သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်အတည်ပြုလူနာနဲ့ ထိတွေ့မိတဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ် သီးခြားခွဲ စောင့်ကြည့်ခံနေရ


ကမ္ဘောဒီးယားဝန်ကြီးချုပ် Hun Sen. (ဖေဖော်ဝါရီ ၇၊ ၂၀၂၁)
ကမ္ဘောဒီးယားဝန်ကြီးချုပ် Hun Sen. (ဖေဖော်ဝါရီ ၇၊ ၂၀၂၁)

(Zawgyi / Unicode)

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Dominic Raab နဲ့ လာမယ့်သီတင်းပတ်ထဲ ပြုလုပ်မယ့် ဆွေးနွေးပွဲကို ဖျက်သိမ်းလိုက်တယ်လို့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူနဲ့ ထိတွေ့မှုရှိခဲ့တဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ် Hun Sen က စနေနေ့မှာ ပြောကြားလိုက်ပါတယ်။

သူဟာ ကိုဗစ်ရောဂါ ကူးစက်မှုရှိမရှိ ဆေးစစ်ဖို့နဲ့ ဇူလိုင်လ ၃ ရက်နေ့အထိ ၁၄ ရက် ကွာရန်တင်း ခွဲပြီး သီးခြားနေဖို့ လိုအပ်တာကြောင့် စီစဉ်ထားတဲ့ ဆွေးနွေးပွဲ ဖျက်သိမ်းခဲ့ရတာကို တောင်းပန်ကြောင်းနဲ့ ဒါကို ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးက နားလည်ပေးဖို့ သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသား ပြောဆိုခဲ့တာပါ။ သူတို့ ၂ ဦး ဗုဒ္ဓဟူးနေ့ မနက်ပိုင်းမှာ တွေ့ဆုံဖို့ စီစဉ်ထားတာဖြစ်ကြောင်းလည်း ပြောပါတယ်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Rabb ဟာ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့ကို အခု သီတင်းပတ်ထဲမှာ လာရောက်ဖို့ရှိတယ်လို့ ကမ္ဘောဒီးယားအရာရှိတွေက ပြောပါတယ်။

ကမ္ဘောဒီးယားနိုင်ငံမှာ ဖေဖော်ဝါရီလကစပြီး ဒီရောဂါ ကူးစက်ခံရသူ တိုးလာနေတာပါ။ စနေနေ့ကတော့ တရက်အတွင်း ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးရသူ အယောက် ၂၀ တွေ့ခဲ့ရတဲ့နောက် ဝန်ကြီးချုပ်ရဲ့ သီးခြားခွဲနေမယ့်သတင်း ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

အခုဆို ကမ္ဘောဒီးယားနိုင်ငံမှာ ဒီရောဂါ ကူးစက်ခံရသူ ၄ သောင်းကျော်နဲ့ သေဆုံးရသူက ၄၀၀ ကျော် ရှိနေပါတယ်။ ကူးစက်မြန် Delta အမျိုးအစား ကိုဗစ်ပိုး တွေ့ရသူက ၇ ဦးရှိနေပြီး သူတို့ဟာ အိမ်နီးချင်း ထိုင်းနိုင်ငံကနေ ပြန်လာသူတွေ ဖြစ်ကြောင်း ကမ္ဘောဒီးယား ကျန်းမာရေးဝန်ကြီးဌာနက စနေနေ့က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

------------------------

(Unicode)







XS
SM
MD
LG