သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

မလိုအပ္ဘဲ အိမ္ျပင္မထြက္အမိန႔္ ေနာက္ထပ္ၿမိဳ႕နယ္ ၂၈ ၿမိဳ႕နယ္မွာပယ္ဖ်က္


ကိုဗစ္ကပ္ေရာဂါၾကား ကိုရင္မ်ားဆြမ္းခံၾကြေနပုံ။ ဂ်ူလုိင္ ၁၅၊ ၂၀၂၁။

{{Zawgyi/Unicode}}

ျမန္မာႏိုင္ငံမွာ ကိုဗစ္တတိယလႈိင္း ကူးစက္မႈျမင့္တက္ေနခ်ိန္က မလိုအပ္ရင္ အိမ္ျပင္မထြက္ရ Stay at Home ထုတ္ျပန္ခဲ့တဲ့ ၿမိဳ႕နယ္ေတြထဲက ေနာက္ထပ္ၿမိဳ႕နယ္တခ်ိဳ႕ကို ဒီေန႔ ႏိုဝင္ဘာ ၂၅ ရက္ကစၿပီး အမိန႔္ပယ္ဖ်က္လိုက္ပါတယ္။ က်န္းမာေရးဝန္ႀကီးဌာနက အခုေနာက္ဆုံး Stay at Home ထုတ္ျပန္ခ်က္ ပယ္ဖ်က္လိုက္တဲ့ ၿမိဳ႕နယ္ ၂၈ ၿမိဳ႕နယ္မွာ ေန႔စဥ္နဲ႔အမွ် ဓာတ္ခြဲအတည္ျပဳလူနာ အမ်ားဆုံးရွိခဲ့တဲ့ ရွမ္းျပည္နယ္အတြင္းက ၿမိဳ႕နယ္ ၉ ခုနဲ႔ ကခ်င္ျပည္နယ္က ၄ ၿမိဳ႕နယ္ ပါဝင္လာပါတယ္။ အခုပယ္ဖ်က္လိုက္တဲ့ ၿမိဳ႕နယ္ေတြမွာ ကိုဗစ္ကပ္ေရာဂါ ကူးစက္မႈကတကယ္ပဲ ေလ်ာ့က်သြားပါၿပီလား ... ရန္ကုန္ကလာတဲ့ ဒီသတင္းကို မဆုမြန္ကေျပာျပပါမယ္။

ေနျပည္ေတာ္၊ ကခ်င္ျပည္နယ္၊ ကယားျပည္နယ္၊ ကရင္ျပည္နယ္၊ ခ်င္းျပည္နယ္နဲ႔ မေကြးတိုင္း၊ မႏၲေလးတိုင္း အပါအဝင္ မြန္ျပည္နယ္နဲ႔ ရွမ္းျပည္နယ္အတြင္းက ၿမိဳ႕နယ္ ၂၈ ၿမိဳ႕နယ္မွာ ႏိုဝင္ဘာ ၂၅ ရက္ ဒီေန႔ကစၿပီးေတာ့ Stay at Home အစီအစဥ္ ပယ္ဖ်က္တယ္လို႔ က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားပါတယ္။

Stay at Home အစီအစဥ္ ပယ္ဖ်က္လိုက္တဲ့အထဲမွာ ဓာတ္ခြဲအတည္ျပဳလူနာ ေန႔စဥ္ အမ်ားဆုံးရွိခဲ့တဲ့ ရွမ္းျပည္နယ္အတြင္းက ၿမိဳ႕နယ္ ၉ ခု ပါဝင္လာပါတယ္။ ေနာင္ခ်ိဳ၊ သီေပါ၊ က်ိဳင္းတုံ၊ ေညာင္ေ႐ႊ၊ ေတာင္ႀကီးနဲ႔ ရပ္ေစာက္ၿမိဳ႕နယ္၊ မူဆယ္အျပင္ လားရႈိးနဲ႔ ေလာက္ကိုင္ အဲဒီၿမိဳ႕နယ္ေတြကို ေျဖေလွ်ာ့ေပးလိုက္တာပါ။

Stay at Home ပယ္ဖ်က္တဲ့အထဲ ပါဝင္တဲ့ ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ ေနာင္ခ်ိဳၿမိဳ႕နယ္မွာေတာ့ ႏိုဝင္ဘာလအစပိုင္းက ကိုဗစ္လူနာအမ်ားစုဟာ ေရာဂါျပင္းထန္ခ်ိန္ေရာက္မွ ကုသေရးစင္တာေတြဆီ ေရာက္လာလို႔ ကုသေရးပိုင္းမွာ အခက္အခဲေတြ ႀကဳံခဲ့ၾကရပါတယ္။ ဒါ့အျပင္ ကိုဗစ္အတည္ျပဳလူနာ ျပန္မ်ားလာတာေၾကာင့္ ပ်ံက်ေဈးသည္ေတြကိုလည္း ကိုယ့္ရပ္ကြက္အလိုက္ ေဈးေရာင္းဖို႔နဲ႔ ရပ္ကြက္မေက်ာ္ဖို႔ကို သတိေပးတဲ့အထိ တင္းၾကပ္ခဲ့တာပါ။

ဒါေပမယ့္လည္း အခု ႏိုဝင္ဘာလကုန္ပိုင္း ေရာက္ခ်ိန္မွာေတာ့ ေနာင္ခ်ိဳမွာ ဖ်ားနာသူအနည္းအက်ဥ္းသာရွိၿပီး စိတ္ခ်ရတဲ့အေနအထားမွာ ရွိေနၿပီလို႔ သဖန္းကိုင္း ပရဟိတ လူမႈကူညီေရးအသင္း တာဝန္ရွိသူတဦးက ေျပာပါတယ္။

"အဓိကကေတာ့ Stay at Home ပယ္မွ ကေလးေတြကလည္း ေက်ာင္းဖြင့္လို႔ရမယ္။ ေနာက္ ေဈးေတြလည္း ဖြင့္လို႔ရမယ္ေပါ့ေနာ္။ လုပ္ငန္းရွင္ေတြကလည္း လုပ္ငန္းလုပ္လို႔ရမယ္ဆိုတဲ့ဟာေလးေတြကို အဓိကထားၿပီးေတာ့မွ လုပ္ငန္းရွင္ရယ္၊ ပရဟိတအဖြဲ႔ရယ္၊ ေက်ာင္းက ဆရာ၊ ဆရာမေတြရယ္၊ ဌာနဆိုင္ရာ အုပ္ခ်ဳပ္ေရးအဖြဲ႔ေတြရယ္ ပူးေပါင္းၿပီးမွ ျပဳလုပ္တဲ့အခ်ိန္ အတြင္းမွာေတာ့ ထိန္းခ်ဳပ္ႏိုင္တဲ့အေနအထားကို ေရာက္ရွိလို႔ေနပါတယ္ဗ်။ အခု ေက်ာင္းေတြျပန္ဖြင့္မယ့္အထဲမွာေတာ့ အားလုံးျပင္ဆင္ထားၿပီးပါၿပီဗ်။ ကေလးေတြ မနစ္နာေအာင္လို႔ေတာ့ ပရဟိတအဖြဲ႔ေတြနဲ႔လည္း အားလုံးေတာ့ ျပင္ဆင္ေနပါၿပီဗ်။"

ေနာင္ခ်ိဳၿမိဳ႕နယ္မွာ ဇြန္လတုန္းက အေျခခံပညာေက်ာင္းေတြ ဖြင့္ခဲ့ၿပီးေတာ့ ေရာဂါကူးစက္မႈအေျခအေနေတြေၾကာင့္ ဇြန္လကုန္ခါနီးမွာပဲ ျပန္ပိတ္လိုက္ရတာပါ။ ႏိုဝင္ဘာ ၂၅ ရက္ ဒီေန႔ ကစၿပီး Stay at Home ပယ္ဖ်က္တဲ့အထဲ ကခ်င္ျပည္နယ္ထဲက ေ႐ႊကူ၊ မိုးေကာင္း၊ ျမစ္ႀကီးနားနဲ႔ ဝိုင္းေမာ္ၿမိဳ႕နယ္လည္း ပါဝင္လာပါတယ္။ ျမစ္ႀကီးနားၿမိဳ႕နယ္မွာေတာ့ ၿမိဳ႕ေပၚအေနအထားက ကိုဗစ္ကူးစက္သူ သိပ္မရွိေတာ့ေပမယ့္ ၿမိဳ႕နဲ႔ေဝးတဲ့ ရပ္ကြက္အစြန္အဖ်ားက ႐ြာေတြမွာေတာ့ ကိုဗစ္ကူးစက္သူေတြ အခုခ်ိန္ထိ မ်ားေနတုန္းလို႔ ကိုဗစ္လူနာေတြကို ကူညီေဆာင္႐ြက္ေပးေနတဲ့ ျမစ္ႀကီးနားေဒသခံတဦးက ေျပာပါတယ္။

"တခ်ိဳ႕ရပ္ကြက္ေတြဆိုလို႔ရွိရင္ တရပ္ကြက္လုံးနီးပါး ျဖစ္တဲ့ရပ္ကြက္ေတြရွိတယ္။ ၿမိဳ႕ေပၚအပိုင္းက ရပ္ကြက္ေတြမွာကေတာ့ ကိုဗစ္ရွိတယ္ဆိုတဲ့ အသံေပ်ာက္သြားတယ္။ ၿမိဳ႕နဲ႔ နည္းနည္းေလးလွမ္းတဲ့ဘက္ေတြမွာကေတာ့ တ႐ြာလုံးနီးပါးေလာက္ ျဖစ္ေနတာေပါ့။ ပြင့္ပြင့္လင္းလင္းေျပာရရင္ ျပည္သူေတြအေနနဲ႔ကေတာ့ က်ဥ္းက်ပ္တာမ်ားၿပီကို။ မ်ားေတာ့ လြတ္လြတ္လပ္လပ္ သြားလာခ်င္ၾကတာေပါ့ေလ။ လုပ္ငန္းေတြကလည္း အားလုံးနီးပါး ျပန္ဖြင့္လာတဲ့အေနအထား ျဖစ္လာတာေပါ့။ လက္ရွိကေတာ့ ပုံမွန္အေနအထားလို ျဖစ္ေနတာေပါ့ေလ၊ သြားသြားလာလာ လႈပ္လႈပ္ရွားရွား ျပန္ျဖစ္ေနၿပီေပါ့။ ကိုဗစ္မရွိေတာ့ဘူးဆိုၿပီးမွ ေပါ့ဆေနလို႔မရဘူးေပါ့ေလ။ မရွိဘူးဆိုရင္ေတာင္မွ အစြန္အဖ်ားေတြမွာက ရွိေနတယ္။ လုံးဝကင္းစင္သြားတာေတာ့ မဟုတ္ပါဘူး။"

ကိုဗစ္တတိယလႈိင္း အရွိန္ျမင့္ခဲ့တဲ့ ဇူလိုင္လကစၿပီး ေရာဂါကူးစက္မႈ အေျခအေနဆိုးခဲ့တဲ့ တိုင္းနဲ႔ျပည္နယ္ေတြထဲက ၿမိဳ႕နယ္ေတြကို Stay at Home ထုတ္ျပန္ခဲ့တာ စုစုေပါင္း ၁၁၉ ၿမိဳ႕နယ္ ရွိခဲ့ပါတယ္။ အဲဒီၿမိဳ႕နယ္ေတြထဲကေန ကိုဗစ္ကပ္ေရာဂါကူးစက္မႈ ေလ်ာ့က်လာတဲ့ၿမိဳ႕နယ္ေတြကို တျဖည္းျဖည္းပယ္ဖ်က္ေနတာ အခုဆို ၁၀၈ ၿမိဳ႕နယ္ ရွိသြားပါၿပီ။

ဒါေပမယ့္ ခ်င္းျပည္နယ္၊ ကခ်င္ျပည္နယ္၊ မေကြးတိုင္း၊ မႏၲေလးတိုင္း၊ မြန္ျပည္နယ္နဲ႔ ရွမ္းျပည္နယ္အတြင္းက ၿမိဳ႕နယ္ ၁၁ ခုမွာေတာ့ Stay at Home ကန႔္သတ္ခ်က္ေတြ ထုတ္ျပန္ထားဆဲျဖစ္ပါတယ္။

ကပ္ေရာဂါအေျခအေနေၾကာင့္ အခုလို Stay at Home သတ္မွတ္ထားတဲ့ ၿမိဳ႕နယ္ေတြကို တခုၿပီးတခု ေျဖေလွ်ာ့လာသလို တႏိုင္ငံလုံးမွာရွိတဲ့ စာသင္ေက်ာင္းေတြ ျပန္ဖြင့္ႏိုင္ဖို႔အတြက္ကိုလည္း အသက္ ၁၂ ႏွစ္နဲ႔ ၁၈ ႏွစ္အတြင္းမွာရွိတဲ့ ေက်ာင္းသားလူငယ္ေတြကို ကိုဗစ္ေရာဂါကာကြယ္ေဆး ထိုးႏွံေပးတဲ့လုပ္ငန္းေတြ အရွိန္ျမႇင့္ လုပ္ေဆာင္ေနတယ္လို႔ ေက်ာင္းသားမိဘေတြက ေျပာပါတယ္။ ျမန္မာႏိုင္ငံရဲ႕ ခရီးသြားလုပ္ငန္းကို ျပန္စဖို႔အတြက္လည္း စစ္ေကာင္စီက အစီအစဥ္ခ် လုပ္ေဆာင္ေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

=============

{{Unicode}}

မလိုအပ်ဘဲ အိမ်ပြင်မထွက်အမိန့် နောက်ထပ်မြို့နယ် ၂၈ မြို့နယ်မှာပယ်ဖျက်

မြန်မာနိုင်ငံမှာ ကိုဗစ်တတိယလှိုင်း ကူးစက်မှုမြင့်တက်နေချိန်က မလိုအပ်ရင် အိမ်ပြင်မထွက်ရ Stay at Home ထုတ်ပြန်ခဲ့တဲ့ မြို့နယ်တွေထဲက နောက်ထပ်မြို့နယ်တချို့ကို ဒီနေ့ နိုဝင်ဘာ ၂၅ ရက်ကစပြီး အမိန့်ပယ်ဖျက်လိုက်ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနက အခုနောက်ဆုံး Stay at Home ထုတ်ပြန်ချက် ပယ်ဖျက်လိုက်တဲ့ မြို့နယ် ၂၈ မြို့နယ်မှာ နေ့စဉ်နဲ့အမျှ ဓာတ်ခွဲအတည်ပြုလူနာ အများဆုံးရှိခဲ့တဲ့ ရှမ်းပြည်နယ်အတွင်းက မြို့နယ် ၉ ခုနဲ့ ကချင်ပြည်နယ်က ၄ မြို့နယ် ပါဝင်လာပါတယ်။ အခုပယ်ဖျက်လိုက်တဲ့ မြို့နယ်တွေမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုကတကယ်ပဲ လျော့ကျသွားပါပြီလား ... ရန်ကုန်ကလာတဲ့ ဒီသတင်းကို မဆုမွန်ကပြောပြပါမယ်။

နေပြည်တော်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ မကွေးတိုင်း၊ မန္တလေးတိုင်း အပါအဝင် မွန်ပြည်နယ်နဲ့ ရှမ်းပြည်နယ်အတွင်းက မြို့နယ် ၂၈ မြို့နယ်မှာ နိုဝင်ဘာ ၂၅ ရက် ဒီနေ့ကစပြီးတော့ Stay at Home အစီအစဉ် ပယ်ဖျက်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Stay at Home အစီအစဉ် ပယ်ဖျက်လိုက်တဲ့အထဲမှာ ဓာတ်ခွဲအတည်ပြုလူနာ နေ့စဉ် အများဆုံးရှိခဲ့တဲ့ ရှမ်းပြည်နယ်အတွင်းက မြို့နယ် ၉ ခု ပါဝင်လာပါတယ်။ နောင်ချို၊ သီပေါ၊ ကျိုင်းတုံ၊ ညောင်ရွှေ၊ တောင်ကြီးနဲ့ ရပ်စောက်မြို့နယ်၊ မူဆယ်အပြင် လားရှိုးနဲ့ လောက်ကိုင် အဲဒီမြို့နယ်တွေကို ဖြေလျှော့ပေးလိုက်တာပါ။

Stay at Home ပယ်ဖျက်တဲ့အထဲ ပါဝင်တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်မှာတော့ နိုဝင်ဘာလအစပိုင်းက ကိုဗစ်လူနာအများစုဟာ ရောဂါပြင်းထန်ချိန်ရောက်မှ ကုသရေးစင်တာတွေဆီ ရောက်လာလို့ ကုသရေးပိုင်းမှာ အခက်အခဲတွေ ကြုံခဲ့ကြရပါတယ်။ ဒါ့အပြင် ကိုဗစ်အတည်ပြုလူနာ ပြန်များလာတာကြောင့် ပျံကျဈေးသည်တွေကိုလည်း ကိုယ့်ရပ်ကွက်အလိုက် ဈေးရောင်းဖို့နဲ့ ရပ်ကွက်မကျော်ဖို့ကို သတိပေးတဲ့အထိ တင်းကြပ်ခဲ့တာပါ။

ဒါပေမယ့်လည်း အခု နိုဝင်ဘာလကုန်ပိုင်း ရောက်ချိန်မှာတော့ နောင်ချိုမှာ ဖျားနာသူအနည်းအကျဉ်းသာရှိပြီး စိတ်ချရတဲ့အနေအထားမှာ ရှိနေပြီလို့ သဖန်းကိုင်း ပရဟိတ လူမှုကူညီရေးအသင်း တာဝန်ရှိသူတဦးက ပြောပါတယ်။

"အဓိကကတော့ Stay at Home ပယ်မှ ကလေးတွေကလည်း ကျောင်းဖွင့်လို့ရမယ်။ နောက် ဈေးတွေလည်း ဖွင့်လို့ရမယ်ပေါ့နော်။ လုပ်ငန်းရှင်တွေကလည်း လုပ်ငန်းလုပ်လို့ရမယ်ဆိုတဲ့ဟာလေးတွေကို အဓိကထားပြီးတော့မှ လုပ်ငန်းရှင်ရယ်၊ ပရဟိတအဖွဲ့ရယ်၊ ကျောင်းက ဆရာ၊ ဆရာမတွေရယ်၊ ဌာနဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့တွေရယ် ပူးပေါင်းပြီးမှ ပြုလုပ်တဲ့အချိန် အတွင်းမှာတော့ ထိန်းချုပ်နိုင်တဲ့အနေအထားကို ရောက်ရှိလို့နေပါတယ်ဗျ။ အခု ကျောင်းတွေပြန်ဖွင့်မယ့်အထဲမှာတော့ အားလုံးပြင်ဆင်ထားပြီးပါပြီဗျ။ ကလေးတွေ မနစ်နာအောင်လို့တော့ ပရဟိတအဖွဲ့တွေနဲ့လည်း အားလုံးတော့ ပြင်ဆင်နေပါပြီဗျ။"

နောင်ချိုမြို့နယ်မှာ ဇွန်လတုန်းက အခြေခံပညာကျောင်းတွေ ဖွင့်ခဲ့ပြီးတော့ ရောဂါကူးစက်မှုအခြေအနေတွေကြောင့် ဇွန်လကုန်ခါနီးမှာပဲ ပြန်ပိတ်လိုက်ရတာပါ။ နိုဝင်ဘာ ၂၅ ရက် ဒီနေ့ ကစပြီး Stay at Home ပယ်ဖျက်တဲ့အထဲ ကချင်ပြည်နယ်ထဲက ရွှေကူ၊ မိုးကောင်း၊ မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့နယ်လည်း ပါဝင်လာပါတယ်။ မြစ်ကြီးနားမြို့နယ်မှာတော့ မြို့ပေါ်အနေအထားက ကိုဗစ်ကူးစက်သူ သိပ်မရှိတော့ပေမယ့် မြို့နဲ့ဝေးတဲ့ ရပ်ကွက်အစွန်အဖျားက ရွာတွေမှာတော့ ကိုဗစ်ကူးစက်သူတွေ အခုချိန်ထိ များနေတုန်းလို့ ကိုဗစ်လူနာတွေကို ကူညီဆောင်ရွက်ပေးနေတဲ့ မြစ်ကြီးနားဒေသခံတဦးက ပြောပါတယ်။

"တချို့ရပ်ကွက်တွေဆိုလို့ရှိရင် တရပ်ကွက်လုံးနီးပါး ဖြစ်တဲ့ရပ်ကွက်တွေရှိတယ်။ မြို့ပေါ်အပိုင်းက ရပ်ကွက်တွေမှာကတော့ ကိုဗစ်ရှိတယ်ဆိုတဲ့ အသံပျောက်သွားတယ်။ မြို့နဲ့ နည်းနည်းလေးလှမ်းတဲ့ဘက်တွေမှာကတော့ တရွာလုံးနီးပါးလောက် ဖြစ်နေတာပေါ့။ ပွင့်ပွင့်လင်းလင်းပြောရရင် ပြည်သူတွေအနေနဲ့ကတော့ ကျဉ်းကျပ်တာများပြီကို။ များတော့ လွတ်လွတ်လပ်လပ် သွားလာချင်ကြတာပေါ့လေ။ လုပ်ငန်းတွေကလည်း အားလုံးနီးပါး ပြန်ဖွင့်လာတဲ့အနေအထား ဖြစ်လာတာပေါ့။ လက်ရှိကတော့ ပုံမှန်အနေအထားလို ဖြစ်နေတာပေါ့လေ၊ သွားသွားလာလာ လှုပ်လှုပ်ရှားရှား ပြန်ဖြစ်နေပြီပေါ့။ ကိုဗစ်မရှိတော့ဘူးဆိုပြီးမှ ပေါ့ဆနေလို့မရဘူးပေါ့လေ။ မရှိဘူးဆိုရင်တောင်မှ အစွန်အဖျားတွေမှာက ရှိနေတယ်။ လုံးဝကင်းစင်သွားတာတော့ မဟုတ်ပါဘူး။"

ကိုဗစ်တတိယလှိုင်း အရှိန်မြင့်ခဲ့တဲ့ ဇူလိုင်လကစပြီး ရောဂါကူးစက်မှု အခြေအနေဆိုးခဲ့တဲ့ တိုင်းနဲ့ပြည်နယ်တွေထဲက မြို့နယ်တွေကို Stay at Home ထုတ်ပြန်ခဲ့တာ စုစုပေါင်း ၁၁၉ မြို့နယ် ရှိခဲ့ပါတယ်။ အဲဒီမြို့နယ်တွေထဲကနေ ကိုဗစ်ကပ်ရောဂါကူးစက်မှု လျော့ကျလာတဲ့မြို့နယ်တွေကို တဖြည်းဖြည်းပယ်ဖျက်နေတာ အခုဆို ၁၀၈ မြို့နယ် ရှိသွားပါပြီ။

ဒါပေမယ့် ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ မွန်ပြည်နယ်နဲ့ ရှမ်းပြည်နယ်အတွင်းက မြို့နယ် ၁၁ ခုမှာတော့ Stay at Home ကန့်သတ်ချက်တွေ ထုတ်ပြန်ထားဆဲဖြစ်ပါတယ်။

ကပ်ရောဂါအခြေအနေကြောင့် အခုလို Stay at Home သတ်မှတ်ထားတဲ့ မြို့နယ်တွေကို တခုပြီးတခု ဖြေလျှော့လာသလို တနိုင်ငံလုံးမှာရှိတဲ့ စာသင်ကျောင်းတွေ ပြန်ဖွင့်နိုင်ဖို့အတွက်ကိုလည်း အသက် ၁၂ နှစ်နဲ့ ၁၈ နှစ်အတွင်းမှာရှိတဲ့ ကျောင်းသားလူငယ်တွေကို ကိုဗစ်ရောဂါကာကွယ်ဆေး ထိုးနှံပေးတဲ့လုပ်ငန်းတွေ အရှိန်မြှင့် လုပ်ဆောင်နေတယ်လို့ ကျောင်းသားမိဘတွေက ပြောပါတယ်။ မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းကို ပြန်စဖို့အတွက်လည်း စစ်ကောင်စီက အစီအစဉ်ချ လုပ်ဆောင်နေပါတယ်။

#COVID #StayAtHome #voaburmese #ကိုဗစ် #ဗွီအိုအေမြန်မာပိုင်း

=============

XS
SM
MD
LG