[Zawgyi/Unicode]
ကေမာၻဒီးယားႏုိင္ငံမွာ ႏုိင္ငံေတာ္သစၥာေဖာက္မႈစြဲခ်က္နဲ႔ အတုိက္အခံ ၁၀၀ ေက်ာ္ကို ၾကာသပေတးေန႔က ၾကားနာစစ္ေဆးၿပီး ေနာက္ထပ္ရုံးခ်ိန္းကိုေတာ့ လာမယ့္ႏွွစ္ထဲေရႊ႕လိုက္ပါတယ္။ ဒါဟာ ႏုိင္ငံေရးျပိဳင္ဖက္ေတြ အားေပ်ာ့သြားေအာင္ ၀န္ႀကီးခ်ဳပ္ Hun Sen ကလုပ္တာဆိုၿပီး က်ယ္က်ယ္ျပန္႔ျပန္႔ ေ၀ဖန္ေနၾကပါတယ္။
ဖ်က္သိမ္းခံထားရတဲ့ CNRP ပါတီနဲ႔ ပတ္သက္ေနတဲ့လူ ၁၂၁ ဦးကို ၾကာသပေတးေန႔မွာ လာေရာက္တရားရင္ဆုိင္ဖို႔ ဆင့္ေခၚထားေပမယ့္ ၃၄ ဦးပဲေရာက္လာပါတယ္။ သူတို႔ထဲကအမ်ားစုက ျပည္ပမွာေရာက္ေနၿပီး မ ွ်တမႈရွိတဲ့ တရားေရးျဖစ္မွာ မဟုတ္ဘူးလို႔ေျပာပါတယ္။ ဒီအမႈကို ႏွစ္သုတ္ခဲြၿပီး ဇန္န၀ါရီနဲ႔ မတ္လမွာ ၾကားနာဖို႔ တရားသူႀကီးေတြက ဆုံးျဖတ္ခဲ့ေၾကာင္း လက္ေထာက္ အစုိးရေရွ ႔ေနလည္းျဖစ္တဲ့ တရားရုံးေျပာခြင့္ရသူ Kuck Kimlong ကေျပာပါတယ္။
အမႈရင္ဆုိင္ေနရသူေတြဘက္က ေရွ႕ေနရွိဖို႔လိုအပ္တာေၾကာင့္ ခုလိုရက္ေရႊ႕တာျဖစ္ႏုိင္ပါတယ္လို႔လည္း ေျပာခြင့္ရသူက ရိုက္တာသတင္းဌာနကိုေျပာပါတယ္။ လုံၿခဳံေရးတင္းၾကပ္ထားတဲ့ ဖႏြမ္းပင္ၿမိဳ႕တရား႐ုံးကို တရားစြဲခံထားရသူေတြေရာ ရုံး၀န္ထမ္းေတြပါ ေရာက္လာေပမဲ့ တရားရုံးထဲမွာ လူသိပ္မ်ားတဲ့အတြက္ဆိုၿပီး သတင္းဌာနေတြေတာ့ ၀င္ခြင့္မရပါဘူး။
CNRP ပါတီေခါင္းေဆာင္ Kem Sokha ကိုေတာ့ ၂၀၁၈ ေရြးေကာက္ပြဲမတုိင္ခင္မွာပဲ ဖမ္းဆီးခဲ့တဲ့အတြက္ ၀န္ႀကီးခ်ဳပ္ Hun Sen ရဲ ႔ CPP ပါတီက လြႊတ္ေတာ္အမတ္ေနရာအားလုံကို အႏုိင္ရခဲ့တာျဖစ္ပါတယ္။ ၀န္ႀကီးခ်ဳပ္ ဟြန္ဆန္ကို ရာထူးက ဖယ္ရွားဖို႔ အေမရိကန္နဲ႔ပူးေပါင္းၿပီး ႀကံစည္မႈစြဲခ်က္နဲ႔ အတုိက္အခံေခါင္းေဆာင္ Kem Sokha ကို ဖမ္းဆီးထားတာပါ။ အဲဒီစြပ္စြဲခ်က္ကို Kem Sokha ကေရာ အေမရိကန္ကပါျငင္းဆိုထားပါတယ္။
[Unicode Version]
ကမ္ဘောဒီးယားနိုင်ငံမှာ နိုင်ငံတော်သစ္စာဖောက်မှုစွဲချက်နဲ့ အတိုက်အခံ ၁၀၀ ကျော်ကို ကြာသပတေးနေ့က ကြားနာစစ်ဆေးပြီး နောက်ထပ်ရုံးချိန်းကိုတော့ လာမယ့်နှစ်ထဲရွှေ့လိုက်ပါတယ်။ ဒါဟာ နိုင်ငံရေးပြိုင်ဖက်တွေ အားပျော့သွားအောင် ဝန်ကြီးချုပ် Hun Sen ကလုပ်တာဆိုပြီး ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်နေကြပါတယ်။
ဖျက်သိမ်းခံထားရတဲ့ CNRP ပါတီနဲ့ ပတ်သက်နေတဲ့လူ ၁၂၁ ဦးကို ကြာသပတေးနေ့မှာ လာရောက်တရားရင်ဆိုင်ဖို့ ဆင့်ခေါ်ထားပေမယ့် ၃၄ ဦးပဲရောက်လာပါတယ်။ သူတို့ထဲကအများစုက ပြည်ပမှာရောက်နေပြီး မ ျှတမှုရှိတဲ့ တရားရေးဖြစ်မှာ မဟုတ်ဘူးလို့ပြောပါတယ်။ ဒီအမှုကို နှစ်သုတ်ခွဲပြီး ဇန်နဝါရီနဲ့ မတ်လမှာ ကြားနာဖို့ တရားသူကြီးတွေက ဆုံးဖြတ်ခဲ့ကြောင်း လက်ထောက် အစိုးရရှေ့နေလည်းဖြစ်တဲ့ တရားရုံးပြောခွင့်ရသူ Kuck Kimlong ကပြောပါတယ်။
အမှုရင်ဆိုင်နေရသူတွေဘက်က ရှေ့နေရှိဖို့လိုအပ်တာကြောင့် ခုလိုရက်ရွှေ့တာဖြစ်နိုင်ပါတယ်လို့လည်း ပြောခွင့်ရသူက ရိုက်တာသတင်းဌာနကိုပြောပါတယ်။ လုံခြုံရေးတင်းကြပ်ထားတဲ့ ဖနွမ်းပင်မြို့တရားရုံးကို တရားစွဲခံထားရသူတွေရော ရုံးဝန်ထမ်းတွေပါ ရောက်လာပေမဲ့ တရားရုံးထဲမှာ လူသိပ်များတဲ့အတွက်ဆိုပြီး သတင်းဌာနတွေတော့ ဝင်ခွင့်မရပါဘူး။
CNRP ပါတီခေါင်းဆောင် Kem Sokha ကိုတော့ ၂၀၁၈ ရွေးကောက်ပွဲမတိုင်ခင်မှာပဲ ဖမ်းဆီးခဲ့တဲ့အတွက် ဝန်ကြီးချုပ် Hun Sen ရဲ့ CPP ပါတီက လွှတ်တော်အမတ်နေရာအားလုံကို အနိုင်ရခဲ့တာဖြစ်ပါတယ်။ ဝန်ကြီးချုပ် ဟွန်ဆန်ကို ရာထူးက ဖယ်ရှားဖို့ အမေရိကန်နဲ့ပူးပေါင်းပြီး ကြံစည်မှုစွဲချက်နဲ့ အတိုက်အခံခေါင်းဆောင် Kem Sokha ကို ဖမ်းဆီးထားတာပါ။ အဲဒီစွပ်စွဲချက်ကို Kem Sokha ကရော အမေရိကန်ကပါငြင်းဆိုထားပါတယ်။