သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကေမာၻဒီးယား ခမာနီေခါင္းေဆာင္ေဟာင္း လူမ်ဳိးတုန္းသတ္ျဖတ္မႈအတြက္ အယူခံ၀င္


(Zawgyi / Unicode)

ကေမာၻဒီးယားႏိုင္ငံမွာ ေနာက္ဆုံး သက္ရွိထင္ရွား က်န္ေနေသးတဲ့ ခမာနီေခါင္းေဆာင္ Khieu Samphan က သူ႔အေပၚ လူမ်ဳိးတုန္း သတ္ျဖတ္မႈနဲ႔ အျပစ္ရွိေၾကာင္း ကုလသမဂၢ တရား႐ုံးက ဆုံးျဖတ္ထားတာကို ဒီသီတင္းပတ္ထဲမွာပဲ အယူခံ၀င္ခဲ့ပါတယ္။

ကေမာၻဒီးယားႏိုင္ငံက လူမ်ဳိးတုန္းသတ္ျဖတ္မႈဆိုင္ရာ ကုလသမဂၢ တရားခြင္ရဲ႕ ေနာက္ဆုံးၾကားနာမႈအျဖစ္ အယူခံေလွ်ာက္လဲခ်က္ တင္ခဲ့တဲ့အေၾကာင္း ဗြီအိုေအသတင္းေထာက္ Luke Hunt ဖႏြမ္ပင္ၿမိဳ႕ေတာ္က သတင္းေပးပို႔ ထားတာကို ကိုခင္ေမာင္စိုးမင္းက ေျပာျပေပးမွာ ျဖစ္ပါတယ္။

လုံျခံဳေရးတင္းက်ပ္ထားၿပီး ကိုဗစ္ကပ္ေရာဂါ ကန္႔သတ္ခ်က္ေတြေအာက္မွာ ၾကားနာခဲ့တဲ့ တရားခြင္မွာေတာ့ ခမာနီလက္ထက္ အစိုးရအႀကီးအကဲ တာ၀န္ယူခဲ့တဲ့ ခီယူဆန္ဖန္ဟာ ၁၆ မိနစ္ၾကာ အယူခံကို ဖဲြ႕ဖဲြ႕ႏြဲ႔ႏြဲ႔ ေလွ်ာက္လဲခဲ့တာပါ။ ကေမာၻဒီးယား ႏိုင္ငံမွာ မြတ္ဆလင္ေတြနဲ႔ ဗီယက္နမ္လူမ်ဳိးေတြကို လူမ်ဳိးတုန္းသတ္ျဖတ္မႈ က်ဳးလြန္ခဲ့ေၾကာင္း ၂၀၁၈ ခုႏွစ္က ကုလသမဂၢတရား႐ုံး ဆုံးျဖတ္ခ်က္ကို လက္မခံႏိုင္ေၾကာင္းလည္း ေလွ်ာက္လဲခ်က္ တင္သြင္းရာမွာ ျငင္းဆန္သြားခဲ့ပါတယ္။

တရားခြင္ေရွ႕ေမွာက္မွာ အခုအခါ တဦးတည္း က်န္ရွိေနတဲ့ သူ႔အေပၚမွာ ခ်မွတ္ခဲ့တဲ့ ဆုံးျဖတ္ခ်က္ဟာ တကယ္က်ဳးလြန္ခဲ့တဲ့ လုပ္ရပ္နဲ႔ တေယာက္ခ်င္းရဲ႕ တာ၀န္ရွိမႈအေပၚ မူတည္မေနပဲ စံနမူနာအျဖစ္ အျပစ္ေပးရာေရာက္တဲ့အေၾကာင္းလည္း ေျပာဆိုခဲ့တာပါ။

ကေမာၻဒီးယားႏိ္ုင္ငံမွာ Pol Pot ဦးေဆာင္တဲ့ ခမာနီလက္ထက္ ၁၉၇၅ ခုႏွစ္ကေန ၁၉၇၉ ခုႏွစ္အတြင္း လူ ၂ သန္းေလာက္ ေသဆုံးခဲ့မႈအတြက္ ၁၅ ႏွစ္ၾကာ ၾကားနာစစ္ေဆးခဲ့တဲ့ တရားခြင္လုပ္ငန္းေတြကေတာ့ အခုအယူခံကို ၾကားနာၿပီး အဆုံးသတ္သြားပါၿပီ။ က်န္တဲ့ ခမာနီေခါင္းေဆာင္ေတြကေတာ့ တရားခြင္ကိုေစာင့္ဆိုင္းရင္း ေသဆုံးခဲ့သူေတြလည္း ရွိပါတယ္။ ခမာနီေခါင္းေဆာင္ေတြထဲမွာေတာ့ အသက္ ၉၁ ႏွစ္အရြယ္ ခီယူဆန္ဖန္ တေယာက္သာ သက္ရွိထင္ရွား က်န္ရစ္ေနတာပါ။

ခီယူဆန္ဖန္ကိုေတာ့ လြန္ခဲ့တဲ့ ၂ ႏွစ္ေလာက္က ကြယ္လြန္သြားတဲ့ နံပတ္ ၂ ေခါင္းေဆာင္အျဖစ္ ထင္ရွားတဲ့ ခမာနီေခါင္းေဆာင္ Nuon Chea နဲ႔အတူ လူမ်ဳိးတုန္းသတ္ျဖတ္မႈအတြက္ အျပစ္ရွိေၾကာင္း တရားခြင္က ဆုံးျဖတ္ထားပါတယ္။ ကေမာၻဒီးယား လူမ်ဳိးတုန္း သတ္ျဖတ္မႈဆိုင္ရာ တရားခြင္ရဲ႕ လူထုဆက္ဆံေရးနဲ႔ နစ္နာသူေတြအေထာက္အပံ့ေပးေရးလုပ္ငန္းေတြမွာ အႀကီးအကဲအျဖစ္ တာ၀န္ယူခဲ့တဲ့ Helen Jarvis ကေတာ့ ႏွစ္နဲ႔ခ်ီၾကာျမင့္ခဲ့တဲ့ တရားခြင္လုပ္ငန္းေတြကို ခက္ခက္ခဲခဲ ေဆာင္ရြက္ခဲ့ရေၾကာင္း ေျပာပါတယ္။

“ဆုံးခန္းတိုင္ေအာင္ ေဆာင္ရြက္ရမယ့္ အင္မတန္မွ အေရးႀကီးတဲ့ သမိုင္း၀င္ ကိစၥတခုပါ။ ဒီတိုင္းျပည္မွာ ျဖစ္ပ်က္ခဲ့တဲ့ လူသားထုအေပၚ က်ဳးလြန္တဲ့ ရာဇ၀တ္မႈ၊ လူမ်ဳိးတုန္း သတ္ျဖတ္မႈေတြ အပါအ၀င္ ရာဇ၀တ္မႈေတြကို လက္ခံအသိအမွတ္ျပဳဖို႔ အခ်ိန္ေတာ္ေတာ္ လြန္ေနပါၿပီ။ ဒီလုပ္ငန္းကို အဆုံးသတ္ဖို႔လိုပါတယ္။ အဆုံးသတ္ၿပီလို႔လည္း ထင္ပါတယ္။”

ဖႏြမ္ပင္ၿမိဳ႕ေတာ္အေျခစိုက္ Future Form သုေတသနဌာန ဥကၠ႒ Ou Virak ကလည္း ကုလသမဂၢရဲ႕ အကူအညီနဲ႔ ေဆာင္ရြက္ခဲ့တဲ့ တရားခြင္ရဲ႕ အခမ္းက႑ဟာ တိ္ုငးျပည္ဖြံ႔ၿဖိဳးေရးအတြက္ အေရးႀကီးတယ္လို႔ ေျပာပါတယ္။ တခ်ိန္တည္းမွာပဲ ၁၉၇၀ ျပည့္လြန္ႏွစ္ေတြက အေမရိကန္၊ ဆိုဗီယက္ယူနီယံနဲ႔ တ႐ုတ္ႏိုင္ငံေတြလို အင္အားႀကီး ႏိုင္ငံေတြ ေဒသတြင္းမွာ ႏိုင္ငံေရး အားၿပိဳင္ခဲ့ၾကတဲ့ အေျခအေနကို သမိုင္းပညာရွင္ေတြ အတြင္းက်က် ေလ့လာရာမွာ အေထာက္အကူ ျဖစ္ႏိုင္တယ္လို႔လည္း ေျပာပါတယ္။

