သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

နယူးေယာက္ ေသနတ္ကိုင္ေဆာင္ခြင္႔တင္းၾကပ္မႈ တရားရံုးခ်ဳပ္ ပယ္ဖ်က္


ေသနတ္ အေရာင္းဆိုင္တခု June 23, 2022.

[[ ZAWGYI / UNICODE ]]

နယူးေယာက္ ေသနတ္ကိုင္ေဆာင္ခြင္႔တင္းၾကပ္မႈ တရားရံုးခ်ဳပ္ ပယ္ဖ်က္

အေမရိကန္ျပည္ေထာင္စု နယူးေယာက္မွာ ေသနတ္ကိုင္ေဆာင္ခြင့္ တင္းၾကပ္ထားတာကို ပယ္ဖ်က္ဖို႔ ေတရားရုံးခ်ဳပ္ကၾကာသ ပေတးေန႔မွာ ဆုံးျဖတ္လိုက္ပါတယ္။

ဆုံးျဖတ္ခ်က္ကို တရား႐ုံးခ်ဳပ္ တရားသူႀကီး ၆ ဦးက ပယ္ဖ်က္ဖို႔ ေထာက္ခံခဲ့ၿပီး ၃ ဦးကေတာ့ ကန္႔ကြက္ခဲ့တာပါ။ ဒီဆုံးျဖတ္ခ်က္ေၾကာင့္ နယူးေယာက္အပါအ၀င္၊ အျခားၿမိဳ႔ ႀကီးေတြျဖစ္တဲ့ ေလာ့အိန္ဂ်လီ၊ ေဘာ့စတြန္ စတဲ့ၿမိဳ႔ႀကီးေတြမွာ ေသနတ္ကုိ တရား၀ယ္သယ္ေဆာင္သူေတြပုိမ်ားလာႏုိင္ပါတယ္။

နယူးေယာက္ျပည္နယ္ရဲ႕ ဥပေဒမွာေတာ့ ဘာေၾကာင့္ေသနတ္ကုိ ကုိယ္ နဲ႔အတူသယ္ေဆာင္ဖုိ႔လုိအပ္တယ္ဆုိတာကုိခုိင္လုံတဲ့အေၾကာင္းအျပခ်က္တစုံတရာျပႏုိင္မွ သယ္ယူခြင့္လုိင္စင္ထုတ္ေပးဖုိ႔ တင္းၾကပ္ထားပါတယ္။

ဒါေပမယ့္ဒီဥပေဒဟာ အေမရိကန္ဖဲြ႔စည္းပုံျပင္ဆင္ခ်က္အမွတ္ ၂ အရျပ ဌာန္းထားတဲ့ ေသနတ္ပုိင္ဆုိင္ခြင့္နဲ႔သယ္ေဆာင္ခြင့္ရွိတယ္ ဆုိတဲ့အခ်က္ကုိ ခ်ိဳးေဖါက္ရာက်တဲ့အတြက္ဆုိကာ တရားသူႀကီးေတြက ဆုံးျဖတ္လိုက္တာ ျဖစ္ပါ တယ္။

အခုလုိ တရားရုံးခ်ဳပ္ ဆုံးျဖတ္ခ်က္ဟာ အေမရိကန္ျပည္ေထာင္စု မွာေသနတ္ပစ္မႈေတြျမင့္တက္လာေနၿပီး၊ မၾကာေသးမီကမွတကၠဆက္ စာသင္ေက်ာင္းပစ္ ခတ္မႈျဖစ္ခဲ့ၿပီးေနာက္ အေမရိကန္လႊတ္ေတာ္မွာေသ နတ္ကုိင္ေဆာင္ခြင့္ ပုိမုိတင္းၾကပ္ဖုိ႔လုပ္ေဆာင္ေနတဲ့အခ်ိန္လည္းတုိက္ ဆုိက္ေနပါတယ္။

အခုလုိတရားရုံးခ်ဳပ္ ဆုံးျဖတ္ခ်က္ေၾကာင့္ အားလားတူေသနတ္သယ္ ေဆာင္ခြင့္တင္းၾကပ္ထားတဲ့ ျပည္နယ္ေတြျဖစ္တဲ့၊ ကာလီဖုိးနီးယား၊ ဟာ ၀ုိင္ရီ၊ မယ္ရီလန္း၊ မက္ဆာခ်ဴးဆက္၊ နယူးဂ်ာစီနဲ႔ ရုတ္အုိင္းလင္းျပည္ နယ္ေတြကုိပါရုိက္ခတ္မႈေတြရွိႏုိင္ပါတယ္။

===========

{{ UNICODE }}

နယူးယောက် သေနတ်ကိုင်ဆောင်ခွင့်တင်းကြပ်မှု တရားရုံးချုပ် ပယ်ဖျက်

အမေရိကန်ပြည်ထောင်စု နယူးယောက်မှာ သေနတ်ကိုင်ဆောင်ခွင့် တင်းကြပ်ထားတာကို ပယ်ဖျက်ဖို့ တေရားရုံးချုပ်ကကြာသ ပတေးနေ့မှာ ဆုံးဖြတ်လိုက်ပါတယ်။

ဆုံးဖြတ်ချက်ကို တရားရုံးချုပ် တရားသူကြီး ၆ ဦးက ပယ်ဖျက်ဖို့ ထောက်ခံခဲ့ပြီး ၃ ဦးကတော့ ကန့်ကွက်ခဲ့တာပါ။ ဒီဆုံးဖြတ်ချက်ကြောင့် နယူးယောက်အပါအဝင်၊ အခြားမြို့ ကြီးတွေဖြစ်တဲ့ လော့အိန်ဂျလီ၊ ဘော့စတွန် စတဲ့မြို့ကြီးတွေမှာ သေနတ်ကို တရားဝယ်သယ်ဆောင်သူတွေပိုများလာနိုင်ပါတယ်။

နယူးယောက်ပြည်နယ်ရဲ့ ဥပဒေမှာတော့ ဘာကြောင့်သေနတ်ကို ကိုယ် နဲ့အတူသယ်ဆောင်ဖို့လိုအပ်တယ်ဆိုတာကိုခိုင်လုံတဲ့အကြောင်းအပြချက်တစုံတရာပြနိုင်မှ သယ်ယူခွင့်လိုင်စင်ထုတ်ပေးဖို့ တင်းကြပ်ထားပါတယ်။

ဒါပေမယ့်ဒီဥပဒေဟာ အမေရိကန်ဖွဲ့စည်းပုံပြင်ဆင်ချက်အမှတ် ၂ အရပြ ဌာန်းထားတဲ့ သေနတ်ပိုင်ဆိုင်ခွင့်နဲ့သယ်ဆောင်ခွင့်ရှိတယ် ဆိုတဲ့အချက်ကို ချိုးဖေါက်ရာကျတဲ့အတွက်ဆိုကာ တရားသူကြီးတွေက ဆုံးဖြတ်လိုက်တာ ဖြစ်ပါ တယ်။

အခုလို တရားရုံးချုပ် ဆုံးဖြတ်ချက်ဟာ အမေရိကန်ပြည်ထောင်စု မှာသေနတ်ပစ်မှုတွေမြင့်တက်လာနေပြီး၊ မကြာသေးမီကမှတက္ကဆက် စာသင်ကျောင်းပစ် ခတ်မှုဖြစ်ခဲ့ပြီးနောက် အမေရိကန်လွှတ်တော်မှာသေ နတ်ကိုင်ဆောင်ခွင့် ပိုမိုတင်းကြပ်ဖို့လုပ်ဆောင်နေတဲ့အချိန်လည်းတိုက် ဆိုက်နေပါတယ်။

အခုလိုတရားရုံးချုပ် ဆုံးဖြတ်ချက်ကြောင့် အားလားတူသေနတ်သယ် ဆောင်ခွင့်တင်းကြပ်ထားတဲ့ ပြည်နယ်တွေဖြစ်တဲ့၊ ကာလီဖိုးနီးယား၊ ဟာ ဝိုင်ရီ၊ မယ်ရီလန်း၊ မက်ဆာချူးဆက်၊ နယူးဂျာစီနဲ့ ရုတ်အိုင်းလင်းပြည် နယ်တွေကိုပါရိုက်ခတ်မှုတွေရှိနိုင်ပါတယ်။

XS
SM
MD
LG