သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖရိကနိုင်ငံ ၈ နိုင်ငံက ခရီးသွားပြည်ဝင်ခွင့် အမေရိကန် ကန့်သတ်


အမေရိကန်က ပြည်ဝင်ခွင့်ကန့်သတ်လိုက်တဲ့ အာဖရိက ၈ နိုင်ငံ။
အမေရိကန်က ပြည်ဝင်ခွင့်ကန့်သတ်လိုက်တဲ့ အာဖရိက ၈ နိုင်ငံ။

(Zawgyi / Unicode)

တောင်အာဖရိကနဲ့ အခြား အာဖရိကနိုင်ငံ ၇ နိုင်ငံက ခရီးသွားတွေကို အမေရိကန်ပြည်ဝင်ခွင့် ကန့်သတ်မယ်လို့ သမ္မတ Joe Biden က ကြေညာခဲ့ပါတယ်။

အခု တနင်္လာနေ့မှာ စပြီး ကန့်သတ်ချက်အမိန့် အသက်ဝင်မှာ ဖြစ်ပါတယ်။ ကန့်သတ်ချက်မှာတော့ အမေရိကန်နိုင်ငံသား မဟုတ်သူတွေဘဲ အကျုံးဝင်ပြီး အမေရိကန် နိုင်ငံသားတွေနဲ့ အမြဲတမ်းနေထိုင်ခွင့် ရထားသူတွေတော့ အကျုံးမဝင်ပါဘူး။

ကူးစက်မြန်လွန်းနိုင်တဲ့ ကိုဗစ်မျိုးကွဲသစ် တောင်အာဖရိကမှာ တွေ့ခဲ့အပြီး နောက်တရက် ဥရောပနဲ့ ကမ္ဘာ့နိုင်ငံ တချို့မှာလည်း ခရီးသွား ကန့်သတ်ချက်တွေ လုပ်လာပါတယ်။

ဒါပေမယ့် အမေရိကန် နိုင်ငံသားတွေနဲ့ နေထိုင်ခွင့်ရထားသူတွေ အနေနဲ့လည်း လေယာဉ်ပေါ်မတက်ခင် ကိုဗစ်ပိုးမရှိကြောင်း စစ်ဆေးချက် ရှိထားရပါမယ်။ ဒါက တခြား နိုင်ငံခြားခရီးသွားတွေလည်း အမေရိကန်လာရင် ကိုဗစ်ပိုးရှိမရှိ စစ်ဆေးရမယ့် လိုအပ်ချက် ရှိပါတယ်။

အခုလို ကန့်သတ်လိုက်တဲ့ နိုင်ငံတွေထဲမှာ တောင်အာဖရိက၊ ဘော့ဆွာနာ၊ ဇင်ဘာဘွေ၊ နမီးဘီးယား၊ လီဆိုသို၊ Eswatini၊ မိုဇမ်ဘစ်နဲ့ မာလာဝီနိုင်ငံတွေ ပါဝင်ပါတယ်။

WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ဒီမျိုးကွဲသစ်ဟာ စိုးရိမ်ရကြောင်းနဲ့ Omicron လို့ နာမည်ပေးကြောင်း ကြေညာခဲ့ပါတယ်။ အခု ပြည်ဝင်ခွင့် ခရီးသွားကန့်သတ်ချက်ကိုတော့ သမ္မတ Biden အနေနဲ့ ကျန်းမာရေး အကြံပေးအရာရှိချုပ် Dr. Anthony Fauci နဲ့ ချက်ချင်းတိုင်ပင်ပြီး ထုတ်ပြန်ခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

--------------------

(Unicode)








XS
SM
MD
LG