သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

႐ုရွားကို အားေပးေထာက္ခံမႈအတြက္ တ႐ုတ္ကို အေမရိကန္သတိေပး


[[ ZAWGYI / UNICODE ]]

႐ုရွားကို အားေပးေထာက္ခံမႈအတြက္ တ႐ုတ္ကို အေမရိကန္သတိေပး

ယူကရိန္းကို က်ဳးေက်ာ္တိုက္ခိုက္ေနတဲ့ ႐ုရွားနဲ႔ တ႐ုတ္အစိုးရက မဟာမိတ္ဖြဲ႔ေနတဲ့အေပၚ စိုးရိမ္ေၾကာင္း စက္မႈအင္အားႀကီး ႏိုင္ငံ ၂၀ G-20 အစည္းအေ၀း က်င္းပေနတဲ့ အင္ဒိုနီးရွားႏိုင္ငံ ဘာလီကၽြန္းမွာ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး ဝမ္ယီကိုအေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken က ေျပာလိုက္ပါတယ္။

"တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံက ႐ုရွားနဲ႔ မဟာမိတ္ဖြဲ႔ေနတဲ့အေပၚ စိုးရိမ္တဲ့ အေၾကာင္း ႏိုင္ငံေတာ္အတိုင္ပင္ခံကို က်ေနာ္ထပ္ေျပာခဲ့ပါတယ္။" လို႔ တ႐ုတ္ႏိုင္ငံျခားေရးနဲ႔ ၅ နာရီေက်ာ္ၾကာ ေတြ႕ဆုံမႈအၿပီး စေနေန႔က သတင္းစာ ရွင္းလင္းပဲြမွာ ၀န္ႀကီး ဘလင္ကန္က ေျပာဆိုလိုက္တာပါ။ တ႐ုတ္အစိုးရဟာ ၾကားေနရပ္တည္တယ္လို႔ မထင္ေၾကာင္းနဲ႔ ကုလသမဂၢမွာ ဆိုရင္လည္း ႐ုရွားကို ေထာက္ခံမႈေပးေနၿပီး ႐ုရွားရဲ႕ ဝါဒျဖန္႔ခ်ီမႈေတြကို ထပ္ဆင့္ ျဖန္႔ေ၀ေနတယ္လို႔လည္း ေျပာပါတယ္။

တ႐ုတ္သမၼတ ရွီက်င့္ဖ်င္ ႐ုရွားသမၼတနဲ႔ က ဇြန္လ ၁၃ ရက္ေန႔တုန္း ဆက္သြယ္ေျပာဆိုရာမွာလည္း၊ ႐ုရွားနဲ႔ မိတ္ဖက္ဆက္ဆံေရး တည္ေဆာက္ဖို႔ ဆုံးျဖတ္ခဲ့တာကိုလည္း ၀န္ႀကီးဘလင္ကန္က ေထာက္ျပခဲ့တာပါ။

႐ုရွားက အထူးစစ္ဆင္ေရးတရပ္အျဖစ္ သုံးႏႈန္းေျပာဆိုေနတဲ့ ယူကရိန္းအေပၚ က်ဳးေက်ာ္မႈမွာ တ႐ုတ္က ႐ုရွားကို ေထာက္ပံ့ကူညီမယ္ဆိုရင္၊ ဒဏ္ခတ္အေရးယူမႈ အပါအဝင္ ေနာက္ဆက္တြဲ အက်ိဳးဆက္ေတြနဲ႔ ရင္ဆိုင္ရမယ္လို႔လည္း အေမရိကန္အရာရွိေတြက သတိေပးထားတာပါ။

တခ်ိန္တည္းမွာပဲ ႐ုရွားတပ္ေတြဟာ ယူကရိန္းေတာင္ဘက္ ကမ္း႐ိုးတန္းတေလွ်ာက္ကေန ျပန္႐ုပ္သိမ္းဖို႔ မရွိသလို ယူကရိန္းရဲ႕ အေရွ႕ပိုင္း Donbas ေဒသတခုလံုးမွာရွိတဲ့ ယူကရိန္းတပ္ေတြကို ေခ်မႈန္းပစ္မွာ ျဖစ္ေၾကာင္း ၿဗိတိန္ႏိုင္ငံဆိုင္ရာ ႐ုရွားသံအမတ္ႀကီး Andrei Kelin က စေနေန႔မွာ ႐ိုက္တာသတင္းဌာနကို ေျပာပါတယ္။

ယူကရိန္းသမၼတ Volodymyr Zelenskyy ကေတာ့ ယူကရိန္းအေနနဲ႔ သူ႔ပိုင္နက္ကို ႐ုရွားသိမ္းပိုက္တာကို ဘယ္ေတာ့မွ လက္ခံမွာ မဟုတ္ေၾကာင္းနဲ႔ ႐ုရွားတပ္ေတြ ျပန္ထြက္သြားတဲ့ အထိတိုက္ထုတ္မွာ ျဖစ္ေၾကာင္း ေျပာၾကားထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

===================

{{ UNICODE }}

ရုရှားကို အားပေးထောက်ခံမှုအတွက် တရုတ်ကို အမေရိကန်သတိပေး

ယူကရိန်းကို ကျုးကျော်တိုက်ခိုက်နေတဲ့ ရုရှားနဲ့ တရုတ်အစိုးရက မဟာမိတ်ဖွဲ့နေတဲ့အပေါ် စိုးရိမ်ကြောင်း စက်မှုအင်အားကြီး နိုင်ငံ ၂၀ G-20 အစည်းအဝေး ကျင်းပနေတဲ့ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီကိုအမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ပြောလိုက်ပါတယ်။

"တရုတ်ပြည်သူ့သမ္မတနိုင်ငံက ရုရှားနဲ့ မဟာမိတ်ဖွဲ့နေတဲ့အပေါ် စိုးရိမ်တဲ့ အကြောင်း နိုင်ငံတော်အတိုင်ပင်ခံကို ကျနော်ထပ်ပြောခဲ့ပါတယ်။" လို့ တရုတ်နိုင်ငံခြားရေးနဲ့ ၅ နာရီကျော်ကြာ တွေ့ဆုံမှုအပြီး စနေနေ့က သတင်းစာ ရှင်းလင်းပွဲမှာ ဝန်ကြီး ဘလင်ကန်က ပြောဆိုလိုက်တာပါ။ တရုတ်အစိုးရဟာ ကြားနေရပ်တည်တယ်လို့ မထင်ကြောင်းနဲ့ ကုလသမဂ္ဂမှာ ဆိုရင်လည်း ရုရှားကို ထောက်ခံမှုပေးနေပြီး ရုရှားရဲ့ ဝါဒဖြန့်ချီမှုတွေကို ထပ်ဆင့် ဖြန့်ဝေနေတယ်လို့လည်း ပြောပါတယ်။

တရုတ်သမ္မတ ရှီကျင့်ဖျင် ရုရှားသမ္မတနဲ့ က ဇွန်လ ၁၃ ရက်နေ့တုန်း ဆက်သွယ်ပြောဆိုရာမှာလည်း၊ ရုရှားနဲ့ မိတ်ဖက်ဆက်ဆံရေး တည်ဆောက်ဖို့ ဆုံးဖြတ်ခဲ့တာကိုလည်း ဝန်ကြီးဘလင်ကန်က ထောက်ပြခဲ့တာပါ။

ရုရှားက အထူးစစ်ဆင်ရေးတရပ်အဖြစ် သုံးနှုန်းပြောဆိုနေတဲ့ ယူကရိန်းအပေါ် ကျုးကျော်မှုမှာ တရုတ်က ရုရှားကို ထောက်ပံ့ကူညီမယ်ဆိုရင်၊ ဒဏ်ခတ်အရေးယူမှု အပါအဝင် နောက်ဆက်တွဲ အကျိုးဆက်တွေနဲ့ ရင်ဆိုင်ရမယ်လို့လည်း အမေရိကန်အရာရှိတွေက သတိပေးထားတာပါ။

တချိန်တည်းမှာပဲ ရုရှားတပ်တွေဟာ ယူကရိန်းတောင်ဘက် ကမ်းရိုးတန်းတလျှောက်ကနေ ပြန်ရုပ်သိမ်းဖို့ မရှိသလို ယူကရိန်းရဲ့ အရှေ့ပိုင်း Donbas ဒေသတခုလုံးမှာရှိတဲ့ ယူကရိန်းတပ်တွေကို ချေမှုန်းပစ်မှာ ဖြစ်ကြောင်း ဗြိတိန်နိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး Andrei Kelin က စနေနေ့မှာ ရိုက်တာသတင်းဌာနကို ပြောပါတယ်။

ယူကရိန်းသမ္မတ Volodymyr Zelenskyy ကတော့ ယူကရိန်းအနေနဲ့ သူ့ပိုင်နက်ကို ရုရှားသိမ်းပိုက်တာကို ဘယ်တော့မှ လက်ခံမှာ မဟုတ်ကြောင်းနဲ့ ရုရှားတပ်တွေ ပြန်ထွက်သွားတဲ့ အထိတိုက်ထုတ်မှာ ဖြစ်ကြောင်း ပြောကြားထားပါတယ်။

XS
SM
MD
LG