သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

သတိထားဖြယ္ ႏ်ဴကလီယား အႏၱရာယ္


Ukraine Tensions Chernobyl

[[ ZAWGYI / UNICODE ]]

သတိထားဖြယ္ ႏ်ဴကလီယား အႏၱရာယ္

ႏ်ဴကလီယားနည္းပညာ တြင္တြင္က်ယ္က်ယ္သံုးေနတဲ့ ယူကရိန္းႏိုင္ငံကို ရုရွားက ဝင္တိုက္တဲ့အခါ ယူကရိန္းမွာရွိတဲ့ ႏ်ဴကလီယား ဓါတ္အားေပးစက္ရံုေတြ ထိခိုက္ပ်က္စီးၿပီး ဆိုးဆိုးဝါးဝါး အႏၱရာယ္ ေပးမွာကို စိုးရိမ္လာၾကပါတယ္။ ယူကရိန္းမွာက ႏ်ဴကလီယား မေတာ္တဆမႈ အႀကီးအက်ယ္ႀကံဳခဲ့ရတဲ့ Chernobyl စက္ရံုအပါအဝင္ ႏ်ဴကလီယားဓါတ္အားေပးစက္ရံုႀကီး ၄ ခု ရွိေနတာ ေၾကာင့္ပါ။ တကယ္လို႔ ႏ်ဴကလီယား မေတာ္တဆျဖစ္မႈႀကံဳလ ာရင္ ဘယ္လိုအႏၱရာယ္ရွိပါသလဲ။ ဓါတုပညာရွင္ ေဒါက္တာခင္ေမာင္ညိဳကို ေမးျမန္းၿပီးတင္ျပေပးမွာပါ။

ေမး။. ။ “ကမာၻမွာ ႏ်ဴကလီယား ဓါတ္ေပါင္းဖို ဘယ္ႏွစ္ခုေလာက္ ရွိပါသလဲဆရာ။

ေဒါက္တာခင္ေမာင္ညိဳ။. ။ “အခုေလာေလာဆယ္ အသံုးျပဳေနတဲ့ ႏ်ဴကလီယား ဓါတ္ေပါင္းဖို active ျဖစ္တဲ့ ဓါတ္ေပါင္းဖုိက ၄၄၀ ေလာက္ရွိပါတယ္။ အေမရိကားတုိ႔၊ ရုရွားတို႔၊ ျပင္သစ္၊ အင္ဂလန္၊ တရုတ္တို႔၊ ေနာက္ ဘဂၤလားေဒ့ရွ္ မွာေတာင္မွ အႏုျမဴဓါတ္ေပါင္းဖိုေတြ တည္ေဆာက္ ေနပါတယ္။”

ေမး။. ။ “ဟုတ္ကဲ့။ ဘာအတြက္အဓိက သံုးၾကတာပါလဲဆရာ ကမာၻမွာ အခုတည္ေဆာက္ ထားတဲ့ ဓါတ္ေပါင္းဖိုေတြကို”

ေဒါက္တာခင္ေမာင္ညိဳ။. ။ “အၾကမ္းအားျဖင့္ေတာ့ သူ႔ကို သန္႔ရွင္းစြမ္းအင္ ထြက္တယ ္ လို႔ဆိုတာေပါ့။ အဓိက ကေတာ့ သူက စြမ္းအင္ေပးတယ္။ လ ွ်ပ္စစ္ဓါတ္အားကို သူ႔ဆီကေန ရတယ္။ သူက ေရကိုအပူေပးလို႔႔ရတယ္။ ေရကို အပူေပးၿပီးေတာ့ အဲဒီကေန ထြက္လာတဲ့ စြမ္းအင္ေပါ့။ ေရေႏြးေငြ႔အားနဲ႔ပဲ ေမာင္းတဲ့၊ တာဘိုင္ေတြကို ေမာင္းၿပီးေတာ့ လ ွ်ပ္စစ္ဓါတ္ရေစတယ္။ ဒါေၾကာင့္ သာမန္အားျဖင့္ သူက အင္မတန္သန္႔စင္တဲ့ စြမ္းအင္လို႔ ေခၚတယ္။”

ေမး။. ။ “အခု ေလာေလာဆယ္မွာ ယူကရိန္းမွာက စစ္ျဖစ္ေနပါတယ္။ ဒီယူကရိန္းက ဓါတ္ေပါင္းဖုိေတြနဲ႔ ပတ္သက္ၿပီးေျပာျပေပးပါဆရာ။”

ေဒါက္တာခင္ေမာင္ညိဳ။. ။ “ယူကရိန္းက ဓါတ္ေပါင္းဖိုေတြက အင္မတန္ႀကီးၿပီးေတာ့ ဥေရာပမွာ အႀကီးဆံုး ဓါတ္ေပါင္းဖုိလည္း ရွိတယ္။ လ ွ်ပ္စစ္ဓါတ္စြမ္းအင္လည္း အရမ္း ေကာင္းေကာင္းမြန္မြန္ကို ထုတ္ေပးတယ္။ ခ်ာႏိုဘိုင္း ဓါတ္ေပါင္းဖိုက ၁၉ ၈၆ တုန္းက သူက အပူလြန္ကဲၿပီးေတာ့ အဲဒီႏ်ဴကလီယား ဓါတ္ေပါင္းဖိုႀကီးက ပ်က္စီးသြားတယ္။ ဘယ္လာရုစ္ ႏုိင္ငံနားမွာ ရွိတဲ့ ခ်ာႏိုဘိုင္း ႏ်ဴကလီယား ဓါတ္ေပါင္းဖုိထက္ပိုၿပီး ႀကီးတဲ့ ေနာက္တခုက ေတာင္ပိုင္းမွာရွိပါတယ္။ (Zaporizhzhia Nuclear Power Station)။ သူက ဥေရာပမွာ အႀကီးဆံုး ျဖစ္ၿပီးေတာ့ အမ်ားဆံုးသံုးတာ ျဖစ္ပါတယ္။

ေမး။. ။ “ဒီကမာၻေပၚမွာ ရွိတဲ့ ႏ်ဴကလီယား ဓါတ္ေပါင္းဖိုေတြမွာ ထိခိုက္ပ်က္စီးမႈ ဘယ္ေနရာေတြမွာ ရွိပါသလဲ ဆရာ။”

ေဒါက္တာခင္ေမာင္ညိဳ။. ။ “ထိခိုက္ပ်က္စီးမႈကေတာ့ ဒီ ခ်ာႏိုဘိုင္းကေန အရင္စတာေပါ့ေလ။ ဒီခ်ာႏိုဘိုင္းမွာျဖစ္သြားရတာကလည္း ဒီ automation ေတြ အဆင္မေျပလို႔ ျဖစ္သြားတာ။ ဒါေပမယ့္ က်ေနာ္တို႔က လူေတြကေန တိုက္ရိုက္မၾကည့္ႏိုင္ပဲနဲ႔ ဒီ automation ေတြနဲ႔ ၾကည့္ရတာလည္း ရွိပါတယ္။ အဲဒီအတုိင္းပဲ ၂၀၀၁ ခုႏွစ္မွာ ဂ်ပန္ႏိုင္ငံက Fukushima ဖူကူရွီးမားမွာ ဆူနာမိေရလႈိင္းေတြလာေတာ့ အဲဒီ ႏ်ဴကလီယား ဓါတ္ေပါင္းဖုိမွာ နဲနဲ အတိမ္းအေစာင္း ေတြ ျဖစ္သြားတယ္။ တိမ္းေစာင္းသြားတာနဲ႔ တၿပိဳင္နက္ထည္း က်ေနာ္တုိ႔ အလုပ္လုပ္ရတာက အဆင္မေျပေတာ့ ဘူး။ သူ႔ automation ေတြ ပ်က္သြားေတာ့ သူ႔မွာ ထိန္းေက်ာင္းတာ မရွိေတာ့ဘူး။ အဲဒီေတာ့ သူ႔မွာ အပူလြန္ကဲၿပီးေတာ့ သူလည္း ေပါက္ကြဲသြားတယ္။ ဒီမွာလည္း ေသဆံုးတဲ့သူေူတြ အမ်ားႀကီး ျဖစ္လာတာကို ေတြ႔ရတယ္။”

ေမး။. ။ “ႏ်ဴကလီယားဓါတ္ေပါင္းဖိုမွာ ေပါက္ကြဲမႈျဖစ္ရင္ ဘာဓါတ္ေတြ ထြက္လာပါလဲ ဆရာ။”

ေဒါက္တာခင္ေမာင္ညိဳ။. ။ “ဓါတ္ေရာင္ျခည္ထြက္တာက သာမန္အားျဖင့္ေတာ့ ၃ မ်ိဳးရွိတာေပါ့။ အယ္လ္ဖာ ေရာင္ျခည္ရယ္၊ ဘီတာေရာင္ျခည္ရယ္၊ ဂါမာေရာင္ျခည္ရယ္။ ဂါမာေရာင္ျခည္ကေတာ့ နဲနဲေတာ့ အိပ္စေရး x-ray နဲ႔တူတယ္။ အားလံုးကို ေဖါက္ထြင္းတယ္။ ဘီတာ ေရာင္ျခည္ကေတာ့ ေတာ္ရံုတန္ရံုေပါ့။ ဖန္ေတြ၊ မွန္ေတြ၊ စကၠဴေတြ ဘာေတြ ေဖါက္ထြက္ႏိုင္တယ္။ သတၱဳျပားေသးေသးေတြ လည္း ေဖါက္ႏိုင္တယ္ေပါ။့ ဒီ အယ္လ္ဖာေရာင္ျခည္ကေတာ့ စကၠဴျပားတို႔ ဘာတို႔ ခံေနရင္ေတာင္ သူက မေဖါက္ႏိုင္ပါဘူး။”

