သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ကိုဗစ္မ်ဳိးကဲြသစ္ေၾကာင့္ အေမရိကန္၊ ကေနဒါနဲ႔ EU ခရီးသြား ကန္႔သတ္ခ်က္ေတြထုတ္ျပန္


Zawgyi

ကိုဗစ္မ်ဳိးကဲြသစ္ေၾကာင့္ အေမရိကန္၊ ကေနဒါနဲ႔ EU ခရီးသြား ကန္႔သတ္ခ်က္ေတြထုတ္ျပန္

ေတာင္အာဖရိကႏိုင္ငံမွာ ကူးစက္ျမန္ ကိုဗစ္ေရာဂါပိုးသစ္ျဖစ္တဲ့ Omicron အိုမီခရန္ ေတြ႕ရွိရၿပီးတဲ့ေနာက္၊ အေမရိကန္၊ ကေနဒါနဲ႔ ဥေရာပသမဂၢ (EU) တို႔က အာဖရိကတိုက္ ႏိုင္ငံေတြနဲ႔ အသြားအလာေတြကို ကန္႔သတ္လိုက္ေၾကာင္း ေသာၾကာေန႔မွာ ေၾကညာလိုက္ပါတယ္။

ခရီးသြားေတြ ကန္႔သတ္လိုက္တဲ့ ႏိုင္ငံေတြကေတာ့ ေတာင္အာဖရိက၊ ေဘာ္စဝါနာ၊ ဇင္ဘာေဘြ၊ နမီးဘီးယား၊ လီဆူတို၊ အက္စဝါတီနီ၊ မိုဇမ္ဘစ္ နဲ႕ မာလာဝီ ႏိုင္ငံေတြျဖစ္ပါတယ္။ အေမရိကန္ႏိုင္ငံသားေတြနဲ႔ အၿမဲတမ္းေနထိုင္ခြင့္ ရွိသူေတြကလဲြလို႔ က်န္တဲ့ ခရီးသြားေတြ အေမရိကန္ကို ၀င္ခြင့္ရမွာ မဟုတ္ပါဘူး။ တနလၤာေန႔မွာ စတင္အသက္၀င္မယ့္ ကန္႔သတ္ခ်က္ကို ေသာၾကာေန႔က ေၾကညာရာမွာ အေမရိကန္သမၼတ Joe Biden က ကာကြယ္ေဆး ၂ ႀကိမ္အျပည့္ ထိုးၿပီးသူေတြ အားျဖည့္ေဆး ေနာက္တလုံး ထပ္ထိုးၾကဖို႔နဲ႔ အျပည့္မထိုးရေသးတဲ့ သူေတြလည္း အခ်ိန္မဆိုင္းပဲ ခ်က္ျခင္း ေဆးထိုးၾကဖို႔ တိုက္တြန္းခဲ့ပါတယ္။

ေသာၾကာေန႔မွာပဲ ကေနဒါႏိုင္ငံကလည္း ေတာင္အာဖရိက အပါအ၀င္ အာဖရိကတိုက္က ႏိုင္ငံ ၇ ႏိုင္ငံက ခရီးသြားေတြကို ျပည္၀င္ခြင့္ ကန္႔သတ္လိုက္ေၾကာင္း က်န္းမာေရး ၀န္ႀကီးက ေသာၾကာေန႔မွာပဲ ေၾကညာခဲ့ပါတယ္။

ၿဗိတိန္ႏိုင္ငံကေတာ့ အာဖရိက ၆ ႏိုင္ငံကလာတဲ့ ခရီးသြားေတြကို သီးသန္႔ထားေစာင့္ၾကည့္ဖို႔နဲ႔ ေလေၾကာင္းခရီးစဥ္ေတြကို ကန္႔သတ္ဖို႔ အမိန္႔ထုတ္ခဲ့တာပါ။ ဥေရာပသမဂၢကလည္း အာဖရိကႏိုင္ငံေတြက ခရီးသြားေတြကို ကန္႔သတ္ဖို႔ အဖဲြ႕၀င္ ၂၇ ႏိုင္ငံက သေဘာတူခဲ့ၾကေၾကာင္း EU အလွည့္က် ဥကၠ႒ ဆလိုေဗးနီးယားက ေၾကျငာပါတယ္။

###

တိုက္႐ိုက္ လင့္ခ္


Unicode

ကိုဗစ်မျိုးကွဲသစ်ကြောင့် အမေရိကန်၊ ကနေဒါနဲ့ EU ခရီးသွား ကန့်သတ်ချက်တွေထုတ်ပြန်

တောင်အာဖရိကနိုင်ငံမှာ ကူးစက်မြန် ကိုဗစ်ရောဂါပိုးသစ်ဖြစ်တဲ့ Omicron အိုမီခရန် တွေ့ရှိရပြီးတဲ့နောက်၊ အမေရိကန်၊ ကနေဒါနဲ့ ဥရောပသမဂ္ဂ (EU) တို့က အာဖရိကတိုက် နိုင်ငံတွေနဲ့ အသွားအလာတွေကို ကန့်သတ်လိုက်ကြောင်း သောကြာနေ့မှာ ကြေညာလိုက်ပါတယ်။

ခရီးသွားတွေ ကန့်သတ်လိုက်တဲ့ နိုင်ငံတွေကတော့ တောင်အာဖရိက၊ ဘော်စဝါနာ၊ ဇင်ဘာဘွေ၊ နမီးဘီးယား၊ လီဆူတို၊ အက်စဝါတီနီ၊ မိုဇမ်ဘစ် နဲ့ မာလာဝီ နိုင်ငံတွေဖြစ်ပါတယ်။ အမေရိကန်နိုင်ငံသားတွေနဲ့ အမြဲတမ်းနေထိုင်ခွင့် ရှိသူတွေကလွဲလို့ ကျန်တဲ့ ခရီးသွားတွေ အမေရိကန်ကို ဝင်ခွင့်ရမှာ မဟုတ်ပါဘူး။ တနင်္လာနေ့မှာ စတင်အသက်ဝင်မယ့် ကန့်သတ်ချက်ကို သောကြာနေ့က ကြေညာရာမှာ အမေရိကန်သမ္မတ Joe Biden က ကာကွယ်ဆေး ၂ ကြိမ်အပြည့် ထိုးပြီးသူတွေ အားဖြည့်ဆေး နောက်တလုံး ထပ်ထိုးကြဖို့နဲ့ အပြည့်မထိုးရသေးတဲ့ သူတွေလည်း အချိန်မဆိုင်းပဲ ချက်ခြင်း ဆေးထိုးကြဖို့ တိုက်တွန်းခဲ့ပါတယ်။

သောကြာနေ့မှာပဲ ကနေဒါနိုင်ငံကလည်း တောင်အာဖရိက အပါအဝင် အာဖရိကတိုက်က နိုင်ငံ ၇ နိုင်ငံက ခရီးသွားတွေကို ပြည်ဝင်ခွင့် ကန့်သတ်လိုက်ကြောင်း ကျန်းမာရေး ဝန်ကြီးက သောကြာနေ့မှာပဲ ကြေညာခဲ့ပါတယ်။

ဗြိတိန်နိုင်ငံကတော့ အာဖရိက ၆ နိုင်ငံကလာတဲ့ ခရီးသွားတွေကို သီးသန့်ထားစောင့်ကြည့်ဖို့နဲ့ လေကြောင်းခရီးစဉ်တွေကို ကန့်သတ်ဖို့ အမိန့်ထုတ်ခဲ့တာပါ။ ဥရောပသမဂ္ဂကလည်း အာဖရိကနိုင်ငံတွေက ခရီးသွားတွေကို ကန့်သတ်ဖို့ အဖွဲ့ဝင် ၂၇ နိုင်ငံက သဘောတူခဲ့ကြကြောင်း EU အလှည့်ကျ ဥက္ကဋ္ဌ ဆလိုဗေးနီးယားက ကြေငြာပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG