ရခိုင္တပ္ တည္ေထာင္ဖို႔အတြက္ KIA ကခ်င္တပ္ဖြဲ႕ခ်ဳပ္ကိုင္တဲ့ ျမန္မာ-တ႐ုတ္နယ္စပ္ လိုင္ဇာေဒသမွာ ရခိုင္လူငယ္ (၂၆) ေယာက္ကို KIA စစ္ သင္တန္းေပးႏိုင္တာေၾကာင့္ ရခိုင္တပ္ေတာ္ ေပၚေပါက္လာရတာကို လူသိမ်ားပါတယ္။ ဆယ္ႏွစ္ေက်ာ္ကာလအတြင္း ရခိုင္တပ္မွာ အင္အားေထာင္ေသာင္းခ်ီ ရွိလာတာကိုလည္း တအံ့တၾသ ျဖစ္ေနၾကပါတယ္။ ကခ်င္ျပည္နယ္ ေနရာအနံွ႔အျပားမွာ ေရာက္ေနတဲ့ ရခိုင္လူငယ္ေတြရဲ႕ ႏိုင္ငံေရးစိတ္ဓါတ္ ျပင္းထန္ပုံကို ရခိုင္တပ္ေတာ္ တည္ေထာင္ၿပီး၊ ျပသလိုက္သလို ျဖစ္ေနပါတယ္။ ရခိုင္ျပည္နယ္ထဲ ဝင္လာတဲ့ ၂၀၁၅ မွာ ရခိုင္တပ္ေတာ္ အင္အား (၃၀၀၀) ဝန္းက်င္ ရွိေနပါၿပီ။
အစၥေရးႏိုင္ငံ တည္ေထာင္ဖို႔အတြက္ ကမာၻအရပ္ရပ္မွာ ေရာက္ရွိေနတဲ့ ဂ်ဴးလူမ်ိဳးေတြ ဥေရာပမွာ စုေဝးေနၾကတဲ့ သမိုင္းျဖစ္စဥ္နဲ႔ ခပ္ဆင္ဆင္ပဲလို႔ ေျပာႏိုင္ပါတယ္။ ေက်ာက္မ်က္ရတနာ ႂကြယ္ဝတဲ့ ကခ်င္ျပည္နယ္မွာ ရခိုင္လူငယ္ေတြ ေရာက္ေနတာၾကာပါၿပီ။ ဖားကန႔္ေက်ာက္စိမ္းေျမမွာ အလုပ္လုပ္ဖို႔ လာသူေတြထဲမွာ ရခိုင္လူငယ္ေတြ အမ်ားအျပား ပါဝင္ပါတယ္။ ကခ်င္ျပည္နယ္မွာ AA ရခိုင္တပ္ေတာ္ တည္ေထာင္တဲ့အခါ ေက်ာက္စိမ္းေျမက ေရမေဆးသမားအုပ္စုဟာ စစ္သားစုေဆာင္းရာအရပ္ ျဖစ္လာပါတယ္။ ရခိုင္တပ္ေတာ္ တည္ေထာင္ဖို႔ ရခိုင္ျပည္နယ္မွာ စစ္သားစုေဆာင္းစရာ မလိုေတာ့ပါဘူး။
ရည္႐ြယ္ခ်က္အမ်ိဳးမ်ိဳးနဲ႔ ေက်ာက္စိမ္းေျမမွာ ေရမေဆးသမား ျဖစ္ေနၾကတဲ့ ရခိုင္လူငယ္ေတြဟာ KIA ကခ်င္တပ္မွာ စစ္သင္တန္း တက္လိုက္တာနဲ႔ ရခိုင္တပ္သား ျဖစ္သြားပါတယ္။ ဒါေၾကာင့္ ကခ်င္ျပည္နယ္မွာ ရခိုင္စစ္သည္ေတြ ေန႔ခ်င္းညခ်င္း အလုံးအရင္းနဲ႔ တိုးပြားလာတာ ျဖစ္ပုံရပါတယ္။ ရခိုင္တပ္ေတာ္ထဲ ဝင္ခ်င္ရင္ ဖားကန႔္ေျမမွာ AA ဓါတ္ခဲ ဘယ္မွာရႏိုင္မလဲလို႔ ေမးလိုက္တာနဲ႔ စစ္သင္တန္းတက္ဖို႔အတြက္ AA ကိုယ္စားလွယ္နဲ႔ အဆက္အသြယ္ ရသြားတယ္လို႔ Global Witness အဖြဲ႕က ဆိုပါတယ္။ ျမန္မာ့အလုပ္သမားဦးေရ (၂) ရာခိုင္ႏႈန္းဟာ ေရမေဆးသမားေတြ ျဖစ္ပါတယ္။ ေက်ာက္စိမ္းအရည္အေသြးကို သိႏိုင္ဖို႔အတြက္ ေရေဆးၿပီးေသြးရပါတယ္။ ေရမေဆးရင္ ေက်ာက္စိမ္းတန္းဖိုး မသိႏိုင္ပါဘူး။ ေရမေဆးရေသးတဲ့ အ႐ိုင္းတုံးေတြကို ေျမစာပုံမွာ ေကာက္ယူၿပီး ေရာင္းဝယ္သူဟာ ေရမေဆးသမား ျဖစ္ပါတယ္။ ဒီေနရာမွာ တ႐ုတ္လို ေလာပန္းလို႔ေခၚတဲ့ လုပ္ငန္းရွင္ေတြရဲ႕အခန္းဟာ အေရးပါလာပါတယ္။
ေက်ာက္တူးေဖာ္သူ တဝက္ေလာက္သာ ေဒသခံေလာပန္းေတြနဲ႔ အဆက္အသြယ္ရွိေၾကာင္း သိရပါတယ္။ လက္လုပ္လက္စား တူးေဖာ္သူရဲ႕ စားဝတ္ေနေရးကို ေလာပန္းက ေထာက္ပံ့ၿပီး၊ ေရးမေဆးေက်ာက္ ေတြ႕တဲ့အခါမွာ ရရွိတဲ့ အက်ိဳးအျမတ္ကို ေဝစုခြဲၾကပါတယ္။ ေရမေဆးသမားထဲမွာ ေလာပန္းျဖစ္လာသူေတြလည္း ရွိပါတယ္။ အမ်ားစုကေတာ့ မႏၲေလးတိုင္းက တ႐ုတ္ေတြနဲ႔ ရခိုင္က ေ႐ႊ႕ေျပာင္းလာသူေတြက ေလာပန္းလုပ္ၾကတယ္လို႔ ဆိုပါတယ္။ ေလာပန္းတဦးမွာ ေရမေဆးသမား (၃၀) ေလာက္အထိ ရွိႏိုင္တယ္လို႔ သိရပါတယ္။ ဒါေပမဲ့ ဆက္ေၾကးအဆင့္ဆင့္ ေပးၿပီးတဲ့အခါ (၃၀) ရာခိုင္ႏႈန္းသာ ေရမေဆးသမားအတြက္ က်န္တယ္လို႔ ခန႔္မွန္းၾကေပမယ့္ ေလာပန္းနဲ႔ဆက္ထားသူေတြက မ်ားပါတယ္။
ေလာပန္းေတြဟာ ရခိုင္တပ္အပါအဝင္ တိုင္းရင္းသားလက္နက္ကိုင္တပ္ဖြဲ႕ေတြနဲ႔လည္း အဆက္အသြယ္ ရွိတယ္လို႔ ဆိုပါတယ္။ ေရမေဆးေက်ာက္ ရွာေဖြသူထဲမွာ မူးယစ္ေဆးစားသုံးသူ အမ်ားအျပား ရွိတာမို႔ မူးယစ္ေဆးဝါးကရတဲ့ ေငြမည္းကို ေက်ာက္စိမ္းလုပ္ငန္းမွာ ျပန္သုံးတာေတြ ရွိပါတယ္။ ရခိုင္တပ္နဲ႔ ခ်င္းတပ္အတြက္ လက္နက္ခဲယမ္း ဝယ္ယူရာမွာလည္း ေက်ာက္စိမ္းေငြကို အသုံးျပဳတတ္လို႔ ဆိုပါတယ္။ မူးယစ္ေဆးစြဲမႈနဲ႔ ေျမၿပိဳမႈဟာ ေက်ာက္စိမ္းရွာသူ ရင္ဆိုင္ရတဲ့ ေဘးအႏၲရာယ္ေတြ ျဖစ္ပါတယ္။ ၂၀၀၇ ခုႏွစ္ကစၿပီး ေျမစာပုံၿပိဳက်လို႔ ေသဆုံးရသူေပါင္း (၂၀၀၀) ေက်ာ္ေနၿပီလို႔ လြန္ခဲ့တဲ့ ဒီဇင္ဘာ (၂၆) ရက္ေန႔ထုတ္၊ Eleven ဂ်ာနယ္မွာ ခန႔္မွန္းထားပါတယ္။ ေရမေဆးသမား ရွာေဖြေတြ႕ရွိတဲ့ ေက်ာက္စိမ္း႐ိုင္း အမ်ားစုဟာ ယူနန္ျပည္နယ္က ေ႐ႊလီ၊ ဂ်ယ္ေဂါင္နဲ႔ ရင္က်န္းၿမိဳ႕ေတြမွာ သြားစုတယ္လို႔ ဆိုပါတယ္။
အခုဆိုရင္ ရခိုင္တပ္ေတာ္မွာ အမ်ိဳးသမီးစစ္သည္ေတြ ရွိေနပါၿပီ။ လက္နက္ကိုင္ေတာ္လွန္မွ ရခိုင့္အေရး ေအာင္ျမင္မယ္လို႔ ယုံၾကည္ၿပီး၊ တပ္ထဲဝင္လာတဲ့ အမ်ိဳးသမီးေတြ ရွိသလို၊ အလုပ္အကိုင္မရွိလို႔ စစ္ထဲေရာက္လာသူေတြလည္း ရွိပါတယ္။ အမ်ိဳးသမီးစစ္သည္ေတြဟာ အသက္ (၂၀) ဝန္းက်င္ အ႐ြယ္ေတြ ျဖစ္ၾကၿပီး၊ လိုင္ဇာဌာနခ်ဳပ္မွာ (၂) လ သင္တန္းတက္ရတယ္လို႔ သိရပါတယ္။ သင္တန္းကာလမွာ ႐ုံးလုပ္ငန္း၊ စီမံအုပ္ခ်ဳပ္မႈနဲ႔ စာရင္းအင္း အတတ္ပညာေတြကိုလည္း ေလ့လာၾကရပါတယ္။ ဒါေၾကာင့္ ရခိုင္အမ်ိဳးသမီး စစ္သည္ေတြဟာ ႐ုံးအလုပ္နဲ႔ ေထာက္ပို႔ေရးအလုပ္ေတြကို လုပ္ၾကရတာမ်ားတယ္လို႔ ဆိုပါတယ္။
ကရင္၊ ကခ်င္နဲ႔ ဝတပ္ေတြမွာလည္း အမ်ိဳးသမီးစစ္သည္ေတြ ရွိတာမို႔ ရခိုင္တပ္ေတာ္ကလည္း အမ်ိဳးသမီးစစ္သည္ စုေဆာင္းတာဟာ စည္း႐ုံးေရးအတြက္ ျဖစ္ပုံရတယ္လို႔ ျမင္သူေတြလည္း ရွိပါတယ္။ ထူးျခားတာကေတာ့ ေတာ္လွန္ေရးထဲ ပါဝင္လာတဲ့ အမ်ိဳးသမီးစစ္သည္ေတြမွာ ေရွ႕တန္းကေန တိုက္ခိုက္ခ်င္စိတ္ ျပင္းထန္ေနၾကတာပါ။ ဖားကန႔္မွာ လူဦးေရ (၁၃၀,၀၀၀) ေက်ာ္ ရွိတယ္လို႔ မိုးညႇင္းခ႐ိုင္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနရဲ႕ ၂၀၂၀ ေအာက္တိုဘာလထုတ္ ေဒသဆိုင္ရာ မွတ္တမ္းမွာ ေဖာ္ျပပါတယ္။ ေ႐ႊ႕ေျပာင္းလုပ္သားေတြပါ ထည့္သြင္းရင္ လူဦးေရေလးသိန္းေက်ာ္မယ္လို႔ ခန္႔္မွန္းၾကပါတယ္။
===Unicode ====
ရခိုင်တပ် တည်ထောင်ဖို့အတွက် KIA ကချင်တပ်ဖွဲ့ချုပ်ကိုင်တဲ့ မြန်မာ-တရုတ်နယ်စပ် လိုင်ဇာဒေသမှာ ရခိုင်လူငယ် (၂၆) ယောက်ကို KIA စစ် သင်တန်းပေးနိုင်တာကြောင့် ရခိုင်တပ်တော် ပေါ်ပေါက်လာရတာကို လူသိများပါတယ်။ ဆယ်နှစ်ကျော်ကာလအတွင်း ရခိုင်တပ်မှာ အင်အားထောင်သောင်းချီ ရှိလာတာကိုလည်း တအံ့တသြ ဖြစ်နေကြပါတယ်။ ကချင်ပြည်နယ် နေရာအနံှ့အပြားမှာ ရောက်နေတဲ့ ရခိုင်လူငယ်တွေရဲ့ နိုင်ငံရေးစိတ်ဓါတ် ပြင်းထန်ပုံကို ရခိုင်တပ်တော် တည်ထောင်ပြီး၊ ပြသလိုက်သလို ဖြစ်နေပါတယ်။ ရခိုင်ပြည်နယ်ထဲ ဝင်လာတဲ့ ၂၀၁၅ မှာ ရခိုင်တပ်တော် အင်အား (၃၀၀၀) ဝန်းကျင် ရှိနေပါပြီ။
အစ္စရေးနိုင်ငံ တည်ထောင်ဖို့အတွက် ကမ္ဘာအရပ်ရပ်မှာ ရောက်ရှိနေတဲ့ ဂျူးလူမျိုးတွေ ဥရောပမှာ စုဝေးနေကြတဲ့ သမိုင်းဖြစ်စဉ်နဲ့ ခပ်ဆင်ဆင်ပဲလို့ ပြောနိုင်ပါတယ်။ ကျောက်မျက်ရတနာ ကြွယ်ဝတဲ့ ကချင်ပြည်နယ်မှာ ရခိုင်လူငယ်တွေ ရောက်နေတာကြာပါပြီ။ ဖားကန့်ကျောက်စိမ်းမြေမှာ အလုပ်လုပ်ဖို့ လာသူတွေထဲမှာ ရခိုင်လူငယ်တွေ အများအပြား ပါဝင်ပါတယ်။ ကချင်ပြည်နယ်မှာ AA ရခိုင်တပ်တော် တည်ထောင်တဲ့အခါ ကျောက်စိမ်းမြေက ရေမဆေးသမားအုပ်စုဟာ စစ်သားစုဆောင်းရာအရပ် ဖြစ်လာပါတယ်။ ရခိုင်တပ်တော် တည်ထောင်ဖို့ ရခိုင်ပြည်နယ်မှာ စစ်သားစုဆောင်းစရာ မလိုတော့ပါဘူး။
ရည်ရွယ်ချက်အမျိုးမျိုးနဲ့ ကျောက်စိမ်းမြေမှာ ရေမဆေးသမား ဖြစ်နေကြတဲ့ ရခိုင်လူငယ်တွေဟာ KIA ကချင်တပ်မှာ စစ်သင်တန်း တက်လိုက်တာနဲ့ ရခိုင်တပ်သား ဖြစ်သွားပါတယ်။ ဒါကြောင့် ကချင်ပြည်နယ်မှာ ရခိုင်စစ်သည်တွေ နေ့ချင်းညချင်း အလုံးအရင်းနဲ့ တိုးပွားလာတာ ဖြစ်ပုံရပါတယ်။ ရခိုင်တပ်တော်ထဲ ဝင်ချင်ရင် ဖားကန့်မြေမှာ AA ဓါတ်ခဲ ဘယ်မှာရနိုင်မလဲလို့ မေးလိုက်တာနဲ့ စစ်သင်တန်းတက်ဖို့အတွက် AA ကိုယ်စားလှယ်နဲ့ အဆက်အသွယ် ရသွားတယ်လို့ Global Witness အဖွဲ့က ဆိုပါတယ်။ မြန်မာ့အလုပ်သမားဦးရေ (၂) ရာခိုင်နှုန်းဟာ ရေမဆေးသမားတွေ ဖြစ်ပါတယ်။ ကျောက်စိမ်းအရည်အသွေးကို သိနိုင်ဖို့အတွက် ရေဆေးပြီးသွေးရပါတယ်။ ရေမဆေးရင် ကျောက်စိမ်းတန်းဖိုး မသိနိုင်ပါဘူး။ ရေမဆေးရသေးတဲ့ အရိုင်းတုံးတွေကို မြေစာပုံမှာ ကောက်ယူပြီး ရောင်းဝယ်သူဟာ ရေမဆေးသမား ဖြစ်ပါတယ်။ ဒီနေရာမှာ တရုတ်လို လောပန်းလို့ခေါ်တဲ့ လုပ်ငန်းရှင်တွေရဲ့အခန်းဟာ အရေးပါလာပါတယ်။
ကျောက်တူးဖော်သူ တဝက်လောက်သာ ဒေသခံလောပန်းတွေနဲ့ အဆက်အသွယ်ရှိကြောင်း သိရပါတယ်။ လက်လုပ်လက်စား တူးဖော်သူရဲ့ စားဝတ်နေရေးကို လောပန်းက ထောက်ပံ့ပြီး၊ ရေးမဆေးကျောက် တွေ့တဲ့အခါမှာ ရရှိတဲ့ အကျိုးအမြတ်ကို ဝေစုခွဲကြပါတယ်။ ရေမဆေးသမားထဲမှာ လောပန်းဖြစ်လာသူတွေလည်း ရှိပါတယ်။ အများစုကတော့ မန္တလေးတိုင်းက တရုတ်တွေနဲ့ ရခိုင်က ရွှေ့ပြောင်းလာသူတွေက လောပန်းလုပ်ကြတယ်လို့ ဆိုပါတယ်။ လောပန်းတဦးမှာ ရေမဆေးသမား (၃၀) လောက်အထိ ရှိနိုင်တယ်လို့ သိရပါတယ်။ ဒါပေမဲ့ ဆက်ကြေးအဆင့်ဆင့် ပေးပြီးတဲ့အခါ (၃၀) ရာခိုင်နှုန်းသာ ရေမဆေးသမားအတွက် ကျန်တယ်လို့ ခန့်မှန်းကြပေမယ့် လောပန်းနဲ့ဆက်ထားသူတွေက များပါတယ်။
လောပန်းတွေဟာ ရခိုင်တပ်အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့လည်း အဆက်အသွယ် ရှိတယ်လို့ ဆိုပါတယ်။ ရေမဆေးကျောက် ရှာဖွေသူထဲမှာ မူးယစ်ဆေးစားသုံးသူ အများအပြား ရှိတာမို့ မူးယစ်ဆေးဝါးကရတဲ့ ငွေမည်းကို ကျောက်စိမ်းလုပ်ငန်းမှာ ပြန်သုံးတာတွေ ရှိပါတယ်။ ရခိုင်တပ်နဲ့ ချင်းတပ်အတွက် လက်နက်ခဲယမ်း ဝယ်ယူရာမှာလည်း ကျောက်စိမ်းငွေကို အသုံးပြုတတ်လို့ ဆိုပါတယ်။ မူးယစ်ဆေးစွဲမှုနဲ့ မြေပြိုမှုဟာ ကျောက်စိမ်းရှာသူ ရင်ဆိုင်ရတဲ့ ဘေးအန္တရာယ်တွေ ဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ်ကစပြီး မြေစာပုံပြိုကျလို့ သေဆုံးရသူပေါင်း (၂၀၀၀) ကျော်နေပြီလို့ လွန်ခဲ့တဲ့ ဒီဇင်ဘာ (၂၆) ရက်နေ့ထုတ်၊ Eleven ဂျာနယ်မှာ ခန့်မှန်းထားပါတယ်။ ရေမဆေးသမား ရှာဖွေတွေ့ရှိတဲ့ ကျောက်စိမ်းရိုင်း အများစုဟာ ယူနန်ပြည်နယ်က ရွှေလီ၊ ဂျယ်ဂေါင်နဲ့ ရင်ကျန်းမြို့တွေမှာ သွားစုတယ်လို့ ဆိုပါတယ်။
အခုဆိုရင် ရခိုင်တပ်တော်မှာ အမျိုးသမီးစစ်သည်တွေ ရှိနေပါပြီ။ လက်နက်ကိုင်တော်လှန်မှ ရခိုင့်အရေး အောင်မြင်မယ်လို့ ယုံကြည်ပြီး၊ တပ်ထဲဝင်လာတဲ့ အမျိုးသမီးတွေ ရှိသလို၊ အလုပ်အကိုင်မရှိလို့ စစ်ထဲရောက်လာသူတွေလည်း ရှိပါတယ်။ အမျိုးသမီးစစ်သည်တွေဟာ အသက် (၂၀) ဝန်းကျင် အရွယ်တွေ ဖြစ်ကြပြီး၊ လိုင်ဇာဌာနချုပ်မှာ (၂) လ သင်တန်းတက်ရတယ်လို့ သိရပါတယ်။ သင်တန်းကာလမှာ ရုံးလုပ်ငန်း၊ စီမံအုပ်ချုပ်မှုနဲ့ စာရင်းအင်း အတတ်ပညာတွေကိုလည်း လေ့လာကြရပါတယ်။ ဒါကြောင့် ရခိုင်အမျိုးသမီး စစ်သည်တွေဟာ ရုံးအလုပ်နဲ့ ထောက်ပို့ရေးအလုပ်တွေကို လုပ်ကြရတာများတယ်လို့ ဆိုပါတယ်။
ကရင်၊ ကချင်နဲ့ ဝတပ်တွေမှာလည်း အမျိုးသမီးစစ်သည်တွေ ရှိတာမို့ ရခိုင်တပ်တော်ကလည်း အမျိုးသမီးစစ်သည် စုဆောင်းတာဟာ စည်းရုံးရေးအတွက် ဖြစ်ပုံရတယ်လို့ မြင်သူတွေလည်း ရှိပါတယ်။ ထူးခြားတာကတော့ တော်လှန်ရေးထဲ ပါဝင်လာတဲ့ အမျိုးသမီးစစ်သည်တွေမှာ ရှေ့တန်းကနေ တိုက်ခိုက်ချင်စိတ် ပြင်းထန်နေကြတာပါ။ ဖားကန့်မှာ လူဦးရေ (၁၃၀,၀၀၀) ကျော် ရှိတယ်လို့ မိုးညှင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ ၂၀၂၀ အောက်တိုဘာလထုတ် ဒေသဆိုင်ရာ မှတ်တမ်းမှာ ဖော်ပြပါတယ်။ ရွှေ့ပြောင်းလုပ်သားတွေပါ ထည့်သွင်းရင် လူဦးရေလေးသိန်းကျော်မယ်လို့ ခန့််မှန်းကြပါတယ်။