သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အာဖရိက ၈ ႏိုင္ငံက ခရီးသြားေတြကို ထိုင္း ျပည္ဝင္ခြင့္ပိတ္ပင္


ထုိင္းႏုိင္ငံ သုဝဏၰဘူမိေလဆိပ္ကုိ ဆုိက္ေရာက္လာတဲ့ ႏုိင္ငံျခား ခရီးသည္မ်ား။ (ႏုိဝင္ဘာ ၁၊ ၂၀၂၁)

(Zawgyi / Unicode)

COVID-19 ဗီဇမ်ဳိးကြဲသစ္ Omicron ပ်ံ႕ႏွံ႔ကူးစက္မႈ ကာကြယ္တားဆီးဖို႔အတြက္ ခရီးသည္ဝင္ခြင့္ ပိတ္ပင္တဲ့ ႏုိင္ငံေတြထဲမွာ ထိုင္း၊ ဂ်ပန္၊ ၾသစေၾတးလ်၊ သီရိလကၤာ၊ အိုမန္ စတဲ့ႏုိင္ငံေတြလည္း ပါဝင္လာပါတယ္။

ေဘာ့ဆြာနာ၊ Eswatini၊ လီဆိုသို၊ မာလာဝီ၊ မိုဇမ္ဘစ္၊ နမီးဘီးယား၊ ေတာင္အာဖရိကနဲ႔ ဇင္ဘာေဘြႏုိင္ငံေတြက ခရီးသြားေတြကို ဒီဇင္ဘာလကစၿပီး ထုိင္းႏိုင္ငံထဲ ဝင္ေရာက္ခြင့္ ပိတ္ပင္လိုက္ၿပီလို႔ ထုိင္းက်န္းမာေရးဌာနရဲ႕ ဒီကေန႔ သတင္းစာရွင္းလင္းပြဲအတြင္း အႀကီးတန္း တာဝန္ရွိသူတဦးက ေျပာသြားပါတယ္။

အလားတူ ၾသစေၾတးလ်ႏုိင္ငံကလည္း ေတာင္အာဖရိက ၉ ႏုိင္ငံက ၾသစေၾတးလ်ႏုိင္ငံသား မဟုတ္သူေတြကို ႏိုင္ငံတြင္းဝင္ေရာက္ခြင့္ ပိတ္ပင္မယ္လုိ႔ ဒီကေန႔မွာပဲ ေၾကညာပါတယ္။ အဲဒီ ေတာင္အာဖရိက ၉ ႏိုင္ငံကေန ျပန္လာတဲ့ ၾသစေၾတးလ်ႏုိင္ငံသားေတြနဲ႔ မိသားစုဝင္ေတြကေတာ့ က်န္းမာေရးတာဝန္ရွိသူေတြရဲ႕ ေစာင့္ၾကည့္မႈေအာက္မွာ ၁၄ ရက္ၾကာ သီးျခားခြဲ ေနထိုင္ၾကရမွာ ျဖစ္ပါတယ္။

ေတာင္အာဖရိက၊ ေဘာ့ဆြာနာ၊ Eswatini၊ ဇင္ဘာေဘြ၊ နမီးဘီးယားနဲ႔ လီဆိုသိုႏုိင္ငံေတြက ခရီးသည္ေတြကို ဝင္ခြင့္ပိတ္ပင္ေၾကာင္း ဂ်ပန္ႏုိင္ငံက ေသာၾကာေန႔မွာ ေၾကညာခဲ့ၿပီးတဲ့ေနာက္ အဲဒီစာရင္းထဲမွာ ေနာက္ထပ္ အာဖရိက ၃ ႏိုင္ငံ ျဖည့္စြက္ ထပ္တိုးထားပါတယ္။

ကာတာေလေၾကာင္းလိုင္းကလည္း ေတာင္အာဖရိက၊ ဇင္ဘာေဘြနဲ႔ မိုဇမ္ဘစ္ ႏုိင္ငံေတြက ခရီးသည္ေတြကို ပိတ္ပင္ကန္႔သတ္လိုက္တယ္လို႔ ဒီကေန႔မွာပဲ ေၾကညာထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------

(Unicode)

အာဖရိက ၈ နိုင်ငံက ခရီးသွားတွေကို ထိုင်း ပြည်ဝင်ခွင့်ပိတ်ပင်

COVID-19 ဗီဇမျိုးကွဲသစ် Omicron ပျံ့နှံ့ကူးစက်မှု ကာကွယ်တားဆီးဖို့အတွက် ခရီးသည်ဝင်ခွင့် ပိတ်ပင်တဲ့ နိုင်ငံတွေထဲမှာ ထိုင်း၊ ဂျပန်၊ သြစတြေးလျ၊ သီရိလင်္ကာ၊ အိုမန် စတဲ့နိုင်ငံတွေလည်း ပါဝင်လာပါတယ်။

ဘော့ဆွာနာ၊ Eswatini၊ လီဆိုသို၊ မာလာဝီ၊ မိုဇမ်ဘစ်၊ နမီးဘီးယား၊ တောင်အာဖရိကနဲ့ ဇင်ဘာဘွေနိုင်ငံတွေက ခရီးသွားတွေကို ဒီဇင်ဘာလကစပြီး ထိုင်းနိုင်ငံထဲ ဝင်ရောက်ခွင့် ပိတ်ပင်လိုက်ပြီလို့ ထိုင်းကျန်းမာရေးဌာနရဲ့ ဒီကနေ့ သတင်းစာရှင်းလင်းပွဲအတွင်း အကြီးတန်း တာဝန်ရှိသူတဦးက ပြောသွားပါတယ်။

အလားတူ သြစတြေးလျနိုင်ငံကလည်း တောင်အာဖရိက ၉ နိုင်ငံက သြစတြေးလျနိုင်ငံသား မဟုတ်သူတွေကို နိုင်ငံတွင်းဝင်ရောက်ခွင့် ပိတ်ပင်မယ်လို့ ဒီကနေ့မှာပဲ ကြေညာပါတယ်။ အဲဒီ တောင်အာဖရိက ၉ နိုင်ငံကနေ ပြန်လာတဲ့ သြစတြေးလျနိုင်ငံသားတွေနဲ့ မိသားစုဝင်တွေကတော့ ကျန်းမာရေးတာဝန်ရှိသူတွေရဲ့ စောင့်ကြည့်မှုအောက်မှာ ၁၄ ရက်ကြာ သီးခြားခွဲ နေထိုင်ကြရမှာ ဖြစ်ပါတယ်။

တောင်အာဖရိက၊ ဘော့ဆွာနာ၊ Eswatini၊ ဇင်ဘာဘွေ၊ နမီးဘီးယားနဲ့ လီဆိုသိုနိုင်ငံတွေက ခရီးသည်တွေကို ဝင်ခွင့်ပိတ်ပင်ကြောင်း ဂျပန်နိုင်ငံက သောကြာနေ့မှာ ကြေညာခဲ့ပြီးတဲ့နောက် အဲဒီစာရင်းထဲမှာ နောက်ထပ် အာဖရိက ၃ နိုင်ငံ ဖြည့်စွက် ထပ်တိုးထားပါတယ်။

ကာတာလေကြောင်းလိုင်းကလည်း တောင်အာဖရိက၊ ဇင်ဘာဘွေနဲ့ မိုဇမ်ဘစ် နိုင်ငံတွေက ခရီးသည်တွေကို ပိတ်ပင်ကန့်သတ်လိုက်တယ်လို့ ဒီကနေ့မှာပဲ ကြေညာထားပါတယ်။

XS
SM
MD
LG