သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝိုင်းမော်မြို့နယ် တိုက်ပွဲတွေကြောင့် ဒေသခံတွေ ဘေးလွတ်ရာတိမ်းရှောင်


KIA Bigade 3 at frontline
KIA Bigade 3 at frontline

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဝါးရှောင်ရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ KIA အကြား တိုက်ပွဲ တွေ ဆက်လက် ဖြစ်ပွားနေပြီး တိုက်ပွဲဖြစ်ရာနေရာအနီးက လယ်စိုက်နေသူအချို့ ပိတ်မိနေသလို အနီးအနားကျေးရွာက ဒေသခံ အချို့လည်း တိမ်းရှောင်နေကြပါတယ်။ စစ်ရေးအခြေအနေတင်း မာနေဆဲ ရှိကြောင်း KIA က ပြောပါတယ်။

Zawgyi/Unicode

ဝိုင်းမော်မြို့နယ် တိုက်ပွဲတွေကြောင့် ဒေသခံတွေ ဘေးလွတ်ရာတိမ်းရှောင်

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဝါးရှောင်ရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ KIA အကြား တိုက်ပွဲ တွေ ဆက်လက် ဖြစ်ပွားနေပြီး တိုက်ပွဲဖြစ်ရာနေရာအနီးက လယ်စိုက်နေသူအချို့ ပိတ်မိနေသလို အနီးအနားကျေးရွာက ဒေသခံ အချို့လည်း တိမ်းရှောင်နေကြပါတယ်။ လောလောဆည်မှာတော့ စစ်ရေးအခြေအနေဟာ ဆက်လက်တင်း မာနေဆဲ ရှိကြောင်း KIA ဘက်က ပြောပါတယ်။ ရန်ကုန်ကလာတဲ့ ကချင်ပြည်နယ်က သတင်းကို -ကိုဇော်မိုးကျော်-- က ပြောပြပါမယ်။

ဝိုင်းမော်မြို့နယ် ဝါးရှောင်ရွာအနီးက နန်ဇော်ယန်မှာ တိုက်ပွဲဖြစ်ပွားနေတာ ၃ရက်ရှိပြီဖြစ်ပြီး ဇူလိုင် ၁၁ရက်နေ့ကတော့ စစ်ကောင်စီဘက်က လေကြောင်းကပါ တိုက်ခိုက်တာတွေ ရှိခဲ့တာပါ။

ဇူလိုင် ၁၂ရက် မနက်ခင်းပိုင်းမှာလည်း တိုက်ပွဲတစ်ကြိမ်ဖြစ်ပွားခဲ့သလို ဝိုင်းမော်ဘက်ကနေလည်း လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ရှိကြောင်း တိုက်ပွဲဖြစ်ပွားရာအနီးက ဒေသခံတစ်ဦးက VOA ကို ပြောပါတယ်။

“နန်ဇော်ယန်ဘက်မှာ ဒီမနက် ၈နာရီလောက် တိုက်ပွဲဖြစ်တယ်လို့ ကြားတယ်။ ဝူယန် ပြည်သူ့စစ်ဂိတ်ထဲကလား။ ဟို ၅၈ က ပစ်တာလား။ လက်နက်ကြီးက ၁၇ကြိမ်ပစ်တယ်။ ကြားရသလောက်ပေ့ါ။ တခါတလေကျတော့ အသံက နားအူလောက်အောင်ပေါ့။ ဒီ မြေကြီးတောင် နည်းနည်းတုံခါတယ်။ ”

လက်ရှိတိုက်ပွဲဟာ နန်ဇော်ယန်ရွာအနီးရှိ KIA တပ်ရင်း ၃ စခန်း ကို စစ်ကောင်စီတပ်နဲ့ လီဆူပြည်သူ့စစ်အဖွဲ့ ပူးပေါင်းတိုက်ခိုက်နေတာဖြစ်ပြီး ဝိုင်းမော်အခြေစိုက် ခလရ ၅၈နဲ့ ပြည်သူ့စစ်စခန်းက လက်နက်ကြီးနဲ့ ပစ်ခတ်တာလို့ ယူဆကြောင်း ပြောပါတယ်။

တနင်္လာနေ့ နေ့ခင်းပိုင်းက စစ်ရဟတ်ယာဉ် ၃စီးနဲ့ နှစ်ကြိမ်လာရောက်ပစ်ခတ်ခဲ့တာပါ။ ညပိုင်း ၉နာရီလောက်မှာ နောက်တစ်ကြိမ်ထပ်မံပစ်ခတ်ခဲ့ကြောင်း သတင်းဖော်ပြတာတွေပေမဲ့ သီးခြားအတည်ပြုချက် မရပါဘူး။

လက်ရှိ ဖြစ်ပွားတဲ့တိုက်ပွဲကြောင့် တိုက်ပွဲဖြစ်ပွားရာအနီးမှာ တောင်ယာနဲ့ လယ်စိုက်ပျိုးနေသူအချို့ ပိတ်မိနေကြောင်းလည်း ပြောပါတယ်။

“ တောင်ယာမှာ ပိတ်မိနေတဲ့သူ တချို့ရှိတယ်။ ပိတ်မိနေတယ်ဆိုတာ တောင်ယာဘက်ကကျတော့ ကြက်မွေး၊ ဝက်မွေးနဲ့ အေးအေးဆေးဆေးနေကြတော့ အဖိုးအို၊ အဖွားအိုတွေများတယ်။ အခုက မိုးတွင်းဆိုတော့ ကားလမ်းကနေဆို ၁၀မိုင်ကျော်လောက် ဝေးတော့ အသွားအလာလည်း ခက်ဆိုတော့ သူတို့ကတော့ ပိတ်မိနေတယ်။ နောက်ပြီး တချို့ကလယ်တွေလည်း ပျိုးနုတ်ထားတော့ စပါးစိုက်တဲ့လူတွေ အဲဒါလည်း ပစ်ထားကြတယ်။ ကျွဲနွားတွေလည်း ဒီတိုင်းပစ်ထားကြတယ်။”

နန်ဇော်ယန်နဲ့အနီးအနားက ရွာတွေပါဆို အိမ်ခြေ ၄၀ကျော်လောက် ပိတ်မိနေပါတယ်။ ခလရ ၅၈ တပ်ရင်းအနီးက လဘန်နဲ့ တန်ဘောင်ရွာက အိမ်ထောင်စုအချို့ကတော့ မြစ်ကြီးနားနဲ့ ဝိုင်းမော်ဘက်ကို တိမ်းရှောင်တာတွေ ရှိနေပါတယ်။

KIO ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူကတော့ လက်ရှိ တိုက်ပွဲအခြေအနေကို အခုလို ပြောပါတယ်။

“ ဒီနေ့လည်း မနက်ပိုင်းကတော့ လက်နက်ကြီးနဲ့ လှမ်းပစ်တဲ့အနေအထားရှိပါတယ်။ ညနေပိုင်း ၂နာရီဝန်းကျင်လောက် အဲဒီဘက်မှာတော့ ခြေလျင်နဲ့ သူတို့ ထိုးလာလို့ ကျနော်တို့လည်း ခုခံစစ်နဲ့ တိုက်ပွဲတွေ၊ ဖြစ်စဉ်တွေ ရှိပါတယ်။ အခု သူတို့ရဲ့ လှုပ်ရှားမှုပုံစံအတိုင်း ပြန်ကြည့်မယ်ဆိုရင်တော့ တိုက်ပွဲက ဆက်ဖြစ်ဖို့တော့ အလားအလာရှိပါတယ်။ သူတို့လည်း ဇူလိုင်လ လဆန်းပိုင်းကနေ အဲဒီဘက်မှာ စစ်ဆင်ရေးလုပ်မယ်ဆိုတဲ့ သတင်းတွေလည်း ကျနော်တို့ ကြားထားတာ ရှိပါတယ်။ စစ်ဆင်ရေးတွေ လုပ်နေတာ အခု ၃ရက်ရှိပါပြီ။ အခုလည်း သူတို့ ပြန်မဆုတ်ဘူးဆိုလို့ ရှိရင်တော့ တိုက်ပွဲတော့ ဆက်ဖြစ်ဖို့တော့ များပါတယ်ခင်ဗျ။ ”

လက်ရှိ ဖြစ်ပွားတဲ့တိုက်ပွဲအတွင်း နှစ်ဘက် ထိခိုက်ကျဆုံးမှုကိုတော့ မသိရသေးပါဘူး။

ဒေသခံတွေကတော့ မိုးတွင်းကာလ လယ်ယာစိုက်ပျိုးချိန်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားမှာကို စိုးရိမ်နေကြပါတယ်။

###

07-12-2022 ZMK file for web (1).mp3
please wait

No media source currently available

0:00 0:03:24 0:00
တိုက်ရိုက် လင့်ခ်















XS
SM
MD
LG