သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကာမိုင္းက ဖားကန႔္လာတဲ့ ရဲတပ္ဖြဲ႕ဝင္ ၆ဦးဖမ္းဆီးခံရ


ဖားကန္႔ၿမိဳ႕

[[Zawgyi/Unicode]]

ကခ်င္ျပည္နယ္ ဖားကန႔္ၿမိဳ႕နယ္ တံတားညီေနာင္အနီးမွာ ကာမိုင္းဘက္ကေနလာတဲ့ ရဲတပ္ဖြဲ႕ဝင္ ၆ဦးကို KIA နဲ႔ PDF ပူးေပါင္းတပ္ဖြဲ႕ေတြက အဂၤါေန႔ မနက္က ဖမ္းဆီးခဲ့ေၾကာင္း ေဒသခံေတြက ေျပာပါတယ္။ စစ္ေကာင္စီ သတင္းထုတ္ျပန္ေရးအဖြဲ႕ကေတာ့ ဒုရဲအုပ္ဦးစီးတဲ့ ရဲတပ္ဖြဲ႕ဝင္ ၇ ဦး အဆက္အသြယ္ျပတ္ေတာက္ေနေၾကာင္း နဲ႔ စုံစမ္းဆဲ ျဖစ္ေၾကာင္း သတင္းထုတ္ျပန္ထား ပါတယ္။ ရန္ကုန္ကေပးပို႔တဲ့ ဒီသတင္းကို အင္ၾကင္းႏိုင္ေျပာျပပါမယ္။

ရဲတပ္ဖြဲ႕ဝင္ေတြ ဖမ္းဆီးခံခဲ့ရတဲ့ေနရာဟာ ဖားကန႔္ၿမိဳ႕နယ္ ကာမိုင္း- ဖားကန႔္လမ္းက တံတားညီေနာင္အနီးမွာ ျဖစ္တယ္လို႔သိရပါတယ္။ ေဒသခံတဦးကေတာ့ ကာမိုင္းကေန ဖားကန႔္ဘက္ကိုလာတဲ့ အရပ္ဝတ္နဲ႔ လက္နက္ကိုင္ ၆ဦးဖမ္းခံရတယ္လို႔ ၾကားသိရေၾကာင္း VOA ကို အခုလို ေျပာပါတယ္။

“ တံတားညီေနာင္နဲ႔ ကြမ္အိုင္ၾကားမွာေပါ့ေနာ။ စစ္သားက ၆ေယာက္လို႔ ေျပာတာပဲ။ လက္နက္ေတြေရာ ပါတယ္လို႔ ေျပာတယ္။ ၾကားတာက စစ္သားလို႔ ၾကားတာပဲ။ ရဲလား စစ္သားလားေတာ့ အတိအက် မသိေတာ့ဘူး။ ဒီတိုင္း အရပ္ဝတ္နဲ႔ပဲ သြားလာေနၾကတာ။ အဲဒါနဲ႔ သတင္းရၿပီး ေစာင့္ႀကိဳဖမ္းတဲ့သေဘာရွိတယ္။ အဲဒါေတြကေတာ့ သူတို႔ ေတာဘက္ကေလ ဆရာ။ ေတာနဲ႔ PDF ေတြေပါ့။ ”

အျခားေဒသခံတစ္ဦးကေတာ့ ဖမ္းဆီးခံရသူေတြဟာ ရဲတပ္ဖြဲ႕ဝင္ေတြျဖစ္တယ္လို႔ ေျပာပါတယ္။

“ျဖစ္စဥ္က သူတို႔က ကာမိုင္းကေန တက္လာတယ္လို႔ ေျပာတယ္။ ရဲ၊ ရဲဗိုလ္ ၂ေယာက္ကို က်ေတာ့ ဖမ္းသြားတာေတာ့ ၃ - ၄ရက္ေတာင္ရွိၿပီတဲ့။ ေနာက္တစ္ေခါက္က ကားနဲ႔ ျပန္တက္လာတယ္။ အဲဒါလည္း ရဲပဲ။ အဲဒါ ၆ေယာက္။ ကားနဲ႔ ျပန္တက္လာတယ္။ အဲဒါလည္း ဖမ္းသြားတယ္ေျပာတယ္။ အဲဒါ လက္နက္လည္း ပါသြားတယ္တဲ့။ လက္နက္လည္း ဖမ္းခံရတယ္။”

ျမစ္ႀကီးနားသတင္းဂ်ာနယ္ကေတာ့ အရပ္ဝတ္နဲ႔ ရဲတပ္ဖြဲ႕ဝင္ ၆ဦးကို KIA နဲ႔ ျပည္သူ႔ ကာကြယ္တပ္က ဖမ္းဆီးတာျဖစ္ေၾကာင္း ေဖာ္ျပထားပါတယ္။ ဒီဖမ္းဆီးမႈနဲ႔ပတ္သက္ၿပီး စစ္ေကာင္စီရဲ႕ ျပန္ၾကားေရးအဖြဲ႕ကေတာ့ ဇူလိုင္လ ၅ရက္ေန႔ ေန႔ခင္း ၁၂နာရီအခ်ိန္မွာ ဒုရဲအုပ္ဦးစီး ၇ဦးဟာ ဖားကန႔္ကို ေျပာင္းေ႐ႊ႕တာဝန္ထမ္းေဆာင္ဖို႔ သြားေရာက္စဥ္ ဖားကန႔္ကို မေရာက္ဘဲ အဆက္အသြယ္ ျပတ္ေတာက္ေနေၾကာင္းနဲ႔ ဒီျဖစ္စဥ္ကို စုံစမ္းေနေၾကာင္း သတင္း ထုတ္ျပန္ထားပါတယ္။ ဒီသတင္းနဲ႔ပတ္သက္ၿပီး KIO ကို ေမးျမန္းဖို႔ ဆက္သြယ္ခဲ့ေပမဲ့ ဖုန္းေခၚဆိုလို႔ မရခဲ့ပါဘူး။ ဒီလ ၅ရက္ေန႔ ညပိုင္းမွာေတာ့ ျမစ္ႀကီးနားၿမိဳ႕က ေအးျမသာယာရပ္ကြက္မွာ ေပါက္ကြဲမႈ ၅ႀကိမ္ျဖစ္ပြားခဲ့ၿပီး လူ ၂ေယာက္ ထိခိုက္ဒဏ္ရာ ရခဲ့ေၾကာင္း အခင္းျဖစ္ပြားရာအနီးက ၿမိဳ႕ခံတစ္ဦးက ေျပာပါတယ္။

“ မေန႔ညက ၇နာရီခြဲေလာက္မွာ ျဖစ္တယ္။ အဲဒါ ၅ခ်က္ေလာက္ေတာ့ ၾကားတယ္။ ဘယ္က ဘယ္က ပစ္တာလဲ မသိဘူး။ ေအး ျပင္းတာ အရမ္းျပင္းတာ။ ျဖစ္တာက ေအးျမသာယာ အပိုင္း ၄။ လူေတာ့ ထိခိုက္တယ္။ ၂၈ႏွစ္အ႐ြယ္ မိန္းကေလးက လက္ေမာင္းထဲမွာ ထိတယ္။ ေပါင္မွာေရာ နည္းနည္းထိတယ္။ ခါးမွာေရာ နည္းနည္းထိတယ္။ သူ႔ေမာင္ေလးကပုခုံးမွာ နည္းနည္းပဲ ထိတယ္။”

အမျဖစ္သူကို ေဆး႐ုံပို႔ေဆာင္ကုသခဲ့ရၿပီး ေမာင္ျဖစ္သူကေတာ့ ေဆး႐ုံမတင္ရေၾကာင္း ေျပာပါတယ္။ ကခ်င္ျပည္နယ္ ျမစ္ႀကီးနားၿမိဳ႕မွာ ဗုံးေပါက္ကြဲတာေတြ မၾကာခနျဖစ္ခဲ့ၿပီး ဇြန္လအတြင္းက ေလတပ္ဝင္းအတြင္း ဗုံးေပါက္ကြဲမႈျဖစ္ခဲ့သလို အထက္တန္းေက်ာင္းေဆာင္ တစ္ေဆာင္လည္း မီးရႈိ႕ခံခဲ့ရပါတယ္။

တိုက္႐ိုက္ လင့္ခ္

[[Unicode]]

ကချင်ပြည်နယ် ဖားကန့်မြို့နယ် တံတားညီနောင်အနီးမှာ ကာမိုင်းဘက်ကနေလာတဲ့ ရဲတပ်ဖွဲ့ဝင် ၆ဦးကို KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက အင်္ဂါနေ့ မနက်က ဖမ်းဆီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ကတော့ ဒုရဲအုပ်ဦးစီးတဲ့ ရဲတပ်ဖွဲ့ဝင် ၇ ဦး အဆက်အသွယ်ပြတ်တောက်နေကြောင်း နဲ့ စုံစမ်းဆဲ ဖြစ်ကြောင်း သတင်းထုတ်ပြန်ထား ပါတယ်။ ရန်ကုန်ကပေးပို့တဲ့ ဒီသတင်းကို အင်ကြင်းနိုင်ပြောပြပါမယ်။

ရဲတပ်ဖွဲ့ဝင်တွေ ဖမ်းဆီးခံခဲ့ရတဲ့နေရာဟာ ဖားကန့်မြို့နယ် ကာမိုင်း- ဖားကန့်လမ်းက တံတားညီနောင်အနီးမှာ ဖြစ်တယ်လို့သိရပါတယ်။ ဒေသခံတဦးကတော့ ကာမိုင်းကနေ ဖားကန့်ဘက်ကိုလာတဲ့ အရပ်ဝတ်နဲ့ လက်နက်ကိုင် ၆ဦးဖမ်းခံရတယ်လို့ ကြားသိရကြောင်း VOA ကို အခုလို ပြောပါတယ်။

“ တံတားညီနောင်နဲ့ ကွမ်အိုင်ကြားမှာပေါ့နော။ စစ်သားက ၆ယောက်လို့ ပြောတာပဲ။ လက်နက်တွေရော ပါတယ်လို့ ပြောတယ်။ ကြားတာက စစ်သားလို့ ကြားတာပဲ။ ရဲလား စစ်သားလားတော့ အတိအကျ မသိတော့ဘူး။ ဒီတိုင်း အရပ်ဝတ်နဲ့ပဲ သွားလာနေကြတာ။ အဲဒါနဲ့ သတင်းရပြီး စောင့်ကြိုဖမ်းတဲ့သဘောရှိတယ်။ အဲဒါတွေကတော့ သူတို့ တောဘက်ကလေ ဆရာ။ တောနဲ့ PDF တွေပေါ့။ ”

အခြားဒေသခံတစ်ဦးကတော့ ဖမ်းဆီးခံရသူတွေဟာ ရဲတပ်ဖွဲ့ဝင်တွေဖြစ်တယ်လို့ ပြောပါတယ်။

“ဖြစ်စဉ်က သူတို့က ကာမိုင်းကနေ တက်လာတယ်လို့ ပြောတယ်။ ရဲ၊ ရဲဗိုလ် ၂ယောက်ကို ကျတော့ ဖမ်းသွားတာတော့ ၃ - ၄ရက်တောင်ရှိပြီတဲ့။ နောက်တစ်ခေါက်က ကားနဲ့ ပြန်တက်လာတယ်။ အဲဒါလည်း ရဲပဲ။ အဲဒါ ၆ယောက်။ ကားနဲ့ ပြန်တက်လာတယ်။ အဲဒါလည်း ဖမ်းသွားတယ်ပြောတယ်။ အဲဒါ လက်နက်လည်း ပါသွားတယ်တဲ့။ လက်နက်လည်း ဖမ်းခံရတယ်။”

မြစ်ကြီးနားသတင်းဂျာနယ်ကတော့ အရပ်ဝတ်နဲ့ ရဲတပ်ဖွဲ့ဝင် ၆ဦးကို KIA နဲ့ ပြည်သူ့ ကာကွယ်တပ်က ဖမ်းဆီးတာဖြစ်ကြောင်း ဖော်ပြထားပါတယ်။ ဒီဖမ်းဆီးမှုနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ပြန်ကြားရေးအဖွဲ့ကတော့ ဇူလိုင်လ ၅ရက်နေ့ နေ့ခင်း ၁၂နာရီအချိန်မှာ ဒုရဲအုပ်ဦးစီး ၇ဦးဟာ ဖားကန့်ကို ပြောင်းရွှေ့တာဝန်ထမ်းဆောင်ဖို့ သွားရောက်စဉ် ဖားကန့်ကို မရောက်ဘဲ အဆက်အသွယ် ပြတ်တောက်နေကြောင်းနဲ့ ဒီဖြစ်စဉ်ကို စုံစမ်းနေကြောင်း သတင်း ထုတ်ပြန်ထားပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး KIO ကို မေးမြန်းဖို့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းခေါ်ဆိုလို့ မရခဲ့ပါဘူး။ ဒီလ ၅ရက်နေ့ ညပိုင်းမှာတော့ မြစ်ကြီးနားမြို့က အေးမြသာယာရပ်ကွက်မှာ ပေါက်ကွဲမှု ၅ကြိမ်ဖြစ်ပွားခဲ့ပြီး လူ ၂ယောက် ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း အခင်းဖြစ်ပွားရာအနီးက မြို့ခံတစ်ဦးက ပြောပါတယ်။

“ မနေ့ညက ၇နာရီခွဲလောက်မှာ ဖြစ်တယ်။ အဲဒါ ၅ချက်လောက်တော့ ကြားတယ်။ ဘယ်က ဘယ်က ပစ်တာလဲ မသိဘူး။ အေး ပြင်းတာ အရမ်းပြင်းတာ။ ဖြစ်တာက အေးမြသာယာ အပိုင်း ၄။ လူတော့ ထိခိုက်တယ်။ ၂၈နှစ်အရွယ် မိန်းကလေးက လက်မောင်းထဲမှာ ထိတယ်။ ပေါင်မှာရော နည်းနည်းထိတယ်။ ခါးမှာရော နည်းနည်းထိတယ်။ သူ့မောင်လေးကပုခုံးမှာ နည်းနည်းပဲ ထိတယ်။”

အမဖြစ်သူကို ဆေးရုံပို့ဆောင်ကုသခဲ့ရပြီး မောင်ဖြစ်သူကတော့ ဆေးရုံမတင်ရကြောင်း ပြောပါတယ်။ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဗုံးပေါက်ကွဲတာတွေ မကြာခနဖြစ်ခဲ့ပြီး ဇွန်လအတွင်းက လေတပ်ဝင်းအတွင်း ဗုံးပေါက်ကွဲမှုဖြစ်ခဲ့သလို အထက်တန်းကျောင်းဆောင် တစ်ဆောင်လည်း မီးရှို့ခံခဲ့ရပါတယ်။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG