သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘောဒီးယားမှာ ကိုဗစ်ကန့်သတ်ချက်တွေ ဖြေလျော့


ကမ္ဘောဒီးယားမြို့တော် ဖနွမ်းပင်မှာ ကလေးငယ်တွေကို ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးနေတဲ့မြင်ကွင်း။ (နိုဝင်ဘာ ၁၊ ၂၀၂၁)
ကမ္ဘောဒီးယားမြို့တော် ဖနွမ်းပင်မှာ ကလေးငယ်တွေကို ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးနေတဲ့မြင်ကွင်း။ (နိုဝင်ဘာ ၁၊ ၂၀၂၁)

(Zawgyi / Unicode)

ကမ္ဘောဒီးယားနိုင်ငံမှာ COVID-19 ကာကွယ်ဆေး ထိုးပြီးတဲ့ ခရီးသွားတွေကို အသွားအလာ ကန့်သတ်တာကို ရပ်ဆိုင်းတော့မယ်လို့ ဝန်ကြီးချုပ် ဟွန်ဆန်က ပြောပါတယ်။

အရှေ့တောင်အာရှနိုင်ငံတခုဖြစ်တဲ့ ကမ္ဘောဒီးယားမှာ ၁၈ လကျော်ကြာ ကိုဗစ်ကြောင့် အသွားအလာ ကန့်သတ်တာတွေ မဖြစ်မနေ လုပ်ခဲ့ရပြီးတဲ့နောက် ဝန်ကြီးချုပ် ဟွန်ဆန်က အခုလို ကြေညာချက်ကို လူမှုမီဒီယာကတဆင့် သတင်းစကား ပါးခဲ့တာဖြစ်ပါတယ်။

ခရီးသွားတွေအနေနဲ့ ကာကွယ်ဆေး ၂ ကြိမ် ထိုးထားပြီးရမှာဖြစ်ပြီး ခရီးမသွားမီ ၇၂ နာရီအတွင်း ကိုဗစ်ရောဂါ ကူးစက်ထားခြင်း မရှိဘူးဆိုတဲ့ သက်သေအထောက်အထား ပြသရမှာဖြစ်တယ်လို့ ဝန်ကြီးချုပ် ဟွန်ဆန်က ပြောဆိုထားပါတယ်။

ဆေးမထိုးထားတဲ့ ခရီးသွားတွေကတော့ ၁၄ ရက် အသွားအလာ ကန့်သတ်ခံရမယ်လို့ ဆိုပါတယ်။

ဒါဟာ တိုင်းပြည်ကို အမြန်ဆုံး ပြန်လည်ဖွင့်လှစ်ဖို့ အမြန်ဆုံးနည်းလမ်းဖြစ်ပြီး လူတွေကို ခရီးသွားဖို့ လွယ်ကူချောမွေ့စေမှာလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

ကမ္ဘောဒီးယားနိုင်ငံဟာ တိုင်းပြည်ရဲ့ လူဦးရေ ၉၀ ရာခိုင်နှုန်းနီးပါးဖြစ်တဲ့ လူ ၁၆ သန်းကျော်ကို ကာကွယ်ဆေးထိုးပေးထားပြီး အာရှတိုက်ရဲ့ အမြင့်ဆုံး ကိုဗစ်ကာကွယ်ဆေးထိုးပြီးတဲ့ နိုင်ငံတခုလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

-------------------------

(Unicode)

ကမ်ဘောဒီးယားမှာ ကိုဗဈကန့ျသတျခကြျတှေ ဖွလြေော့







XS
SM
MD
LG