“တရားခြင္အေပၚ စိတ္၀င္စားမႈေတြ ပိုမ်ားလာမယ္လို႔ ထင္ပါတယ္။ ရက္စက္ၾကမ္းၾကဳတ္မႈ ရာဇ၀င္ေၾကာင့္ မဟုတ္ပဲ လတ္တေလာ ပထဝီ၀င္ ႏိုင္ငံေရး အေျခအေနနဲ႔လည္း ဆက္ႏြယ္ေနတာေၾကာင့္ ပိုၿပီး စိတ္၀င္စားၾကလိမ့္မယ္လို႔ ထင္ပါတယ္။”

ခမာနီေခါင္းေဆာင္ ခီယူဆန္ဖန္ရဲ႕ အယူခံအေပၚ ဆုံးျဖတ္ခ်က္ကေတာ့ ေရွ႕ႏွစ္ကုန္ပိုင္းေလာက္အထိ ထြက္ေပၚမလာႏိုင္ေသးပါဘူး။ လူမ်ဳိးတုန္းသတ္ျဖတ္မႈ အယူခံကို အႏိုင္ရခဲ့မယ္ဆိုရင္ေတာင္မွ အခုအခါ အသက္ ၉၁ ႏွစ္ ရွိေနၿပီျဖစ္တဲ့ ခီယူဆန္ဖန္ဟာ လူသားထုအေပၚ က်ဳးလြန္တဲ့ ရာဇ၀တ္မႈေတြအတြက္ ၂၀၁၄ တုန္းက အျပစ္ရွိေၾကာင္း ဆုံးျဖတ္ထားတဲ့ အမႈအတြက္ ေထာင္ထဲမွာ ဆက္ေနရဦးမွာပါ။

တရားခြင္ လုပ္ငန္းေတြ အဆုံးသတ္ၿပီျဖစ္တာေၾကာင့္ ကေမာၻဒီးယား အာဏာပိုင္ေတြအတြက္ေတာ့ ခမာနီေခါင္းေဆာင္ Pol Pot လက္ထက္က ေသဆုံးသူေတြကို ဗုဒၶဘာသာ အစဥ္အလာနဲ႔အညီ သၿဂႋဳဟ္ႏိုင္ၾကေတာ့မွာ ျဖစ္သလို၊ ၂၀ ရာစုေခတ္ လူ႔သမိုင္းမွာ ေၾကကဲြစရာေကာင္းတဲ့ ျဖစ္ရပ္တခုအတြက္ နိဂုံးခ်ဳပ္ႏိုင္ေတာ့မွာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

ကမ္ဘောဒီးယား ခမာနီခေါင်းဆောင်ဟောင်း လူမျိုးတုန်းသတ်ဖြတ်မှုအတွက် အယူခံဝင်

ကမ္ဘောဒီးယားနိုင်ငံမှာ နောက်ဆုံး သက်ရှိထင်ရှား ကျန်နေသေးတဲ့ ခမာနီခေါင်းဆောင် Khieu Samphan က သူ့အပေါ် လူမျိုးတုန်း သတ်ဖြတ်မှုနဲ့ အပြစ်ရှိကြောင်း ကုလသမဂ္ဂ တရားရုံးက ဆုံးဖြတ်ထားတာကို ဒီသီတင်းပတ်ထဲမှာပဲ အယူခံဝင်ခဲ့ပါတယ်။
ကမ္ဘောဒီးယားနိုင်ငံက လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ ကုလသမဂ္ဂ တရားခွင်ရဲ့ နောက်ဆုံးကြားနာမှုအဖြစ် အယူခံလျှောက်လဲချက် တင်ခဲ့တဲ့အကြောင်း ဗွီအိုအေသတင်းထောက် Luke Hunt ဖနွမ်ပင်မြို့တော်က သတင်းပေးပို့ ထားတာကို ကိုခင်မောင်စိုးမင်းက ပြောပြပေးမှာ ဖြစ်ပါတယ်။

လုံခြုံရေးတင်းကျပ်ထားပြီး ကိုဗစ်ကပ်ရောဂါ ကန့်သတ်ချက်တွေအောက်မှာ ကြားနာခဲ့တဲ့ တရားခွင်မှာတော့ ခမာနီလက်ထက် အစိုးရအကြီးအကဲ တာဝန်ယူခဲ့တဲ့ ခီယူဆန်ဖန်ဟာ ၁၆ မိနစ်ကြာ အယူခံကို ဖွဲ့ဖွဲ့နွဲ့နွဲ့ လျှောက်လဲခဲ့တာပါ။ ကမ္ဘောဒီးယား နိုင်ငံမှာ မွတ်ဆလင်တွေနဲ့ ဗီယက်နမ်လူမျိုးတွေကို လူမျိုးတုန်းသတ်ဖြတ်မှု ကျုးလွန်ခဲ့ကြောင်း ၂၀၁၈ ခုနှစ်က ကုလသမဂ္ဂတရားရုံး ဆုံးဖြတ်ချက်ကို လက်မခံနိုင်ကြောင်းလည်း လျှောက်လဲချက် တင်သွင်းရာမှာ ငြင်းဆန်သွားခဲ့ပါတယ်။

တရားခွင်ရှေ့မှောက်မှာ အခုအခါ တဦးတည်း ကျန်ရှိနေတဲ့ သူ့အပေါ်မှာ ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်ဟာ တကယ်ကျုးလွန်ခဲ့တဲ့ လုပ်ရပ်နဲ့ တယောက်ချင်းရဲ့ တာဝန်ရှိမှုအပေါ် မူတည်မနေပဲ စံနမူနာအဖြစ် အပြစ်ပေးရာရောက်တဲ့အကြောင်းလည်း ပြောဆိုခဲ့တာပါ။

ကမ္ဘောဒီးယားနိုင်ငံမှာ Pol Pot ဦးဆောင်တဲ့ ခမာနီလက်ထက် ၁၉၇၅ ခုနှစ်ကနေ ၁၉၇၉ ခုနှစ်အတွင်း လူ ၂ သန်းလောက် သေဆုံးခဲ့မှုအတွက် ၁၅ နှစ်ကြာ ကြားနာစစ်ဆေးခဲ့တဲ့ တရားခွင်လုပ်ငန်းတွေကတော့ အခုအယူခံကို ကြားနာပြီး အဆုံးသတ်သွားပါပြီ။ ကျန်တဲ့ ခမာနီခေါင်းဆောင်တွေကတော့ တရားခွင်ကိုစောင့်ဆိုင်းရင်း သေဆုံးခဲ့သူတွေလည်း ရှိပါတယ်။

ခမာနီခေါင်းဆောင်တွေထဲမှာတော့ အသက် ၉၁ နှစ်အရွယ် ခီယူဆန်ဖန် တယောက်သာ သက်ရှိထင်ရှား ကျန်ရစ်နေတာပါ။
ခီယူဆန်ဖန်ကိုတော့ လွန်ခဲ့တဲ့ ၂ နှစ်လောက်က ကွယ်လွန်သွားတဲ့ နံပတ် ၂ ခေါင်းဆောင်အဖြစ် ထင်ရှားတဲ့ ခမာနီခေါင်းဆောင် Nuon Chea နဲ့အတူ လူမျိုးတုန်းသတ်ဖြတ်မှုအတွက် အပြစ်ရှိကြောင်း တရားခွင်က ဆုံးဖြတ်ထားပါတယ်။ ကမ္ဘောဒီးယား လူမျိုးတုန်း သတ်ဖြတ်မှုဆိုင်ရာ တရားခွင်ရဲ့ လူထုဆက်ဆံရေးနဲ့ နစ်နာသူတွေအထောက်အပံ့ပေးရေးလုပ်ငန်းတွေမှာ အကြီးအကဲအဖြစ် တာဝန်ယူခဲ့တဲ့ Helen Jarvis ကတော့ နှစ်နဲ့ချီကြာမြင့်ခဲ့တဲ့ တရားခွင်လုပ်ငန်းတွေကို ခက်ခက်ခဲခဲ ဆောင်ရွက်ခဲ့ရကြောင်း ပြောပါတယ်။

“ဆုံးခန်းတိုင်အောင် ဆောင်ရွက်ရမယ့် အင်မတန်မှ အရေးကြီးတဲ့ သမိုင်းဝင် ကိစ္စတခုပါ။ ဒီတိုင်းပြည်မှာ ဖြစ်ပျက်ခဲ့တဲ့ လူသားထုအပေါ် ကျုးလွန်တဲ့ ရာဇဝတ်မှု၊ လူမျိုးတုန်း သတ်ဖြတ်မှုတွေ အပါအဝင် ရာဇဝတ်မှုတွေကို လက်ခံအသိအမှတ်ပြုဖို့ အချိန်တော်တော် လွန်နေပါပြီ။ ဒီလုပ်ငန်းကို အဆုံးသတ်ဖို့လိုပါတယ်။ အဆုံးသတ်ပြီလို့လည်း ထင်ပါတယ်။”

ဖနွမ်ပင်မြို့တော်အခြေစိုက် Future Form သုတေသနဌာန ဥက္ကဋ္ဌ Ou Virak ကလည်း ကုလသမဂ္ဂရဲ့ အကူအညီနဲ့ ဆောင်ရွက်ခဲ့တဲ့ တရားခွင်ရဲ့ အခမ်းကဏ္ဍဟာ တိုငးပြည်ဖွံ့ဖြိုးရေးအတွက် အရေးကြီးတယ်လို့ ပြောပါတယ်။ တချိန်တည်းမှာပဲ ၁၉၇၀ ပြည့်လွန်နှစ်တွေက အမေရိကန်၊ ဆိုဗီယက်ယူနီယံနဲ့ တရုတ်နိုင်ငံတွေလို အင်အားကြီး နိုင်ငံတွေ ဒေသတွင်းမှာ နိုင်ငံရေး အားပြိုင်ခဲ့ကြတဲ့ အခြေအနေကို သမိုင်းပညာရှင်တွေ အတွင်းကျကျ လေ့လာရာမှာ အထောက်အကူ ဖြစ်နိုင်တယ်လို့လည်း ပြောပါတယ်။

“တရားခွင်အပေါ် စိတ်ဝင်စားမှုတွေ ပိုများလာမယ်လို့ ထင်ပါတယ်။ ရက်စက်ကြမ်းကြုတ်မှု ရာဇဝင်ကြောင့် မဟုတ်ပဲ လတ်တလော ပထဝီဝင် နိုင်ငံရေး အခြေအနေနဲ့လည်း ဆက်နွယ်နေတာကြောင့် ပိုပြီး စိတ်ဝင်စားကြလိမ့်မယ်လို့ ထင်ပါတယ်။”

ခမာနီခေါင်းဆောင် ခီယူဆန်ဖန်ရဲ့ အယူခံအပေါ် ဆုံးဖြတ်ချက်ကတော့ ရှေ့နှစ်ကုန်ပိုင်းလောက်အထိ ထွက်ပေါ်မလာနိုင်သေးပါဘူး။ လူမျိုးတုန်းသတ်ဖြတ်မှု အယူခံကို အနိုင်ရခဲ့မယ်ဆိုရင်တောင်မှ အခုအခါ အသက် ၉၁ နှစ် ရှိနေပြီဖြစ်တဲ့ ခီယူဆန်ဖန်ဟာ လူသားထုအပေါ် ကျုးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် ၂၀၁၄ တုန်းက အပြစ်ရှိကြောင်း ဆုံးဖြတ်ထားတဲ့ အမှုအတွက် ထောင်ထဲမှာ ဆက်နေရဦးမှာပါ။

တရားခွင် လုပ်ငန်းတွေ အဆုံးသတ်ပြီဖြစ်တာကြောင့် ကမ္ဘောဒီးယား အာဏာပိုင်တွေအတွက်တော့ ခမာနီခေါင်းဆောင် Pol Pot လက်ထက်က သေဆုံးသူတွေကို ဗုဒ္ဓဘာသာ အစဉ်အလာနဲ့အညီ သင်္ဂြိုဟ်နိုင်ကြတော့မှာ ဖြစ်သလို၊ ၂၀ ရာစုခေတ် လူ့သမိုင်းမှာ ကြေကွဲစရာကောင်းတဲ့ ဖြစ်ရပ်တခုအတွက် နိဂုံးချုပ်နိုင်တော့မှာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG