သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ကိုဗစ္ပိုးသစ္ေၾကာင့္ အာဖရိက ၈ ႏိုင္ငံ ခရီးမသြားဖို႔ အေမရိကန္ တုိက္တြန္း


အေမရိကန္မွာ ကိုဗစ္ကူးစက္ခံရတဲ့ လူနာကို ျပဳစုကုသေပးေနတဲ့ က်န္းမာေရးဝန္ထမ္း ၂ ဦး။ (ေအာက္တိုဘာ ၂၈၊ ၂၀၂၁)

(Zawgyi / Unicode)

Omicron ကုိဗစ္ေရာဂါပုိးသစ္ ကူးစက္မႈေတြေၾကာင့္ အာဖရိကေတာင္ပုိင္း ၈ ႏုိင္ငံကုို ခရီးမသြားၾကဖုိ႔ အေမရိကန္ ေရာဂါထိန္းခ်ဳပ္ေရးနဲ႔ ကာကြယ္ေရးဌာန CDC နဲ႔ ႏုိင္ငံျခားေရး ဝန္ႀကီးဌာနတို႔က စေနေန႔မွာ အႀကံျပဳခ်က္ ထုတ္ျပန္လိုက္ပါတယ္။ ေရာဂါပိုးသစ္ ကူးစက္မႈ အႏၲရာယ္ေၾကာင့္ အာဖရိကႏိုင္ငံေတြကလာမယ့္ ခရီးသြားေတြအေပၚ ကန္႔သတ္ခ်က္သစ္ သမၼတအိမ္ျဖဴေတာ္က ထုတ္ျပန္လိုက္ၿပီး ေနာက္တရက္မွာပဲ တိုက္တြန္းခ်က္ ထြက္ေပၚလာတာပါ။

ေတာင္အာဖရိက၊ ဇင္ဘာေဘြ၊ နမီးဘီးယား၊ မုိဇမ္ဗစ္၊ မာလာဝီ၊ လီဆုိသုိ၊ အက္စဝါတီနီနဲ႔ ေဘာ့ဆြာနာ ၈ ႏိုင္ငံဟာ ခရီးသြားေတြအတြက္ အလြန္အႏၲရာယ္ရွိတဲ့ အဆင့္ ၄ အျဖစ္ CDC က သတ္မွတ္လိုက္သလို ႏိ္ုင္ငံျခားေရး ဝန္ႀကီးဌာနကလည္း ခရီးမသြားဖို႔ အႀကံျပဳခ်က္ ထုတ္ျပန္လိုက္တာ ျဖစ္ပါတယ္။ ေဘာ့ဆြာနာႏိုင္ငံကိုေတာ့ CDC က အရင္ကတည္းက အဆင့္ ၄ သတ္မွတ္ထားတာပါ။

ေတာင္အာဖရိကမွာ စတင္ေတြ႔ရွိခဲ့တဲ့ Omicron ပိုးသစ္ကိုေတာ့ အာဖရိကတိုက္က ေဘာ့ဆြာနာႏိ္ုင္ငံအျပင္ ေဟာင္ေကာင္၊ အစၥေရးလ္နဲ႔ ဥေရာပႏိုင္ငံတခ်ဳိ႕မွာလည္း စစ္ေဆးေတြ႔ရွိ အတည္ျပဳထားပါတယ္။

အေမရိကန္ကေတာ့ ေနာက္ထပ္ တျခားႏိုင္ငံေတြမွာ ေရာဂါပိုးသစ္ ကူးစက္ပ်ံ႕ႏွံ႔မႈေတြ ရွိလာမယ္ဆိ္ုရင္ ခရီးသြားကန္႔သတ္တဲ့ စာရင္းမွာ ထပ္မံျဖည့္စြက္ႏိုင္ေၾကာင္းလည္း တာဝန္ရွိသူတဦးကို ကိုးကားၿပီး ႐ိုက္တာသတင္းက ေဖာ္ျပပါတယ္။ ေတာင္အာဖရိကနဲ႔ ႏိုင္ငံေပါင္း ၃၂ ႏိုင္ငံအေပၚ ခရီးသြားကန္႔သတ္ခ်က္ေတြကို ဒီလ ႏုိဝင္ဘာ ၈ ရက္ေန႔ကမွ အေမရိကန္က ျပန္လည္႐ုပ္သိမ္းထားတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------

(Unicode)

ကိုဗစ်ပိုးသစ်ကြောင့် အာဖရိက ၈ နိုင်ငံ ခရီးမသွားဖို့ အမေရိကန် တိုက်တွန်း

Omicron ကိုဗစ်ရောဂါပိုးသစ် ကူးစက်မှုတွေကြောင့် အာဖရိကတောင်ပိုင်း ၈ နိုင်ငံကို ခရီးမသွားကြဖို့ အမေရိကန် ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာန CDC နဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနတို့က စနေနေ့မှာ အကြံပြုချက် ထုတ်ပြန်လိုက်ပါတယ်။ ရောဂါပိုးသစ် ကူးစက်မှု အန္တရာယ်ကြောင့် အာဖရိကနိုင်ငံတွေကလာမယ့် ခရီးသွားတွေအပေါ် ကန့်သတ်ချက်သစ် သမ္မတအိမ်ဖြူတော်က ထုတ်ပြန်လိုက်ပြီး နောက်တရက်မှာပဲ တိုက်တွန်းချက် ထွက်ပေါ်လာတာပါ။

တောင်အာဖရိက၊ ဇင်ဘာဘွေ၊ နမီးဘီးယား၊ မိုဇမ်ဗစ်၊ မာလာဝီ၊ လီဆိုသို၊ အက်စဝါတီနီနဲ့ ဘော့ဆွာနာ ၈ နိုင်ငံဟာ ခရီးသွားတွေအတွက် အလွန်အန္တရာယ်ရှိတဲ့ အဆင့် ၄ အဖြစ် CDC က သတ်မှတ်လိုက်သလို နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း ခရီးမသွားဖို့ အကြံပြုချက် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ ဘော့ဆွာနာနိုင်ငံကိုတော့ CDC က အရင်ကတည်းက အဆင့် ၄ သတ်မှတ်ထားတာပါ။

တောင်အာဖရိကမှာ စတင်တွေ့ရှိခဲ့တဲ့ Omicron ပိုးသစ်ကိုတော့ အာဖရိကတိုက်က ဘော့ဆွာနာနိုင်ငံအပြင် ဟောင်ကောင်၊ အစ္စရေးလ်နဲ့ ဥရောပနိုင်ငံတချို့မှာလည်း စစ်ဆေးတွေ့ရှိ အတည်ပြုထားပါတယ်။

အမေရိကန်ကတော့ နောက်ထပ် တခြားနိုင်ငံတွေမှာ ရောဂါပိုးသစ် ကူးစက်ပျံ့နှံ့မှုတွေ ရှိလာမယ်ဆိုရင် ခရီးသွားကန့်သတ်တဲ့ စာရင်းမှာ ထပ်မံဖြည့်စွက်နိုင်ကြောင်းလည်း တာဝန်ရှိသူတဦးကို ကိုးကားပြီး ရိုက်တာသတင်းက ဖော်ပြပါတယ်။ တောင်အာဖရိကနဲ့ နိုင်ငံပေါင်း ၃၂ နိုင်ငံအပေါ် ခရီးသွားကန့်သတ်ချက်တွေကို ဒီလ နိုဝင်ဘာ ၈ ရက်နေ့ကမှ အမေရိကန်က ပြန်လည်ရုပ်သိမ်းထားတာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG