သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တေက်ာ့ျပန္ ကိုဗစ္ကူးစက္မႈေတြေၾကာင့္ ဥေရာပႏိုင္ငံတခ်ဳိ႕ ကန္႔သတ္ခ်က္ေတြထုတ္ျပန္


FILE - The patient Kurt Switil, left, receives a Pfizer vaccination against the COVID-19 disease by a doctor in the vaccination center ‚Am Schoepfwerk' in Vienna, Austria, April 10, 2021. The Austrian government ordered a nationwide lockdown for unvaccina

တေက်ာ့ျပန္ ကိုဗစ္ကူးစက္မႈေတြေၾကာင့္ ဥေရာပႏိုင္ငံတခ်ဳိ႕ ကန္႔သတ္ခ်က္ေတြထုတ္ျပန္

Zawgyi​

ၾသစႀတီးယားႏုိင္ငံမွာ ကုိဗစ္ကူးဆက္မွုႏွုန္းျပန္လည္ျမင့္တက္လာေနတဲ့အတြက္ တနလၤာေန့ ကစတင္ၿပီး တႏုိင္ငံလုံးကုိ Lockdown သြားလာမွု့ကန့္သတ္တဲ့အမိန့္ကုိျပန္လည္ခ်မွတ္မွာျဖစ္ ေၾကာင္း ေသာၾကာေန့က ၀န္ႀကီးခ်ဳပ္ Alexander Schallenberg ကေျပာၾကားလုိက္ ပါတယ္။

သြားလာမွခ်ဳပ္ခ်ယ္ကန့္သတ္တဲ့အမိန့္ကုိ ၁၀ ရက္ကေန ရက္၂၀ ေလာက္အထိျပဌာန္းႏုိင္ၿပီး ဒီအမိန့္ဟာ ဒီဇင္ဘာလ ၁၃ ရက္ေန့အထိအႀကဳံး၀င္ပါတယ္။

ဒါ့အျပင္ ေဖေဖၚ၀ါရီလ ၁ ရက္ေန့ေနာက္ဆုံးထားၿပီး တႏုိင္ငံလုံးကာကြယ္ေဆးမထိုးမေနရ အမိန့္ကုိလည္းေၾကညာခဲ့ပါတယ္။ ၾသစၾတီးယားႏုိင္ငံမွာ တုိင္းျပည္လူဦးေရရဲ့ ၆၄ . ၁ ရာခိုင္ႏွုန္း ကာကြယ္ေဆးထုိးၿပီးသားျဖစ္ပါတယ္။ ၾသစႀတီးယားဟာ ပထမဆုံး lockdown ျပန္ခ်တဲ့ ဥေရာပႏုိင္ငံျဖစ္ပါတယ္။

တခ်ိန္တည္းမွာဘဲ ဂ်ာမဏီႏုိင္ငံမွာလည္း ကုိဗစ္ကူးစက္မွုေတြဟာ ျပန္လည္ဆုိးရြားလာၿပီး အမ်ိဳးသားအေရးအေပၚ အေျခအေနဆင့္ကုိေရာက္ရွိေနတဲ့အတြက္ ျပန္လည္ေလ်ာ့က်သြား ေအာင္အေရးေပၚေဆာင္ရြက္မွုေတြလုပ္ဖုိ့ ဂ်ာမန္က်န္းမာေရးဌာနအႀကီးအကဲေတြက ေသာၾကာေန့မွာ ေျပာၾကားလုိက္ပါတယ္။

ကာကြယ္ေဆးထုိးၿပီးသူေတြအပါအ၀င္ အားလုံးကုိသြားလာမွုကန့္သတ္အမိန့္ Lockdown ျပန္လည္သတ္မွတ္ဖုိ့နဲ့ အျခားလုိအပ္တာေတြေဆာင္ရြက္ဖို့ က်န္းမာေရးတာ၀န္ရွိသူေတြက ေျပာဆုိထားပါတယ္။

###

တိုက္႐ိုက္ လင့္ခ္


တကျော့ပြန် ကိုဗစ်ကူးစက်မှုတွေကြောင့် ဥရောပနိုင်ငံတချို့ ကန့်သတ်ချက်တွေထုတ်ပြန်

Unicode

သြစတြီးယားနိုင်ငံမှာ ကိုဗစ်ကူးဆက်မှုနှုန်းပြန်လည်မြင့်တက်လာနေတဲ့အတွက် တနင်္လာနေ့ ကစတင်ပြီး တနိုင်ငံလုံးကို Lockdown သွားလာမှု့ကန့်သတ်တဲ့အမိန့်ကိုပြန်လည်ချမှတ်မှာဖြစ် ကြောင်း သောကြာနေ့က ဝန်ကြီးချုပ် Alexander Schallenberg ကပြောကြားလိုက် ပါတယ်။

သွားလာမှချုပ်ချယ်ကန့်သတ်တဲ့အမိန့်ကို ၁၀ ရက်ကနေ ရက်၂၀ လောက်အထိပြဌာန်းနိုင်ပြီး ဒီအမိန့်ဟာ ဒီဇင်ဘာလ ၁၃ ရက်နေ့အထိအကြုံးဝင်ပါတယ်။

ဒါ့အပြင် ဖေဖေါ်ဝါရီလ ၁ ရက်နေ့နောက်ဆုံးထားပြီး တနိုင်ငံလုံးကာကွယ်ဆေးမထိုးမနေရ အမိန့်ကိုလည်းကြေညာခဲ့ပါတယ်။ သြစတြီးယားနိုင်ငံမှာ တိုင်းပြည်လူဦးရေရဲ့ ၆၄ . ၁ ရာခိုင်နှုန်း ကာကွယ်ဆေးထိုးပြီးသားဖြစ်ပါတယ်။ သြစတြီးယားဟာ ပထမဆုံး lockdown ပြန်ချတဲ့ ဥရောပနိုင်ငံဖြစ်ပါတယ်။

တချိန်တည်းမှာဘဲ ဂျာမဏီနိုင်ငံမှာလည်း ကိုဗစ်ကူးစက်မှုတွေဟာ ပြန်လည်ဆိုးရွားလာပြီး အမျိုးသားအရေးအပေါ် အခြေအနေဆင့်ကိုရောက်ရှိနေတဲ့အတွက် ပြန်လည်လျော့ကျသွား အောင်အရေးပေါ်ဆောင်ရွက်မှုတွေလုပ်ဖို့ ဂျာမန်ကျန်းမာရေးဌာနအကြီးအကဲတွေက သောကြာနေ့မှာ ပြောကြားလိုက်ပါတယ်။

ကာကွယ်ဆေးထိုးပြီးသူတွေအပါအဝင် အားလုံးကိုသွားလာမှုကန့်သတ်အမိန့် Lockdown ပြန်လည်သတ်မှတ်ဖို့နဲ့ အခြားလိုအပ်တာတွေဆောင်ရွက်ဖို့ ကျန်းမာရေးတာဝန်ရှိသူတွေက ပြောဆိုထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG