သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

မိုးညႇင္းၿမိဳ႕နယ္တြင္း ရဲစခန္းတခု KIA သိမ္းပိုက္ 


KIA တပ္ဖြဲ႔ဝင္အခ်ဳိ႕။ (ေအာက္တုိဘာ ၁၄၊ ၂၀၁၆)

[[Zawgyi/Unicode]]

ကခ်င္ျပည္နယ္ ၿမိဳ႕နယ္ သုံးၿမိဳ႕နယ္အတြင္းက ရဲစခန္းနဲ႔ စစ္ေကာင္စီ တပ္စခန္းေတြကို ဒီကေန႔ မနက္က KIA ကခ်င္လက္နက္ကိုင္အဖြဲ႔က ဝင္ေရာက္တိုက္ခိုက္ခဲ့ပါတယ္။ မိုးညႇင္းၿမိဳ႕နယ္က ေမာ္ဟန္ ရဲစခန္းကို သိမ္းပိုက္ခဲ့တယ္လို႔ KIA ကေျပာပါတယ္။ စစ္အာဏာသိမ္းတဲ့ တႏွစ္ျပည့္ အျဖစ္ ေဒသခံတပ္ရင္း၊ တပ္ဖြဲ႔ေတြက ထိုးႏွက္တိုက္ခိုက္တာျဖစ္ႏိုင္ေၾကာင္း KIA ကေျပာပါတယ္။ ကခ်င္ျပည္နယ္က လက္ရွိ တိုက္ပြဲအေျခအေန ရန္ကုန္ကေပးပို႔တဲ့သတင္းကို ကိုေက်ာ္ေက်ာ္သိန္းက တင္ျပေပးထားပါတယ္။

ကခ်င္ျပည္နယ္က ၿမိဳ႕နယ္ ၃ ၿမိဳ႕နယ္မွာ ဒီကေန႔ ေဖေဖာ္ဝါရီ ၃ ရက္ မနက္ပိုင္းက တိုက္ပြဲျဖစ္ခဲ့တာပါ။ တိုက္ပြဲျဖစ္တဲ့ ေနရာက မိုးညႇင္းၿမိဳ႕နယ္ ေမာ္ဟန္႐ြာရဲစခန္း၊ ဖားကန႔္ၿမိဳ႕နယ္ လုံးခင္းေက်း႐ြာအုပ္စုက ဂ်ာရာယန္႐ြာနဲ႔ ဆြမ္ပရာဘြမ္ၿမိဳ႕နယ္က တ႐ုံခ စစ္ေကာင္စီတပ္စခန္းေတြကို KIA က ဝင္ေရာက္ တိုက္ခိုက္ခဲ့တာျဖစ္ပါတယ္။ ဒီတိုက္ပြဲျဖစ္ပြားတာနဲ႔ ပတ္သက္လို႔ KIA ျပန္ၾကားေရးတာဝန္ခံ ဗိုလ္မႉးႀကီးေနာ္ဘူက VOA ကို အခုလို ေျပာပါတယ္။

“က်ေနာ္တို႔ အမွတ္ ၈ တပ္မဟာ လက္ေအာက္ခံေပါ့ေနာ္၊ ၃၅ တပ္ရင္း နယ္ေျမျဖစ္ေနတဲ့ မိုးညႇင္းဘက္မွာေပါ့ေနာ္။ ေမာ္လူး၊ ေမာ္ဟန္ ဘက္မွာ ျဖစ္တာရွိပါတယ္။ အဲဒီ ရဲစခန္းသိမ္းတဲ့ဟာလည္း ရွိတယ္။ ဒီမနက္။ ေနာက္တခုကေတာ့ ဖားကန႔္ၿမိဳ႕နယ္ဘက္မွာ က်ေနာတို႔ ကခ်င္လိုကေတာ့ ဂ်ာရာယန္လို႔ ေခၚတယ္။ အဲဒီေနရာမွာလည္း တပ္စခန္းတခု ပစ္တဲ့ဟာေတြရွိတယ္။ ဝင္ပစ္တာေပါ့။ ေနာက္တခုက ျမစ္ႀကီးနားနဲ႔ ဆြမ္ပရာဘြမ္လမ္းဘက္က တ႐ုံခဆိုတဲ့ စခန္းတခုမွာ ဝင္ပစ္တာရွိတယ္။ အဲဒီ ၃ ေနရာေတာ့၊ အခုခ်ိန္ထိေတာ့ အဲဒီ ေနရာပဲ က်ေနာ္တို႔ သတင္းရပါတယ္။”

အဲဒီတိုက္ပြဲအတြင္း ထိခိုက္က်ဆုံးတဲ့သတင္းေတာ့ အတိအက် မရေသးေၾကာင္း ဆက္ေျပာပါတယ္။ ေဒသတြင္း မီဒီယာေတြမွာကေတာ့ ဖားကန႔္နဲ႔ မိုးညႇင္းၿမိဳ႕နယ္အတြင္း တိုက္ပြဲေတြမွာ KIA နဲ႔ အတူ PDF တပ္ဖြဲ႕ေတြ ပါဝင္ တိုက္ခိုက္တာရွိေၾကာင္းနဲ႔ မိုးညႇင္းၿမိဳ႕နယ္ ေမာ္ဟန္႐ြာ ရဲစခန္းသိမ္းတိုက္ပြဲမွာ ရဲစခန္းမႈးနဲ႔ ရဲတပ္သားတဦး က်ဆုံးခဲ့သလို ရဲသုံ႔ပန္းအခ်ိဳ႕ ဖမ္းဆီးရမိတာေတြရွိေၾကာင္းလည္း ေဖာ္ျပၾကပါတယ္။

ကခ်င္ျပည္နယ္တြင္း ျဖစ္ပြားတဲ့ တိုက္ပြဲေတြနဲ႔ပတ္သက္လို႔ စစ္ေကာင္စီ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္ ခ်ဳပ္ ေဇာ္မင္းထြန္းကို ဗြီအိုေအက ေမးျမန္းရာမွာေတာ့ အခုလို ျပန္လည္ ေျဖဆိုပါတယ္။

“ဒီမနက္ေတာ့ အေသးစိတ္ေတာ့ က်ေနာ္လည္း မသိေသးဘူး။ က်ေနာ္တို႔ သိရသေလာက္ကေတာ့ ေခ်ာင္းေျမာင္း ပစ္ခတ္တဲ့ ျဖစ္စဥ္ေတြေလာက္ပဲ ရွိတယ္လို႔ သိရပါတယ္။ ဆြမ္ပရာဘြမ္ဘက္တို႔ ဘယ္တို႔ေတာ့ မရွိပါဘူး။ အရင္ေန႔က ျဖစ္သြားတဲ့ဟာပဲ ရွိပါတယ္။”

ၿပီးခဲ့တဲ့ ဇန္နဝါရီလ ၂၆ ရက္ေန႔ကေတာ့ တ႐ုတ္ႏိုင္ငံမွာ က်င္းပမယ့္ ေဆာင္းရာသီ အိုလံပစ္ပြဲေတာ္နဲ႔ တ႐ုတ္ႏွစ္သစ္ကူးကာလအတြင္း နယ္စပ္ေဒသနဲ႔ ျမန္မာျပည္တြင္းမွာ တိုက္ပြဲေတြ ရပ္ဆိုင္းထားဖို႔ တ႐ုတ္အစိုးရက တိုက္တြန္းတာကို အေလးထား စဥ္းစားရမယ့္အခ်က္အျဖစ္ ရႈျမင္ေၾကာင္း KIO က ထုတ္ျပန္ထားပါတယ္။

ေဖေဖာ္ဝါရီ ၁ ရက္ေန႔ကေတာ့ KIA နဲ႔ PDF ပူးေပါင္းအဖြဲ႕ေတြဟာ ပူတာအိုၿမိဳ႕နယ္အတြင္းက စစ္ေကာင္စီ တပ္စခန္း သုံးခုကို ဝင္ေရာက္တိုက္ခိုက္တာေတြ ရွိခဲ့ၿပီး ဆြမ္ပီယန္တပ္စခန္းကို သိမ္းပိုက္ခဲ့ပါတယ္။ လတ္တေလာတိုက္ပြဲေတြ ျပန္ျဖစ္လာတဲ့အေပၚမွာေတာ့ ဗိုလ္မႉးႀကီးေနာ္ဘူက အခုလို ေျပာပါတယ္။

“နံပါတ္တစ္ကေတာ့ တိုက္ပြဲျဖစ္တဲ့ေနရာေတြက နယ္စပ္နဲ႔ ေဝးတဲ့ေနရာေတြျဖစ္ပါတယ္။ ဒုတိယတခ်က္ ကေတာ့ စစ္ေကာင္စီဘက္က အာဏာသိမ္းတဲ့ တစ္ႏွစ္ျပည့္လာတဲ့ ကာလဆိုေတာ့ က်ေနာ္တို႔ ဒီတိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔ေတြ၊ KIA ဘက္မွာလည္း အဲလို နည္းနည္းလႈပ္ရွားလာတဲ့ သေဘာမ်ိဳးျဖစ္ပါတယ္။ ထိုးစစ္ဆင္တာေတြ အဲဒါမ်ိဳးေလာက္ ျဖစ္တဲ့ တိုက္ပြဲေတြေတာ့ မဟုတ္ဘူးေပါ့။ ဒီေဒသ တပ္စခန္းေတြ၊ ေဒသက ေရွ႕တန္းသမားေတြပဲ ျဖစ္ေနတဲ့ တိုက္ပြဲခ်ည္းပဲ ျဖစ္ေနတာ။”

KIO ရဲ႕ ဇန္နဝါရီလ ၂၆ ရက္ေန႔ ထုတ္ျပန္ခ်က္မွာ ျမန္မာႏိုင္ငံမွာ လက္ရွိျဖစ္ေပၚေနတဲ့ အခက္အခဲေတြ ေက်ာ္လႊားေရးနဲ႔ ျပည္သူေတြလိုလားေနတဲ့ ဖက္ဒရယ္ဒီမိုကေရစီႏိုင္ငံေပၚထြန္း ေရးအတြက္ လက္တြဲႏိုင္တဲ့အဖြဲ႔အစည္း အားလုံးနဲ႔ ပူးေပါင္းေဆာင္႐ြက္သြားမယ္လို႔ ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

===============

[[Zawgyi/Unicode]]

မိုးညှင်းမြို့နယ်တွင်း ရဲစခန်းတခု KIA သိမ်းပိုက်


ကချင်ပြည်နယ် မြို့နယ် သုံးမြို့နယ်အတွင်းက ရဲစခန်းနဲ့ စစ်ကောင်စီ တပ်စခန်းတွေကို ဒီကနေ့ မနက်က KIA ကချင်လက်နက်ကိုင်အဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ မိုးညှင်းမြို့နယ်က မော်ဟန် ရဲစခန်းကို သိမ်းပိုက်ခဲ့တယ်လို့ KIA ကပြောပါတယ်။ စစ်အာဏာသိမ်းတဲ့ တနှစ်ပြည့် အဖြစ် ဒေသခံတပ်ရင်း၊ တပ်ဖွဲ့တွေက ထိုးနှက်တိုက်ခိုက်တာဖြစ်နိုင်ကြောင်း KIA ကပြောပါတယ်။ ကချင်ပြည်နယ်က လက်ရှိ တိုက်ပွဲအခြေအနေ ရန်ကုန်ကပေးပို့တဲ့သတင်းကို ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

ကချင်ပြည်နယ်က မြို့နယ် ၃ မြို့နယ်မှာ ဒီကနေ့ ဖေဖော်ဝါရီ ၃ ရက် မနက်ပိုင်းက တိုက်ပွဲဖြစ်ခဲ့တာပါ။ တိုက်ပွဲဖြစ်တဲ့ နေရာက မိုးညှင်းမြို့နယ် မော်ဟန်ရွာရဲစခန်း၊ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုက ဂျာရာယန်ရွာနဲ့ ဆွမ်ပရာဘွမ်မြို့နယ်က တရုံခ စစ်ကောင်စီတပ်စခန်းတွေကို KIA က ဝင်ရောက် တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ဒီတိုက်ပွဲဖြစ်ပွားတာနဲ့ ပတ်သက်လို့ KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက VOA ကို အခုလို ပြောပါတယ်။

“ကျနော်တို့ အမှတ် ၈ တပ်မဟာ လက်အောက်ခံပေါ့နော်၊ ၃၅ တပ်ရင်း နယ်မြေဖြစ်နေတဲ့ မိုးညှင်းဘက်မှာပေါ့နော်။ မော်လူး၊ မော်ဟန် ဘက်မှာ ဖြစ်တာရှိပါတယ်။ အဲဒီ ရဲစခန်းသိမ်းတဲ့ဟာလည်း ရှိတယ်။ ဒီမနက်။ နောက်တခုကတော့ ဖားကန့်မြို့နယ်ဘက်မှာ ကျနောတို့ ကချင်လိုကတော့ ဂျာရာယန်လို့ ခေါ်တယ်။ အဲဒီနေရာမှာလည်း တပ်စခန်းတခု ပစ်တဲ့ဟာတွေရှိတယ်။ ဝင်ပစ်တာပေါ့။ နောက်တခုက မြစ်ကြီးနားနဲ့ ဆွမ်ပရာဘွမ်လမ်းဘက်က တရုံခဆိုတဲ့ စခန်းတခုမှာ ဝင်ပစ်တာရှိတယ်။ အဲဒီ ၃ နေရာတော့၊ အခုချိန်ထိတော့ အဲဒီ နေရာပဲ ကျနော်တို့ သတင်းရပါတယ်။”

အဲဒီတိုက်ပွဲအတွင်း ထိခိုက်ကျဆုံးတဲ့သတင်းတော့ အတိအကျ မရသေးကြောင်း ဆက်ပြောပါတယ်။ ဒေသတွင်း မီဒီယာတွေမှာကတော့ ဖားကန့်နဲ့ မိုးညှင်းမြို့နယ်အတွင်း တိုက်ပွဲတွေမှာ KIA နဲ့ အတူ PDF တပ်ဖွဲ့တွေ ပါဝင် တိုက်ခိုက်တာရှိကြောင်းနဲ့ မိုးညှင်းမြို့နယ် မော်ဟန်ရွာ ရဲစခန်းသိမ်းတိုက်ပွဲမှာ ရဲစခန်းမှုးနဲ့ ရဲတပ်သားတဦး ကျဆုံးခဲ့သလို ရဲသုံ့ပန်းအချို့ ဖမ်းဆီးရမိတာတွေရှိကြောင်းလည်း ဖော်ပြကြပါတယ်။

ကချင်ပြည်နယ်တွင်း ဖြစ်ပွားတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်လို့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ် ချုပ် ဇော်မင်းထွန်းကို ဗွီအိုအေက မေးမြန်းရာမှာတော့ အခုလို ပြန်လည် ဖြေဆိုပါတယ်။

“ဒီမနက်တော့ အသေးစိတ်တော့ ကျနော်လည်း မသိသေးဘူး။ ကျနော်တို့ သိရသလောက်ကတော့ ချောင်းမြောင်း ပစ်ခတ်တဲ့ ဖြစ်စဉ်တွေလောက်ပဲ ရှိတယ်လို့ သိရပါတယ်။ ဆွမ်ပရာဘွမ်ဘက်တို့ ဘယ်တို့တော့ မရှိပါဘူး။ အရင်နေ့က ဖြစ်သွားတဲ့ဟာပဲ ရှိပါတယ်။”

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၆ ရက်နေ့ကတော့ တရုတ်နိုင်ငံမှာ ကျင်းပမယ့် ဆောင်းရာသီ အိုလံပစ်ပွဲတော်နဲ့ တရုတ်နှစ်သစ်ကူးကာလအတွင်း နယ်စပ်ဒေသနဲ့ မြန်မာပြည်တွင်းမှာ တိုက်ပွဲတွေ ရပ်ဆိုင်းထားဖို့ တရုတ်အစိုးရက တိုက်တွန်းတာကို အလေးထား စဉ်းစားရမယ့်အချက်အဖြစ် ရှုမြင်ကြောင်း KIO က ထုတ်ပြန်ထားပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့ကတော့ KIA နဲ့ PDF ပူးပေါင်းအဖွဲ့တွေဟာ ပူတာအိုမြို့နယ်အတွင်းက စစ်ကောင်စီ တပ်စခန်း သုံးခုကို ဝင်ရောက်တိုက်ခိုက်တာတွေ ရှိခဲ့ပြီး ဆွမ်ပီယန်တပ်စခန်းကို သိမ်းပိုက်ခဲ့ပါတယ်။ လတ်တလောတိုက်ပွဲတွေ ပြန်ဖြစ်လာတဲ့အပေါ်မှာတော့ ဗိုလ်မှူးကြီးနော်ဘူက အခုလို ပြောပါတယ်။

“နံပါတ်တစ်ကတော့ တိုက်ပွဲဖြစ်တဲ့နေရာတွေက နယ်စပ်နဲ့ ဝေးတဲ့နေရာတွေဖြစ်ပါတယ်။ ဒုတိယတချက် ကတော့ စစ်ကောင်စီဘက်က အာဏာသိမ်းတဲ့ တစ်နှစ်ပြည့်လာတဲ့ ကာလဆိုတော့ ကျနော်တို့ ဒီတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ KIA ဘက်မှာလည်း အဲလို နည်းနည်းလှုပ်ရှားလာတဲ့ သဘောမျိုးဖြစ်ပါတယ်။ ထိုးစစ်ဆင်တာတွေ အဲဒါမျိုးလောက် ဖြစ်တဲ့ တိုက်ပွဲတွေတော့ မဟုတ်ဘူးပေါ့။ ဒီဒေသ တပ်စခန်းတွေ၊ ဒေသက ရှေ့တန်းသမားတွေပဲ ဖြစ်နေတဲ့ တိုက်ပွဲချည်းပဲ ဖြစ်နေတာ။”

KIO ရဲ့ ဇန်နဝါရီလ ၂၆ ရက်နေ့ ထုတ်ပြန်ချက်မှာ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အခက်အခဲတွေ ကျော်လွှားရေးနဲ့ ပြည်သူတွေလိုလားနေတဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံပေါ်ထွန်း ရေးအတွက် လက်တွဲနိုင်တဲ့အဖွဲ့အစည်း အားလုံးနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်။

XS
SM
MD
LG