သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သြစတြီးယားမှာ ကိုဗစ်ကပ်ရောဂါ ကန့်သတ်မိန့် ဆန့်ကျင်ဆန္ဒပြ


သြစတြီးယားမှာ ကိုဗစ်ကပ်ရောဂါ ကန့်သတ်မိန့်ကို ဆန့်ကျင် ဆန္ဒပြနေသူများ။ (နိုဝင်ဘာ ၂၀၊ ၂၀၂၁)
သြစတြီးယားမှာ ကိုဗစ်ကပ်ရောဂါ ကန့်သတ်မိန့်ကို ဆန့်ကျင် ဆန္ဒပြနေသူများ။ (နိုဝင်ဘာ ၂၀၊ ၂၀၂၁)

(Zawgyi / Unicode)

သြစတြီးယားနိုင်ငံမှာ ကိုဗစ် ကပ်ရောဂါအတွက် အစိုးရက Lockdown ချ ကန့်သတ်မှု အသစ်တွေနဲ့အတူ နောက်နှစ်ကစလို့ ကာကွယ်ဆေးမထိုးမနေရ ကြေညာလိုက်ပြီး နောက်တနေ့ဖြစ်တဲ့ စနေနေ့မှာ ပြည်သူ ထောင်သောင်းချီပြီး ဗီယင်နာမြို့တော်မှာ ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။

ဗီယင်နာမြို့လယ်က Hofburg နန်းတော်ဟောင်းအရှေ့ သူရဲကောင်းရင်ပြင် အပါအဝင် နေရာအတော်များများမှာ ဆန္ဒပြသူတွေက ဗုံတွေ၊ ဟွန်းတွေ တီးပြီး ဆန္ဒပြကြသလို သြစတြီးယားအလံတွေ၊ ကာကွယ်ဆေးမထိုးဘူး၊ ဖက်ဆစ်အာဏာရှင်စနစ် ကျဆုံးပါစေ၊ လွတ်လပ်မှု ပြန်ရချင်ပါတယ်ဆိုတဲ့ စာရွက်စာတန်းတွေ ကိုင်ဆောင်ပြီး ကြွေးကြော် ဆန္ဒပြခဲ့ကြတာပါ။

နေ့ခင်းပိုင်းလောက်မှာ ဆန္ဒပြသူက ၃ သောင်းခွဲလောက်အထိ ရှိလာတယ်လို့ ရဲတွေက ပြောပါတယ်။ ဆန္ဒပြသူတွေထဲက ကိုရိုနာဗိုင်းရပ်စ် ကန့်သတ်မှုကို ချိုးဖောက်တာ၊ တားမြစ်ထားတဲ့ နာဇီသင်္ကေတတွေ သုံးတာကြောင့် ဖမ်းဆီးခဲ့သူက ၁၀ ယောက်လောက် ရှိတယ်လို့လည်း ပြောပါတယ်။

သြစတြီးယားနိုင်ငံမှာ COVID-19 ကာကွယ်ဆေး အပြည့်အဝထိုးပြီးသူက ၆၆ ရာခိုင်နှုန်းလောက် ရှိနေပြီး ဒါဟာ ဥရောပမှာဆို ဆေးထိုးပြီးမှုနှုန်း အနည်းဆုံးထဲမှာ ပါနေပါတယ်။ သြစတြီးယားလွှတ်တော်မှာ တတိယအကြီးဆုံးပါတီဖြစ်တဲ့ လက်ယာစွန်းရောက် Freedom ပါတီရဲ့ အားပေးမှုနဲ့ နိုင်ငံသားအများစုဟာ ကာကွယ်ဆေးမထိုးဘဲ နေကြတာဖြစ်ပါတယ်။

နေ့စဉ် ကူးစက်မှုနှုန်းက စံချိန်တင် ဖြစ်နေတာကြောင့် အစိုးရက ကိုဗစ်အတွက် Lockdown ချ ကန့်သတ်မှုကို တနင်္လာနေ့မှာ စတင်မှာဖြစ်ကြောင်းနဲ့ ကာကွယ်ဆေး မထိုးမနေရလို့ သောကြာနေ့မှာ ကြေညာခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

-------------------

(Unicode)

သွစတွီးယားမှာ ကိုဗဈကပျရောဂါ ကန့ျသတျမိန့ျ ဆန့ျကငြျဆန်ဒပွ






XS
SM
MD
LG