်စက်တဲ့ လုပ်ရပ်တွေဟာ ကပ်ရောဂါပျံ့နှံ့သလို ဖြစ်နေတယ်လို့ Chris Gunness က ဇွန်လ ၁ ရက်နေ့က ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

စစ်တပ်ဟာ အရေးယူခံရခြင်းမရှိဘဲ သတ်ဖြတ်မှုတွေလုပ်နေသလို၊ နေအိမ် ရာပေါင်းများစွာကို တမင်မီးရှို့ဖျက်စီးနေတာကြောင့် ဒီလုပ်ရပ်တွေအတွက် တာဝန်ခံမှုရှိမှ ဖြစ်မယ်လို့ သူကပြောပါတယ်။ မြန်မာစစ်တပ်ကနေ ထွက်ပြေးလာသူတွေ ပုံမှန်လိုရှိနေတာကြောင့် စစ်တပ်နဲ့ပါတ်သက်တဲ့ အထောက်အထားတွေ တနေ့တခြား ပိုခိုင်မာလာတယ်လု့ိလည်း သူက ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ရဲ့ကျူးလွန်မှုတွေကို နိုင်ငံအာဏာပိုင်တခုက ပထမဆုံး စုံစမ်းစစ်နေတဲ့အမှုဖြစ်တယ်လို့လည်း MAP ကြေညာချက်မှာ ဖော်ပြပါတယ်။ တူရကီအစိုးရဖက်ကတော့ ဒါနဲ့ပတ်သက်လို့ တစုံတရာ ထုတ်ပြန်ကြေညာတာမျိုး မတွေ့ရသေးပါဘူး။ ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တယ်ဆိုတဲ့ အမှုအတွက် Gambia နိုင်ငံက မြန်မာအစိုးရအပေါ် ICJ နိုင်ငံတကာတရားရုံးမှာ ၂၀၁၉ ခုနှစ်က တရားစွဲထားတဲ့ အမှုကိုလည်း စစ်ဆေးနေဆဲဖြစ်ပါတယ်။

အလားတူ ဗြိတိန်အခြေစိုက် BROUK ရိုဟင်ဂျာအဖွဲ့ကလည်း ရိုဟင်ဂျာတွေအပေါ် စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့တယ်ဆိုပြီး စစ်တပ်အပေါ် တရားစွဲထားတဲ့ အမှုကိုလည်း အာဂျင်တီးနားနိုင်ငံ တရားရုံးမှာ စစ်ဆေးကြားနာခွင့်ရှိတယ်လို့ အယူခံတရားရုံးက ဆုံးဖြတ်ချက်ချထားပါတယ်။

XS
SM
MD
LG