သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်ပိုး မျိုးကွဲသစ် တောင်အာဖရိကမှာ တွေ့ရှိ


coronavirus care in South Africa - patient - personal protective equipment - PPE

Zawgyi

ကိုဗစ်ပိုး မျိုးကွဲသစ် တောင်အာဖရိကမှာ တွေ့ရှိ

တောင်အာဖရိကနိုင်ငံမှာ နောက်ထပ် ကိုဗစ်ရောဂါပိုး မျိုးကွဲသစ်တခုကို သိပ္ပံပညာရှင်တွေ တွေ့ရှိထားပြီး၊ လူဦးရေ အများဆုံးဖြစ်တဲ့ Gauteng ပြည်နယ်မှာ ငယ်ရွယ်သူတွေကြား ကူးစက်မှုနှုန်း များနေပြီး၊ ဗီဇပြောင်းလဲမှု မြန်ဆန်တဲ့အတွက် စိုးရိမ်ရတဲ့အကြောင်း ကျန်းမာရေး ဝန်ကြီးက ပြောပါတယ်။

လွန်ခဲ့တဲ့ ၄-၅ ရက်အတွင်း ကိုဗစ်ရောဂါ ကူးစက်မှုတွေ သိသိသာသာ တိုးလာနေပြီး မျိုးကွဲသစ်ကြောင့် ဖြစ်နိုင်ကြောင်းလည်း ကြာသပတေးနေ့ အွန်လိုင်း သတင်းစာ ရှင်းလင်းပွဲမှာ ဝန်ကြီး Joe Phaahla ပြောဆိုခဲ့တာပါ။

ကူးစက်သူ အတည်ပြု လူနာသစ်တွေထဲမှာ ဗိုင်းရပ်စ်ပိုး အမျိုးအစားသစ် ကူးစက်ခံရသူ ရာခိုင်နှုန်းကို သိနိုင်ဖို့လည်း ကျွမ်းကျင်သူတွေ ကြိုးပမ်းနေကြပါတယ်။ B.1.1.529 အဖြစ် သတ်မှတ်ထားတဲ့ ပိုးအမျိုးအစားသစ်ကိုတော့ အာဖရိကတိုက်က Botswana နိုင်ငံမှာ တွေ့ရသလို၊ တောင်အာဖရိက နိုင်ငံကနေ ဟောင်ကောင်ကိုသွားတဲ့ ခရီးသွားတချို့မှာလည်း စစ်ဆေးတွေ့ရှိထားကြောင်း ပြောပါတယ်။

ဗြိတိန်အစိုးရကတော့ တောင်အာဖရိကနဲ့ အာဖရိကတိုက် တောင်ပိုင်း ၅ နိုင်ငံက လေကြောင်း ခရီးစဉ်တွေကို သောကြာနေ့ကစ တားမြစ်မယ့်အကြောင်း ကြေညာခဲ့တာပါ။ ရောဂါပိုး မျိုးကွဲသစ်ဟာ Delta မျိုးကွဲထက် ကူးစက်မှု ပိုမိုမြန်ဆန်မှာကို စိုးရိမ်ရပြီး၊ လက်ရှိကာကွယ်ဆေးတွေဟာ ထိရောက်မှု ရှိချင်မှရှိလိမ့်မယ်လို့လည်း ဗြိတိန်ကျန်းမာရေးဝန်ကြီး Sajid Javid ကပြောပါတယ်။

တောင်အာဖရိကမှာ နေ့စဉ် ကိုဗစ်ရောဂါ ကူးစက်သူ လူနာသစ် ၂၀၀ လောက် ရှိနေရာက ပြီးခဲ့တဲ့ သီတင်းပတ်ကစ သိသိသာသာ တိုးလာရာမှာ ဗုဒ္ဓဟူးနေ့က ၁,၂၀၀ ကျော် ရှိခဲ့ပြီး ကြာသပတေးနေ့မှာတော့ ၂,၄၆၅ ယောက်အထိ ရှိခဲ့တာပါ။ ကိုဗစ်ရောဂါပိုး အမျိုးအစားသစ်ကိုတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ ကျွမ်းကျင်သူအဖွဲ့က သောကြာနေ့မှာ လေ့လာဆန်းစစ်ပြီး၊ အမည်သစ်ပေးဖို့ ဆုံးဖြတ်ကောင်း ဆုံးဖြတ်မှာ ဖြစ်ပါတယ်။

####

တိုက်ရိုက် လင့်ခ်


Unicode







XS
SM
MD
LG