သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပစ္စည်းပြတ်လပ်မှုကြောင့် အမေရိကန် လွတ်လပ်ရေးနေ့ မီးရှုးမီးပန်းလွှတ်ဖို့ အခက်တွေ့


FILE - Spectators watch as fireworks explode overhead during the Fourth of July celebration in Prescott, Ariz. The skies over a scattering of Western cities will stay dark for the third consecutive Fourth of July in 2022 as some big fireworks displays are
FILE - Spectators watch as fireworks explode overhead during the Fourth of July celebration in Prescott, Ariz. The skies over a scattering of Western cities will stay dark for the third consecutive Fourth of July in 2022 as some big fireworks displays are

ဒါပေမယ့် ကိုဗစ်ကပ်ရောဂါကြောင့် ကုန်ပစ္စည်းထုတ်လုပ် ဖြန့်ဖြူးမှု အခက်အခဲတွေ ဆက်လက် ကြုံနေရတာကြောင့် ဒီနှစ်အမေရိကန်လွတ်လပ်ရေးနေ့ တချို့မြို့ကြီးတွေမှာ မီးရှူးမီးပန်းတွေ ပစ်လွှတ်ဖို့ အခက်အခဲကြုံနေရပါတယ်။

Zawgyi/Unicode

ပစ္စည်းပြတ်လပ်မှုကြောင့် အမေရိကန် လွတ်လပ်ရေးနေ့ မီးရှုးမီးပန်းလွှတ်ဖို့ အခက်တွေ့

အမေရိကန် ပြည်ထောင်စုရဲ့ ဇူလိုင်လ ၄ ရက် လွတ်လပ်ရေးနေ့ ဟာဆိုရင် အများပြည်သူ အားလပ်ရက်အဖြစ် သတ်မှတ်ပြီး မိသားစုတွေ၊ မိတ်ဆွေတွေနဲ့အတူ အသားကင်စားကြသောက်ကြ၊ ရောင်စုံမီးရှူး မီးပန်းတွေ ပစ်လွှတ်တာကို ကြည့်ရှုကြတာဟာ အစဉ်အလာတခု ဖြစ်ပါတယ်။ ဒါပေမယ့် ကိုဗစ်ကပ်ရောဂါကြောင့် ကုန်ပစ္စည်းထုတ်လုပ် ဖြန့်ဖြူးမှု အခက်အခဲတွေ ဆက်လက် ကြုံနေရတာကြောင့် ဒီနှစ် တချို့မြို့ကြီးတွေမှာ မီးရှူးမီးပန်းတွေကို ပစ်လွှတ်ဖို့ အခက်အခဲကြုံနေရပါတယ်။

Arizona ပြည်နယ်မြို့တော် Phoenix မြို့ဟာလည်း မီးရှူးမီးပန်းတွေ အလုံအလောက် အချိန်မီ မရနိုင်တဲ့အတွက်ကြောင့် လွတ်လပ်ရေးနေ့ အခမ်းအနားမှာ မီးရှူးမီးပန်း ပစ်လွှတ်တဲ့ အဲဒီအစီအစဉ် ၃ခုကို ဖျက်သိမ်းလိုက်ပါတယ်။ တရုတ်နိုင်ငံက ပို့ဆောင်ပေးတဲ့ သင်္ဘောထဲကနေမှာပဲရှိနေသေးတဲ့အတွက်ကြောင့် Kansas ပြည်နယ် Ottawa မြို့မှာလည်း မီးရှူးမီးပန်း လွှတ်တဲ့ အစီအစဉ်ကို အခုလွတ်လပ်ရေးနေ့အစား လာမယ့် အမေရိကန် အလုပ်သမားနေ့ စက်တင်ဘာ ၅ ရက်နေ့ကြမှ ပြုလုပ်ဖို့ ပြောင်းရွေ့လိုက်ပါတယ်။

သင်္ဘောတင်ပို့ခတွေကလည်း ဈေးကြီးကုန်ကြောင်းနဲ့ ၂ဝ၁၉ ခုနှစ်က ကုန်သေတ္တာတလုံးကို ဒေါ် တသောင်းနီးပါးသာရှိရာကနေ ဒီနှစ် ၂ဝ၂၂ မှာတော့ ၃ သောင်း ၆ ထောင်လောက်ကို ဈေးက ထောင်တက်သွားတယ်လို့ အမျိုးသား မီးရှုးမီးပန်း အသင်း NFAရဲ့ ကိုယ်စားလှယ် Larry Farnsworth က VOA ကို ပြောပါတယ်။ အမေရိကန် ပြည်ထောင်စု ရဲ့ မီးရှူးမီးပန်းပွဲတော်တွေရဲ့ အဆင့်မီတဲ့ မီးရှူးမီးပန်း ၇ဝ ရာခိုင်နှုန်းကို တရုတ်နိုင်ငံကနေ တင်ပို့နေတာပါ။


တခြားမြို့တွေမှာလည်း ဝန်ထမ်းအင်အား မလုံလောက်မှုကြောင့် မီးရှူးမီးပန်းပစ်လွှတ်တဲ့ အစီအစဉ်ဖျက်သိမ်းရတာတွေ ရှိပါတယ်။ ဗာဂျီးနီယားပြည်နယ် က Fairfax မြို့မှာ ကျွမ်းကျင်သူ မရှိတာကြောင့် လွတ်လပ်ရေးနေ့ ဖြစ်တဲ့ ဂျူလိုင်လ ၄ ရက်အစား နောက်တရက်ကို ရွှေ့ထားရပါတယ်။ အမေရိကန် ပြည်ထောင်စု အနောက်ဖက်ခြမ်း ကယ်လီဖိုးနီးယားပြည်နယ် San Joaquin Valley မှာတော့ မိုးခေါင်တဲ့အတွက်ကြောင့် တောမီးလောင်မှာ စိုရိမ်းပြီး ဖျက်သိမ်းလိုက်လာတာ ဒီနှစ်နဲ့ဆိုရင် သုံးနှစ်ရှိမှာဖြစ်ပါတယ်။ အလားတူ အန္တရာယ်ကို စိုးရိမ်ပြီး Arizona ပြည်နယ်မြောက်ပိုင်းက Flagstaff မြို့မှာလည်း မီးရှူးမီးပန်း လွှတ်တဲ့အစီအစဉ်အစား လေဆာရောင်ခြည်ထိုးတဲ့အစီအစဉ်ကို မြို့လည်မှာ ပြုလုပ်မှာဖြစ်ပါတယ်။

##

တိုက်ရိုက် လင့်ခ်







XS
SM
MD
LG