သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ခမာနီခေါင်းဆောင်ဟောင်း Nuon Chea ကွယ်လွန်


ခမာနီခေါင်းဆောင်ဟောင်း Nuon Chea

ကမ္ဘောဒီးယားနိုင်ငံက ခမာနီ ကွန်မြူနစ်ပါတီ၊ သဘောတရားရေးရာ အကြီးအကဲဟောင်း Nuon Chea ဟာ တနင်္ဂနွေနေ့က ကွယ်လွန်သွား တယ်လို့ ကမ္ဘောဒီးယားမှာ ကုလသမဂ္ဂအကူညီနဲ့ စစ်ဆေးနေတဲ့ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ခုံရုံးကပြောပါတယ်။ သူကွယ်လွန်ချိန်မှာအသက်(၉၃) ရှိပြီဖြစ်ပြီး၊ Khmer Soviet Friendship ဆေးရုံမှာ ကွယ်လွန်သွားတာပါ။

ခမာနီခေါင်းဆောင်ဟောင်း ၂ ဦးဖြစ်တဲ့ Khieu Samphan နဲ့ Nuon Chea တို့ကို ခုံရုံးက ပြီးခဲ့တဲ့ ၂၀၁၈ နိုဝင်ဘာလထဲမှာ ထောင်ဒဏ်တသက် အပြစ်ပေးခဲ့ပါတယ်။ သူတို့ဟာ ခမာနီ အစိုးရလက်ထက် ၁၉၇၀ ပြည့်လွန်နှစ်တွေ အတွင်း မှာ ကျူးလွန်ခဲ့တဲ့ လူမျိုးတုံး သတ်ဖြတ်မှုအတွက် အပြစ်ရှိကြောင်း နိုင်ငံတကာတရားခွင်က ဆုံးဖြတ်ပြီး အပြစ်ပေးခဲ့တာ ဖြစ်ပါတယ်။

၁၉၇၀ ပြည့်လွန်ကာလ ခမာနီ အစိုးရလက်ထက်မှာ ဖြစ်ခဲ့တဲ့ လူမျိုးတုံး သတ်ဖြတ်မှုအတွက် အပြစ်ရှိကြောင်း နိုင်ငံတကာတရားခွင်က ဆုံးဖြတ်လိုက်တာပါ။ ဒီလို အပြစ်ပေး အရေးယူခဲ့ပေမယ့် နုံချယ်ကတော့ သူ့မှာအပြစ်ရှိတယ်လို့ ဘယ်တော့မှ ဝန်ခံ မသွားပါဘူး။ သုတေသီတွေကတော့ နုံချယ်ဟာ ခမာနီအစိုးရအတွင်း အစွန်းရောက်တဲ့ မူဝါဒချမှတ်ရာမှာ တာဝန်ရှိခဲ့ တယ်လို့ ယုံကြည်ကြပါတယ်။

ခမာနီလက်ထက်က နံပါတ်(၂)အကိုကြီးလို့ လူသိများတဲ့ နုံချယ်ဟာ ၁၉၇၅ ကနေ ၇၉ အထိ ကမ္ဘောဒီးယားနိုင်ငံကို အုပ်ချုပ်သွားတဲ့ ခမာနီ ခေါင်းဆောင် ပိုပေါ့ရဲ့ ညာလက်ရုံးဖြစ်ပါတယ်။ ၁၉၇၅ ခုနှစ်က သန်းနဲ့ချီတဲ့ ကမ္ဘောဒီးယားနိုင်ငံသားတွေကို ဖနွမ်းပင်မြို့ကနေ ကျေးလက် ဒေသ အလုပ်ကြမ်းစခန်းတွေကို အတင်းအကျပ် ပို့ခဲ့တဲ့ လုပ်ရပ်နဲ့ဆက်စပ်ပြီးတော့ ခုံရုံးက သူတို့ကိုစစ်ဆေးခဲ့တာပါ။

ဆိုရှယ်လစ် နိုင်ငံတော်ကြီးထူထောင်ဖို့ ကျိုးစားတဲ့ ခမာနီအစိုးရ အုပ်စိုးစဉ်ကာလအတွင်း အစာရေစာငတ်မွတ်မှု၊ အလုပ်ကြမ်းဒဏ် ခံရမှုနဲ့ အကွပ်မျက် ခံရတဲ့အတွက် ကမ္ဘောဒီးယားပြည်သူ ၂ သန်းလောက် သေဆုံးခဲ့ရပါတယ်။

ခမာနီခေါင်းဆောင်ဟောင်း Nuon Chea ကွယ်လွန်
please wait

No media source currently available

0:00 0:00:29 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG