သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Pfizer ကိုဗစ္ကု ေဆးျပား ၁၀ သန္း အေမရိကန္ အစိုးရဝယ္ယူမည္


Pfizer ကိုဗစ္ကု ေဆးျပား ၁၀ သန္း အေမရိကန္ အစိုးရဝယ္ယူမည္

Pfizer ကိုဗစ္ကု ေဆးျပား ၁၀ သန္း အေမရိကန္ အစိုးရဝယ္ယူမည္

{{Zawgyi/Unicode}}

Pfizer ကုမၸဏီထုတ္ အတည္မျပဳရေသးတဲ့ ကိုဗစ္ ၁၉ ကုသတဲ့ ေသာက္ေဆးသစ္ ၁၀ သန္းကို ဒီႏွစ္ကုန္ေလာက္ကေန ေရွ႕ႏွစ္အတြင္း ဝယ္ယူဖို႔ သေဘာတူလိုက္ၿပီလို႔ အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္က ၾကာသပေတးေန႔မွာ ေၾကညာပါတယ္။

အေမရိကန္ အစားအစာနဲ ႔ေဆးဝါး စီမံခန္႔ခြဲေရးဌာန FDA နဲ႔ ကူးစက္ေရာဂါ ထိန္းခ်ဳပ္ေရးနဲ႔ ကာကြယ္ေရး CDC တို႔ဆီက ခြင့္ျပဳခ်က္ရတာနဲ႔ ဒီေဆးလံုးေတြကို အခမဲ့ လြယ္လြယ္ကူကူရေစဖို႔ လိုအပ္တာေတြကို သူ႔အစိုးရအဖြဲ႔က လုပ္ေဆာင္ေနၿပီလို႔ သမၼတအိမ္ျဖဴက ေၾကညာခ်က္ ထုတ္ျပန္ပါတယ္။

Pfizer ကုမၸဏီကလည္း ခြင့္ျပဳခ်က္မရေသးတဲ့ သူ႔ကုမၸဏီထုတ္ Paxlovid ေဆးလံုးေတြဝယ္ဖို႔ အေမရိကန္အစိုးရက ေဒၚလာ ၅.၂၉ ဘီလီယံ ေပးမွာ ျဖစ္ေၾကာင္း သူ႔တို႔ရဲ႕ ဝက္ဘ္ဆိုဒ္မွာ ေဖၚျပထားပါတယ္။ ဒီလအေစာပိုင္းမွာ Pfizer က ေသာက္ေဆးထုတ္ႏိုင္ၿပီျဖစ္ေၾကာင္း ေၾကညာခဲ့တာ ျဖစ္ၿပီး သူ႔ေဆးကို လူေတြနဲ႔ စမ္းသပ္ၾကည့္ရာမွာ ကိုဗစ္ ၁၉ ေရာဂါနဲ႔ ဆက္ႏြယ္ၿပီး ေဆးရံုတက္ရတာ၊ ေသဆံုးရတာကို ၈၉ ရာခိုင္ႏႈန္း အထိေလွ်ာ့ခ်ႏိုင္တာ ေတြ႕ရတယ္လို႔ ေဖၚျပထားပါတယ္။

Pfizer က ကိုဗစ္ ေသာက္ေဆး ဒုတိယေျမာက္ ထုတ္လုပ္ႏိုင္တဲ့ ကုမၸဏီျဖစ္ပါတယ္။ ဒီေရာဂါ ကုသဖို႔ ပထမဆံုး ေသာက္ေဆးကို Merck ကုမၸဏီကထုတ္ႏိုင္ေၾကာင္း ေအာက္တိုဘာလမွာ ေၾကညာခဲ့တာ ျဖစ္ၿပီး သူ႔ရဲ႕ Molnu pira vir ေဆးဟာ ကိုဗစ္ ၁၉ ေၾကာင့္ ေဆးရံုတက္ရမႈနဲ႔ ေသဆံုးမႈကို ရာခိုင္ႏႈန္း ၅၀ အထိ ေလွ်ာ့ခ်ႏိုင္တယ္လို႔ ေျပာပါတယ္။

Merck ရဲ႕ ေသာက္ေဆးကို အတည္ျပဳေပးမေပး FDA က ဒီလေႏွာင္းပိုင္းမွာဆံုးျဖတ္မွာ ျဖစ္ပါတယ္။ Merck ရဲ႕ ေဆး အလံုးေပါင္း ၁.၇ သန္း ဝယ္ယူမွာ ျဖစ္ၿပီး လိုအပ္ရင္ ပိုဝယ္ဖို႔ စီစဥ္ေနတယ္လို႔ သမၼတအိမ္ျဖဴက ဒီလဆန္းမွာ ေၾကညာခဲ့ပါတယ္။

..............................

တိုက္႐ိုက္ လင့္ခ္

Pfizer ကိုဗစ်ကု ဆေးပြား ၁၀ သန်း အမေရိကန် အစိုးရဝယ်ယူမည်

{{Unicode}}

Pfizer ကုမ္ပဏီထုတ် အတည်မပြုရသေးတဲ့ ကိုဗစ် ၁၉ ကုသတဲ့ သောက်ဆေးသစ် ၁၀ သန်းကို ဒီနှစ်ကုန်လောက်ကနေ ရှေ့နှစ်အတွင်း ဝယ်ယူဖို့ သဘောတူလိုက်ပြီလို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ကြာသပတေးနေ့မှာ ကြေညာပါတယ်။

အမေရိကန် အစားအစာနဲ့ဆေးဝါး စီမံခန့်ခွဲရေးဌာန FDA နဲ့ ကူးစက်ရောဂါ ထိန်းချုပ်ရေးနဲ့ ကာကွယ်ရေး CDC တို့ဆီက ခွင့်ပြုချက်ရတာနဲ့ ဒီဆေးလုံးတွေကို အခမဲ့ လွယ်လွယ်ကူကူရစေဖို့ လိုအပ်တာတွေကို သူ့အစိုးရအဖွဲ့က လုပ်ဆောင်နေပြီလို့ သမ္မတအိမ်ဖြူက ကြေညာချက် ထုတ်ပြန်ပါတယ်။

Pfizer ကုမ္ပဏီကလည်း ခွင့်ပြုချက်မရသေးတဲ့ သူ့ကုမ္ပဏီထုတ် Paxlovid ဆေးလုံးတွေဝယ်ဖို့ အမေရိကန်အစိုးရက ဒေါ်လာ ၅.၂၉ ဘီလီယံ ပေးမှာ ဖြစ်ကြောင်း သူ့တို့ရဲ့ ဝက်ဘ်ဆိုဒ်မှာ ဖေါ်ပြထားပါတယ်။ ဒီလအစောပိုင်းမှာ Pfizer က သောက်ဆေးထုတ်နိုင်ပြီဖြစ်ကြောင်း ကြေညာခဲ့တာ ဖြစ်ပြီး သူ့ဆေးကို လူတွေနဲ့ စမ်းသပ်ကြည့်ရာမှာ ကိုဗစ် ၁၉ ရောဂါနဲ့ ဆက်နွယ်ပြီး ဆေးရုံတက်ရတာ၊ သေဆုံးရတာကို ၈၉ ရာခိုင်နှုန်း အထိလျှော့ချနိုင်တာ တွေ့ရတယ်လို့ ဖေါ်ပြထားပါတယ်။

Pfizer က ကိုဗစ် သောက်ဆေး ဒုတိယမြောက် ထုတ်လုပ်နိုင်တဲ့ ကုမ္ပဏီဖြစ်ပါတယ်။ ဒီရောဂါ ကုသဖို့ ပထမဆုံး သောက်ဆေးကို Merck ကုမ္ပဏီကထုတ်နိုင်ကြောင်း အောက်တိုဘာလမှာ ကြေညာခဲ့တာ ဖြစ်ပြီး သူ့ရဲ့ Molnu pira vir ဆေးဟာ ကိုဗစ် ၁၉ ကြောင့် ဆေးရုံတက်ရမှုနဲ့ သေဆုံးမှုကို ရာခိုင်နှုန်း ၅၀ အထိ လျှော့ချနိုင်တယ်လို့ ပြောပါတယ်။

Merck ရဲ့ သောက်ဆေးကို အတည်ပြုပေးမပေး FDA က ဒီလနှောင်းပိုင်းမှာဆုံးဖြတ်မှာ ဖြစ်ပါတယ်။ Merck ရဲ့ ဆေး အလုံးပေါင်း ၁.၇ သန်း ဝယ်ယူမှာ ဖြစ်ပြီး လိုအပ်ရင် ပိုဝယ်ဖို့ စီစဉ်နေတယ်လို့ သမ္မတအိမ်ဖြူက ဒီလဆန်းမှာ ကြေညာခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG