Zawgyi/ Unicode
၀န္ထမ္းအခက္အခဲေၾကာင့္ အေမရိကန္မွာ ေလယာဥ္ခရီးစဥ္ ရာနဲ႔ခ်ီဖ်က္ရ
ဇူလုိင္လ ၄ ရက္ေန႔မွာက်ေရာက္မယ့္ အေမရိကန္လြတ္လပ္ေရးေန႔ အားလပ္ရက္ခရီး သြား ေတြမ်ားျပားလြန္းၿပီး၊ ေလေၾကာင္းလုိင္းေတြက ၀န္ထမ္းအင္အားနဲ႔ မမွ်တဲ့အတြက္ စေနေန႔ကေလယဥ္ခရီးစဥ္၆၀၀ ေလာက္ပယ္ဖ်က္ခဲ့ရၿပီး၊ အေမရိကန္ ႏုိင္ငံအတြင္းကုိ၀င္တဲ့၊ ထြက္တဲ့ေလယာဥ္ခရီးစဥ္ေပါင္း ၂၅၀၀ ေလာက္ အခ်ိန္ေနာက္က်ခဲ့တယ္လုိ႔ ေလေၾကာင္းလုိင္း လုပ္ငန္းေတြကို ေစာင့္ၾကည့္ေဖာ္ျပေနတဲ့ flightaware.com ၀ဘ္ဆိုဒ္က ေျပာပါတယ္။
" မကၠဆီကိုႏိုင္ငံ Mazatlan ၿမိဳ႕ကို ဘြဲ႕ႏွင္းသဘင္အခမ္းအနားအတြက္သြားမွာပါ၊ ဒါေပမယ့္ ဘာမွအသိေပးျခင္းမရွိဘဲေလယဥ္ခရီးစဥ္ကိုပါဖ်က္လိုက္ပါတယ္" လို႔ ခရီးသြားတဦးျဖစ္တဲ့ Patricia Carreno ကေျပာဆိုသြားတာပါ။
ေသာၾကာေန႔တုန္းကလည္း တမၻာလုံးေလယဥ္ခရီးစဥ္ ပယ္ဖ်က္ခဲ့မႈေပါင္း ၃ ေထာင္ေက်ာ္ရွိခဲ့တဲ့အထဲက အေမရိကန္ျပည္ေထာင္စုမွာ ခရီးစဥ္ေပါင္း ၅၈၇ ခုပယ္ ဖ်က္ခဲ့ပါတယ္။
ကုိဗစ္ကပ္ေရာဂါေၾကာင့္ မသြားမလာဘဲေနခဲ့ရၿပီးေနာက္ ဒီေႏြရာသီကာလအတြင္း လူအမ်ားအျပားဟာ ေလေၾကာင္းခရီးကေန ခရီးရွည္သြားဖုိ႔ျပန္လည္စတင္လာခဲ့ၾက ပါတယ္။
ဒါေပမယ့္လည္း ကုိဗစ္ကာလအတြင္း အလုပ္ေတြ ရပ္နားထားရတဲ့ ေလေၾကာင္းလုိင္းေတြဟာ သူတုိ႔၀န္ထမ္းေတြကုိ ေစာေစာစီးစီး ပင္စင္ယူၾကဖုိ႔ တုိက္တြန္းတာေတြ အပါအ၀င္ ၀န္ထမ္းအင္အား ေထာင္ေသာင္းခ်ီ ေလွ်ာ့ခ်ခဲ့ၾကတာပါ။
အခုခါေလေၾကာင္းလုိင္းေတြမွာ ၀န္ထမ္းအင္အားဟာ ကုိဗစ္မျဖစ္ခင္ ၂၀၂၀ ခုႏွစ္မ တုိင္ခင္ကထက္ ၁၅ ရာႏႈန္းေလ်ာ့နည္းေနၿပီး၊ ခရီးသြားအေရအတြက္ကေတာ့ ၂၀၂၀ မတုိင္မီကအေရအတြက္ရဲ႔ ၉၀ ရာႏႈန္းျပန္ရွိလာပါတယ္။
အေမရိကန္သယ္ယူပုိ႔ေဆာင္ေရး၀န္ႀကီး Pete Buttigieg ကေတာ့ ကုိယ္သြားမယ့္ ခရီးစဥ္ ဖ်က္ခံရတဲ့အခါ၊ ေငြျပန္အမ္းခိုင္းတာ၊ နစ္နာေၾကးေတာင္းတာ၊ စတဲ့ လုပ္သင့္လုပ္ထိုက္တာေတြနဲ႔ ပတ္သက္လို႔လည္း Twitter လူမႈကြန္ရက္ကေန အၾကံျပဳတိုက္တြန္းေနပါတယ္။
##
၀န်ထမ်းအခက်အခဲကြောင့် အမေရိကန်မှာ လေယာဉ်ခရီးစဉ် ရာနဲ့ချီဖျက်ရ
ဇူလိုင်လ ၄ ရက်နေ့မှာကျရောက်မယ့် အမေရိကန်လွတ်လပ်ရေးနေ့ အားလပ်ရက်ခရီး သွား တွေများပြားလွန်းပြီး၊ လေကြောင်းလိုင်းတွေက ဝန်ထမ်းအင်အားနဲ့ မမျှတဲ့အတွက် စနေနေ့ကလေယဉ်ခရီးစဉ်၆၀၀ လောက်ပယ်ဖျက်ခဲ့ရပြီး၊ အမေရိကန် နိုင်ငံအတွင်းကိုဝင်တဲ့၊ ထွက်တဲ့လေယာဉ်ခရီးစဉ်ပေါင်း ၂၅၀၀ လောက် အချိန်နောက်ကျခဲ့တယ်လို့ လေကြောင်းလိုင်း လုပ်ငန်းတွေကို စောင့်ကြည့်ဖော်ပြနေတဲ့ flightaware.com ဝဘ်ဆိုဒ်က ပြောပါတယ်။
" မက္ကဆီကိုနိုင်ငံ Mazatlan မြို့ကို ဘွဲ့နှင်းသဘင်အခမ်းအနားအတွက်သွားမှာပါ၊ ဒါပေမယ့် ဘာမှအသိပေးခြင်းမရှိဘဲလေယဉ်ခရီးစဉ်ကိုပါဖျက်လိုက်ပါတယ်" လို့ ခရီးသွားတဦးဖြစ်တဲ့ Patricia Carreno ကပြောဆိုသွားတာပါ။
သောကြာနေ့တုန်းကလည်း တမ္ဘာလုံးလေယဉ်ခရီးစဉ် ပယ်ဖျက်ခဲ့မှုပေါင်း ၃ ထောင်ကျော်ရှိခဲ့တဲ့အထဲက အမေရိကန်ပြည်ထောင်စုမှာ ခရီးစဉ်ပေါင်း ၅၈၇ ခုပယ် ဖျက်ခဲ့ပါတယ်။
ကိုဗစ်ကပ်ရောဂါကြောင့် မသွားမလာဘဲနေခဲ့ရပြီးနောက် ဒီနွေရာသီကာလအတွင်း လူအများအပြားဟာ လေကြောင်းခရီးကနေ ခရီးရှည်သွားဖို့ပြန်လည်စတင်လာခဲ့ကြ ပါတယ်။
ဒါပေမယ့်လည်း ကိုဗစ်ကာလအတွင်း အလုပ်တွေ ရပ်နားထားရတဲ့ လေကြောင်းလိုင်းတွေဟာ သူတို့ဝန်ထမ်းတွေကို စောစောစီးစီး ပင်စင်ယူကြဖို့ တိုက်တွန်းတာတွေ အပါအဝင် ဝန်ထမ်းအင်အား ထောင်သောင်းချီ လျှော့ချခဲ့ကြတာပါ။
အခုခါလေကြောင်းလိုင်းတွေမှာ ဝန်ထမ်းအင်အားဟာ ကိုဗစ်မဖြစ်ခင် ၂၀၂၀ ခုနှစ်မ တိုင်ခင်ကထက် ၁၅ ရာနှုန်းလျော့နည်းနေပြီး၊ ခရီးသွားအရေအတွက်ကတော့ ၂၀၂၀ မတိုင်မီကအရေအတွက်ရဲ့ ၉၀ ရာနှုန်းပြန်ရှိလာပါတယ်။
အမေရိကန်သယ်ယူပို့ဆောင်ရေးဝန်ကြီး Pete Buttigieg ကတော့ ကိုယ်သွားမယ့် ခရီးစဉ် ဖျက်ခံရတဲ့အခါ၊ ငွေပြန်အမ်းခိုင်းတာ၊ နစ်နာကြေးတောင်းတာ၊ စတဲ့ လုပ်သင့်လုပ်ထိုက်တာတွေနဲ့ ပတ်သက်လို့လည်း Twitter လူမှုကွန်ရက်ကနေ အကြံပြုတိုက်တွန်းနေပါတယ်။