“ဒါေပမယ့္ ေရဒီေရးရွင္း - ဓါတ္ေရာင္ျခည္ေတြကေတာ့ အားလံုးက ဒုကၡေပးႏိုင္ပါတယ္။ ဒီ ဓါတ္ေရာင္ျခည္ ေတြက လူေတြနဲ႔ ထိေတြ႔တာနဲ႔ တၿပိဳင္နက္ မူးတယ္ေဝတယ္။ ေအာ့အန္တာေတြ ရွိတယ္။ သိပ္မ်ားသြားၿပီ ဆိုရင္ေတာ့ အသက္ အႏၱရာယ္ စိုးရိမ္ရတဲ့ အထိ ျဖစ္လာပါတယ္။ မ်ားေသာအားျဖင့္ကေတာ့ အသက္ဆံုးရံႈးရတာ မ်ားတယ္။ ကိုယ္ခႏၶာထဲကို အဲဒီ fallout လို႔ေခၚတဲ့ ဓါတ္ေရာင္ျခည္ေတြ သင့္ထားတဲ့ ပစၥည္းေတြ ဝင္လာရင္ ဘယ္လို လုပ္လုပ္ အျပင္ကိုေရာက္ေအာင္ လုပ္လို႔မရဘူး။”

ေမး။. ။ “ဘယ္လိုပစၥည္းေတြပါလဲ ဆရာ။”

ေဒါက္တာခင္ေမာင္ညိဳ။. ။ “ဒီႏ်ဴကလီယား ဓါတ္ေပါင္းဖိုကေန ထြက္တဲ့ဟာေတြ လား။ elements အေနနဲ႔ ျဒပ္စင္ အေနနဲ႔ ၁၀၀ ေတာ့ ရွိတယ္လို႔ ေျပာတယ္။ ဒါေပမယ့္ အဓိက ပစၥည္းကေတာ့ ၄ မ်ိဳးလို႔ သူတုိ႔သတ္မွတ္ ထားတယ္။ အဲဒါေတြကေတာ့ Americium-241; Cesium-137; Iodine-131 နဲ႔ Strontium-90 တို႔ ျဖစ္တယ္ေပါ့။ က်ေနာ္တုိ႔ ခ်ာႏိုဘိုင္းမွာဆို အခု ၃၅ ႏွစ္ ၾကာသြားၿပီေလ။ ဒါေပမယ့္ အဲဒီ ပစၥည္းေတြက ဓါတ္ေရာင္ျခည္ေတြက ထြက္ေနဆဲပဲ။ သူတုိ႔က - ဒီ half-life လို႔ ေခၚတဲ့ ပစၥည္းေတြက ပမာဏ နည္းသြားေပမယ့္ က်န္ကိုက်န္ေနေသးတာ။ Americium တို႔ ဘာတို႔ဆို ႏွစ္ေပါင္းမ်ားစြာ ဒီအတိုင္းရွိေနႏိုင္တယ္။ အထူးသျဖင့္ အိုင္အိုဒင္း ဆိုတဲ့ဟာေပါ့။ Iodine – 131 က အင္မတန္ကို ေၾကာက္စရာ ေကာင္းတယ္။ အဲဒီ Iodine – 131 က thyroid သိုင္းရိြက္ အက်ိတ္ ေတြထဲ ဝင္သြားရင္ ျပန္မထြက္ေတာ့ဘူး။ သူက ဓါတ္ေရာင္ျခည္ တခ်ိန္လံုး ထြက္လာၿပီးေတာ့ သိုင္းရြက္မွာ ကင္ဆာေရာဂါ ျဖစ္လာၿပီးေတာ့ ေသရတာပဲ။ ဒီအတိုင္းပဲ Cesium -137 တို႔ကလည္း ကုိယ္ခႏၶာထဲ ေရာက္လာတယ္။ အဲဒီအခါက်ရင္ သူက အျပင္မထြက္ေတာ့ဘူး။”

“အထူးသျဖင့္ ဒီ fallsout လို႔ေခၚတဲ့အဲဒီေကာင္ေတြက ဓါတ္ျပာေတြေပါ့။ အဲဒီ ဓါတ္ျပာေတြက ပင္လယ္ထဲက်သြားမယ္၊ ေျမႀကီးေပၚ၊ သစ္ပင္ေပၚေတြ က်တယ္။ ျမက္ခင္းေတြေပၚ က်တယ္။ အဆိုးဆံုးကေတာ့ ျမက္ခင္းေပၚမွာ က်ရင္ အဲဒါကို ႏြားေတြ၊ တျခားတိရိစာၦန္ေတြစား ၾကတယ္။ အဲဒီ တိရိစာၦန္ေတြ ထဲမွာ ႏြားကစားရင္ ႏြားႏို႔ထဲမွာ ခုန Iodine -131 တို႔ Cesium -137 တို႔က ဝင္သြားတယ္။ အဲဒီေတာ့ အဲဒါေတြက ႏြားႏို႔ေသာက္တဲ့လူေတြ၊ အထူးသျဖင့္ ကေလးေတြက ကိုယ္ခႏၶာ အေလးခ်ိန္ body weight က ေသးေတာ့ သူတုိ႔ရဲ့ သိုင္းရြိဳက္က အရမ္းထိခိုက္ လြယ္တယ္။ အဲဒီေတာ့ ကေလးေတြ ေသေၾက ပ်က္စီးတာ မ်ားတာေပါ့။”

ေမး။. ။ “ဆရာ၊ ဒီအႏုျမဴေရာင္ျခည္သင့္တဲ့ သူကို ကုသလို႔ေကာ ရပါသလားဆရာ”။

ေဒါက္တာခင္ေမာင္ညိဳ။. ။ “ႏ်ဴကလီယားရဲ့ ဆိုးက်ိဳးေပါ့ေလ။ သူကဒီ အႏုျမဴေရာင္ျခည္ သင့္တယ္၊ ေရဒီေရးရွင္းသင့္တယ္ ဆိုရင္ က်ေနာ္တုိ႔ အခုထက္ထိေတာ့ တိတိက်က် ကုသႏိုင္တဲ့ဟာေတြ ဘာမွ မရွိေသးပါဘူး။ ဘာေၾကာင့္လည္း ဆိုရင္ သူ႔ကိုယ္တိုင္က ျပန္မထြက္ပဲနဲ႔ အထဲမွာပဲ ရွိေနေတာ့ သူ႔ကို အျပင္ေရာက္ေအာင္ ထုတ္ေပးႏိုင္တဲ့ စြမ္းအား မရွိဘူး။ မရွိေတာ့ တေျဖးေျဖးနဲ႔ ေသေၾကပ်က္စီးတာပဲ ေတြ႔ရတယ္။ ဓါတ္ေရာင္ျခည္ယူနစ္ gray (gy/h) 1 to 2 ထိထားရင္ေတာ့ သင့္ထားရင္ေတာ့ အၾကာဆံုး ၂ လခြဲေလာက္ အထ ိ(၆ပတ္ကေန ၈ ပတ္) အသက္ရွင္ေနႏိုင္တယ္။ 2 to 6 gray ေလာက္ ထိထားရင္ေတာ့ ၂ လ ေလာက္အထိ (၄ အတ-ပတ္ကေန ၆ ပတ္) အသက္ရွင္ႏိုင္ၿပီးေတာ့၊ 6 to 8 gray ေလာက္ ထိထားရင္ေတာ့ ခ်က္ခ်င္းလိုပဲ ေသႏိုင္တဲ့ သေဘာမ်ိဳးရွိတယ္။ အလြန္ဆံုးခံရင္ ၂ ပတ္ေလာက္ (၂ ပတ္ကေန ၄ ပတ္) အထိပဲ အသက္ရွင္ ေနႏုိင္တယ္ လို႔ ဆိုတယ္။”

“ဒါေၾကာင့္ ဓါတ္ေရာင္ျခည္ ထိသြားၿပီးရင္ေတာ့ ဒီဆဲလ္ေတြကစ ပ်က္စီးသြားၿပီးေတာ့ ေနာက္ထပ္ ျပဳျပင္လို႔မရတဲ့ ဟာေတြ အမ်ားႀကီး ရွိလာတယ္ေပါ့။ သူကဘာနဲ႔ တူသလဲ ဆိုေတာ့ အိပ္စေရး ေရာင္ျခည္ x-ray ထိတဲ့လူလိုပဲ ေလ။ ဓါတ္ခြဲခန္းေတြမွာ သူဘယ္ေလာက္ သင့္သြားသလ ဲ ဆိုတဲ့ဟာကို စမ္းရတယ္။ ငါေတာ့ ဓါတ္ေရာင္ျခည္ ဘယ္ေလာက္ သင့္ေနၿပီ။ ေနာက္ထပ္သင့္ဖို႔ အဆင္မေျပေတာ့ဘူး ဆိုရင္ အဲဒီ ဓါတ္ခြဲခန္းမွာ အလုပ္ လုပ္လုိ႔ မရေတာ့တာေတြ ျဖစ္လာတယ္ေလ။ အိပ္စေရးတို႔ ဘာတို႔ ဆိုရင္လည္း ဒီလိုပဲ အႏုျမဴေရာင္ျခည္ သင့္မသင့္ ဆိုတာကိ ု စမ္းသပ္တဲ့ ကရိယာေလးေတြ ကိုယ္မွာ တပ္ထားရပါတယ္။”

ေဒါက္တာခင္ေမာင္ညိဳရဲ့ ေျပာၾကားခ်က္နဲ႔ပဲ ဒီသီတင္းပတ္အတြက္ သိပၸံနဲ႔နည္းပညာ က႑ကို ဒီမွာပဲ ရပ္နားလိုက္ပါရေစ။

သတိထားဖြယ္ ႏ်ဴကလီယား အႏၱရာယ္
please wait

No media source currently available

0:00 0:07:15 0:00
တိုက္႐ိုက္ လင့္ခ္

==================

{{ UNICODE }}

သတိထားဖွယ် နျူကလီယား အန္တရာယ်

နျူကလီယားနည်းပညာ တွင်တွင်ကျယ်ကျယ်သုံးနေတဲ့ ယူကရိန်းနိုင်ငံကို ရုရှားက ဝင်တိုက်တဲ့အခါ ယူကရိန်းမှာရှိတဲ့ နျူကလီယား ဓါတ်အားပေးစက်ရုံတွေ ထိခိုက်ပျက်စီးပြီး ဆိုးဆိုးဝါးဝါး အန္တရာယ် ပေးမှာကို စိုးရိမ်လာကြပါတယ်။ ယူကရိန်းမှာက နျူကလီယား မတော်တဆမှု အကြီးအကျယ်ကြုံခဲ့ရတဲ့ Chernobyl စက်ရုံအပါအဝင် နျူကလီယားဓါတ်အားပေးစက်ရုံကြီး ၄ ခု ရှိနေတာ ကြောင့်ပါ။ တကယ်လို့ နျူကလီယား မတော်တဆဖြစ်မှုကြုံလ ာရင် ဘယ်လိုအန္တရာယ်ရှိပါသလဲ။ ဓါတုပညာရှင် ဒေါက်တာခင်မောင်ညိုကို မေးမြန်းပြီးတင်ပြပေးမှာပါ။

မေး။. ။ “ကမ္ဘာမှာ နျူကလီယား ဓါတ်ပေါင်းဖို ဘယ်နှစ်ခုလောက် ရှိပါသလဲဆရာ။

ဒေါက်တာခင်မောင်ညို။. ။ “အခုလောလောဆယ် အသုံးပြုနေတဲ့ နျူကလီယား ဓါတ်ပေါင်းဖို active ဖြစ်တဲ့ ဓါတ်ပေါင်းဖိုက ၄၄၀ လောက်ရှိပါတယ်။ အမေရိကားတို့၊ ရုရှားတို့၊ ပြင်သစ်၊ အင်ဂလန်၊ တရုတ်တို့၊ နောက် ဘင်္ဂလားဒေ့ရှ် မှာတောင်မှ အနုမြူဓါတ်ပေါင်းဖိုတွေ တည်ဆောက် နေပါတယ်။”

မေး။. ။ “ဟုတ်ကဲ့။ ဘာအတွက်အဓိက သုံးကြတာပါလဲဆရာ ကမ္ဘာမှာ အခုတည်ဆောက် ထားတဲ့ ဓါတ်ပေါင်းဖိုတွေကို”

ဒေါက်တာခင်မောင်ညို။. ။ “အကြမ်းအားဖြင့်တော့ သူ့ကို သန့်ရှင်းစွမ်းအင် ထွက်တယ ် လို့ဆိုတာပေါ့။ အဓိက ကတော့ သူက စွမ်းအင်ပေးတယ်။ လ ျှပ်စစ်ဓါတ်အားကို သူ့ဆီကနေ ရတယ်။ သူက ရေကိုအပူပေးလို့ရတယ်။ ရေကို အပူပေးပြီးတော့ အဲဒီကနေ ထွက်လာတဲ့ စွမ်းအင်ပေါ့။ ရေနွေးငွေ့အားနဲ့ပဲ မောင်းတဲ့၊ တာဘိုင်တွေကို မောင်းပြီးတော့ လ ျှပ်စစ်ဓါတ်ရစေတယ်။ ဒါကြောင့် သာမန်အားဖြင့် သူက အင်မတန်သန့်စင်တဲ့ စွမ်းအင်လို့ ခေါ်တယ်။”

မေး။. ။ “အခု လောလောဆယ်မှာ ယူကရိန်းမှာက စစ်ဖြစ်နေပါတယ်။ ဒီယူကရိန်းက ဓါတ်ပေါင်းဖိုတွေနဲ့ ပတ်သက်ပြီးပြောပြပေးပါဆရာ။”

ဒေါက်တာခင်မောင်ညို။. ။ “ယူကရိန်းက ဓါတ်ပေါင်းဖိုတွေက အင်မတန်ကြီးပြီးတော့ ဥရောပမှာ အကြီးဆုံး ဓါတ်ပေါင်းဖိုလည်း ရှိတယ်။ လ ျှပ်စစ်ဓါတ်စွမ်းအင်လည်း အရမ်း ကောင်းကောင်းမွန်မွန်ကို ထုတ်ပေးတယ်။ ချာနိုဘိုင်း ဓါတ်ပေါင်းဖိုက ၁၉ ၈၆ တုန်းက သူက အပူလွန်ကဲပြီးတော့ အဲဒီနျူကလီယား ဓါတ်ပေါင်းဖိုကြီးက ပျက်စီးသွားတယ်။ ဘယ်လာရုစ် နိုင်ငံနားမှာ ရှိတဲ့ ချာနိုဘိုင်း နျူကလီယား ဓါတ်ပေါင်းဖိုထက်ပိုပြီး ကြီးတဲ့ နောက်တခုက တောင်ပိုင်းမှာရှိပါတယ်။ (Zaporizhzhia Nuclear Power Station)။ သူက ဥရောပမှာ အကြီးဆုံး ဖြစ်ပြီးတော့ အများဆုံးသုံးတာ ဖြစ်ပါတယ်။

မေး။. ။ “ဒီကမ္ဘာပေါ်မှာ ရှိတဲ့ နျူကလီယား ဓါတ်ပေါင်းဖိုတွေမှာ ထိခိုက်ပျက်စီးမှု ဘယ်နေရာတွေမှာ ရှိပါသလဲ ဆရာ။”

ဒေါက်တာခင်မောင်ညို။. ။ “ထိခိုက်ပျက်စီးမှုကတော့ ဒီ ချာနိုဘိုင်းကနေ အရင်စတာပေါ့လေ။ ဒီချာနိုဘိုင်းမှာဖြစ်သွားရတာကလည်း ဒီ automation တွေ အဆင်မပြေလို့ ဖြစ်သွားတာ။ ဒါပေမယ့် ကျနော်တို့က လူတွေကနေ တိုက်ရိုက်မကြည့်နိုင်ပဲနဲ့ ဒီ automation တွေနဲ့ ကြည့်ရတာလည်း ရှိပါတယ်။ အဲဒီအတိုင်းပဲ ၂၀၀၁ ခုနှစ်မှာ ဂျပန်နိုင်ငံက Fukushima ဖူကူရှီးမားမှာ ဆူနာမိရေလှိုင်းတွေလာတော့ အဲဒီ နျူကလီယား ဓါတ်ပေါင်းဖိုမှာ နဲနဲ အတိမ်းအစောင်း တွေ ဖြစ်သွားတယ်။ တိမ်းစောင်းသွားတာနဲ့ တပြိုင်နက်ထည်း ကျနော်တို့ အလုပ်လုပ်ရတာက အဆင်မပြေတော့ ဘူး။ သူ့ automation တွေ ပျက်သွားတော့ သူ့မှာ ထိန်းကျောင်းတာ မရှိတော့ဘူး။ အဲဒီတော့ သူ့မှာ အပူလွန်ကဲပြီးတော့ သူလည်း ပေါက်ကွဲသွားတယ်။ ဒီမှာလည်း သေဆုံးတဲ့သူေူတွ အများကြီး ဖြစ်လာတာကို တွေ့ရတယ်။”

မေး။. ။ “နျူကလီယားဓါတ်ပေါင်းဖိုမှာ ပေါက်ကွဲမှုဖြစ်ရင် ဘာဓါတ်တွေ ထွက်လာပါလဲ ဆရာ။”

ဒေါက်တာခင်မောင်ညို။. ။ “ဓါတ်ရောင်ခြည်ထွက်တာက သာမန်အားဖြင့်တော့ ၃ မျိုးရှိတာပေါ့။ အယ်လ်ဖာ ရောင်ခြည်ရယ်၊ ဘီတာရောင်ခြည်ရယ်၊ ဂါမာရောင်ခြည်ရယ်။ ဂါမာရောင်ခြည်ကတော့ နဲနဲတော့ အိပ်စရေး x-ray နဲ့တူတယ်။ အားလုံးကို ဖေါက်ထွင်းတယ်။ ဘီတာ ရောင်ခြည်ကတော့ တော်ရုံတန်ရုံပေါ့။ ဖန်တွေ၊ မှန်တွေ၊ စက္ကူတွေ ဘာတွေ ဖေါက်ထွက်နိုင်တယ်။ သတ္တုပြားသေးသေးတွေ လည်း ဖေါက်နိုင်တယ်ပေါ။့ ဒီ အယ်လ်ဖာရောင်ခြည်ကတော့ စက္ကူပြားတို့ ဘာတို့ ခံနေရင်တောင် သူက မဖေါက်နိုင်ပါဘူး။”

“ဒါပေမယ့် ရေဒီရေးရှင်း - ဓါတ်ရောင်ခြည်တွေကတော့ အားလုံးက ဒုက္ခပေးနိုင်ပါတယ်။ ဒီ ဓါတ်ရောင်ခြည် တွေက လူတွေနဲ့ ထိတွေ့တာနဲ့ တပြိုင်နက် မူးတယ်ဝေတယ်။ အော့အန်တာတွေ ရှိတယ်။ သိပ်များသွားပြီ ဆိုရင်တော့ အသက် အန္တရာယ် စိုးရိမ်ရတဲ့ အထိ ဖြစ်လာပါတယ်။ များသောအားဖြင့်ကတော့ အသက်ဆုံးရှုံးရတာ များတယ်။ ကိုယ်ခန္ဓာထဲကို အဲဒီ fallout လို့ခေါ်တဲ့ ဓါတ်ရောင်ခြည်တွေ သင့်ထားတဲ့ ပစ္စည်းတွေ ဝင်လာရင် ဘယ်လို လုပ်လုပ် အပြင်ကိုရောက်အောင် လုပ်လို့မရဘူး။”

မေး။. ။ “ဘယ်လိုပစ္စည်းတွေပါလဲ ဆရာ။”

ဒေါက်တာခင်မောင်ညို။. ။ “ဒီနျူကလီယား ဓါတ်ပေါင်းဖိုကနေ ထွက်တဲ့ဟာတွေ လား။ elements အနေနဲ့ ဒြပ်စင် အနေနဲ့ ၁၀၀ တော့ ရှိတယ်လို့ ပြောတယ်။ ဒါပေမယ့် အဓိက ပစ္စည်းကတော့ ၄ မျိုးလို့ သူတို့သတ်မှတ် ထားတယ်။ အဲဒါတွေကတော့ Americium-241; Cesium-137; Iodine-131 နဲ့ Strontium-90 တို့ ဖြစ်တယ်ပေါ့။ ကျနော်တို့ ချာနိုဘိုင်းမှာဆို အခု ၃၅ နှစ် ကြာသွားပြီလေ။ ဒါပေမယ့် အဲဒီ ပစ္စည်းတွေက ဓါတ်ရောင်ခြည်တွေက ထွက်နေဆဲပဲ။ သူတို့က - ဒီ half-life လို့ ခေါ်တဲ့ ပစ္စည်းတွေက ပမာဏ နည်းသွားပေမယ့် ကျန်ကိုကျန်နေသေးတာ။ Americium တို့ ဘာတို့ဆို နှစ်ပေါင်းများစွာ ဒီအတိုင်းရှိနေနိုင်တယ်။ အထူးသဖြင့် အိုင်အိုဒင်း ဆိုတဲ့ဟာပေါ့။ Iodine – 131 က အင်မတန်ကို ကြောက်စရာ ကောင်းတယ်။ အဲဒီ Iodine – 131 က thyroid သိုင်းရွိက် အကျိတ် တွေထဲ ဝင်သွားရင် ပြန်မထွက်တော့ဘူး။ သူက ဓါတ်ရောင်ခြည် တချိန်လုံး ထွက်လာပြီးတော့ သိုင်းရွက်မှာ ကင်ဆာရောဂါ ဖြစ်လာပြီးတော့ သေရတာပဲ။ ဒီအတိုင်းပဲ Cesium -137 တို့ကလည်း ကိုယ်ခန္ဓာထဲ ရောက်လာတယ်။ အဲဒီအခါကျရင် သူက အပြင်မထွက်တော့ဘူး။”

“အထူးသဖြင့် ဒီ fallsout လို့ခေါ်တဲ့အဲဒီကောင်တွေက ဓါတ်ပြာတွေပေါ့။ အဲဒီ ဓါတ်ပြာတွေက ပင်လယ်ထဲကျသွားမယ်၊ မြေကြီးပေါ်၊ သစ်ပင်ပေါ်တွေ ကျတယ်။ မြက်ခင်းတွေပေါ် ကျတယ်။ အဆိုးဆုံးကတော့ မြက်ခင်းပေါ်မှာ ကျရင် အဲဒါကို နွားတွေ၊ တခြားတိရိစ္ဆာန်တွေစား ကြတယ်။ အဲဒီ တိရိစ္ဆာန်တွေ ထဲမှာ နွားကစားရင် နွားနို့ထဲမှာ ခုန Iodine -131 တို့ Cesium -137 တို့က ဝင်သွားတယ်။ အဲဒီတော့ အဲဒါတွေက နွားနို့သောက်တဲ့လူတွေ၊ အထူးသဖြင့် ကလေးတွေက ကိုယ်ခန္ဓာ အလေးချိန် body weight က သေးတော့ သူတို့ရဲ့ သိုင်းရွိုက်က အရမ်းထိခိုက် လွယ်တယ်။ အဲဒီတော့ ကလေးတွေ သေကြေ ပျက်စီးတာ များတာပေါ့။”

မေး။. ။ “ဆရာ၊ ဒီအနုမြူရောင်ခြည်သင့်တဲ့ သူကို ကုသလို့ကော ရပါသလားဆရာ”။

ဒေါက်တာခင်မောင်ညို။. ။ “နျူကလီယားရဲ့ ဆိုးကျိုးပေါ့လေ။ သူကဒီ အနုမြူရောင်ခြည် သင့်တယ်၊ ရေဒီရေးရှင်းသင့်တယ် ဆိုရင် ကျနော်တို့ အခုထက်ထိတော့ တိတိကျကျ ကုသနိုင်တဲ့ဟာတွေ ဘာမှ မရှိသေးပါဘူး။ ဘာကြောင့်လည်း ဆိုရင် သူ့ကိုယ်တိုင်က ပြန်မထွက်ပဲနဲ့ အထဲမှာပဲ ရှိနေတော့ သူ့ကို အပြင်ရောက်အောင် ထုတ်ပေးနိုင်တဲ့ စွမ်းအား မရှိဘူး။ မရှိတော့ တဖြေးဖြေးနဲ့ သေကြေပျက်စီးတာပဲ တွေ့ရတယ်။ ဓါတ်ရောင်ခြည်ယူနစ် gray (gy/h) 1 to 2 ထိထားရင်တော့ သင့်ထားရင်တော့ အကြာဆုံး ၂ လခွဲလောက် အထ ိ(၆ပတ်ကနေ ၈ ပတ်) အသက်ရှင်နေနိုင်တယ်။ 2 to 6 gray လောက် ထိထားရင်တော့ ၂ လ လောက်အထိ (၄ အတ-ပတ်ကနေ ၆ ပတ်) အသက်ရှင်နိုင်ပြီးတော့၊ 6 to 8 gray လောက် ထိထားရင်တော့ ချက်ချင်းလိုပဲ သေနိုင်တဲ့ သဘောမျိုးရှိတယ်။ အလွန်ဆုံးခံရင် ၂ ပတ်လောက် (၂ ပတ်ကနေ ၄ ပတ်) အထိပဲ အသက်ရှင် နေနိုင်တယ် လို့ ဆိုတယ်။”

“ဒါကြောင့် ဓါတ်ရောင်ခြည် ထိသွားပြီးရင်တော့ ဒီဆဲလ်တွေကစ ပျက်စီးသွားပြီးတော့ နောက်ထပ် ပြုပြင်လို့မရတဲ့ ဟာတွေ အများကြီး ရှိလာတယ်ပေါ့။ သူကဘာနဲ့ တူသလဲ ဆိုတော့ အိပ်စရေး ရောင်ခြည် x-ray ထိတဲ့လူလိုပဲ လေ။ ဓါတ်ခွဲခန်းတွေမှာ သူဘယ်လောက် သင့်သွားသလ ဲ ဆိုတဲ့ဟာကို စမ်းရတယ်။ ငါတော့ ဓါတ်ရောင်ခြည် ဘယ်လောက် သင့်နေပြီ။ နောက်ထပ်သင့်ဖို့ အဆင်မပြေတော့ဘူး ဆိုရင် အဲဒီ ဓါတ်ခွဲခန်းမှာ အလုပ် လုပ်လို့ မရတော့တာတွေ ဖြစ်လာတယ်လေ။ အိပ်စရေးတို့ ဘာတို့ ဆိုရင်လည်း ဒီလိုပဲ အနုမြူရောင်ခြည် သင့်မသင့် ဆိုတာကိ ု စမ်းသပ်တဲ့ ကရိယာလေးတွေ ကိုယ်မှာ တပ်ထားရပါတယ်။”

ဒေါက်တာခင်မောင်ညိုရဲ့ ပြောကြားချက်နဲ့ပဲ ဒီသီတင်းပတ်အတွက် သိပ္ပံနဲ့နည်းပညာ ကဏ္ဍကို ဒီမှာပဲ ရပ်နားလိုက်ပါရစေ။

XS
SM
MD
LG