သုံးရလွယ်ကူစေသည့် Link များ

တရုတ်ချေးငွေကြောင့် လာအိုနိုင်ငံ အကြွေးပြဿနာနဲ့ကြုံ


တရုတ်အကူအညီနဲ့ တည်ဆောက်ပြီး လာအိုနိုင်ငံမှာ ပြေးဆွဲနေတဲ့ ရထားလိုင်းသစ် (Dec. 3, 2021)
တရုတ်အကူအညီနဲ့ တည်ဆောက်ပြီး လာအိုနိုင်ငံမှာ ပြေးဆွဲနေတဲ့ ရထားလိုင်းသစ် (Dec. 3, 2021)

[[ ZAWGYI / UNICODE ]]

တရုတ်ချေးငွေကြောင့် လာအိုနိုင်ငံ အကြွေးပြဿနာနဲ့ကြုံ

လာအိုနိုင်ငံဟာ လမ်းတံတားအပါအဝင်ခြေခံအဆောက်အဦးတွေကိုအကြီးအကျယ် ဆောက်လုပ်ခဲ့တဲ့အတွက် တရုတ်အပေါ်ကြွေးမြီအများအပြားတင်ရှိနေပြီး၊ အကြွေးပြန် မဆပ်နိုင်တော့မယ့်အန္တရယ်ရှိနေတယ်လို့ ကျွမ်းကျင်သူတွေကပြောဆိုလိုက်ပါတယ်။

လာအိုနိုင်ငံဟာပြည်ပကြွေးမြီအများအပြားကိုပြန်လည်ပေးဆပ်နိုင်လောက်တဲ့နိုင်ငံခြား အရံငွေအလုံအလောက်မရှိတဲ့အတွက် ကြွေးမြီပြန်မဆပ်နိုင်မယ့်အန္တရယ်ရှိတယ်လို့ဇွန် လထဲတုန်းက အမေရိကန်အခြေစိုက် စီးပွားရေးနဲ့ငွေကြေးဆိုင်ရာစောင့် ကြည့်အကဲ ဖြတ်ရေးအဖွဲဖြစ်တဲ့ Moody ကပြောဆိုထားပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ ဧပြီလထုတ်စာရင်းတွေအရ လာအိုနိုင်ငံဟာ ၂၀၂၁ ခုနှစ်အတွင်း အစိုးရကြွေးပြီဟာပြည်တွင်းထုတ် လုပ်မှုတန်ဘိုးရဲ့ ၈၈ ရာခိုင်နှုန်းအထိရှိခဲ့ပြီး၊ တန်ဘိုးအားဖြင့် ၁၄ ဒဿမ ၅ ဘီလီယံဒေါ်လာရှိတယ်လို့ဖေါ်ပြထားပါတယ်။ အဲဒိ ကြွေးမြီထဲကတဝက်လောက်ဟာ တရုတ်ကငွေကြေးထုတ်ချေးခဲ့တဲ့ စီမံကိန်းတွေ အတွက်တင်ရှိတဲ့ကြွေးတွေဖြစ်ပါတယ်။ အဲဒိစီမံကိန်းတွေထဲမှာ တရုတ်-လာအိုရ ထားလမ်းစီမံကိန်းလည်းပါဝင်ပါတယ်။

အခုလိုကြွေးမြီအများအပြားတင်ရှိနေချိန်မှာဘဲ ကိုဗစ် ၁၉ ကပ်ရောဂါဘေးနဲ့ယူကရိန်း စစ်ပွဲတွေကြောင့်အခြေအနေတွေပိုဆိုးသွားစေတယ်လို့လည်းကျွမ်းကျင်သူတွေကပြော ဆိုပါတယ်။

ကြွေးမြီထောက်ခြောက်လို့ဝေဘန်သတိပေးခံရတဲ့ တရုတ်ရဲ့အခြေခံအဆောက်အဦး အတွက်ချေးငွေအများပြားယူခဲ့တဲ့ သီရိလင်္ကာနိုင်ငံဟာငွေကြေးဆိုင်ရာအကြပ်အတည်း နဲ့ကြုံတွေ့နေရပြီး၊ နိုင်ငံရေးမတည်ငြိမ်မှုတွေဖြစ်နေရတယ်လို့ ကျွမ်းကျင်သူတွေက ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

=================

{{ UNICODE }}







XS
SM
MD
LG