သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်တဝန်း အရွယ်ရောက်သူတိုင်း ကိုဗစ်အားဖြည့်ကာကွယ်ဆေး ထိုးနိုင်ပြီ


အမေရိကန်ပြည်ထောင်စု မီချီဂန်ပြည်နယ်မှာ ကိုဗစ် အားဖြည့်ကာကွယ်ဆေး ထိုးနှံနေတဲ့မြင်ကွင်း။ (စက်တင်ဘာ ၂၉၊ ၂၀၂၁)
အမေရိကန်ပြည်ထောင်စု မီချီဂန်ပြည်နယ်မှာ ကိုဗစ် အားဖြည့်ကာကွယ်ဆေး ထိုးနှံနေတဲ့မြင်ကွင်း။ (စက်တင်ဘာ ၂၉၊ ၂၀၂၁)

(Zawgyi / Unicode)

အသက် ၁၈ နှစ်နဲ့အထက်ကို COVID-19 အားဖြည့်ကာကွယ်ဆေးထိုးဖို့ အမေရိကန် ရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးဌာန (CDC) အကြံပေးဘုတ်အဖွဲ့က မနေ့ သောကြာနေ့က တညီတည်း ဆုံးဖြတ်ပေးလိုက်ကြပါတယ်။ အသက် ၅၀ အထက် လူအားလုံးလည်း အားဖြည့်ကာကွယ်ဆေး ထိုးကြဖို့ CDC က တိုက်တွန်းထားပါတယ်။

အမေရိကန်နိုင်ငံတွင်း အရွယ်ရောက်ပြီးသူအားလုံး Pfizer နဲ့ Moderna ကိုဗစ် အားဖြည့်ကာကွယ်ဆေးထိုး အရေးပေါ်သုံးခွင့် ပြုတယ်လို့ အမေရိကန် အစာနဲ့ ဆေးဝါးဌာန (FDA) က ထုတ်ပြန်ခဲ့ပြီးနောက် CDC ကလည်း အခုလို ထုတ်ပြန်လာတာပါ။

Moderna နဲ့ Pfizer-BioNTech အားဖြည့်ကာကွယ်ဆေးတွေကို တချို့ကိုပဲ ခွင့်ပြုထားခဲ့တာ ဖြစ်ပေမယ့် အခုတော့ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးပြီး ၆ လပြည့်သူတိုင်း အားဖြည့်ကာကွယ်ဆေး ထိုးခွင့်ရပါပြီ။ တကြိမ်တည်းထိုးရတဲ့ Johnson and Johnson ကာကွယ်ဆေး ထိုးထားသူတွေကိုတော့ အားဖြည့်ကာကွယ်ဆေး နောက်တကြိမ်ထိုးဖို့ တိုက်တွန်းပြီးသားပါ။

အမေရိကန်မှာ ဆောင်းရာသီ အားလပ်ရက် ဝင်ရောက်လာတာနဲ့အတူ ကိုဗစ်ဗိုင်းရပ်စ် ကူးစက်မှုတွေ ကာကွယ်ထိန်းချုပ်မှု တိုးမြှင့်နိုင်ဖို့ အခု အားဖြည့်ကာကွယ်ဆေးက လူထုကျန်းမာရေးစနစ်အတွက် အရေးကြီးတယ်လို့ CDC ညွှန်ကြားရေးမှူး Rochelle Walensky က ပြောပါတယ်။

အကြံပေးဘုတ်အဖွဲ့က အခုလို ဆုံးဖြတ်ချက် မထွက်ခင်မှာကတည်းက CDC အနေနဲ့ အားဖြည့်ကာကွယ်ဆေး ဘယ်လောက်အလုပ်ဖြစ်မလဲဆိုတာ စမ်းသပ်ထားတဲ့ အထောက်အထားတွေ စုဆောင်းထားပြီး ဖြစ်တယ်လို့လည်း ပြောပါတယ်။

ဆေးနှစ်ကြိမ်ထိုးပြီးသား လူတွေထက် သုံးကြိမ်မြောက် အားဖြည့်ကာကွယ်ဆေး ထိုးပြီးလူတွေမှာ ရောဂါကူးစက်မှု ပိုနည်းတာကို နှိုင်းယှဉ်တွေ့ရှိရတယ်လို့လည်း ပြောပါတယ်။ အခု အားဖြည့်ကာကွယ်ဆေးတွေကိုတော့ အမေရိကန်ပြည်ထောင်စုမှာ ဒီနေ့ စနေ အစောပိုင်းကတည်းက စပြီး ထိုးနိုင်ကြပါပြီ။

တိုက်ရိုက် လင့်ခ်

---------------------

(Unicode)








XS
SM
MD
LG