သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ေကာင္စီဥကၠဌ DKBA PNLO တို႔နဲ႔ သီးျခားစီေဆြးေႏြး


FILE - Senior Gen. Min Aung Hlaing, head of the military council, inspects officers during a parade to commemorate Myanmar's 77th Armed Forces Day in Naypyitaw, Myanmar, Sunday, March 27, 2022.

စစ္ေကာင္စီဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ဟာ တုိင္းရင္းသားလက္နက္ကိုင္အဖဲြ႔ေတြနဲ႔ ဆက္လက္ေဆြးေႏြးေနၿပီး ဒီရက္ပိုင္းေတြအတြင္းမွာ ဒီမုိကေရစီအက်ိဳးျပဳ ကရင္တပ္မေတာ္ DKBA နဲ႔ ပအို၀္းအမ်ိဳးသားလြတ္ေျမာက္ေရးအဖဲြ႔ခ်ဳပ္ PNLO တို႔နဲ႔ ေဆြးေႏြးခဲ့ပါတယ္။

Zawgyi/ Unicode

စစ္ေကာင္စီဥကၠဌ DKBA PNLO တို႔နဲ႔ သီးျခားစီေဆြးေႏြး

စစ္ေကာင္စီဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ဟာ တုိင္းရင္းသားလက္နက္ကိုင္အဖဲြ႔ေတြနဲ႔ ဆက္လက္ေဆြးေႏြးေနၿပီး ဒီရက္ပိုင္းေတြအတြင္းမွာ ဒီမုိကေရစီအက်ိဳးျပဳ ကရင္တပ္မေတာ္ DKBA နဲ႔ ပအို၀္းအမ်ိဳးသားလြတ္ေျမာက္ေရးအဖဲြ႔ခ်ဳပ္ PNLO တို႔နဲ႔ ေဆြးေႏြးခဲ့ပါတယ္။ ဒီေဆြးေႏြးပဲြေတြမွာ DKBAကေတာ့ ေဒသဖံြ႔ျဖိဳးေရးကိစၥေတြ အဓိကထားေဆြးေႏြးခဲ့သလို PNLO ကေတာ့ ျပည္နယ္သစ္ရရိွေရးအတြက္ ထည့္သြင္းေဆြးေႏြးခဲ့ၾကပါတယ္။ ရန္ကုန္ကလာတဲ့ ၿငိမ္းခ်မ္းေရးေဆြးေႏြးပဲြသတင္းကို ကိုေဇာ္မိုးေက်ာ္ က တင္ျပထားပါတယ္။

စစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ၾကီး ေစာစတီးဦးေဆာင္တဲ့ ဒီမုိကေရစီအက်ိဳးျပဳ ကရင္တပ္မေတာ္ DKBA ကိုယ္စားလွယ္အဖဲြ႔ဟာ ၁၉ရက္ေန႔ကေတာ့ စစ္ေကာင္စီဥကၠဌ ဗိုလ္ခ်ဳပ္မႈးၾကီး မင္းေအာင္လိႈင္နဲ႔ ေဆြးေႏြးခဲ့တာျဖစ္ပါတယ္။

ဒီ ေဆြးေႏြးပဲြအၿပီးမွာေတာ့ DKBA ကိုယ္စားလွယ္အဖဲြနဲ႔ ႔ေဆြးေႏြးရာမွာ စစ္ေကာင္စီဥကၠဌက ပါတီစံုဒီမုိကေရစီစနစ္က်င့္သံုးေရးနဲ႔ ဒီမုိကေရစီဖက္ဒရယ္ျပည္ေထာင္စုတည္ေဆာက္ေရးကို အဓိကေဆြးေႏြးခဲ့ေၾကာင္းနဲ႔ DKBA ဘက္က၊ တပ္မေတာ္နဲ႔ အၿမဲလက္တဲြသြားမယ့္အေျခအေန၊ ဒီမုိကေရစီနဲ႔ ဖက္ဒရယ္ျပည္ေထာင္စုတည္ေဆာက္ေရးအတြက္ သေဘာတူညီတဲ့အျမင္ေတြ ျပန္လည္ေဆြးေႏြးခဲ့သလို ေဒသဖံြ႔ျဖိဳးေရးကိစၥရပ္ေတြကိုလည္း ထည့္သြင္းေဆြးေႏြးခဲ့ေၾကာင္း စစ္ေကာင္စီက သတင္းထုတ္ျပန္ခဲ့ပါတယ္။

ေဆြးေႏြးပဲြမွာ ပါ၀င္တက္ေရာက္ခဲ့တဲ့ စစ္ေရးခ်ဳပ္ ဗိုလ္မႈးၾကီး ေစာ၀င္းစိန္က DKBA အေနနဲ႔ ထူးထူးျခားျခား တင္ျပတာမ်ိဳးမရိွဘဲ ဗိုလ္ခ်ဳပ္မႈးၾကီးမင္းေအာင္လိႈင္ရဲ့ ေဆြးေႏြးမႈအေပၚ အဓိက ေဆြးေႏြးခဲ့ေၾကာင္း ေျပာပါတယ္။

တပ္မေတာ္နဲ႔ အၿမဲလက္တဲြသြားမယ္ဆုိတဲ့အခ်က္မွာေတာ့ အဓိကေဒသဖံြ႔ျဖိဳးေရးကိစၥေတြကို ရည္ရြယ္တာျဖစ္ေၾကာင္း အခုလို ဆက္ ေျပာပါတယ္။

“ က်ေနာ္တုိ႔ ၂၀၁၁ တံုးက က်ေနာ္တုိ႔ရဲ့ Bilateral အစမွာ ေဒသဖံြ႔ျဖိဳးေရးေဆာင္ရြက္တာေတြ အကုန္လံုး အတူတကြ ပူးတဲြေဆာင္ရြက္ပါမယ္ဆိုတဲ့ ကတိက၀တ္က ရိွထားခဲ့တယ္။ အဲဒါက လက္ရိွသူတုိ႔က အာဏာ ရထားတဲ့အဖဲြ႔အစည္းဆုိေတာ့ ေဒသဖြံ႔ျဖိဳးေရးေဆာင္ရြက္တဲ့အခါမွာ အတူတကြ ပူးေပါင္းေဆာင္ရြက္မယ္ဆုိတဲ့ သေဘာပဲေပါ့။ အဲလုိမ်ိဳး။ စစ္ေရးနဲ႔ေတာ့ မဆိုင္ပါဘူး။ ကရင္ျပည္နယ္ၿငိမ္းခ်မ္းေရးကိစၥက က်ေနာ္တုိ႔နဲ႔ေတာ့ မၿပီးျပတ္ႏိုင္ဘူးေပါ့ေလ။ KNU ကိုလည္း ပါ၀င္လာႏိုင္တဲ့အခင္းအက်င္းမွပဲ ဒီ အခင္းအက်င္းတစ္ခုကို သြားႏိုင္မယ္ဆုိတဲ့သေဘာထားေပးေတာ့။ က်ေနာ္တို႔နဲ႔လည္း ၿပီးျပတ္ႏိုင္တဲ့အေျခအေန မရိွပါဘူးလုိ႔ အဲလုိ ေျပာထားတယ္။ ”

အျခားအခ်က္အေနနဲ႔ ေနရပ္ျပန္ စစ္ေျပးဒုကၡသည္ေတြ အေရးကိုလည္း ေဆြးေႏြးခဲ့ေၾကာင္း ေျပာပါတယ္။

ဇြန္လ ၂၀ ရက္ေန႔မွာေတာ့ DKBA ကိုယ္စားလွယ္အဖဲြ႔ဟာ စစ္ေကာင္စီရဲ့ ၿငိမ္းခ်မ္းေရး ေဆြးေႏြး ေရးအဖဲြ႔နဲ႔ ဆက္လက္ ေဆြးေႏြးေနသလို ေနာက္တေန႔မွာလည္း ဆက္လက္ေဆြးေႏြးဖုိ႔ ရိွေနပါတယ္။

ဒီလ ၁၆ရက္ေန႔တုန္းက စစ္ေကာင္စီဥကၠဌ ဗိုလ္ခ်ဳပ္မႈးၾကီးမင္းေအာင္လိႈင္ဟာ ဒုဥကၠဌ ၁ ခြန္ထြန္း တင္ ဦးေဆာင္တဲ့ ပအို၀္းအမ်ိဳးသားလြတ္ေျမာက္ေရးအဖဲြ႔ခ်ဳပ္ PNLO ကိုယ္စားလွယ္အဖဲြ႔နဲ႔ ေဆြးေႏြးခဲ့ သလို ၁၇ရက္ နဲ႔ ၁၈ရက္မွာေတာ့ စစ္ေကာင္စီရဲ့ ၿငိမ္းခ်မ္းေရးေဆြးေႏြးေရးအဖဲြ႔နဲ႔ ဆက္လက္ ေဆြးေႏြးခဲ့ၾကပါတယ္။

ဒီေဆြးေႏြးပဲြေတြမွာ PNLO က ဒီမုိကေရစီ၊ ဖက္ဒရယ္အေရးနဲ႔ ေဒသဖြံ႔ျဖိဳးေရးကိစၥေတြကို အဓိက ေဆြးေႏြးခဲ့ေၾကာင္း PNLO ရဲ့ တဲြဘက္အတြင္းေရးမႈး ၁ ခြန္မင္းသိမ္းက ေျပာပါတယ္။

ေနာက္ အေလးထား ေဆြးေႏြးျဖစ္တဲ့အခ်က္ေတြမွာ ျပည္နယ္သစ္ျပဌာန္းေရးကိစၥလည္း ပါ၀င္ေၾကာင္း ခြန္မင္းသိမ္းက အခုလို ဆက္ေျပာပါတယ္။

“ ျပည္နယ္သစ္ကိစၥကေတာ့ က်ေနာ္တုိ႔ရဲ့ လိုလားခ်က္ တစ္ရပ္အေနနဲ႔ ေဖာ္ျဖထားတာေတာ့ ရိွပါတယ္။ အဲဒီအေပၚမွာေတာ့ အနာဂတ္တစ္ခ်ိန္မွာ ဖဲြ႔စည္းပံုအေျခခံဥပေဒ ေရးဆဲြမယ္။ ျပန္လည္ၿပီးေတာ့ ျပင္ဆင္ေရးဆဲြမယ္ဆုိလို႔ရိွရင္ ျပည္နယ္သစ္မ်ား ေပၚထြန္းေရးမူရိွေရးဆိုတဲ့ ဥစၥာကို က်ေနာ္တုိ႔ ေျပာဆုိေဆြးေႏြးခဲ့တာေတာ့ ရိွတာေပါ့။ သူတုိ႔ကေတာ့ ဒီ ၂၀၀၈ အေျခခံဥပေဒအေပၚမွာပဲ ရပ္တည္ၿပီးေတာ့ အဲဒီအေပၚမွာ စဥ္းစားၿပီးေတာ့ ျပင္ဆင္သြားဖုိ႔ေပါ့ေနာ္။ အဲသလိုမ်ိဳးေတာ့ ရိွပါတယ္။”

ပအို၀္းျပည္နယ္သစ္ေပၚထြန္းေရးဟာ ၂၀၁၈ခုႏွစ္က ျပဳလုပ္တဲ့ လူမ်ိဳးအလိုက္ေဆြးေႏြးပဲြ ရလဒ္ကို ထပ္မံ တင္ျပတာျဖစ္ပါတယ္။ ဒီေဆြးေႏြးပဲြမွာ ပအုိ၀္းအမ်ိဳူးသားအဖဲြ႔ခ်ဳပ္ PNO နဲ႔ ပအို၀္းႏိုင္ငံေရးပါတီေတြလည္း ပါ၀င္ ေဆြးေႏြးဆံုးျဖတ္ထားတာျဖစ္ပါတယ္။

အျခားအခ်က္အေနနဲ႔ ျပည္နယ္ေတြမွာ ျပည္နယ္ဖဲြ႔စည္းပံု ေရးဆဲြ ျပဌာန္းခြင့္ နဲ႔ ျမန္မာျပည္ရဲ့ ႏိုင္ငံေရးအက်ပ္အတည္းကို ႏိုင္ငံေရးမွာ သက္ဆုိင္သူမ်ား အားလံုး ပါ၀င္ ေဆြးေႏြးဖုိ႔ ဆိုတာေတြ တင္ျပခဲ့ ေၾကာင္း ေျပာပါတယ္။

စစ္ေကာင္စီဥကၠဌ ဗိုလ္ခ်ဳပ္မႈးၾကီး မင္းေအာင္လိႈင္ဟာ တိုင္းရင္းသားလက္နက္ကိုင္အဖဲြ႔ေတြကို ၿငိမ္းခ်မ္းေရးေဆြးေႏြးဖုိ႔အတြက္ ဧၿပီလအတြင္း ဖိတ္ေခၚခဲ့တာပါ။

ဒီဖိတ္ေခၚခ်က္ကို NCA လက္မွတ္ထိုးအဖဲြ႔ ၇ဖဲြ႔နဲ႔ လက္မွတ္မထိုးတဲ့အဖဲြ႔ ၃ဖဲြ႔ ၊ စုစုေပါင္း ၁၀ဖဲြ႔က ပါ၀င္တက္ေရာက္မွာျဖစ္ေၾကာင္း အေၾကာင္းျပန္ခဲ့ၿပီး လက္ရိွမွာ ၈ဖဲြ႔နဲ႔ ေဆြးေႏြးထားၿပီး ျဖစ္ပါတယ္။

NCA လက္မွတ္ထိုးထားတဲ့ ကရင္အမ်ိဳးသားအစည္းအ႐ုံး KNU၊ ခ်င္းအမ်ိဳးသားတပ္ဦး CNF၊ ေက်ာင္းသားတပ္မေတာ္ ABSDF နဲ႔ NCA လက္မွတ္ မထိုးထားတဲ့ ကခ်င္လြတ္လပ္ေရးအဖြဲ႔ KIO၊ ကရင္နီအမ်ိဳးသားတိုးတက္ေရးပါတီ KNPP၊ ပေလာင္ ျပည္နယ္ လြတ္ေျမာက္ေရးတပ္ဦး PSLF ၊ ျမန္မာအမ်ိဳးသားဒီမိုကရက္တစ္မဟာမိတ္တပ္မေတာ္ MNDAA ကိုးကန္႔အဖဲြ႔၊ ရခိုင္အမ်ိဳးသားအဖဲြ႔ခ်ဳပ္ ULA/AA တိုက႔ေတာ့ စစ္ေကာင္စီကမ္းလွမ္းတဲ့ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲကို ျငင္းပယ္ထားပါတယ္။

ႏိုင္ငံေရးသံုးသပ္သူေတြကေတာ့ လက္ရိွ ပဋိပကၡျဖစ္ပြားေနတဲ့ အမ်ိဳးသားညီညြတ္ေရးအစိုးရ NUG နဲ႔ ျပည္သူကာကြယ္ေရးတပ္ဖဲြ႔ PDF ေတြကို ခ်န္လွပ္ထားမယ္ဆို္ ၿငိမ္းခ်မ္းေရးရရိွမွာ မဟုတ္ေၾကာင္း သံုးသပ္တာေတြရိွေနပါတယ္။

ဒီလ ၁၄ရက္ေန႔မွာေတာ့ က်န္ရိွေနတဲ့ တိုင္းရင္းသားလက္နက္ကိုင္အဖဲြ႔ေတြကို ေဆြးေႏြးဖို႔အတြက္ ထပ္မံဖိတ္ၾကားခဲ့ေပမဲ့ NUG နဲ႔ PDF အဖဲြ႔ေတြေတာ့ မပါ၀င္ပါဘူး။

##

တိုက္႐ိုက္ လင့္ခ္

Unicode

စစ်ကောင်စီဥက္ကဌ DKBA PNLO တို့နဲ့ သီးခြားစီဆွေးနွေး

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်လက်ဆွေးနွေးနေပြီး ဒီရက်ပိုင်းတွေအတွင်းမှာ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA နဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO တို့နဲ့ ဆွေးနွေးခဲ့ပါတယ်။ ဒီဆွေးနွေးပွဲတွေမှာ DKBAကတော့ ဒေသဖွံ့ဖြိုးရေးကိစ္စတွေ အဓိကထားဆွေးနွေးခဲ့သလို PNLO ကတော့ ပြည်နယ်သစ်ရရှိရေးအတွက် ထည့်သွင်းဆွေးနွေးခဲ့ကြပါတယ်။ ရန်ကုန်ကလာတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲသတင်းကို ကိုဇော်မိုးကျော် က တင်ပြထားပါတယ်။

စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောစတီးဦးဆောင်တဲ့ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA ကိုယ်စားလှယ်အဖွဲ့ဟာ ၁၉ရက်နေ့ကတော့ စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်နဲ့ ဆွေးနွေးခဲ့တာဖြစ်ပါတယ်။
ဒီ ဆွေးနွေးပွဲအပြီးမှာတော့ DKBA ကိုယ်စားလှယ်အဖွဲနဲ့ဆွေးနွေးရာမှာ စစ်ကောင်စီဥက္ကဌက ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးရေးနဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို အဓိကဆွေးနွေးခဲ့ကြောင်းနဲ့ DKBA ဘက်က၊ တပ်မတော်နဲ့ အမြဲလက်တွဲသွားမယ့်အခြေအနေ၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် သဘောတူညီတဲ့အမြင်တွေ ပြန်လည်ဆွေးနွေးခဲ့သလို ဒေသဖွံ့ဖြိုးရေးကိစ္စရပ်တွေကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဆွေးနွေးပွဲမှာ ပါဝင်တက်ရောက်ခဲ့တဲ့ စစ်ရေးချုပ် ဗိုလ်မှုးကြီး စောဝင်းစိန်က DKBA အနေနဲ့ ထူးထူးခြားခြား တင်ပြတာမျိုးမရှိဘဲ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ရဲ့ ဆွေးနွေးမှုအပေါ် အဓိက ဆွေးနွေးခဲ့ကြောင်း ပြောပါတယ်။
တပ်မတော်နဲ့ အမြဲလက်တွဲသွားမယ်ဆိုတဲ့အချက်မှာတော့ အဓိကဒေသဖွံ့ဖြိုးရေးကိစ္စတွေကို ရည်ရွယ်တာဖြစ်ကြောင်း အခုလို ဆက် ပြောပါတယ်။
“ ကျနော်တို့ ၂၀၁၁ တုံးက ကျနော်တို့ရဲ့ Bilateral အစမှာ ဒေသဖွံ့ဖြိုးရေးဆောင်ရွက်တာတွေ အကုန်လုံး အတူတကွ ပူးတွဲဆောင်ရွက်ပါမယ်ဆိုတဲ့ ကတိကဝတ်က ရှိထားခဲ့တယ်။ အဲဒါက လက်ရှိသူတို့က အာဏာ ရထားတဲ့အဖွဲ့အစည်းဆိုတော့ ဒေသဖွံ့ဖြိုးရေးဆောင်ရွက်တဲ့အခါမှာ အတူတကွ ပူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့ သဘောပဲပေါ့။ အဲလိုမျိုး။ စစ်ရေးနဲ့တော့ မဆိုင်ပါဘူး။ ကရင်ပြည်နယ်ငြိမ်းချမ်းရေးကိစ္စက ကျနော်တို့နဲ့တော့ မပြီးပြတ်နိုင်ဘူးပေါ့လေ။ KNU ကိုလည်း ပါဝင်လာနိုင်တဲ့အခင်းအကျင်းမှပဲ ဒီ အခင်းအကျင်းတစ်ခုကို သွားနိုင်မယ်ဆိုတဲ့သဘောထားပေးတော့။ ကျနော်တို့နဲ့လည်း ပြီးပြတ်နိုင်တဲ့အခြေအနေ မရှိပါဘူးလို့ အဲလို ပြောထားတယ်။ ”
အခြားအချက်အနေနဲ့ နေရပ်ပြန် စစ်ပြေးဒုက္ခသည်တွေ အရေးကိုလည်း ဆွေးနွေးခဲ့ကြောင်း ပြောပါတယ်။
ဇွန်လ ၂၀ ရက်နေ့မှာတော့ DKBA ကိုယ်စားလှယ်အဖွဲ့ဟာ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေး ဆွေးနွေး ရေးအဖွဲ့နဲ့ ဆက်လက် ဆွေးနွေးနေသလို နောက်တနေ့မှာလည်း ဆက်လက်ဆွေးနွေးဖို့ ရှိနေပါတယ်။
ဒီလ ၁၆ရက်နေ့တုန်းက စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ဟာ ဒုဥက္ကဌ ၁ ခွန်ထွန်း တင် ဦးဆောင်တဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ကိုယ်စားလှယ်အဖွဲ့နဲ့ ဆွေးနွေးခဲ့ သလို ၁၇ရက် နဲ့ ၁၈ရက်မှာတော့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နဲ့ ဆက်လက် ဆွေးနွေးခဲ့ကြပါတယ်။
ဒီဆွေးနွေးပွဲတွေမှာ PNLO က ဒီမိုကရေစီ၊ ဖက်ဒရယ်အရေးနဲ့ ဒေသဖွံ့ဖြိုးရေးကိစ္စတွေကို အဓိက ဆွေးနွေးခဲ့ကြောင်း PNLO ရဲ့ တွဲဘက်အတွင်းရေးမှုး ၁ ခွန်မင်းသိမ်းက ပြောပါတယ်။
နောက် အလေးထား ဆွေးနွေးဖြစ်တဲ့အချက်တွေမှာ ပြည်နယ်သစ်ပြဌာန်းရေးကိစ္စလည်း ပါဝင်ကြောင်း ခွန်မင်းသိမ်းက အခုလို ဆက်ပြောပါတယ်။
“ ပြည်နယ်သစ်ကိစ္စကတော့ ကျနော်တို့ရဲ့ လိုလားချက် တစ်ရပ်အနေနဲ့ ဖော်ဖြထားတာတော့ ရှိပါတယ်။ အဲဒီအပေါ်မှာတော့ အနာဂတ်တစ်ချိန်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲမယ်။ ပြန်လည်ပြီးတော့ ပြင်ဆင်ရေးဆွဲမယ်ဆိုလို့ရှိရင် ပြည်နယ်သစ်များ ပေါ်ထွန်းရေးမူရှိရေးဆိုတဲ့ ဥစ္စာကို ကျနော်တို့ ပြောဆိုဆွေးနွေးခဲ့တာတော့ ရှိတာပေါ့။ သူတို့ကတော့ ဒီ ၂၀၀၈ အခြေခံဥပဒေအပေါ်မှာပဲ ရပ်တည်ပြီးတော့ အဲဒီအပေါ်မှာ စဉ်းစားပြီးတော့ ပြင်ဆင်သွားဖို့ပေါ့နော်။ အဲသလိုမျိုးတော့ ရှိပါတယ်။”
ပအိုဝ်းပြည်နယ်သစ်ပေါ်ထွန်းရေးဟာ ၂၀၁၈ခုနှစ်က ပြုလုပ်တဲ့ လူမျိုးအလိုက်ဆွေးနွေးပွဲ ရလဒ်ကို ထပ်မံ တင်ပြတာဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲမှာ ပအိုဝ်းအမျိုူးသားအဖွဲ့ချုပ် PNO နဲ့ ပအိုဝ်းနိုင်ငံရေးပါတီတွေလည်း ပါဝင် ဆွေးနွေးဆုံးဖြတ်ထားတာဖြစ်ပါတယ်။
အခြားအချက်အနေနဲ့ ပြည်နယ်တွေမှာ ပြည်နယ်ဖွဲ့စည်းပုံ ရေးဆွဲ ပြဌာန်းခွင့် နဲ့ မြန်မာပြည်ရဲ့ နိုင်ငံရေးအကျပ်အတည်းကို နိုင်ငံရေးမှာ သက်ဆိုင်သူများ အားလုံး ပါဝင် ဆွေးနွေးဖို့ ဆိုတာတွေ တင်ပြခဲ့ ကြောင်း ပြောပါတယ်။

စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့အတွက် ဧပြီလအတွင်း ဖိတ်ခေါ်ခဲ့တာပါ။
ဒီဖိတ်ခေါ်ချက်ကို NCA လက်မှတ်ထိုးအဖွဲ့ ၇ဖွဲ့နဲ့ လက်မှတ်မထိုးတဲ့အဖွဲ့ ၃ဖွဲ့ ၊ စုစုပေါင်း ၁၀ဖွဲ့က ပါဝင်တက်ရောက်မှာဖြစ်ကြောင်း အကြောင်းပြန်ခဲ့ပြီး လက်ရှိမှာ ၈ဖွဲ့နဲ့ ဆွေးနွေးထားပြီး ဖြစ်ပါတယ်။
NCA လက်မှတ်ထိုးထားတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU၊ ချင်းအမျိုးသားတပ်ဦး CNF၊ ကျောင်းသားတပ်မတော် ABSDF နဲ့ NCA လက်မှတ် မထိုးထားတဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP၊ ပလောင် ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF ၊ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA ကိုးကန့်အဖွဲ့၊ ရခိုင်အမျိုးသားအဖွဲ့ချုပ် ULA/AA တိုက့တော့ စစ်ကောင်စီကမ်းလှမ်းတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ငြင်းပယ်ထားပါတယ်။
နိုင်ငံရေးသုံးသပ်သူတွေကတော့ လက်ရှိ ပဋိပက္ခဖြစ်ပွားနေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ပြည်သူကာကွယ်ရေးတပ်ဖွဲ့ PDF တွေကို ချန်လှပ်ထားမယ်ဆို ငြိမ်းချမ်းရေးရရှိမှာ မဟုတ်ကြောင်း သုံးသပ်တာတွေရှိနေပါတယ်။
ဒီလ ၁၄ရက်နေ့မှာတော့ ကျန်ရှိနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ဆွေးနွေးဖို့အတွက် ထပ်မံဖိတ်ကြားခဲ့ပေမဲ့ NUG နဲ့ PDF အဖွဲ့တွေတော့ မပါဝင်ပါဘူး။

XS
SM
MD
LG